အရိုးပါးရောဂါ အတွက် ဓာတ်စာ

Yin Nyine NwayFebruary 11, 20111min903

ဓာတ်စာ ကိုက်လန်၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ အာလူး၊ စတော်ဘယ် ရီသီး၊ ဗာဒံစေ့၊ အာလူး၊ လက်ဖက်ရည်၊ ဆီးသီးခြောက်၊ အစိမ်းရောင် ဟင်းရွက်များ၊ နွားနို့။ ရှောင်ရန် အငန် များသော အစား အစာများ၊ အသားဓာတ် မြင့်မားသော အစား အစာများ အမြောက်အမြား စားခြင်း။ ” အဘိုးကြီးအို ခါးကုန်းကုန်း မသေ ပါနှင့်ဦး၊ နောက်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့် ပါဦး” ဆိုတဲ့ သီချင်း အရ အသက် ကြီးလာရင် ခါးကုန်း လာပြီး အရိုးပါး ရောဂါ ခံစား ရတတ်တယ် ဆိုတာ ငယ်စဉ် ကပင် ကြားဖူး ခဲ့ကြမှာ ဖြစ်တယ်။ သို့သော် အဘွားကြီး တွေက အဘိုးကြီး များထက် အရိုးပါး ရောဂါ ပိုဖြစ် လွယ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ခန္ဓာကိုယ် တည်ဆောက်ပုံ အရ အမျိုးသား များလောက် ကြွက်သား တောင့်တင်း သန်မာမှု မရှိတာ က တစ်ကြောင်း၊ မီးယပ် သွေးဆုံးတာ စောခြင်း ဒါမှမဟုတ် သားအိမ် ရောဂါကြောင့် သားဥ အိမ်ပါ ဖယ်ထုတ်တဲ့ ခွဲစိတ် မှုကြောင့် တစ် ကြောင်း ဟော်မုန်း အပြောင်းအလဲ ဖြစ်ကာ အရိုးပါး ရောဂါ ခံစား ရလွယ်ပြီး အရိုးကျိုး လွယ်ပါတယ်။ သင်ဟာ အမျိုးသမီး တစ်ဦး ဖြစ် တယ် ဆိုပါက အသက် ၂၅ နှစ် အရွယ်ထိ သင့်အရိုး များက အသန်မာဆုံး အခြေအနေမှာ ရှိနေ ပါလိမ့်မယ်။ သင့် ခန္ဓာကိုယ်က သင့်အရိုး များ သန်စွမ်းရန် ကယ်လ်စီယမ်နှင့် အခြား သတ္တု ဓာတ်ဆား များကို သုံးရ ပါတယ်။ ဒါပေမယ့် အသက် ၃ဝ ကျော် လာတာနဲ့ တစ်ပြိုင်နက် နှစ်စဉ် သင့် အရိုးတွေဟာ အနည်းငယ်စီ ပျက်စီး ဆုံးရှုံးလာ ပါတယ်။ မီးယပ် သွေးဆုံး ပြီးနောက် ဟော်မုန်း အပြောင်းအလဲက အရိုး ပျက်စီး ဆုံးရှုံးမှုကို ပိုမို ဆိုးရွား လာစေကာ အလွယ် တကူ အရိုး ကျိုးသွား နိုင်ပါတယ်။ အရိုးပါး ရောဂါ ရှိနေပြီ ဆိုရင် နှာချေ သို့မဟုတ် ချောင်းဆိုး ရုံဖြင့် နံရိုး တစ်ချောင်း အသာလေး ကျိုးသွား နိုင်ပါတယ်။ ဒါမှ မဟုတ် ချော်လဲ ရုံဖြင့် တင်ပါး ဆုံရိုး ကျိုးသွား နိုင်တယ်။ အရိုးပါး ရောဂါကြောင့် တင်ပါးဆုံရိုး ကျိုးတဲ့ လူကြီး ၄ ဦးမှာ ၁ ဦးဟာ အရိုး ကျိုးပြီး ၆ လ အတွင်း နောက်ဆက်တွဲ ရောဂါ များကြောင့် သေဆုံး နိုင်ပါတယ်။ သို့သော် ကယ်လ်စီယမ်နှင့် သတ္တု ဓာတ်ဆား လုံလောက်စွာ စားခြင်းနှင့် လေ့ကျင့်ခန်း မှန်မှန် ပြုလုပ် ပေးခြင်းဖြင့် အရိုးပါး ရောဂါ မဖြစ်ပွားအောင် ကာကွယ်နိုင် ပါတယ်။ မီးယပ် သွေးဆုံး ပြီ ဆိုတာနှင့် ကယ်လ်စီယမ်ဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်၊ ပိုတက် စီယမ်ဓာတ်၊ ဗီတာမင် C ၊ ဗီတာမင် D တို့ ပမာဏ မျှတအောင် စားပေးပါ။ ဒါ့အပြင် ဟော်မုန်း အစားထိုး ကုထုံးနှင့် ကုသမှု ခံယူရန် သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။ အရိုးပါး ရောဂါကို တိုက်ဖျက် ပေးမယ့် အာဟာရဓာတ်များ (၁) ကယ်လ်စီယမ် အရွယ်ရောက် လူကြီး တစ်ဦး အတွက် တစ်နေ့တာ လိုအပ်ချက် ကတော ့၁၂၀ဝ မီလီဂရမ် ဖြစ်ပါတယ်။ အဆီ ထုတ်ထားတဲ့ နွားနို့ ၂ ခွက် (တစ်ခွက် လျှင် ၃၀ဝ မီလီဂရမ် ပါဝင်) နှင့် ကယ်လ်စီယမ် ဓာတ် ဖြည့်စွက် ထားတဲ့ ဖျော်ရည် ၃၀ဝ မီလီဂရမ် တစ်ခွက် သို့မဟုတ် အဆီနည်း ဒိန်ချဉ် ဖန်ခွက် ၄ ပုံ ၃ ပုံ (၄၅ဝ မီလီဂရမ်) သောက်ခြင်းဖြင့် လိုအပ်တဲ့ ပမာဏ ရနိုင်ပါ တယ်။ ဗာဒံစေ့ ကြိုက်ပါက ၂၄ စေ့ စားလျှင် ကယ်လ်စီယမ် ၇ဝ မီလီဂရမ်နှင့် ပိုတက်စီယမ် ၂၀၆ မီလီဂရမ် ရရှိနိုင် ပါတယ်။ ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ် (K & Mg) အသီး အရွက်များ စားခြင်းနှင့် အရိုး သန်စွမ်း မှုကြား ဆက်နွှယ်မှု တစ်ခု ရှိတယ်လို့ သိပ္ပံ ပညာရှင်များ တွေ့ရှိခဲ့ ပါတယ်။ နွားနို့ ကဲ့သို့ပင် အသီးနှင့် အရွက် များက ကလေး တွေမှာ အရိုးကျိုးတဲ့ အခါ အရိုး ပြန်ဆက်ရန် အကူအညီပေး ပါတယ်။ အသီး အရွက် များတွင် K နှင့် Mg ပြည့်ဝစွာ ပါဝင် ပါတယ်။ K ကို ငှက်ပျောသီး၊ အာလူး၊ လိမ္မော်သီးနှင့် ဆီးသီးခြောက်များတွင် ကြွယ်ဝစွာ ပါဝင်တာ တွေ့ရတယ်။ ထို့အတူ Mg ကိုလည်း တွဲလျက် တွေ့ရလေ့ ရှိတယ်။ အစေ့ အဆန်များ၊ ပဲများ တွင်လည်း တွေ့ရတယ်။ (၂) ဗီတာမင် C အရိုးနု၊ အရိုးနှင့် သွားများ ခိုင်မာ စေသော ကိုလေဂျင် ခေါ် အမျှင်ဓာတ် တည်ဆောက်ရန် ဗီတာမင် C ဓာတ် လိုအပ် ပါတယ်။ ဗီတာမင် C ကို ချဉ်တဲ့ အရသာ ရှိတဲ့ အသီး၊ အရွက် များက ရရှိနိုင် ပါတယ်။ (၃) ဗီတာမင် D နေရောင်ထဲ ထွက်လိုက်တဲ့ အခါ အရေပြားနှင့် နေရောင်ခြည် ထိတွေ့ပြီး ဗီတာမင် D ဓာတ်ကို ရရှိစေ ပါတယ်။ ဗီတာမင် D ကို အစားအစာ မှလည်း ရနိုင်တယ်။ နွားနို့၊ ဆီရီရယ် တို့မှ ရနိုင်တယ်။ သုတေသီ များက လက်ဖက်ရည် သောက်တဲ့ အမျိုးသမီး များတွင် လက်ဖက်ရည် မသောက်တဲ့ အမျိုးသမီး များထက် ပို၍ အရိုး သန်မာကြောင်း တွေ့ခဲ့ ရတယ်လို့ ဖော်ပြ ကြပါတယ်။ လက်ဖက် အချိုခြောက်နှင့် လက်ဖက် အကြမ်းခြောက်တို့ နှစ်မျိုး စလုံးတွင် ပါဝင်သော အင်တီ အောက်စီးဒင့် များက အရိုးကို ကာကွယ် စောင့်ရှောက် ပေးနိုင် ပါတယ်။ ဒါကြောင့် ကော်ဖီနှင့် ကိုကာကိုလာ ကဲ့သို့သော အရိုးကို အားနည်း စေတဲ့ ဖျော်ရည်များ သောက်မယ့် အစား လက်ဖက်ရည်လို အရိုးကို သန်မာ စေတဲ့ ဖျော်ရည် များကို သောက်သင့်ပါ သတဲ့။ သတိပြုရန် အသားဓာတ် (ပရိုတင်း) နှင့် ဆား အငန်ဓာတ်တို့ အလွန် အကျူး စားသုံးပါက ကယ်လ်စီယမ်ဓာတ် ရရန် အနှောင့်အယှက် ဖြစ်စေ ပါတယ်။ ပရိုတင်းဓာတ် များတဲ့ အသား တွေမှာ သွေးကို အက်စစ်ဓာတ် ပိုဖြစ် စေပါတယ်။ ထိုအက်စစ်ဓာတ်ကို ပြယ်စေရန် အရိုး တွေက သူတို့ ထဲမှာ လှောင်ထားတဲ့ ကယ်လ်စီယမ်ဓာတ်ကို ပို့ပေး ရပါတယ်။ ထို့အတူ ဆားအငန် အများကြီး စား ပါက ကျောက်ကပ် ထဲမှာ ကယ်လ်စီယမ်နှင့် နှီးနွှယ်ပြီး ကယ်လ်စီယမ်ကို ဆီးထဲမှ စွန့်ထုတ်ပစ် ပါတယ်။ ဒါကြောင့် သင့်တင့် မျှတ စေရန် စားသင့် ပါတယ်။

3 comments

  • ဆူး

    February 11, 2011 at 2:03 pm

    ကျေးဇူးတင်ပါတယ်။ အဲဒီ ဓါတ်ဆာ တွေ ရှာမလို့ စဉ်းစားနေတာ မရှာရဘဲ အတော်ဘဲ တွေ့သွားလို့ ကျေးဇူး တင်ပါတယ်။

  • Su Htet Aung

    February 12, 2011 at 8:19 am

    တကယ်ကိုကျေးဇူးတင်ကြောင်းပါ…

  • manawphyulay

    February 12, 2011 at 1:38 pm

    ဟုတ်တယ်။ အိမ်က အဒေါ်ဆို ချော်လဲပြီးထဲ ခြေထောက်က ပြန်မကောင်းတော့တာ ခုထိပဲ အစက တော်တော်ပြန်ကောင်းနေပြီ ခုက နည်းနည်းသွားရင်ကို ပြန်နာလာတယ်။ ဓာတ်စာတွေလည်း မှန်မှန်စားသင့်တယ်လို့တော့ မနောလည်း မြင်မိတာပါပဲ။ တချို့အစာတွေကျတော့ မကြိုက်တော့ မစားဖြစ်တာတွေ ဖြစ်နေတယ်။ ကျေးဇူးတင်ပါတယ်။ ဓာတ်စာထဲမှာ အာလူးက နှစ်ခါစားဖို့ နှစ်ခါထည့်ပေးထားတာလားဟင် မသိလို့မေးကြည့်တာပါနော်။

Leave a Reply