မြန်မာတိုင်း(မ်) အယ်ဒီတာ ဒန်ကလေ ရန်ကုန်အိမ်တွင် အဖမ်းခံရ

ဂ်စ္စူFebruary 12, 201162min904
မြန်မာတိုင်း(မ်) အယ်ဒီတာ ဒန်ကလေ ရန်ကုန်အိမ်တွင် အဖမ်းခံရ
DPA သတင်းဌာန
ဖေဖော်ဝါရီ ၁၂၊ ၂၀၁၁

(photo: Bangkok Post)

မြန်မာအာဏာပိုင်တို့က မြန်မာတိုင်း(မ်) ဂျာနယ် ထုတ်ဝေသူ ဩစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေကို ဖမ်းဆီးလိုက်သည်။

နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးခြင်း၊ ဆေးခြောက် လက်ဝယ်တွေ့ခြင်းတို့ကြောင့် ကြာသပတေးနေ့က ရန်ကုန်မြို့နေအိမ်တွင် အဖမ်းခံရခြင်း ဖြစ်ကြောင်း မြန်မာတိုင်း(မ်) ဝန်ထမ်းတဦးက ပြောသည်။

မစ္စတာ ဒန်ကလေသည် အရှေ့တောင်အာရှ မီဒီယာလောကတွင် ထင်ရှားသူ ဖြစ်သည်။

၁၉၉ဝ နောက်ပိုင်း ဗီယက်နမ်၏ ပထမဆုံး အပတ်စဉ်ထုတ် အင်္ဂလိပ်စာစောင်ကို ထုတ်ဝေခဲ့ပြီးနောက် မြန်မာတိုင်း(မ်)ကို တည်ထောင်ခဲ့သည်။ Phnom Penh Post ကို ပိုင်ဆိုင်သူလည်း ဖြစ်သည်။

ယခု အင်းစိန်ထောင်တွင် ရှိနေသည်။

မစ္စတာ ဒန်ကလေသည် မြန်မာတိုင်း(မ်)ရှိ သူ၏ လက်တွဲဖော်အသစ် ဒေါ်တင်တင်ဦး (Tin Tin Oo, his new partner at the Myanmar Times) နှင့် လုပ်ငန်းပိုင်ဆိုင်ရာ ပဋိပက္ခ ဖြစ်ပွားနေကြောင်း သူ့နှင့်နီးစပ်သူတို့က ပြောသည်။

ဒေါ်တင်တင်ဦးသည် နိုဝင်ဘာ ရ ရက်နေ့ ရွေးကောက်ပွဲတွင် အစိုးရဘက်တော်သား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း တဦး ဖြစ်သည်။

ပါတီက ၇ရ ရာခိုင်နှုန်းဖြင့် အပြတ်အသတ် အနိုင်ရသော်လည်း ရန်ကုန်တွင် ဝင်ပြိုင်သည့် ဒေါ်တင်တင်ဦး ရွေးကောက်ခံရခြင်း မရှိပေ။

စစ်အာဏာပိုင်တို့က မစ္စတာ ဒန်ကလေကို လုံးဝ နှစ်သက်ခြင်း မရှိကြောင်း ပြည်ပရောက် မြန်မာတို့ ပိုင်ဆိုင်သည့် အိန္ဒိယအခြေစိုက် Mizzima သတင်းအေဂျင်စီက ရေးသားခဲ့ဖူးသည်။

သူက ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ခင်ညွန့်အားကိုးဖြင့် မြန်မာတိုင်း(မ်)ကို ၂၀၀ဝ ပြည့်နှစ်တွင် အစပြုခဲ့သည်။ ဗိုလ်ခင်ညွန့်က ၂၀၀၄ တွင် အာဏာလက်မဲ့ ဖြစ်သွားသည်။

၁၉၆၂ ခုနှစ်ကတည်းက စစ်အာဏာရှင်တို့၏ ချုပ်ကိုင်မှုအောက် ရောက်နေသော မြန်မာပြည်သည် ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးစံချိန်တင်ထားတဲ့ နိုင်ငံများထဲတွင် ပါဝင်သည်။

အစိုးရဘက်တော်သား ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်မည့် အစိုးရသစ် ပေါ်ပေါက်လာတော့မည် ဖြစ်သော်လည်း စစ်အုပ်စုက စာနယ်ဇင်းဆိုင်ရာ သဘောထားကို ပြောင်းမည့်ပုံ မပြသေးပေ။

ယခုလ ၄ ရက်နေ့ကလည်း ရုပ်သံသတင်းသမား ဦးမောင်မောင်ဇေယျ ထောင် ၁၃ နှစ် ချမှတ်ခံရသည်။ ပြည်ပတွင် ခိုလှုံနေသူတို့နှင့် ဆက်သွယ်ခြင်း၊ ရုပ်မြင်သံကြား ထုတ်လွှင့်မှု ဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်မှု (breaching broadcasting rules) တို့ဖြင့် ထိုသို့ ထောင်ချလိုက်ခြင်း ဖြစ်သည်။

Source:moemakha media

အောက်ကတော့ Freedom News Group မှ ဖြစ်ပါတယ်.

တင်ကျော်ကျော်စိုး၊                ၊ဆေးခြောက်မှု ဖြင့် ဖမ်းဆီးထား သည် ဟု သတင်းထွက်ပေါ် နေ
သော် လည်း ယခင်က မြန်မာ တိုင်းသတင်းစာတွင် အစုရှယ်ယာ အများ ဆုံး ပါဝင် ထားသည့်
ထိပ်တန်း ထောက်လှမ်းရေး အရာရှိ တစ်ဦး ၏ သမီးမှ ည ကလပ် တစ်ခု တွင် တွင် CD-ROM ဖြင့် သိမ်းမှတ်ထား သည့် စစ်ထောက်လှမ်းရေးအရာ ရှိ ဟောင်း ဗိုလ်ချုပ် ခင်ညွန်  ့အား အင်းစိန်ထောင်
ရွှေ ့ပြောင်းမှု ဗီဒီယို မှတ်တမ်း အား လူမှု ကွန်ယက်အင်တာနက် စာမျက် နှာ တစ်ခု ဖြစ်သည့် Facebook
တွင် Stoneage အမည်ဖြင့် ဖြန် ့ချိမှု ကြောင့် Myanmar Time သတင်းစာ ၏ အယ်ဒီတာ ချုပ် ဖြစ်သူ
ရောစ် ဒန်ကလေ က ဖမ်းဆီး လိုက်သည်ဟု Freedom News Group မှ သတင်းရရှိသည်။

အခြားသော သတင်း များ အရ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ ဇနီး ဖြစ် သူ တရုတ် ပြည် ဘဏ်များ
တွင် ငွေကြေး လွှဲပြောင်း အပ် နှံ ရန် သွား သည့် သတင်း နှင့် သမက်ဖြစ်သူ သံအမတ်ကြီး ၏ သတင်း
ကို ပြည်ပ မီဒီယာ အချို ့ကို လက်တို ့မှုဖြင့် ဖမ်းဆီး သည် ဟု ယုံကြည်ကြသည်။

ရောစ် ဒန်ကလေ သည် ဒေါ်ကြိုင်ကြိုင် တရုတ် ပြည်ရောက်သည့် သတင်း ကို တရုတ် ဂျာနယ်
လစ် အချို ့မှ ရရှိခဲ့ခြင်း ဖြစ်ပြီး တရုတ် အစိုးရ ကိုယ်တိုင် က လည်း မီဒီယာ များ တွင် မြန်မာ
နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး အသစ် ၏ ဒေါ်လာ ကိုးသောင်း ကျော် ကုန် ကျသည့်
ဧည့် ခံပွဲ နှင့် ညစာ စားပွဲ နှင့် ပတ်သက် ၍ ဖော်ပြခြင်းမရှိချေ။

ရောစ် ဒန်ကလေ အား ၎င်း နေထိုင်သည့် အင်းလျှား လမ်း ရှိ Governor Residents တွင် သတင်း
တပ်ဖွဲ ့ ညွှန်ကြားရေးမှုး အသစ် ဗိုလ်မှုး ကြီး တင်စိုး ၏ အမိန် ့ဖြင့် ယမန် နေ ့ညက ဖမ်းဆီး ခဲ့ခြင်းဖြစ်
သည်။

မြန်မာ တိုင်း သတင်းစာကို ၂၀၀ဝ ပြည့်နှစ် တွင် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှုးချူပ် သိန်းဆွေ ၏ ချွေးမ ဖြစ်သူ ယခင်မြန်မာ တိုင်း ဂျာနယ် ပူးတွဲ ပိုင်ရှင် ဟောင်း ကိုမြတ်ဆွေ ဆန်နီဆွေ(ယခု ထောင်ဒဏ်ကျခံနေရသူ) နှင့် မယမင်းတို ့ က Phnom Penh Post အယ်ဒီတာ ဖြစ်သူ ဩစ
တေးလျှ နိုင်ငံသား ရောစ်ဒန်ကလေ က ငှားရမ်း ၍ တည်ထောင်ခြင်း ဖြစ်သည်။

မြန်မာ တိုင်း သတင်းစာ ကို လမ်းမတော် မြို ့နယ်တွင် စတင်တည်ထောင်စဉ်
ကတည်းကပါဝင်ခဲ့သည့် လေတပ် ထောက်ရေး အရာရှိ ဗိုလ်မှုးချူပ် သိန်းဆွေ မှာ
စစ်ထောက်လှမ်းရေးကို၂၀၀၄ ခုနှစ်က ဖယ်ရှားစဉ်က ပထမ ဦးဆုံး ရန်ကုန်တွင်
ဖမ်းဆီးခံရသောသူဖြစ်ပြီး ထောင်ဒဏ်၅၄  နှစ်အပြစ်ပေးခံထားရသည်။

ရောစ် အား ပြည်တွင်း စာနယ် ဇင်းသမား များက မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် အား အပုပ်ချ(ဝေဖန်မှု မဟုတ်သည့် ) ရေးသားမှု ကြောင့်
ရွ ံ့မုန်းကြသည်။

4 comments

  • nigimi77

    February 12, 2011 at 8:51 am

    ည ကလပ် တစ်ခု တွင် တွင် CD-ROM ဖြင့် သိမ်းမှတ်ထား သည့် စစ်ထောက်လှမ်းရေးအရာ ရှိ ဟောင်း ဗိုလ်ချုပ် ခင်ညွန် ့အား အင်းစိန်ထောင်
    ရွှေ ့ပြောင်းမှု ဗီဒီယို မှတ်တမ်း အား လူမှု ကွန်ယက်အင်တာနက် စာမျက် နှာ တစ်ခု ဖြစ်သည့် Facebook
    တွင် Stoneage အမည်ဖြင့် ဖြန် ့ချိမှု ကြောင့် Myanmar Time သတင်းစာ ၏ အယ်ဒီတာ ချုပ် ဖြစ်သူ
    ရောစ် ဒန်ကလေ က ဖမ်းဆီး လိုက်သည်ဟု Freedom News Group မှ သတင်းရရှိသည်။

    …အဲဒီ အပိုဒ် မရှင်းဘူး။ ဘယ်လိုဖတ်ဖတ်။

  • moethidasoe

    February 12, 2011 at 9:01 am

    ယခင်က မြန်မာ တိုင်းသတင်းစာတွင် အစုရှယ်ယာ အများ ဆုံး ပါဝင် ထားသည့်
    ထိပ်တန်း ထောက်လှမ်းရေး အရာရှိ တစ်ဦး ၏ သမီးမှ ည ကလပ် တစ်ခု တွင် တွင် CD-ROM ဖြင့် သိမ်းမှတ်ထား သည့် စစ်ထောက်လှမ်းရေးအရာ ရှိ ဟောင်း ဗိုလ်ချုပ် ခင်ညွန် ့အား အင်းစိန်ထောင်
    ရွှေ ့ပြောင်းမှု ဗီဒီယို မှတ်တမ်း အား လူမှု ကွန်ယက်အင်တာနက် စာမျက် နှာ တစ်ခု ဖြစ်သည့် Facebook
    တွင် Stoneage အမည်ဖြင့် ဖြန် ့ချိမှု ကြောင့် Myanmar Time သတင်းစာ ၏ အယ်ဒီတာ ချုပ် ဖြစ်သူ
    ရောစ် ဒန်ကလေ က ဖမ်းဆီး လိုက်သည်ဟု လို့ ဆိုထားတာ မြှားနတ်မောင်မှာလဲ ဒီအတိုင်း ရေးထားတယ် .. ရောစ်ဒန်ကလေ (ကို) ဖမ်းတာလား .. (က) လို့ ရေးထားတော့ အရာရှိရဲ့ သမီးကို ရောစ်ဒန်ကလေ (က) ဖမ်းတယ် ဖြစ်နေလို့ .. မရှင်းလို့မေးတာပါ .. ခေါင်းစဉ်မှာက အဖမ်းခံရတယ် .. စာသားမှာက (က) ဖမ်းဆီးလိုက်တယ် .. ဆိုလို့ပါ

  • Tettoe Aung

    February 12, 2011 at 9:32 am

    Mr Dunkley is like a fish that only sees the bait but not the hook. As a fellow human I pity him but I do not condone of what he has done – either in Burma or Cambodia. As an Australian he should know that we all appreciate the Australian ethos of ‘fair go’. But neither him nor his paper Myanmar Times has given Burma or the people of Burma a ‘fair go’. He should know by now how association with military dictators is like ‘playing with fire.’ You’ll get burnt sooner or later. Not only has his paper discredited journalism in general and Australian love for press freedom in particular what chance will he have for a ‘fair trial’ if he is brought on trial and it’s a big IF. If he has established Myanmar Times as something which journalism is meant for he would be able to reveal the ‘Stalinist show trials’ that most people in Burma have to face under the military dictatorship. All we can do is to wish him luck.

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 12, 2011 at 10:05 pm

    မြန်မာတိုင်းမ် ဂျာနယ်ကို တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ ဩစတြေးလျနိုင်ငံသား ရော့စ် ဒန်ကလေကို မနေ့က ရန်ကုန်မှာ ဖမ်းဆီးလိုက်တယ်လို့ ရန်ကုန်စာနယ်ဇင်း အသိုင်းအဝိုင်းက ပြောပါတယ်။

    ဘာအမှုနဲ့ ဖမ်းဆီးတယ်ဆိုတာကတော့ အမျိုးမျိုး ပြောဆိုနေကြတုန်းပါပဲ။ ပြည့်တန်ဆာမှု၊ ဆေးခြောက်မှု စတာတွေကိုလည်း ကောလာဟလ ပြောဆိုနေကြပါတယ်။

    ဘန်ကောက်ကနေ ပြန်လာလာချင်း သူ့နေအိမ်မှာ အဖမ်းခံရတာပါ။ အဖမ်းခံရတာနဲ့ ပတ်သက်ပြီး တကယ်မှာတော့ နောက်ကွယ်မှာ အရှုပ်အရှင်းတွေ အများကြီး ရှိပါတယ်။

    သေချာတာကတော့ ဘာဖြစ်ဖြစ် ဒန်ကလေကို ကန်ထုတ်ပစ်လိုက်တာလို့ ပြောနိုင်ပါတယ်။

    မြန်မာတိုင်းမ်ကို ဗိုလ်ချုပ်ကြီး ခင်ညွန့် တန်ခိုးထွားစဉ်က ဒန်ကလေနဲ့ ပေါင်းပြီး နှစ်ဦးနှစ်ဘက် အပြန်အလှန် အသုံးချခဲ့ကြတာပါ။

    ဗိုလ်ခင်ညွန့်လက်ထက်မှာ စာပေစိစစ်ရေး ခေါ် စာပေကင်ပေတိုင်ကို ပြည်ထဲရေးဝန်ကြီးဌာနက ကိုင်တယ်။ တကယ် သက်ဆိုင်တဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက လုပ်ပိုင်ခွင့် မရှိဘူး။ မြန်မာတိုင်းမ်ဟာ အခွင့်ထူးခံဖြစ်ပြီး လုပ်ပိုင်ခွင့်တွေလည်း ရခဲ့တယ်။

    ဗိုလ်ခင်ညွန့်လည်း ပြုတ်ရော စာနယ်ဇင်း လောကကြီးကို ထိန်းချုပ်ဖို့ ပြန်ကြားရေး ဝန်ကြီးဌာနက ပြည်ထဲရေး ဝန်ကြီးဌာန လက်ထဲကနေ လုယူလိုက်ပါတယ်။

    အင်္ဂလိပ်ဘာသာနဲ့လည်း ထုတ်ဝေပြီး နိုင်ငံတကာကို ပါးစပ်အငှား လုပ်နေတဲ့ မြန်မာတိုင်းမ်ကို ပြန်ကြားရေးက ထိန်းချုပ်ဖို့ ကြိုးစားလာပါတယ်။

    အဲဒါမှာ ရွေးကောက်ပွဲအတွင်းက မဲလိမ်တာတောင် မပြတ်မသတ်နဲ့ ရှုံးသွားတဲ့ ကြံ့ဖွံ့အမတ်လောင်း၊ သုတစွယ်စုံ စာအုပ်တိုက်ပိုင်ရှင် ဒေါက်တာ တင်ထွန်းဦးကို ပွဲထုတ်လာပါတယ်။

    မြန်မာတိုင်းမ်ရဲ့ ရှယ်ယာထက်ဝက်ကျော်ကို ပြန်ကြားရေး ဝန်ကြီးဌာနအစား ဒေါက်တာ တင်ထွန်းဦးက အမည်ခံ ယူပေးရပါတယ်။ ဒေါက်တာ တင်ထွန်းဦးလည်း နဂိုကတည်းက မြန်မာတိုင်းမ်ကို သွားရည်ကျနေတာဆိုတော့ အတော်ဖြစ်သွားပါတယ်။

    ပြီးခဲ့တဲ့လက သတင်းတပုဒ်မှာ “အယ်ဒီတာချုပ် ဒေါက်တာ တင်ထွန်းဦး” ဆိုပြီး ပါလာလို့ မြန်မာတိုင်းမ်က ကန့်ကွက်ခဲ့ပါတယ်။ တကယ်မှာ ဒေါက်တာ တင်ထွန်းဦးက ရှယ်ယာ အများစု အမည်ခံဝယ်ပြီး ထုတ်ဝေသူအဆင့်သာ ရှိတာပါ။

    ဗိုလ်ခင်ညွန့်ပြုတ်ကတည်းက မျက်စောင်းထိုးခံနေရတဲ့ ဒန်ကလေဟာ လောဘကြီးတဲ့ ဒေါက်တာ တင်ထွန်းဦးရဲ့ အချိုင်ကိုလည်း ခံနေရကတည်းက အခြေအနေ မကောင်းတာပါ။

    စစ်အစိုးရကို ဖာထေးပြောဆိုမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး အပုပ်ချမှုတွေကြောင့် ပြည်တွင်း ပြည်ပ ဂျာနယ်လစ်တွေက ဒန်ကလေကို မကြည်တာ ကြာပါပြီ။

    အခုတော့ အကွက်ဝင်တုန်း အကန်ထုတ်ခံရတာ မဆန်းပါဘူး။ ခုနက ရှင်းပြခဲ့တဲ့ အကြောင်းအရာတွေကို ပြန်ကြည့်ရင် အဖမ်းခံရတဲ့အမှုဆိုတာထက် အခြေအနေပေးတုန်းနဲ့ ဂွင်ဝင်တုန်း သေသေချာချာ ကန်ထုတ်လိုက်တယ်ဆိုတာ မြင်ကြပါလိမ့်မယ်။
    http://www.irrawaddyblog.com/2011/02/blog-post_7067.html

Leave a Reply