People ousted the Regime ( Evil Empire of Mubarak)ပြည်မြန်မာမှာလဲ

timothyFebruary 12, 20111min923

လူထုအင်အားနဲ့အာဏာရှင်မူဘာရက်ကိုဖြုတ်ချလိုက်နိုင်ပြီ။

တူနီးရှားမှာလူမှုရေးတော်လှန်ရေးကြီးကစလိုက်တဲ့လူထုတော်လှန်ရေးမီးတောက်ကြီးဟာ၊

အခုဆိုထိမ်းမနိုင်သိမ်းမရနဲ့မီးဟုန်းဟုန်းတောက်လောင်ကုန်ပြီ။

အရှေ့အလယ်ပိုင်းအာရပ်တိုင်းပြည်နဲ့ကမ္ဘာအရပ်ရပ်ကအာဏာရှင်များ၊

ဗိုလ်သန်းရွှေတို့လိုဖက်ဆစ်၊စစ်အာဏာရှင်များအထူးသဖြင့်ပေါ့၊ဖိန့်ဖိန့်တုန်အောင်ကြောက်နေကြပြီပေါ့။

တူနီးရှားနဲ့အီဂျစ်တို့မှာစစ်တပ်ရဲ့ထောက်ခံမှုမရမှန်းသိတာနဲ့တပြိုငိနက်တည်း၊

အာဏာရှင်များခွေးပြေးဝက်ပြေးထွက်ပြေးကြတယ်။

အီဂျစ်မှာ်မှာကအာဏာရှင်မူဘာရက်ကကောင်းကောင်းဖိနှိပ်ထားတာပိပြားနေတာဘဲ။

ဘယ်သူမှမထင်နိုင်စရာပါဘဲ။ လူထုအုံကြွမှုကတစတစကြီးလာတာ၊မူဘာရက်ရဲ့အသဲနှလုံးတွေကိုဆွဲကိုင်လှုပ်လိုက်တာဘဲ။

စောစောပိုင်းကတော့မူဘာရက်ကသူ့စစ်တပ်ကိုယုံတယ်လေ။

အကုန်ဗိုလ်ချုပ်တွေမှန်သမျှသူ့လူယုံတွေထဲ့ထားတော့သူ့အတွက်ကတော့ဗိုလ်သန်းရွှေလိုဘဲဇိမ်ပေါ့။

နောက်ပိုင်းမှာစစ်အရာရှိငယ်များနဲ့တပ်သားများကမူဘာရက်စစ်ပုလိပ်များကလူထုကိုမတရားလုပ်နေတာတွေ၊

မြင်တွေ့လာတော့မှလူထုဘက်ကစိတ်ရောက်လာကြတယ်။ဗိုလ်ချုပ်လူယုံတော်များတဖြေးဖြေးဘေးဖယ်ခံရတယ်။

တိုင်းပြည်ချစ်တဲ့စစ်ဗိုလ်ချုပ်များကလဲလက်အောက်ဗိုလ်နဲ့တပ်သားများကပြည်သူတွေဘက်ပါသွားပြီဆိုတော့၊

နောက်ဆုံအာဏာရှင်မူဘာရက်ကိုစစ်တပ်ကမထောက်ခံဘူးလို့အသိပေးလိုက်တယ်။

မူဘာရက်ဇာတ်သိမ်းသွားရရှာတယ်။လူထုအောင်ပွဲကတော့ကကြခုန်ကြနဲ့ချိမ့်ချိမ့်သဲဘဲ.

ဗမာပြည်မှာဗိုလ်သန်းရွှေကမိသားတစုကောင်းသားရေးဘဲစိတ်ဝင်စားလာတယ်။

သူ့လူယုံများကိုအတင်းစစ်ယုနီဖေါင်းတွေချွတ်၊ဟိုပို့ဒီပို့နဲ့ဗေဒင်ဆရာပြောတဲ့အတိုင်းဗြောင်းဆံနေအောင်လုပ်လာတော့၊

စစ်တပ်ထဲမှာလဲမကြေနပ်ချက်တွေကကြီးထွားနေပြီ။

တပ်သားများကိုလဲကျွန်ကဲ့သို့မတရားခိုင်းလိုခိုင်း၊မိသားစုခလေးမိန်းမများကိုလဲအနိုင့်အထက်နဲ့ကျေးကျွန်များကဲ့သို့၊

ကြမ်းတိုက်၊ထင်းခွေ၊အဝတ်လျှော်တာနဲ့လဲမကြေနပ်နိုင်လို့၊အရာရှိကတော်ရဲ့အတွင်းခံတောင်ရိုက်နှက်ခိုင်းလာတယ်။

စစ်တပ်ထဲမှာမကြေနပ်ချက်တွေနဲ့ပေါက်ကွဲမှုမလွှမသွေဖြစ်လာမယ်။

လူထုအုံကြွမှုကလဲအခုအာရပ်အီဂျစ်တို့ကမီးတောက်အရှိန်နဲ့ဗမာပြည်မှာမနှေးနဲ့အမြန်ဖြစ်လာလိမ္မယ်။

လူထုကိုရိုက်နှက်ပြစ်ခတ်တာတွေတွေ့မြင်တာနဲ့ဖြစ်လာမဲ့နောက်ဆက်တွဲများကအီဂျစ်ကအဖြစ်နဲ့ထပ်တူဖြစ်လိမ္မယ်။

စ်စ်င်္တပ်ကကွဲဘို့ယဲ့ယဲ့ဘဲရှိတယ်။ပြည်သူကိုချစ်တဲ့စစ်သားများအရာရှိငယ်များခေါင်းထောင်ထောင်ထလာပြီးလူထုကိုအကာအကွယ်ပေးလို့၊

နောက်ဆုံးပြစ်ခတ်သောင်းကျန်းနေကြတဲ့ဒုစရိုက်စစ်ခွေးများလမ်းပေါ်ကပြောက်သွားကြမယ်။

လူထုကအကြောက်တရားပြယ်ပျောက်သွားကြမယ်။

ဗိုလ်သန်းရွှေပြေးရလိမ္မယ်။ဒါ့ကြောင့်တရုပ်ပြည်မှာအိမ်ဝယ်ထားပြီးပြီ။

အီဂျစ်ကမူဘာရက်အလှည့်ပြီးတော့အခုအာဏာရှင်ဗိုလ်သန်းရွှေပြုတ်မဲ့အချိန်ရောက်ပါပြီ။

လူထုတရပ်လုံးကိုအီဂျစ်ကအဖြစ်အပြက်များနဲ့ယှဉ်ပြီးရှင်းလင်းပြရင်းနဲ့၊

မကြာမှီဗမာများလဲလွတ်လပ်ရေးရနိုင်ဘို့အခြေအနေများဒီရေအလားတိုးလာပြီတိုတာ၊

ဝမ်းမြောက်စွာနဲ့တင်ပြလိုက်ပြန်ပါတယ်။

3 comments

  • maungmoenyo

    February 14, 2011 at 4:41 am

    အီဂျစ်မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ရဲ့ကွာခြားချက်တွေကို ကအားမနာတမ်းပြောရရရင် ကွာခြားတဲ့အချက်အတော်များများရှိပါတယ်။ မောင်မိုးညိုလေ့လာမိသလောက် ပြောကြည့်ရအောင်…
    (၁) အီဂျစ်မှာ (၁၈) ရက်ထဲနဲ့ နှစ်(၃၀) နီးပါး အာဏာရှင်ဖြစ်ခဲ့တဲ့ မူဘာရက်ပြုတ်ကျခဲ့ပေမဲ့၊ မြန်မာနိုင်ငံမှာတော့ (၁၉၈၈) က ရက် (၁၈၀) ကျော်ကြာတဲ့ လူထုအုံကြွမှုဖြစ်ခဲ့ပေမဲ့၊ အာဏာရှင်စနစ်ပျက်သုဉ်းမသွားတဲ့ အပြင်၊ အရင်အာဏာရှင်ဗိုလ်နေဝင်းက အဖေခေါ်ရလောက်အောင် သူထက်အဆများစွာဆိုးတဲ့ စစ်အာဏာရှင်စနစ်ပေါ်ပေါက်လာပါတယ်။
    (၂) မီဒီယာတွေမှာသေသေချာချာကြည့်ရင် Tihrar ရင်ပြင်မှာစုရုံးခဲ့တဲ့ အီဂျစ်ပြည်သူကအလွန်ဆုံးရှိ တသိန်းပေါ့။ မြန်မာနိုင်ငံအလံပြဘုရားလမ်းစစ်ရုံချုပ်မှာ စုဝေးခဲ့တဲ့အင်အားက သာယာဝတီ၊ပဲခူး၊ရေနံချောင်းက ခြေကျင်လမ်းလျှောက်ချီတက်ခဲ့ကြသူအာလုံးဟာ (သန်း) ဂဏ်းမရှိတောင်သိန်းများစွာရှိခဲ့ပါတယ်။
    (၃) အီဂျစ်မှာမြို့အနှံ့မဖြစ်ခဲ့ပေမဲ့ မြန်မာနိုင်ငံမှာတောရောမြို့ပါမကျန် တောင်တန်းဒေသတွေအနှံ့အုံကြွဆန္ဒပြမှုတွေဖြစ်ခဲ့ပါတယ်။
    (၄) မူဘာရက်က လူထုကိုသေနတ်နဲ့ပြစ်ဘို့အမိန့်မပေးခဲ့ပါဘူး။ မြန်မာနိုင်ငံမှာတော့ ပါတီညီလာခံမှာကို၊ ဗိုလ်နေဝင်းက သေနတ်ဆိုတာ…တဲ့တဲ့ပြစ်ရတာလို့ တရားဝင်မိန့်ခဲ့တဲ့အပြင်၊ နယ်တွေသာမက၊ ရန်ကုန်မှာပါလက်နက်အင်အားသုံးတဲ့သာဓကတွေ၊ ဖုံးဖိလို့မရအောင်အတော်များများရှိခဲ့ပါတယ်။
    (၄) အီဂျစ်မှာစစ်တပ်က လူထုကြားထဲဝင်ခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီး/စစ်ဦးစီးချုပ်ကိုယ်တိုင် ဆန္ဒပြတဲ့လူအုပ်ကြားကိုယ်တိုင်ဆင်းပြီးဖြောင့်ဖျတဲ့အလုပ်လုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးကလူထုထဲဆင်းဘို့နေနေသာသာ၊ သူ့အစိုးရအဖွဲ့ကလူတောင်သူ့အနားကပ်ခွင့်မရှိပါဘူး။
    (၅) အီဂျစ်မှာဖြစ်သမျှကိစ္စ ကမ္ဘာကို (internet တွေပိတ်ပင်ထားတဲ့ကြားက) မိနစ်ပိုင်းအတွင်းပျံ့သွားစေပါတယ်။ (၈၈) မြန်မာနိုင်ငံအရေးကိစ္စ ကမ္ဘာကဒီနေ့အထိမသိတဲ့ဆိုးရွားရက်စက်မှုတွေ၊ ဒီနေ့အထိရှိပါတယ်။
    (၆) ရွေးကောက်ပွဲ၊ ဆန္ဒခံယူပွဲစသည်တို့မှာ “ကြိုတင်မဲ”လို့ခေါ်တဲ့ ကြိမ်းသေအနိုင်ရရေးဗျူဟာ။ ကမ္ဘာမှာ မြန်မာကစပြီးအောင်မြင်စွာသုံးခဲ့တာပါ။ လွှတ်တော်မှာ မျက်စိမှိတ်ပြီးမဲထဲ့တောင်၊ အတိုက်အခံတွေဘက်က ကြိမ်းသေပေါက်ရှုံးကိန်းအဖြေထွက်ပြီးသားပါ။
    (၇) အီဂျစ်မှာ အစိုးရနဲ့အဓိကရုံးတွေက မြို့လယ်ခေါင်လူထုကြားထဲမှာအခြေစိုက်တည်နေကြပါတယ်။ မြန်မာနိုင်ငံမှာ လူထုအရောက်မပေါက်ဘ ယ်နည်းနဲ့မှမရှိနိုင်တဲ့ remote နေရာမှာစနစ်တကျအတည်တကအစီစဉ်ျဆွဲပြီးအစိုးရရုံးကြီးအားလုံးအခြေစိုက်ထားပါတယ်။ လူထုအုံကြွမှုကနေပြည်တော်ကိုပေါက်ရောက်ဖို့ကအတော်လေး (အတော်လေး) ကိုခက်ပါတယ်။
    (၈) ဒီမိုကရေစီအထွတ်အထိပ်ရောက်ချိန်ဒီလိုအချိန်မှာတောင်လွှတ်တော်အမတ်တွေက ဘယ်နေ့ဘာအစီအစဉ်ရှိလို့၊ ဘာတွေလုပ်မယ်ဆိုတာသိခွင့်မရှိပါဘူး။ ဒုသမ္မတအဖြစ်ခန့်အပ်ခံရတဲ့၊ အတွင်းရေးမှူး(၁) ဖြစ်တဲ့သီဟသူရတင်အောင်မြင့်ဦးကိုယ်တိုင်တောင်၊ အဲ့ဒီမနက်မှသူဘယ်သူလဲဆိုတာအဖြေထွက်ပါတယ်။
    (၉) အီဂျစ်နိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်တပ်ကိုနိုင်ငံအာဏာကြိုက်တဲ့အချိန်ကြိုက်သလို သုံးခွင့် ဆိုတာကိုပေးမထားပါဘူး။ သမ္မတက စနစ်တကျလွဲပေးပြီးမှ တာဝန်ယူပါတယ်။ ရွေးကောက်ပွဲနဲ့အစိုးရသစ်ပေါ်အောင်လုပ်ပေးရပါဦးမယ် (ဒါပေမဲ့စောင့်ကြည့်ကြသေးတာပေါ့) ကျွန်တော်တို့မြန်မာနိုင်ခံရဲ့ နောက်ဆုံးပေါ်အခြေခံဥပဒေ ကတော့ စစ်တပ်ကို အချိန်မရွေး အာာဏာကိုထိမ်းသိမ်းရယူခွင့်ဆိုတဲ့အခွင့်ထူးကြီးကို အလျံပယ်ပေးထားပါတယ်။ (ယုံချင်ယုံမယုံချင်နေ၊ ဒါကိုလူထု ၉၂ % ကထောက်ခံတယ်ဆိုဘဲ)
    (၁၀) စစ်အုပ်ချုပ်ရေးကာလအတွင်းလုပ်သမျှကိစ္စ (ဆည်တွေဆောက်တာကအစ၊ လက်နက်မဲ့ပြည်သူတွေ ကိုလက်နက်ကြီးအင်အားသုံးပြီး ပစ်ခတ်ခွင့်ပေးတာအားလုံးကို) လွှတ်တော်က ချီးကြူးထောပနာပြုဘို့ အစီအစဉ်ရှိပါတယ်။
    (၁၁) ဖွဲံစည်းပုံအခြေခံဥပဒေ ထဲမှာမပါတဲ့ အချုတ်အခြာအာဏာကို ဦးဆောင်မှုပေးဘို့ (ဥသျှောင် အဖွဲ့မဟုတ်တောင်) ဗိုလ်ချုပ်မှူးကြီးက ဝင်နေရာယူထားအုံးမယ်ဆိုဘဲ။
    (၁၂) အီဂျစ်သမ္မတက လူထုအုံကြွမှုဖြစ်တကတည်းက ထွက်ဘို့ပါဘဲ။ ဒါပေမဲ့သူစည်းစိမ်ဘီလီယံများ အပြောင်အလဲကိစ္စ သုတ်ိသီးသုတ်ပြာလုပ်ရလို့၊ (၁၈) ရက်ကြာခဲ့ပါတယ်။ ဗိုလ်သန်းရွှေကတော့ လူသိနဲပြီး၊ ငွေကြေးထိမ်းသိမ်းမှုမှာ black marks နာမည်ကြီးခဲ့တဲ့ ဘဏ်များမှာကိုယ်ပိုစီးစိမ်များအတည်တကျနေရာချပြီးမို့၊ သိပ်အဆင်ပြေတဲ့ကိစ္စပါ။
    (၁၃) မူဘာရက်က ကမ္ဘာထိပ်တန်းခေါင်းဆောင်တွေ နဲ့ နေ့စဉ်ရက်ဆက်နာရီမလပ် တိုက်ရိုက်အဆက်အသွယ် ဖုံးစကားပြောတာတွေရှိပါတယ်။ ကျွန်တော်တို့ ဗိုလ်ချုပ်ကြီးတွေကတော့၊ ခေါ်မဲ့ပြောမဲ့သူလဲမရှိ၊ နိုင်ငံတကာမပြောနဲ့ အာဆီယံထဲတောင်မျက်နှာပြမရနိုင်တဲ့သိက္ခာတွေ နဲ့ပြည့်နေပါတယ်။ (မတော်တဆ) နိုင်ငံကြီးကခေါင်းဆောင်တွေကဖုံးခေါ်ရင်တောင်။ ပြန်မပြောတတ်လို့ ဖုံးကို ဖုံးခွက်ပေါ် hang-up ပြန်လုပ်ရမဲ့အခြေရှိကြောင်းပါ……….

  • bigcat

    February 14, 2011 at 5:19 am

    အီဂျစ်မှာ လူထုအားသက်သက်နဲ့ အပြောင်းအလဲတန်းမဖြစ်တာ ကျေးဇူးတင်ရမယ်။ နို့မို့ရင် ဒေါ်စုနဲ့အန်အယ်ဒီကို လက်ညှိုးထိုး ချီးခြောက်ရေဝိုင်းနှုးလိုက်ကြမယ့်ဖြစ်ခြင်း၊ ဘယ်ပြောကောင်းမလဲ။ ရွာထဲမှာအဲသည်လို….

  • piti

    February 14, 2011 at 7:28 am

    ကျွန်တော်တို့ဆီမှာက ကံ-ကံ၏အကျိုးကို ယုံကြည်သူတွေများတယ်လေ
    အဲဒီတော့ စစ်အာဏာရှင်တွေ သက်ဆိုးရှည်နေတာပေါ့…

    “ကိုယ်ပြုသည့်ကံ ပဲ့တင်သံ… ကိုယ့်ထံပြန်လိမ့်မည်”ဆိုပြီး ကံကိုယုံပြီး ခေါင်းငုံနေသူတွေများတယ်လေ

    တပ်မတော်ထဲမှာ အဆင့်အနိမ့်အမြင့် အနည်းငယ် ကွာဟမှုအပေါ်မှာ ဖိနိပ်မှုတွေကတော့ မဆန်းဘူးလေ…

    DSA မှာ တနှစ်နောက်ကျတဲ့သူကိုပဲ ကျောင်းသားချင်း ဖိနပ်တိုက်ခိုင်းတဲ့ အနိုင်ကျင့်ဘိုကျတဲ့စနစ်ကို မွေးပေးလာခဲ့တာပဲ

    ဒါကြောင့်လဲ ဗိုလ်မှူးကြီးတွေဖြစ်နေပေမယ့် စစ်အာဏာရှင်ကြီးတွေရဲ့ ဖိနပ်သာမက သူတို့ရဲ့ ဇနီးတွေ၊ သားသမီးတွေရဲ့ ဖိနပ်ပါ မရှက်မကြောက် ကိုင်တွယ်ပေးနေရတာပေါ့….

    “ဖိလွန်းရင်ကြွ” ဆိုတဲ့ မြန်မာစကားပုံလေးလည်း ရှိတယ်မို့လား… ဒီအတိုင်းဆက်သွားရင်တော့………

    မူဘာရက်နောက်ကို လိုက်ရမယ့်သူ ဘယ်သူဖြစ်မလဲဆိုတာကတော့…….
    ကံကိုယုံပြီး ကျွန်တော်တို့ ကြည့်နေကြရအောင်ဗျာ……..

Leave a Reply