လက်ရှိ ကာလ မှ မေလ အထိ မုန်တိုင်းကို သတိပြုရမည်ဟု သိရ

mickylayApril 22, 20101min941

ဘင်္ဂလား ပင်လယ် အော်၌ မုန်တိုင်းငယ် ဖြစ်ပေါ် နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ
ညွှန်ကြားမှု ဦးစီး ဌာနမှ ဧပြီလ တတိယ ၁ဝ ရက်ပတ် အတွက် ခန့်မှန်း ချက်တွင်
ဖော်ပြထားချက် အရ သတင်း ရရှိ ပါသည်။ ဧပြီလ ၂၁ ရက် နေ့မှ ၃ဝ ရက်နေ့ အထိ
အကျုံး ဝင်သည့် ဧပြီလ တတိယ ၁ဝ ရက်ပတ် အတွင်း တွင် ဘင်္ဂလား ပင်လယ်အော် တောင်
ပိုင်း၌ လေဖိအားနည်း ရပ်ဝန်း တစ်ခု ဖြစ်ပေါ် နိုင်ပြီး အဆိုပါ လေဖိအားနည်း
ရပ်ဝန်းမှာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိ လာနိုင်သည် ဟု ခန့်မှန်း
ထုတ်ပြန် ထားသည်။ ဧပြီလ လယ်မှ မေလလယ်ပိုင်း အထိသည် မြန်မာ နိုင်ငံ၏
မိုးကြို ကာလ ဖြစ်ပြီး မိုးကြို ကာလ အတွင်း ဖြစ်ပွား တတ်သော သဘာဝဘေး
အန္တရာယ် များမှာ အပူပိုင်း မုန်တိုင်း၊ လေဆင် နှာမောင်း၊ မိုးကြိုး
ပစ်ခြင်း၊ လျပ်စီး လက်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း စသည်တို့ ဖြစ်သည်ဟု
သိရှိ ရသည်။

ယခု နောက်ပိုင်း နှစ်များတွင် မိုးကြို ကာလ၌ မုန်တိုင်း ဝင်ရောက် မှုများ ရှိလာ သဖြင့် ယင်း သဘာဝ ဘေးအန္တရာယ် မှာ မိုးကြို ကာလ၏
သတိပြုဖွယ် သဘာဝ ဘေးအန္တရာယ် တစ်ခု ဖြစ်လာ သည်ဟု လည်း သိရှိ ရသည်။ ”
မုန်တိုင်း ကတော့ ဖြစ်မှာပဲ။ မြန်မာနိုင်ငံကို ဝင်၊ မဝင် ဆိုတာက တော့
စောင့်ကြည့်ဖို့ လိုမှာပေါ့။ သတိပြု ဖို့ လိုအပ်တာကို သက်ဆိုင် ရာက
ထုတ်ပြန်ပါ လိမ့်မယ်။ ထုတ်ပြန်ချက် တွေကို တော့ သတိပြု စေချင်တယ်” ဟု
မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ဆိုပါသည်။လက်ရှိ ကာလ သည် ဒေသ အသီးသီး၌
အပူချိန် မြင့်တက်လျက် ရှိပြီး အပူချိန် ဆက်လက် မြင့်တက် မှုကိုလည်း
တွေ့ကြုံ ရနိုင်သည်ဟု သိရှိ ရသည်။

ထို့ပြင် ယခု နှစ်သည် မုတ်သုံ အဝင် နောက်ကျ နိုင်သည့် နှစ် တစ်နှစ် ဖြစ်လာနိုင်ပြီး
မုတ်သုံ အဝင် နောက်ကျ ခြင်းသည် မိုးကြို ကာလကို ရှည်လျား စေမည့် သဘောလည်း
ဖြစ်သည်ဟု လေ့လာ သူများ၏ အဆို အရ သိရသည်။ ”ဘင်္ဂလား ပင်လယ် အော်မှာ
မုန်တိုင်း ဖြစ်တာ နောက်ပိုင်း နှစ်တွေမှာ လျော့လာ ပေမယ့် မြန်မာ နိုင်ငံ
အနေနဲ့တော့ သိပ်ပြီး အထောက် အကူ မပြုပါဘူး။ ဘာလို့လဲ ဆိုတော့ မုန်တိုင်း
ဖြစ်တာ လျော့နည်း တာက မိုးတွင်းမှာ ဖြစ်နေလို့ပါ။ မိုးတွင်းမှာ ဖြစ်တဲ့
မုန်တိုင်း တွေက မြန်မာ နိုင်ငံကို မဝင်ပါဘူး” ဟု ဒေါက်တာထွန်းလွင်က
ရန်ကုန် မြို့တွင် ပြုလုပ် ခဲ့သော ဟောပြောပွဲ တစ်ခု တွင် ပြောကြား ခဲ့သည်။
၁၈၇ရ ခုနှစ်မှ ၂၀၀၉ ခုနှစ် အတွင်း ဘင်္ဂလား ပင်လယ် အော်တွင် မုန်တိုင်း ၁၂၈၄
လုံး ဖြစ်ပွား ခဲ့ပြီး ယင်း အနက် ၈၃ လုံးမှာ မြန်မာ နိုင်ငံသို့ ဝင်ရောက်
ခဲ့ကြောင်း၊ ၄ဝ ဒသမ ၄၉ ရာခိုင်နှုန်းမှာ မိုးလွန် ကာလ ဖြစ်သော အောက်တိုဘာ
နှင့် နိုဝင်ဘာလ တို့တွင် ဝင်ရောက် ခဲ့ကာ ကျန်မုန်တိုင်း များက မိုးကြို
ကာလ ဖြစ်သော ဧပြီ နှင့် မေလ များတွင် ဝင်ရောက် ခဲ့ကြောင်း သိရှိ ရသည်။

မြန်မာ နိုင်ငံသို့ မုတ်သုံ ဝင်ရောက် မှုသည်လည်း ယခု နောက်ပိုင်း နှစ်များတွင်
နောက်ကျ လာခဲ့ကာ မုတ်သုံ အထွက် စောလာ ခဲ့ပြီး မုတ်သုံရက် တိုတောင်း လာခြင်း
က မိုးကြို ကာလ နှင့် မိုးလွန် ကာလ ကို ပိုမို ရှည်ကြာစေလာ သည်ဟု လေ့လာသူ
တို့က သုံးသပ် သည်။ မြန်မာ နိုင်ငံတွင် ၂၀၀၆၊ ၂၀၀ရ နှင့်၂၀၀၈ ခုနှစ်များက
မုန်တိုင်း သုံးနှစ် ဆက်၍ သက်ရောက် ခဲ့ပြီး ယင်းသို့ သက်ရောက်ခဲ့သော ကာလမှာ
မိုးကြို ကာလပင် ဖြစ်သည်ဟု သိရှိ ရသည်။

ပူပြင် းခြောက်သွေ့သော လက်ရှိ ကာလမှ မေလ ဝန်းကျင် အထိ မြန်မာ နိုင်ငံ အရပ်ရပ်တွင် နေ့
အပူချိန်များ တိုးလာမည် ဖြစ်သည့် အတွက် မွန်းလွဲပိုင်းနှင့် ညနေပိုင်း
တို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ် နိုင်ကာ မိုးတိမ်တောင် များမှ တစ်ဆင့်
ရံဖန်ရံခါ လေပြင်းများ တိုက်ခတ်နိုင်ကြောင်း သတင်း တစ်ရပ် ကိုလည်း မိုးလေဝသ
နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန် ခဲ့သည်ဟု သိရှိရကြောင်း
Weekly Eleven တွင် ဖော်ပြထား ပါသည်။

One comment

  • hnin

    April 22, 2010 at 11:05 am

    အချိန်နှင့်အပြေးညီ မိုးလေဝသသတင်းတွေကိုတင်ပေးစေလိုပါတယ်
    ဒီလိုသတင်းတွေပါတာအရမ်းကျေးဇူးတင်ပါတယ်

Leave a Reply