”Ten Things I Hate About Myself”
မနောရဲ့ လက်ရှိဘ၀ကို ကိုယ့်ဘာသာ ဝေဖန်သုံးသပ်ချက်ကလေးပါ။
၁။ လူကဲခတ် ညံ့ဖျင်းခြင်း
၂။ လုပ်ချင်တာ သိပ်များနေခြင်း
၃။ လူတိုင်းကို ယုံကြည်စိတ်ရှိခြင်း
၎။ တစ်ယောက်ထဲ အလုပ်များနေခြင်း
၅။ သူတစ်ပါးကို အမြဲကူညီတတ်ခြင်း
၆။ လုပ်ချင်ရာကို မဖြစ်မနေ လုပ်တတ်ခြင်း
၇။ အပေါင်းအသင်း အရမ်းပဲ သံယောဇဉ်ကြီးခြင်း
၈။ သူတပါးမကျေနပ်လည်း မှန်ရာကို ပြောတတ်ခြင်း
၉။ မိမိ သိနေတာကို ပြန်လည်ဖောက်သည်ချတတ်ခြင်း
၁၀။ လူအများ၏ ဂရုတစိုက် အသိအမှတ်ပြုမှုကို လိုအပ်ခြင်း
ဤသို့ဖြင့်…
မနောတစ်ယောက် လူများကို ယုံကြည်၊ အလုပ်များ ကူညီတတ်ပြီး သံယောဇဉ်ကြီးသူ မိမိ၊ အားလုံးရဲ့ အသိအမှတ်ပြုမှုကို မျှော်လင့်နေပါတယ်။
I notice this.
Was this answer helpful?
LikeDislike၁။ လူကဲခတ် ညံ့ဖျင်းခြင်း ( အရည်အချင်းမရှိ )
၂။ လုပ်ချင်တာ သိပ်များနေခြင်း ( လောဘ )
၃။ လူတိုင်းကို ယုံကြည်စိတ်ရှိခြင်း ( ဆင်ခြင်တုံတရားမရှိ )
၎။ တစ်ယောက်ထဲ အလုပ်များနေခြင်း ( ဗျာပါဒ )
၅။ သူတစ်ပါးကို အမြဲကူညီတတ်ခြင်း ( စေတနာ )
၆။ လုပ်ချင်ရာကို မဖြစ်မနေ လုပ်တတ်ခြင်း
( အလုပ်ရဲ့ သဘောကို မသိဘဲနဲ့ လုပ်ရင်တော့…???
ဥပမာ ကိုအောင်ပုကိုမှ မရလျှင် ကျွန်မသေရပါလိမ့်မယ်ဆိုရင်တော့ )
၇။ အပေါင်းအသင်း အရမ်းပဲ သံယောဇဉ်ကြီးခြင်း ( တဏှာ )
၈။ သူတပါးမကျေနပ်လည်း မှန်ရာကို ပြောတတ်ခြင်း ( အတ္တ )
၉။ မိမိ သိနေတာကို ပြန်လည်ဖောက်သည်ချတတ်ခြင်း
( ကွယ်တန်ကွယ်ဝှက်တန်ဝှက်
ဥပမာ ကိုအောင်ပုကြီးက ကျွန်မကို ချစ်လိုက်ပြီတော့ )
၁၀။ လူအများ၏ ဂရုတစိုက် အသိအမှတ်ပြုမှုကို လိုအပ်ခြင်း (အတ္တ တဏှာ)
Was this answer helpful?
LikeDislikeကျန်တာ မှန်ရင် မှန်မည် မိုက်ကယ်ဂျော်နီအောင်ရှည်ရဲ့စာအရ နံပါတ် ၆ နဲ့ ၉ သည် ဘယ်တော့မှ ဖြစ်လာမည် မဟုတ်ပါကြောင်း………
Was this answer helpful?
LikeDislikeစာလေးတွေ ဖတ်ရင်းနဲ့ ရုတ်တရက် သီချင်းတပုဒ် ဖွင့်လိုက်မိတယ်။
(((အိုအိုး…အို…အို… အိုအို.. အိုအို.. အို့အို့ အိုးအိုး.. တရံတခါဆီက ရာဇ၀င်တွင် ချစ်ဇတ်လမ်းမှာ မှတ်တမ်း တင်ခဲ့.. အဘအောင်ပု ရဲ့ နှလုံးသား ဝေဒနာ နားမလည်နိုင်သော *** ရင်ထဲမှာ အထင်လွဲ စိတ်နာ စောင့်ရှောက်ရေး အသင်း သူမြင်ရှာ… )))
မဏိစန္ဒာ ဆိုတာ နာမည် ၄လုံး ဆိုတော့ အဆင်ပြေတဲ့ နာမည် ၄လုံးသာ ထည့်ပြီး ဆိုပေတော့ ကွယ်။
Was this answer helpful?
LikeDislikeမနော .. ဘုရားရှင်လက်ထက်မှာ .. ကိုယ့်ကိုယ်ကို ဆင်ခြင်ကြည့်ပြီး မသဒီတော့ဘူး ဆိုရင် လည်ပင်း သင်တုန်းဓား တင်လိုက်ပြီး ×××× တဲ့ မလုပ်နဲ့နော်
Was this answer helpful?
LikeDislikeအင်း အဲလိုတော့ မလုပ်ပါဘူး။ ခဏတာရခဲတဲ့လူ့ဘ၀မှာ လူမှုအကျိုး သာသနာအကျိုး မိဘကျေးဇူး ဆပ်ရမှာ များကြီးကျန်သေးလို့ပါ။
Was this answer helpful?
LikeDislikeမနုဿဘာဝေ ဒုလ္ဘာ စာလုံးက အဲလိုလား မသိဘူး။
လူ့ဘ၀ ရခဲ ပါတယ်။
အမှန် ကို အမှန် အတိုင်း သိရင် အမှန် ပြင်လိုက်ရင် ပြီးတာဘဲ။
အားနည်းချက်သည် နောက်တချိန် အတွက် အားသာချက်ဖြစ်နိုင်သည်။
ဆက်လက် ကြိုးစားပါ။
Was this answer helpful?
LikeDislikeမနော အခုဆိုရင် လောကကြီးကိုရော .. ကိုယ့်ကိုယ်ကိုပါ နားလည်ခွင့်လွှတ်တတ်သွားပြီလား .. မမ က စတာပါ .. တကယ် ဘယ်လုပ်ခိုင်းပါ့မလဲ ..
Was this answer helpful?
LikeDislikeအန်တီမိုး မလုပ်ရဲဘူး သင်တုန်းဓါး ယူပြီး လာခဲ့မယ် အန်တီမိုး ဆက်ရှင်းပေး.. (ရွာထဲက ကလေးတွေ ဆံပင်ရှည်ပြီး သန်းပေါနေလို့)
Was this answer helpful?
LikeDislikeဆံပင်ရှည်တိုင်း သန်းမပေါပါဘူး ဆူးရာ နော်……….
Was this answer helpful?
LikeDislikeသန်းပေါရင် ပါမောလစ် နဲ့ လျှော်ပါ။
Was this answer helpful?
LikeDislikeဟီးဟီး.. ရွာထဲမှာ ဆံပင် ဘယ်သူ ရှည်နေမှန်း မသိပါဘူး။ အမှတ်မထင် ဆံပင်ရှည် တွေ အသံထွက်လာတယ် ချောတီး.. ဆူး ပြောတာ ဆံပင်ရှည် ဆိုတာ ရွာထဲက ကလေးတွေ ဖုန်တွေ သဲတွေနဲ့ ဆော့ပြီး ဂျီးထူတာကို ပြောတာ
Was this answer helpful?
LikeDislikeမနောရဲ့ ၁၀ ချက်ကို ထပ်ဖြည့်ချင်သေးတယ် … မနောက မေ့တတ်နေပြီထင်တယ်နော် … အခုပို့စ်က တင်ပြီးသားကြီးမဟုတ်လား …
Was this answer helpful?
LikeDislike”Ten Things I Hate About Myself”
Reading Counts: 280, October 20, 2010 in Creative Writing, Critic, Drama, Essays.., My Dear Diary, Poetry by စိတ်အေးချမ်းမှုကို ရှာဖွေနေသူ
Was this answer helpful?
LikeDislike