ဘယ်လိုနည်းနဲ့ ရေချိုးချင်လဲ

manawphyulayFebruary 11, 20111min28120

မြေကြီးရေချိုးနည်း
ဂျပန်နိုင်ငံမှာ
ရိုးရာဓလေ့အဖြစ် Kyushu ကျွန်းမှာ မြေကြီး ရေချိုးနည်းကို
ဆင်နွှဲလေ့ရှိကြပါတယ် ။ ဒီရေချိုးနည်း ဟာ ခန္ဓာကိုယ်တစ်ခုလုံးကို
အကျိုးရှိစေပြီး ချွေးထွက်စေပါတယ် ။ စိတ်ကို ပြေလျော့စေပြီး ခန္ဓာကိုယ်

တောင့် တင်းမှုတွေကိုလည်း သက်သာစေတဲ့အပြင် လန်းဆန်းမှုကိုလည်းပေးပါတယ် ။
ဦးခေါင်းမှလွဲ၍ တကိုယ်လုံးကို မြေကြီးထဲ နစ်မြှုပ်ထားခြင်းပဲ ဖြစ်ပါတယ် ။

ရေနံနှင့် ရေချိုးနည်း

အန္တရာယ်အများဆုံး ရေချိုးနည်းတွေထဲက တစ်ခုကတော့ ရေနံနဲ့ ရေချိုးနည်းပဲ ဖြစ်ပါတယ် ။ ရေချိုးတော့ မယ်ဆိုရင်တော့ သင့်ရဲ့ ပါးစပ် ၊ နှာခေါင်း ၊ ပါးစပ်တို့ကို
လုံခြုံစွာ ဖုံးအုပ်ထားဖို့တော့ လိုပါလိမ့်မယ် ။ ရေနံနဲ့ ရေချိုး နေစဉ်မှာ

ဆေးလိပ်သောက်ဖို့ မီးမညှိရန်လည်း သတိထားရပါမယ် ။ ရေနံနဲ့ ရေချိုးခြင်းရဲ့
အကျိုးကျေးဇူး ကတော့ အဆစ်ရောင်ရောဂါနဲ့ အရေပြားရောဂါတွေကို
ပျောက်ကင်းစေတဲ့အတွက် ဖြစ်ပါတယ် ။ ဘာကြောင့် လည်း ဆို ရေနံမှာ sulphur

(ဆာလ်ဖာ) ပါဝင်တဲ့အတွက် ဖြစ်ပါတယ် ။ ဒီရေချိုးနည်းကို Azerbaijan နိုင်ငံမှ
Naftalan မှာ ကျင့်သုံးနေကြပါတယ် ။

ဘီယာနှင့်ရေချိုးနည်း

ဘီယာကို ဝိုင်ထက်ပိုပြီး နှစ်သက်ကြသူတွေဟာ ဒီပြိုင်ဖက်ကင်း ဘီယာရေချိုးနည်းကို အကြိုက်တွေ့ကြပါတယ် ။

ဒီဘီယာ အစွမ်းဟာ သင့်ရဲ့ အရေပြားတွေကို ပိုပြီး လှပအောင်
ငယ်ရွယ်နုပျိုအောင် စွမ်းဆောင်နိုင်ပါတယ် ။ ကလေး နဲ့ လူကြီးတွေဟာ

ဘီယာရေချိုနည်းကို ပျော်ရွှင်ဖွယ်ကောင်းတဲ့အတွင် နှစ်သက်ကြပါတယ် ။

အနီရောင်ဝိုင် ရေချိုးနည်း

ပြင်သစ်ဝိုင်ကို နှစ်သက်ကြသူတွေဟာ ပြင်သစ်နိုင်ငံ မှ ပူပြင်းလှတဲ့ နွေအခါမှာ Japan နိုင်ငံ

Hakone Kowakien ကိုသွားရောက်ပြီး ဝိုင်ရေချိုးနည်းကို ဆင်နွှဲကြပါတယ် ။
သင်ဒီရေချိုးနည်းကို သုံးခြင်းအားဖြင့် ရရှိတဲ့အကျိုး ဆက်ကတော့

ရေချိုးနေရင်း ဝိုင်သောက်လို့ရခြင်းဖြစ်ပါတယ် ။ ဒီပျော်ရွှင်စရာ
ရေချိုးနည်းကို ကလေး တွေနဲ့ လူကြီးတွေပါ ဆင်နွဲကြပါတယ် ။ ဝိုင်ဟာ

အရေပြားကို ကောင်းကျိုးပေးပြီး လှပစေပါတယ် ။ အရေပြား ဆဲလ်အသစ်တွေကိုလည်း
ပြန်လည်ဖြစ်ပေါ်စေပြီး နုပျိုစေတယ်လို့ အယူရှိကြပါတယ် ။

ခရမ်းချဉ်သီး ရေချိုးနည်း

ကိုလံဘီယာနိုင်ငံမှ ခရမ်းချဉ်သီး ပွဲတော်ဟာ ရက်သတ္တပါတ်ကြာအောင်ကျင်းပလေ့ရှိတဲ့အတွက်

ခရမ်းချဉ်သီး ရေချိုးနည်းဟာ ထင်ရှားကျော်ကြားလှပါတယ် ။ ခရမ်းနီတွေကို
အသုံးပြုတဲအတွက် အရည်ရွှမ်းရွှမ်းနဲ့ ပျော်ရွှင်စ ရာကောင်းလှပါတယ် ။
စစ်ပွဲတစ်ပွဲနဲ့ ဆင်တူလှပြီး အနိုင်ရရှိသူမရှိပါဘူး ။ ရင့်မှည့်နေတဲ့
ခရမ်းချဉ်သီးတွေကို လက်နက်အဖြစ်အသုံးပြုပြီး လမ်းတွေတလျောက် စစ်ပွဲသဖွယ်

တိုက်ခိုက်ကြပါတယ် ။ အမှတ်တမဲ့ ကြည့်မယ် ဆိုရင် ခရမ်းချဉ်သီး
အရည်မြစ်ကြီးနဲ့ ဆင်တူလှပါတယ် ။

ကဲ သူငယ်ချင်းတို့ ဘယ်နည်းလမ်းနဲ့ ချိုးချင်ကြလဲ ………

20 comments

  • ဆူး

    February 11, 2011 at 3:20 pm

    ဆူး ဆီမှာ လာတဲ့ မေးဆိုရင် ပုံတောင် ပါသေးတယ် ပုံလေး ပါလေး တင်လေ။

    • weiwei

      February 11, 2011 at 4:15 pm

      ဓါတ်ပုံတွေမြင်ဖူးတယ် .. သူများတွေ ပုံနဲ့တကွမြင်ရအောင် ပုံတွေကိုပါ တင်ပေးရင် ပိုကောင်းမယ်နော် …

  • kopauk mandalay

    February 11, 2011 at 3:58 pm

    ဘယ်နည်းနဲ့ချုးိတာက ပိုကောင်းလဲဗျာ။
    စိတ်အေးချမ်းမှုကို ရှာဖွေနေသူ ချိုးတဲ့အတိုင်းလိုက်ချိုးမယ်ဗျာ။
    ပြန်ပြောပေးအုံးနော်

  • ဆူး

    February 11, 2011 at 4:06 pm

    အို… လေးပေါက်ကြီး ကလည်း မပြောပရစေနဲ့.. အပျိုကြီး ဆိုတာ သူများ ထက် ရှက်တတ်လို့ ယောကျားတောင် မယူဘူး။ ဒါလေးတောင် မသိဘူးလား။ ပြောဘူး။ ဒါဘဲ မှတ်ထား။ (ဒါဘဲ ဆိုတာ မပြောဘူး ဆိုတဲ့ စကားကို ပြောတာနော်)

  • bigcat

    February 12, 2011 at 3:09 am

    အလွယ်ဆုံးကတော့ လေနဲ့ချိုးနည်းပါ။ ကြိုက်တဲ့နေရာမှာ လုပ်လို့ရပါတယ်။ (အာကာသမပါ)

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 12, 2011 at 3:11 am

    ဂယာဂဆိပ်နှင့် ဗာဟုကာမြစ်သည် အဘယ်ကို ပြုလုပ်နိုင်မည်နည်း
    ရန်ရှိသော ကြမ်းကြုတ်သည့် အမှုကို ပြုလုပ်ထားသော
    မကောင်းမှုကံရှိသူကို မသုတ်သင်နိုင်ချေ
    ( ကိလေသာ ) စင်ကြယ်သူအား
    စင်စစ် အခါခပ်သိမ်း ဖဂ္ဂုနီနက္ခတ်ကောင်း ကြုံလျှက်ရှိ၍
    အခါခပ်သိမ်း ဥပုသ် စောင့်သုံးပြီးဖြစ်နေ၏
    စင်ကြယ်သော ကန် ့ရှင်းသော အမှုရှိသူအား
    ကျင့်ဝတ်သည် အခါခပ်သိမ်း ပြည့်စုံသည်သာတည်း
    ဤသာသနာတော်၌ ရေချိုးလော့
    သတ္တဝါအားလုံးတို ့၌ ဘေးကင်းသည်ကိုပြုလော့
    (သင်သည်) အကယ်၍ မဟုတ်မမှန် မပြောဆိုအံ့
    အသက်ကို မသတ်ဖြတ်အံ့
    မပေးသည်ကို မယူအံ့
    ယုံကြည်သူ ဝန်မတိုသူ ဖြစ်ခဲ့အံ့
    ဂယာဆိပ်သို ့သွား၍ အဘယ်ကိုပြုလုပ်မည်နည်း။
    ရေတွင်းသည်လည်း သင့်တွက် ဂယာဆိပ်ပင်ဖြစ်လေ၏။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 12, 2011 at 3:12 am

    မှတ်ချက်။ ။
    မနောက်ရ

  • MaMa

    February 12, 2011 at 9:54 am

    ဒကာပု ရေချိုးနည်းက အကောင်းဆုံးပါပဲ။ မနောက်ရဆိုတာ ရေချိုးမှာမို့လို့ ရေကို မနောက်ရဘူးလို့ ပြောတာလား။

  • naywoonni

    February 12, 2011 at 11:03 am

    ပုပု ရေ မှတ်ချက်မနောက်ရ ဆိုလို့ အဲဒါလေးပဲ like လုပ်လိုက်တယ်။ အပေါ်က ရေးထားတာနားမလည်လို့လေ

  • manawphyulay

    February 12, 2011 at 1:05 pm

    ကိုပေါက် မန်း ချိုးချင်သလိုချိုးပါလေ………….. မိုက်ကယ်ပြောတာတွေက နည်းနည်းမြင့်တော့ ကိုယ့်လို ပိန်းတဲ့သူ မပြောနဲ့ ဆရာကျတဲ့ ဦးနီတို့တောင် လိုက်မမှီတော့ပါလား…………….

  • ဆူး

    February 12, 2011 at 2:54 pm

    ဂင်္ဂါမြစ်မှာ ရေသွားချိုးပါလား ကိလေသာ အညစ်အကြေး ကင်းစင်တယ်တဲ့။ ဆာဒူးကြီးတွေ တောင် တွေ့နိုင်လို့ သတင်း တွေ အပုဒ်ပေါင်းများစွာ ရနိုင်ပါတယ်။ ကင်မရာလေးပါ ယူသွားနော်။ သူရိုက် ကိုယ်ရိုက်ပေါ့။

  • moethidasoe

    February 13, 2011 at 6:38 am

    အိမ်နားမှာ တွင်းတစ်တွင်း တူးထားတာ ရှိတယ် .. မြေနဲ့ ရေချိုးချင်သူများ အမြန် ဆက်သွယ်ပါ ..
    (ဘာအတွက် တူးထားလဲ ဆိုတော့ ××××)

  • kopauk mandalay

    February 13, 2011 at 3:16 pm

    တော်ပြီရေမချုးိလို့သေတဲ့လူမရှိဘူး။
    ရေချိုးမှားလို့သေတဲ့သူဘဲရှိတယ်။
    ချုးိတော့ဘူး ဘယ်နည်းနဲ့မှ.

  • ဆူး

    February 13, 2011 at 3:27 pm

    ရေမချိုးလို့ အခိုးပိတ်ပြီး ကုတ္တနူလာ ဖြစ်လာမှာ မကြောက်ဘူးလား လေးပေါက်ကြီး။

  • moethidasoe

    February 14, 2011 at 3:36 am

    ဆူးရယ် .. ဆာဒူး (သူတို့ အဆို ဘုန်းကြီးပေါ့) တွေဆိုရင် ဂင်္ဂါမြစ်မှာ ရေချိုးပြီးတဲ့နောက် ဒေသစာရီ လှည့်တာ တစ်နှစ်လုံးပဲ .. နောက်နှစ်မှ တစ်ခါ ရေချိုးတယ် လို့ ဆိုတာပဲ .. ကိုပေါက်လဲ ဆာဒူးကြီးလား .. ဒါမှ မဟုတ် ဆာဒူးကြီးဆေး စားထားတာလားမှ မသိတာ ..

  • ဆူး

    February 14, 2011 at 8:00 am

    ဆာဒူးက မှ ၁နှစ်တခါ ချိုးသေးတယ်။ ၁နှစ် ၁ခါတောင် ချိုးပါ့မလား မသိဘူး။

  • manawphyulay

    February 14, 2011 at 1:29 pm

    သူက ဆာဒူးကြီးဆီက နည်းကောင်းတွေရထားတာ တစ်သက်လုံးမချိုးလည်းရတယ်တဲ့လေ…….. ဆေးနည်းရအောင် တောင်း……….. ရေမလုံလောက်တဲ့နေရာတွေမှာ လက်တွေ့ကျင့်ဖို့ ကူညီပေးလို့ရအောင်လို့ သိလား ဆူး….

  • ဆူး

    February 14, 2011 at 1:39 pm

    တသက်လုံး ဘယ်တော့မှ ရေမလုံးဝချိုးသော သတ္တဝါ ရှိသည် အဲဒါ ဘာသတ္တဝါလဲ သိရင် ဖြေပါ။ (မည်သူကို မှ နောက်တာ မဟုတ် ဉာဏ်စမ်း သာဖြစ်သည်)

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 14, 2011 at 8:02 pm

    ဝေလငါး
    ငမန်း
    ငမြွေထိုး
    ငါးပျင်မ
    ငါးခူ

  • ဆူး

    February 15, 2011 at 5:16 am

    အဖြေမှန် ကတော့ ရေနေ သတ္တဝါ ဖြစ်ပါတယ်။

Leave a Reply