ခြင်နဲ့ ပုရွက်ဆိတ်

manawphyulayFebruary 12, 20111min19314

ခြင်
ဆင်ခြင်ဉာဏ်ကင်း
ညံ့ဖျင်းတဲ့လုံ့လနဲ့
ဝမ်းဝရုံရှာစား
ပစ္စုပ္ပန်မှာ နားနေတဲ့သတ္တဝါ
ပုရွက်ဆိတ်
ထူးခြားသွက်လက်
ထက်မြက်တဲ့ဆင်ခြင်ဉာဏ်
ရင့်သန်တဲ့လုံ့လနဲ့
မနိုင်ဝန်အားမာန်နဲ့ထမ်း
ဘဝအတွက် စုဆောင်း
နောင်ရေးအတွက် မျှော်ကြည့်
အနာဂတ်ကို သိတဲ့သတ္တဝါ
လူ
ဘဝထဲကလူ
အူကြောင်ကြားနဲ့ လမ်းသွား
သွေးပျက်နေတဲ့ အယူအဆများနဲ့
ကမ္ဘာလောကကြီးထဲ လျှောက်သွား
အတ္တတရားကို ရှေ့တန်းတင်
ခြင်သတ္တဝါကို အားကျ
တစ်ဘဝစာနဲ့ ကျေနပ်မှာလား….
ဒါမှမဟုတ်
ပုရွက်ဆိတ်ကို နည်းယူ
ကြည်ဖြူတဲ့စိတ်ထား
မြင့်မြတ်တဲ့ သဒ္ဓါတရားနဲ့
ကုသိုလ်တံတားတွေ တည်ဆောက်
သံသရာလမ်းကို လျှောက်မှာလား…
အဲဒါကို
သင် စဉ်းစား…..

14 comments

  • shweminthar

    February 12, 2011 at 3:04 pm

    ခြင် တလှည့် ၊ ပုရွတ်ဆိတ် တလှည့် ပေါ့

  • ဆူး

    February 12, 2011 at 3:14 pm

    ခြင်က သူများ သွေးကို အတင်းကာရော အလုအယက် ခိုးကြောင် ခိုးခွက် သောက်ရမှ အသက်ရှင်ရတဲ့ ကောင် အတ္တ သားကောင်။
    ပုရွက်ဆိတ် ခွန်အားနင်းကန်သုံးပြီး ဘဝကို ပင်ပန်းအောင် လုပ်နေတဲ့ ကောင်.. ဘာမြင်မြင် အကုန်သယ်ချင်နေတဲ့ လောဘ သားကောင်။

  • kopauk mandalay

    February 12, 2011 at 3:26 pm

    ခင်ဗျားတို့ပြောပြောနေတဲ့ မြင့်မြတ်တဲ့လူဘဝကို ရနေပြီးမှတော့
    တိရိစာ္ဆာန်တွေအတုယူပြီးအားကျမနေပါနဲ့တော့။
    လူလိုတွေး လူလိုစဉ်းစား လူလိုလုပ်
    လူလိုပီပီသသလေးနေဒါဆိုအကောင်းဆုံးဘဲ။
    နောက်လူဖြစ်ပါရက်နဲ့ ခဏခဏစားမြုံ့ပြန်တာလဲ မကောင်းပြန်ဘူးဗျ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 12, 2011 at 10:09 pm

    ပြောလိုက် မောင်တော်ပေါက်
    ပြောပြန်ရင်လည်း
    အောင်ပုလွန်ရာကြဦးမယ်
    မသာကာ
    အောင်ပုကို အားကြတယ်ဆိုရင်တောင်
    ဟုတ်သလိုလိုရှိဦးမှာ

    • bigcat

      February 13, 2011 at 4:17 am

      ကျုပ်အမြင်မှာတော့ ကိုပုက ခြင်နဲ့ပုရွက်ဆိတ်ထက် သာပါတယ်။ လက်ဝါးနဲ့ တချက်ထဲရိုက်တတ်လို့ မရဒါ၊

  • KoNyeinChan

    February 13, 2011 at 4:13 am

    ပုရွက်ဆိတ် ကို ခြင် ကိုက်တတ်သလား? 😀

  • manawphyulay

    February 13, 2011 at 7:34 am

    မှန်သင့်သလောက်တော့ မှန်ပါတယ် ကိုပေါက်ရေ… ဒါပေမယ့် တိရစ္ဆာန်လောက်တောင် အသိတရားမရှိတဲ့လူတွေ လောကမှာ အများကြီးရှိနေသေးတာကိုလည်း ထည့်စဉ်းစားပါဦး။ ဘယ်လိုပဲဖြစ်ဖြစ် ရှေ့ကိုလျှောက်တဲ့လမ်းမှာ အရင်ထဲ စိတ်ကိုပိုပြီး အေးချမ်းတည်ငြိမ်လာရင်တော့ ပိုကောင်းတာပေါ့။ ဇကောလောက်မှ ဇောက်မနက် အသိခေါက်ခက် အဝင်နက်တွေ လောကကြီးမှာ ဒုနဲ့ဒေးတွေပဲလေ……….. လူပီသအောင်နေပြီး လူလိုကျင့်နေကြတာ နေရာတိုင်းမှာ ဘီယာဆိုင်တွေပေါလာသလို KTV တွေလည်း လက်ညှိုးထိုးမလွဲပါပဲလား အရပ်ကတို့…….

  • manawphyulay

    February 13, 2011 at 7:36 am

    ဦးမိုက်ကယ်ဂျော်နီအောင်ရှည်ရေ အားကြ = အားကျ

    အားကြဆိုတဲ့စကားလုံးက အားနေကြလားလို့အဓိပ္ပာယ်ထွက်နေပါတယ်။

  • cobra

    February 13, 2011 at 7:47 am

    ခြင်လည်းမကောင်းဘူး…ပုရွက်ဆိတ်လည်းမကောင်းဘူး…။

    • etone

      February 14, 2011 at 7:59 am

      ပုရွက်ဆိတ်ဆိုရင်တော့ စပရေးဗူးနဲ့ ဖြန်းပြီး ခြင်ဆိုရင် ဘတ်တံနဲ့ ရိုက်လိုက်မယ် … အဟီး .. နောက်တာပါ … 😀

  • noob

    February 13, 2011 at 8:53 am

    ခြင် တကောင်ရဲ ့တန်ဖိုး ကို ညဘက်မှောင် နေတဲ့နေရာရောက်မှ သိရသလို
    ပုရွတ်ဆိတ် တကောင်ရဲ ့ တန်ဖိုး ကို အတွင်း ခံဘောင်းဘီထဲရောက်မှ သိလိုက်ရတယ် နှစ်ကောင်စလုံးကို (အရင်တုန်းကလဲမချစ်ခဲ့ပါ) မုန်းတယ်

  • kopauk mandalay

    February 13, 2011 at 12:25 pm

    (နေရာတိုင်းမှာ ဘီယာဆိုင်တွေပေါလာသလို KTV တွေလည်း လက်ညှိုးထိုးမလွဲပါပဲလား အရပ်ကတို့…….)ဆိုလို့ပြောလိုက်အုန်းမယ်။
    အဲဒီဆိုင်တွေမှာ မိန်းမပျက်တွေလဲရှိနေပြန်ပါသဗျာ
    လောက မှာမကောင်းမူ့ဆိုလိုက်တာနဲ့ ယောက်ျားလေးတွေကိုဘဲမကြည့်နဲ့နော်
    ကျားကျားမမ မကောင်းတာ ကောင်းတာ အကုန်ရောထွေးနေပါတယ်နော်။
    အရေးအကြီးဆုံးက သူများကို ဆုံးမဘို့ထက် ကိုယ်တိုင်အရင်ကောင်းအောင် လက်တွေ့နေပြနိုင်ဘို့က အရေးကြီးပါသဗျာ။
    ကျန်တာတွေနောက်ထား လောဘဆိုတာလေးသတ်နိုင်အောင်ကြိုးစားရတာကို
    လက်တွေ့မှာမ လွယ်ပါဗျာ။
    ဒါကတော့ ကျုုပ်ကိုယ်တွေ့ကိုပြောတာပါ

  • ဆူး

    February 13, 2011 at 2:29 pm

    ကိုပေါက် ပြောမှ သတိရမိတာ တခု ရှိတယ်
    သူငယ်ချင်း တယောက်က ဗိုလ်ချုပ်ဈေးကို သူငယ်ချင်းနဲ့ ချိန်းထားလို့ အဲဒီ နားက လက်ဖက်ရည် ဆိုင်ဆိုလား ထိုင်စောင့်နေတယ်။ နည်းနည်းကြာသွားတော့ ခပ်တောင့်တောင့် အမျိုးသမီး တယောက် လာစိုက်ကြည့်နေတယ်။ အဲဒါနဲ့ လန့်လာတာနဲ့ ထထွက်သွားတော့ပြီး ထွက်သွားတဲ့ အချိန် ကားက လာတာနဲ့ လမ်းဘေးကပ်လိုက်တဲ့ အချိန်မှာ.. ဟေ့သူငယ် မင်းကို ငါသဘောကျတယ် ဈေးမမေးတော့ဘူး ကားပေါ်တက်တဲ့။ သူငယ်ချင်းက လန့်ပြီး တုန်သွားတယ်။ ကျနော် ကား ဟိုမှာ သူငယ်ချင်းနဲ့ ချိန်းထားလို့ လာတာ.. မင်းက လူသစ်ထင်တယ် မရှက်ပါနဲ့ တက်ပါ။ ကျနော် သူငယ်ချင်း စောင့်နေတာ မလာလို့ သွားမလို့.. သွားဖို့ ပြင်တော့ ဟုတ်လား.. ငါလူမှား သွားလို့ ဆော်တီး နော်တဲ့ ကွယ်။
    သူငယ်ချင်းက ဟိုတလောက ဖောက်သည်ချပြီး လာပြောပြသွားတယ်။
    တနေ့က မှ ကြားဘူးတာ မိန်းမတွေလည်း တော်တော် ကြောက်ဖို့ ကောင်းနေတယ်။

  • moethidasoe

    February 14, 2011 at 3:40 am

    နိုင်ငံခြားက မိန်းမရှာတွေလဲ မြန်မာပြည်ကိုလာတဲ့အခါ လိင်တူ ဆက်ဆံတတ်တဲ့ ယောက်ျားတွေကို ခေါ်တတ်တယ် လို့ ကြားဖူးတယ် .. (မင်းသားတွေတောင် ပါတယ်လို့ ဆိုတာပဲ) ..

Leave a Reply