အမေ(၂)………………….

zaw mgFebruary 11, 20111min580

အမေ…………လူတော်တော်များများကပြောကြတယ်………..ကျွန်တော့ကို အလိုလောဘ..အလုပ်လောဘနည်းတယ်တဲ့…………..
ကျွန်တော့ကို……………..ငယ်ငယ်က အမေကလည်းပြောပါတယ်………..
ပညာလောဘ မရှိဘူးတဲ့………….
အမှန်အတိုင်းပြောရရင် ကျွန်တော့ ဘဝမှာ မျှော်လင့်ထားတဲ့ အတိုင်းဖြစ်လာ တယ် ဆိုတာ အတော့ကိုနည်းပါး ခဲ့ပါတယ်။ ခဏခဏ မျှော်လင့် ထားတဲ့ အတိုင်း ဖြစ်မလာတော့ ဘာကိုမှ မမျှော်လင့်ရဲလောက် အောင်ဖြစ်ခဲ့ရတာပါ။
………..အမေ…………………ဒီနေ့ အမေ့ကို သားတမ်းတလွမ်းဆွတ် ခေါ်ဆိုမိတာ…
ဒီတစ်ပတ်အတွင်း ဒုတိယအကြိမ် ထက် မက ခေါ်ဆိုခြင်းပါအမေ……….
ကျွန်တော် တိုင်ပင်ဆွေးနွေး နေတဲ့ မိသားစု ကုထုံးဆရာမက ကျွန်တော့ကို………မေးတယ်အမေ……….ငယ်ငယ်က မိသားစုဝင်တွေအားလုံး အတူတူ ပျော်ပျော် ရွင်ရွင် နေခဲ့ဖူးတဲ့ အချိန်တွေ ဘယ်နှစ်ခါလောက် မှတ်မိတာရှိလဲတဲ့…………..
……….ပြီးတော့ …….ကိုယ် ချစ်ခင်နှစ်သက်ခဲ့တဲ့ သူဘယ်နှစ်ယောက်လောက် နဲ့ ဝေးကွာတဲ့ ပူဆွေးမှု ဒဏ်ခံစားခဲ့ရလဲတဲ့…………..
ကျွန်တော် ခင်မင်ရတဲ့ သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေတွေ ထဲမှာ ဆုံးရှုံးခဲ့တာ ဘာမှမရှိပါဘူး လို့ သာဟန်ဆောင် ပန်ဆောင် နဲ့ပြန်ဖြေလိုက်တယ် အမေ……………………………
သားရင် ထဲမှာ……….တကယ်တော့အမေ့ကို……..ဝေးကွာခြင်းအနေနဲ့ ဆုံးရှုံးလိုက်ရတယ် ဆိုတာ သိပါတယ်အမေ …………
ကျွန်တော် အခုတလော အလုပ်မှာ အတိုက်အခံတွေနဲ့ စိတ်ဖိစီးမှုတွေ အရမ်းများခဲ့တယ် လို့ ဆရာမဖိုဘီ ကိုပြောတော့…………သူက စိတ်လေ့ကျင့်ခန်း နဲ့ ကိုယ် ကာယလေ့ ကျင့်ခန်းတွေ ကို သာလုပ်ဘို့အကြံပြုတယ် အမေ…………….သူပြောတဲ့နည်း နာ တွေက………..စိတ်ဓါတ်ကျခြင်း ၊ စိတ်ဖိစီးခြင်း အစရှိတဲ့ ပြသနာတွေကို ကျော်လွားနိုင်တဲ့ ကုသနည်းတွေ မှန်ပေမယ့် အမေ့ ရဲ့ အားပေးနှစ် သိမ့်မှု ကိုလိုချင်ခဲ့တဲ့ ကျွန်တော့အတွက် …….. အရာမထင်ခဲ့ပါဘူး အမေရယ်…………..
အမေသာရှိရင်……………ခုချိန်မှာ………..ကျွန်တော့ အနားမှာ ……….ငါ့သားရယ် စိတ်မညစ် ပါနဲ့ ဒီလိုပါဘဲ………လူတွေက.………ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့တင် ကျွန်တော် ပြေပျောက်ကြေနပ် မိမယ် ဆိုတာ အလိုလိုသိနေပါတယ်……………..
ဆရာမက…………စိတ်ခံစားမှု စိတ်ဖိစီးမှုတွေကို မျိုသိပ် ခံစားတာက Ignoring my angry feelings is like squeezing one end of a baloon တဲ့ တချိန်ချိန်မှာ ဗူဗောင်းလေး အရှိန်အဟုန်ပြင်းထန်စွာ ပေါက်ကွဲနိုင်သလို ခံစားရနိုင်တယ်လို့ သူကဆိုပါတယ်………………….
……………………………………….