မြန်မာတို့၏ အကောင်းဆုံးများ…

kaiFebruary 13, 20111min1118

အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာလက်ဖက်၊ မြစ်မူ ဂင်္ဂါ၊ ရေမှာမိုးများ၊ ပြည်မှာဗာရာ၊ ယောကျင်္ားမှာ ပရမေ၊ အရည်မှာ သုရာ စသဖြင့် မဃဒေဝမှာ ဖတ်ခဲ့ဖူးတယ်..။ အစအဆုံးမမှတ်မိတော့ဘူး.။
အဲဒါ သိတဲ့သူတွေ ဆက်ဖြည့်လုပ်ပေးပါဦး..။ ဖတ်ထဲ့တာက .. မန်လည်ဆရာတော်ကြီးရဲ့ မဃဒေဝ ကောက်နှုတ်ချက်စာအုပ်ပါးကလေးပဲ..။
အဲဒါက .. အိနိ္ဒယ ဗားရှင်းပဲ ထားပါတော့.။

ဒီခေတ်အတွက် နည်းနည်း လက်စွမ်းပြပြီး .. အကောင်းစားဋီကာ ဖွဲ ့မလားလို့..။ အဲဒါ ရွာသားတွေ စိတ်ဝင်စားရင် ..ဝင်အားပေးရေးပေးကြပါဦး..။ မပါတာတွေလည်း ဖြည့်လိုက်ကြပါနော..။

အသီး – ပန်းသီး ၊ ငှက်ပျောသီး၊ စတော်ဘယ်ရီ၊ သရက်၊ ဘယ်ရီ၊ ဖရဲ၊ အုန်း၊
အသား – အမဲသား၊ ဝက်သား၊ ကြက်သား၊ ကြက်ဆင်သား၊ ဘဲသား၊
အရွက် – ဂေါ်ဖီရွက်၊ ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ကိုက်လန်၊
အရည် – ဘီယာ၊ ဆာကေး၊ ဗေ့ါကာ၊ ဝီစကီ။ ရမ်၊ ဝိုင်
ယောကျာင်္း – ၁၀-၁၅၊ ၁၆-၁၈။ ၁၈-၂၀။ ၂၁-၂၅။ ၂၆-၃၀။ ၃၁-၃၅။ ၃၆-၄၀။ ၄၁-၄၅။ ၄၆-၅ဝ စသဖြင့်နှစ်အလိုက်အသက်တန်းများ
မိန်းမ –၁၀-၁၅။  ၁၆-၁၈။ ၁၈-၂၀။ ၂၁-၂၅။ ၂၆-၃၀။ ၃၁-၃၅။ ၃၆-၄၀။ ၄၁-၄၅။ ၄၆-၅ဝ စသဖြင့်နှစ်အလိုက်အသက်တန်းများ
မြို ့- ရန်ကုန်၊ မန္တလေး၊ ဘန်ကောက်၊ စင်္ကာပူ။ တိုကျို။ လန်ဒန်၊ ပြင်သစ်၊ အမ်စတာဒန်၊ ဘာလင်၊ ရုမ်း၊ ကိုင်ရို၊ ဟောင်ကောင်။ ထိုင်ပေ။ ရှမ်ဟိုင်း။ လော့စ်အိန်ဂျလိစ်၊ နယူးယောက်၊ မော်စကိုစသဖြင့်
တိုင်းပြည် – အမေရိက၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ အင်္ဂလန်၊ ရုရှား ..
အားကစား – ဘောလုံး၊ လက်ဝှေ့၊ ကစ်ဘောက်ဆင်၊ ဂျူဒို၊ အပြေး
ဒီဖိုင်နာ ဘရမ်း – Prada, Fendi, Gucci, Calvin Klein, Louis Vuitton, Dior coach ..
ကား – ferferi, Aston Martin, Rolls Royce, Bentley ..
..

8 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 13, 2011 at 9:01 am

    အလို…….
    တိုင်းမသိတော့ ဗာရာဏသီ
    မင်းမသိတော့ ဗြဟ္မဒတ်
    ပုဏ္ဏားမသိတော့ ပုရောဟိတ်
    ဆရာမသိတော့ ဒိသာပါမေက္ခ
    အိုက်ဒီလို ဟုတ်ဘူးလားကွယ်

  • ချစ်စ/ဆ ရာ

    February 13, 2011 at 9:26 am

    တုံးပ
    အောင်ပုရာ
    လေးခိုင်ပြောတာက
    စားစရာတစ်ခုကို လေပြည်လေးနဲ ့လွေးခိုင်းတာကွ
    ဥပမာကွာ
    ပြောစရာမရှိတဲ့ ခေါဇာ ငပိ
    ပြောစရာ မလိုတဲ့ ခေါဇာ အပျို
    ရုပ်ဆိုးမျိုးကောင်းဆိုပြီး ဒူးရင်းသီးကို ညွှန်ရတယ်လကွာ

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 13, 2011 at 9:28 am


    ပေါက်ပီ ပေါက်ပီ
    ကြက်မှာ အတောင်ဖြားကွာ…

  • shwe

    February 13, 2011 at 9:31 am

    ဟုတ်တယ် ဒူးရင်းသီး (. ကြိုက်လို့ )
    အရွက် က စပန်းနစ်

  • MaMa

    February 13, 2011 at 11:25 am

    အသီးမှာ ပိန္နဲသီး၊ အသားမှာ ငါးမြင်းသား။ ကျန်တာတွေတော့ မသိဘူး။ အရွက်နဲ့ အရည်လည်း သိပ်မကြိုက်ဘူး။ တိုင်းပြည်တွေ၊ မြို့တွေလည်း သိပ်မရောက်ဖူးဘူး။ အားကစားလည်းမလုပ်ဘူး။

  • kopauk mandalay

    February 13, 2011 at 3:08 pm

    အသားမှာစားလို့ချိုပြီး နူးညံ့တာကတော့ “ယုန်သား”ပါခင်ဗျာ။
    အမြစ်မှာစားလို့အကောင်းဆုံးကတော့ “ပဲမြစ်”ပါခင်ဗျာ။
    တွင်းအောင်းတဲ့အကောင်ထဲမှာကြော်စားလို့ကောင်းတာကတော့ “ဥပါတဲ့ပုရစ်အမ”ပါခင်ဗျာ။
    ငါးထဲမှာ ကြော်စားရင်ဘဲဖြစ်ဖြစ် ငါးခြောက်ပြားလုပ်စားရင်ဖြစ်ဖြစ် အကောင်းဆုံးက “ငါးရံ့”ပါခင်ဗျာ။
    အသီးထဲမှာစားအကောင်းဆုံးကတော့ “စတော်ဘယ်ရီသီးနဲ့ ပိန္နဲသီးအကျွတ်သီး”ပါခင်ဗျာ။
    အရွက်ထဲမှာ နံပေမယ့် စားကောင်းတာကတော့ “ဆူးပုတ်ရွက်”ပါခင်ဗျာ။
    အစေ့ထဲမှာစားအကောင်းဆုံးကတော့ “သီဟိုုဠ်စေ့” ပါခင်ဗျား။
    ဥထဲမှာစားလို့အကောင်းဆုံးကတော့ “ဝက်မြေဥ”ပါခင်ဗျာ။
    သူများကြိုက်မကြိုက်တော့ မသိဘူး ကျနော်ကြိုက်တာတွေရွေးပြောတာ.
    ကျန်သေးတယ်အားကစားမှာကြည့်အကောင်းဆုံးကတော့ မြန်မာလက်ဝှေ့ပါခင်ဗျာ(ညှိုထိုးတဲ့လုပ်ပွဲမဟုတ်ခဲ့ရင်ပေါ့)

  • ဆူး

    February 13, 2011 at 3:14 pm

    တိုင်းပြည် မြန်မာ
    မြို့ နေပြည်တော်
    အသား ကြောင်သား
    အရွက် ရဲယိုရွက်

  • nigimi77

    February 14, 2011 at 4:47 am

    သန်ရာသန်ရာပဲရေးလိုက်တော့မယ်။

    နည်းမှာ တပေါင်ကျော်။

Leave a Reply