အရွယ် (၁၀) ပါး

အာဖ်ံ ကြီးFebruary 12, 20111min23413

အရွယ် (၁၀) ပါး
၁။ မန္ဓဒသက = နှုန်းနှေးတဲ့ အရွယ် (မွေးစ မှ ၁၂ အရွယ်အထိ)
၂။ ခိဌဒသက = မြူးထူးပျော်ပါး ကစားတဲ့ အရွယ် (၁ဝ နှစ် မှ ၂ဝ အရွယ်အထိ)
၃။ ဝဏ္ဏဒသက = အဆင်းအလှဆုံး အရွယ် (၂ဝ နှစ် မှ ၃ဝ အရွယ်အထိ)
၄။ ဗလဒသက = ခွန်အားဗလ အကောင်းဆုံး အရွယ် (၃ဝ နှစ် မှ ၄ဝ အရွယ်အထိ)
၅။ ဉာဏဒသက = ဉာဏ်အကောင်းဆုံး အရွယ် (၄ဝ နှစ် မှ ၅ဝ အရွယ်အထိ)
၆။ ဟာနိဒသက = သွေး၊ လေ၊ အား ဆုတ်ယုတ်စ အရွယ် (၅ဝ နှစ် မှ ၆ဝ အရွယ်အထိ)
၇။ ပဗာ္ဘရဒသက = ခန္ခာကိုယ် ရှေ.သို.ကိုင်းလာတဲ့ အရွယ် (၆ဝ နှစ် မှ ၇ဝ အရွယ်အထိ)
၈။ ဝင်္ကဒသက = ခန္ခာကိုယ် ကုန်းလာတဲ့ အရွယ် (၇ဝ နှစ် မှ ၈ဝ အရွယ်အထိ)
၉။ မောမဟဒသက = သတိမေ့လျော့တတ်တဲ့ အရွယ် (၈ဝ နှစ် မှ ၉ဝ အရွယ်အထိ)
၁၀။ သယနဒသက = အိပ်ယာထဲ လဲနေတဲ့ အရွယ် (၉ဝ နှစ် မှ ၁၀ဝ အရွယ်အထိ)

13 comments

  • အာဖျံ ကွီး

    February 12, 2011 at 12:08 pm

    ဒို. Gazette က Senior တို.ကတော့ post ပဲရေးရေး comment ပဲပေးပေး အရမ်းမိုက်တရ်ဆိုတော့ …. ဟီးးဟီးး
    ဉာဏဒသက အရွယ်တွေပဲထင်တရ်နော …

  • MaMa

    February 12, 2011 at 12:56 pm

    တဟီးဟီးနဲ့ ကွီးကတော့ ခိဌဒသက အရွယ်ဖြစ်ရမယ်။ ဒါတောင် လျှော့လျှော့ပေါ့ပေ့ါတွေးထားတာ။ တကယ်က မနဒသကအရွယ်လို့ ထင်နေတာ။

  • အာဖျံ ကွီး

    February 12, 2011 at 1:13 pm

    မဟုတ်ရပါဘူးဂျာ …
    ကွီးက … ဝဏ္ဏဒသက အရွယ်ပါဂျ … ဟီးးး
    တဟီးဟီးနဲ.ဖြစ်နေတာက ခိဌဒသက အရွယ်ကို ကျော်သွားတာ အရမ်းမကြာသေးလို. … ဟီးးး

  • manawphyulay

    February 12, 2011 at 1:45 pm

    အယ် နံပါတ် ၁ ရဲ့အပေါ်က အရွယ်က ဘာအရွယ်လဲ။ မနော အရွယ် ရှာမတွေ့လို့ တင်ပေးဦးလေ ကွီးရဲ့ 😛

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 12, 2011 at 2:18 pm

    အိုက်ဒါ
    ကလလ
    ရေကြည်အရွယ်လို ့ခေါ်သကွဲ ့
    အဟီး

  • ဆူး

    February 12, 2011 at 2:29 pm

    ၃။ ဝဏ္ဏဒသက = အဆင်းအလှဆုံး အရွယ် (၂ဝ နှစ် မှ ၃ဝ အရွယ်အထိ)
    ဆိုတော့ အရွယ်အားဖြင့် မဟိုင်းသေးဘူး လို့ ဆိုရမှာဘဲ။

  • moethidasoe

    February 13, 2011 at 6:29 am

    မနောရယ် .. အခုထိ အကျႌမကပ်သော ကိုယ်လုံးနဲ့ နေချင်သေးလို့လား ..
    တို့တော့ မနိဒသက အရွယ်ရောက်ပြီ .. ဒေါသတော့ နည်းနည်း ကြီးနေသေးတယ်

  • manawphyulay

    February 13, 2011 at 7:25 am

    မိုးပြောတဲ့အရွယ် ရှာလို့မတွေ့ဘူး ဟာနိဒသကပဲ တွေ့တယ်။ အင်း ခုခေတ်လူတွေ သယနဒသက ဆိုတဲ့အရွယ်ကို ရောက်နိုင်ပါ့မလားမသိဘူးနော်။ ၇ဝ ကျော်ဆိုတာ အလွန်ဆုံးဖြစ်နေကြတာကို တွေ့ရှိရတယ်။ မနောတို့မျိုးရိုးကတော့ အသက်ရှည်တဲ့မျိုးရိုးလို့ ဆိုနိုင်မလားမသိ မေမေ့အဘွားဆုံးတော့ ၉၉ နှစ်မှာဆုံးတာလေ။

  • kai

    February 13, 2011 at 8:08 am

    ဗဟုသုတ အဖြစ်ဖတ်ကြဖို့ပါ..။

    “ဂေါရီ” ကားရှစ်
    ဆယ်နှစ် “ကညာ”၊
    ဆယ့်နှစ်နှစ်မှာမူ၊ “ကုမာ” ခေါ်ထုံး
    “ဆယ့်သုံးနှစ်” မယ် . . .“သွေးစုန်း” ရွယ်နှင့်
    တစ်သွယ်ပိုင်းခြား . . . .ဆယ့်ငါး “မျက်မည်း”
    ကြည်ကြည်ရွှန်းရွှန်း . . .နှစ်ဆယ်တန်းက
    “မျက်ဝန်း”မည်သာ၊
    ဤမျှသာလျှင် . . . တော်ဝင်ရွယ်လောင်း . . .

    ==
    မိန်းမတို့နှင့်ပက်သက်၍ အသက်အရွယ်အလိုက် ခွဲခြား၍ အောက်ပါအမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြသည် ။
    ၁ ။ ( ၈ ) နှစ်သမီးအသက်အရွယ် = ပျိုမြစ်နုနယ်သောအရွယ် ၊ ဖြူသောဖျော့သော အနီရောင်အသွေးရှိ
    သောအရွယ် ( ဂေါရိ )
    ၂ ။ ( ၁ဝ ) နှစ်သမီးအသက်အရွယ် သူငယ်မ ( ကညာ )
    ၃ ။ ( ၁၂ ) နှစ်သမီးအသက်အရွယ် = သတို့သမီး ( ကုမာရီ )
    ၄ ။ ( ၁၅ ) နှစ်မှ အိမ်ထောင်မပြုမချင်းအရွယ် ၊ အပျိုကြီး ( ကုလ္လကုမာရီ )
    ၅ ။ အိမ်ထောင်ပြုပြီးသောမိန်းမကို = မိန်းမ ( ဣတ္ထိ )
    တစ်နည်း –
    ၁ ။ ဒါရိကာအရွယ် ( ရ ) နှစ်
    ၂ ။ ဂေါရိအရွယ် ( ၈ ) နှစ်
    ၃ ။ ကညာ ( ၁ဝ ) နှစ်
    ၄ ။ ကုမာရီ ( ၁၁ ) နှစ်
    ၅ ။ သွေးစုန်း ( ၁၃ ) နှစ်
    ၆ ။ မျက်မည်း ( ၁၅ ) နှစ်
    ရ ။ မျက်ဝန်း ( ၂ဝ ) နှစ်
    ၈ ။ မျက်ညွတ် ( ၂၅ ) နှစ်
    ၉ ။ မြောင်းကူး ( ၄ဝ ) နှစ်

    ဆရာတော်ဦးဩဘာသ၏ ( သုတေသနသရုပ်ပြ အဘိဓာန်ကျမ်း )
    တစ်နည်း အမျိုးဝံသဘေဒအားဖြင့် ၉-ပါးကား
    (၁) ဒါရိကာ- ၇-နှစ်အပျိုစင်၊
    (၂) ဂေါရီ- ၈နှစ်အပျိုစင်၊
    (၃) ကညာ- ၁၀-နှစ်အပျိုစင်၊
    (၄) ကုမာရီ- ၁၂-နှစ်အပျိုစင်၊
    (၅) သွေးစုန်း- ၁၃-နှစ်အပျိုစင်၊
    (၆) မျက်မည်း- ၁၅-နှစ်အပျိုစင်၊
    (၇) မျက်ဝန်း- ၂၀-နှစ်အပျိုစင်၊
    (၈) မျက်ညွတ် ၂၅-နှစ်အပျိုစင်၊
    (၉) မျောင်းတူး- ၄၀-နှစ်အထက်အပျိုစင်။

  • char too lan

    February 13, 2011 at 11:51 am

    ဘယ်အရွယ်ပဲဖြစ်ဖြစ် ဂေဇက် ကတော့ Welcome ပဲ
    ဦးကြောင်ကြီးကလဲ …………… 😀
    ဒါနဲ့ ဒီဟာတွေက ကျား မ နှစ်မျိုးလုံးအတွက်ဟုတ်ဘူးရား 🙁

  • ဆူး

    February 13, 2011 at 3:35 pm

    ချာချာ လည်း ပါပါတယ်။ အထီး အမ ခွဲခြားဘဲ ရေးထားပေမဲ့ မိန်းမတွေ အကြောင်း မန်းကြတော့ ဟိုလိုလို ဒီလိုလို ဖြစ်သွားတာပါ။

  • kopauk mandalay

    February 13, 2011 at 4:20 pm

    ဘယ်အရွယ်လဲလို့တော့ မသိချင်တော့ ဘူး သေချာတာတစ်ခုကတော့ ကိုပေါက်က ကျွင်းနုပ်ခမ်းနားရောက်နေပြီလို့
    ကိုယ့်ကိုယ် ထင်မိပေမယ့် မြန်မာစကားပုံထဲမှာ
    အမှည့်တဝင်းဝင် အကင်း တဖြုတ်ဖြုတ်ဆိုပြန်တော့ ………………………….
    မှည့်မှည့် ကင်းကင်း သေခြင်းတရားကတော့ နာမယ်အလှည့်ကျသူကိုခေါ်မှာဆိုတော့ အရွယ်ကိုထည့်မစဉ်းစားတော့ ပါဘူးဗျာ။

Leave a Reply