၁၈ ရက်ကြာ အီဂျစ်တော်လှန်ရေး၊ မူဘာရက်ခ် နှစ် ၃ဝ အုပ်စိုးမှု အဆုံးသတ်ပြီ

cobraFebruary 12, 20111min751

အာရပ်ကမ္ဘာနှင့် အခြားကမ္ဘာ့ အာဏာရှင်နိုင်ငံများကိုပါ ဂယက်ရိုက်ခဲ့သည့် (၁၈) ရက်ကြာ အီဂျစ်တော်လှန် ရေးက နှစ် (၃၀) ဖိနှိပ်အုပ်ချုပ်ခဲ့သူ သမ္မတ ဟို့စ်နီမူဘာရက်ခ် ရာထူးနှုတ်ထွက်ပေးမှုနဲ့အတူ အကြီးအကျယ် အောင်ပွဲဆင်နိုင်ခဲ့ပြီဖြစ်သည်။

သောကြာနေ့ ညနေပိုင်းတွင် အီဂျစ် ဒုတိယသမ္မတ အိုမာဆူလေမန်က အစိုးရရုပ်သံကနေ မူဘာရက်ခ် နှုတ် ထွက်ပြီး စစ်ကောင်စီကို အာဏာလွှဲကြောင်း တမိနစ်ခန့် ကြေညာအပြီးမှာ အီဂျစ်တစ်နိုင်ငံလုံး ကားဟွန်းသံ များ၊ ဗြောက်အိုးဖောက်သံများ၊ မီးရှုးမီးပန်းများ၊ အော်ဟစ်သံများ ဘဝဂ်ညံသွားသည်။

“အီဂျစ် လွတ်လပ်ပြီ၊ အီဂျစ်မြေ လွတ်လပ်ပြီ၊ အီဂျစ်အားလုံး ခေါင်းမော့ထားကြ” ဆိုတဲ့ သန်းချီ ဆန္ဒပြသူတွေ ရဲ့အောင်ပွဲ ပျော်ရွှင်အော်ဟစ်သံများမှာ ပျားရည်ထက်ချိုမြိန်လွန်းနေသည်။ ဒီဇင်ဘာ (၂၅) ရက် အီဂျစ်ရဲတပ် ဖွဲ့နေ့ ဆန္ဒပြပွဲ စတင်ကတည်းက စိတ်ဝင်တစား စောင့်ကြည့်နေကြသူ ကမ္ဘာ့လူထုကိုပါ မျက်ရည်ကျ၊ ကြက် သီးမွေးညင်းထ ပျော်ရွှင်အားတက်မှုတွေ တဖွားဖွား ကူးစက်သွားသည်။ ၂၁ ရာစု သမိုင်းဝင် လူထုတော်လှန် ရေးက အီဂျစ်နဲ့ အရှေ့အလယ်ပိုင်း နိုင်ငံရေးစာမျက်နှာသစ်ကို ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။

အီဂျစ်ကို သံမဏိလက်သီးနဲ့ အုပ်ချုပ်ခဲ့တဲ့ အသက် (၈၂) နှစ်ရှိ မူဘာရက်ခ်ကို လူထုက လွယ်လွယ်ကူကူ ဖြုတ်ချနိုင်ခဲ့တာမဟုတ်။ အာရပ်ကမ္ဘာရဲ့ အကြီးဆုံးနိုင်ငံနဲ့ အရှည်ကြာဆုံး အာဏာရှင်စနစ်တခုကို အီဂျစ်လူ ထုက သုံးပတ်နီးပါး ဇွဲနပဲကြီးကြီးနဲ့ တော်လှန်ဖြုတ်ချခဲ့ရခြင်းဖြစ်သည်။ အရေထူတဲ့ မူဘာရက်ခ်ကို အီဂျစ်လူ ထုက လက်သည်းဆူးဆူးတွေနဲ့ ထိုးဖောက်ကော်ပစ်ခဲ့သည်။ မူဘာက်ရခ် ရဲတွေရဲ့ နည်းပေါင်းစုံ ဖိနှိပ်ဟန့် တားမှုကို ဆန္ဒပြတဲ့ လူထုက အဆုံးစွန် အောင်ပွဲဆင်နွှဲနိုင်ခဲ့သည်။ အမေရိကန်ရဲ့ မဟာမိတ်ကိုပင် အနိုင်ယူ နိုင်ခဲ့သည့် အာဂလူထုကြီးပင်ဖြစ်သည်။

မူဘာရက်ခ် ပြုတ်ကျမှုမှာ တူနီရှားအာဏာရှင် ဘန်အလီ ထွက်ပြေးပြီး သုံးပတ်အကြာနေ့ရက်တွင် ဖြစ်သည်။ တူနီရှားတော်လှန်ရေး ‘ဒိုမီနို အကျိုးဆက်’ က အီဂျစ်အပါအဝင် သက်ဦးဆံပိုင်စနစ်၊ တပါတီအာဏာရှင်စနစ် ကျင့်သုံးနေသည့် ဆီးရီးယား၊ ဆော်ဒီအာရေဗျ၊ ဂျော်ဒန်နှင့် ယီမင် စသည့်အာရပ်ဒေသတစ်ခုလုံးကို ရိုက်ခတ် နေသည်။

မူဘာရက်ခ် ရာထူးဆင်းပေးမှုက သူနောက်ဆုံး မိန့်ခွန်းပြောပြီး (၂၄) နာရီ အကြာတွင်ဖြစ်သည်။ တကမ္ဘာလုံး က ကြာသာပတေးနေ့ ညနေ သူမိန့်ခွန်းမှာ နှုတ်ထွက်ကြောင်း ပြောမယ်လို့ ထင်ထားခဲ့သည်။ သို့သော် မူဘာ ရကခ်က နောက်ဆုံး အကြောမာမာနဲ့ ရာထူးဆက်ယူဖို့ မိန့်ခွန်းပြောလိုက်တော့ အီဂျစ်လူထု ယမ်းပုံမီးကျ ဖြစ် ကုန်သည်။ သောကြာနေ့ လူသန်း (၂၀) ဆန္ဒပြပွဲကို ချက်ချင်း စီစဉ်ခဲ့ကြသည်။

မူဘာရက်ခ်က သန်း (၈၀) ရှိ နိုင်ငံကို အုပ်ချုပ်ဖို့ စစ်ကောင်စီကို အာဏာလွှဲသွားသည်။ အီဂျစ်စစ်တပ် ခေါင်း ဆောင်ပိုင်းက ဆန္ဒပြပွဲ ဦးဆောင်သူများနဲ့ အမြန်ဆုံး ညှိနှိုင်းပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲနဲ့ ဒီမိုကရေ စီစနစ်ကို အကောင်အထည်ဖော်သွားမည်ဟု လူထုကို အထပ်ထပ် ကတိပေးလိုက်သည်။

အမေရိကန် သမ္မတ အိုဘားမားက အီဂျစ်လူထုနဲ့ တော်လှန်ရေးဦးဆောင်သူ လူငယ်များအတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်း၊ အီဂျစ်တော်လှန်ရေးက အမေရိကန်တွေရဲ့ စိတ်ကို ကိုင်လှုပ်ခဲ့ကြောင်း သောကြာနေ့ ည တွင် ကြေညာချက်ထုတ် ပြောဆိုခဲ့သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်က (၁၈) ရက်တာ တော်လှန်ရေးကာလအတွင်း ဆန္ဒပြသူများကို အကာအကွယ်ပေးခဲ့သည့် ကြီးမြတ်သည့် အီဂျစ်စစ်တပ်အ တွက် လေးစားဂုဏ်ယူကြောင်း ပြောဆိုခဲ့သည်။

One comment

  • အာဖျံ ကွီး

    February 12, 2011 at 12:43 pm

    ဘာပြောပြော .. ဒီလူကြီး ကုသိုလ်ရမရ် … တိုင်းသူပြည်သားတွေကို နောက်ဆုံးအချိန်မှာ ပျော်အောင်လုပ်သွားခဲ.တရ်။
    စကားမစပ် … ကျုပ်တို.လဲ ပျော်ချင်တရ်ဂျာ … 🙁

Leave a Reply