ဟိုးရှေးရှေးတုန်းက အရမ်းချစ်ကြတဲ့ကောင်လေးနဲ့ကောင်မလေးနှစ်ယောက်ဟာ ချစ်ကြိုက်လာကြတာချစ်သက်တမ်း သုံးနှစ်ပြည့်တဲ့အခါ မှာလက်ထပ်ကြတော့မယ်ဆိုပြီး မင်္ဂလာရက်တစ်ရက်ရွေးချယ်သတ်မှတ်လိုက်တယ်…. ကောင်းလေးကတော့ပျော်ရွှင်စရာကောင်းမယ့်သူ တို့ရဲ့မင်္ဂလာရက်လေးကိုစိတ်ကူးယဉ်ပြီး ပျော်နေရှာတာပေါ့….. .ဒါပေမယ့်အဲ့ဒီမင်္ဂလာဆောင်မယ့်နေ့မရာက်ခင်မှာပဲ သူ့ချစ်သူကောင်မလေး က တခြားကောင်လေးတယောက်နဲ့မမျှော်လင့်ဘဲ လက်ထပ်သွားတယ်ဆိုတဲ့သတင်းကို ကောင်လေးကြားလိုက်ရတယ်….. သူစုံစမ်းကြည့် လိုက်တော့ကောင်မလေးကိုယ်တိုင်က လိုလိုလားလားနဲ့လက်ထပ်လိုက်တာလို့ သိလိုက်ရတယ်…… အဲ့သတင်းကိုကြားတာနဲ့ကောင်လေးလည်း အရမ်းအံ့သြပြီးအရမ်းစိတ်ထိခိုက်ဝမ်းနည်းစွာနဲ့ မစားနိုင်မအိပ်နိုင်ငိုကြွေးနေတော့တယ်…… မကြာခင်မှာပဲကောင်လေးလည်း စိတ်ထောင်းကိုယ်ကြေပြီးအိပ်ယာထဲလဲတော့တယ်…. အချိန်တွေကုန်လွန်လာတာနဲ့အမျှ ကောင်လေးရဲ့အခြေအနေဟာပိုပိုဆိုးလာခဲ့တယ်…. ဆရာဝန်ပြလည်းမသက်သာတော့ဘူး…. တနေ့မှာတော့ အသက်အရွယ်အိုမင်းနေတဲ့ဘုန်းတော်ကြီးတစ်ပါးက ကောင်လေးရဲ့အိမ်ရှေ့မှာရပ်ပြီးတံခါးခေါက်လိုက်တယ်.. အိမ်ဖော် ကောင်မလေးလည်း တံခါးခေါက်သံကြောင့်ထွက်လာပြီးတံခါးဖွင့်လိုက်တော့ ဘုန်းတော်ကြီးအိုတစ်ပါးကိုတွေ့တာနဲ့စိတ်ရှုပ်စွာနဲ့ “ကန်တော့ဆွမ်းပါဘုရား” လို့ပြောလိုက်တယ်…  ဘုန်းတော်ကြီးကပြုံးပြီးတော့….. “ကိုယ်တော်ကဆွမ်းခံကြွလာတာမဟုတ်ပါဘူး.. ဒီအိမ်မှာလူမမာရှိတယ်ကြားလို့ကိုယ်တော်ကလည်း ဆေးနည်းနည်းကုတတ်တော့လာ ကူညီပေးတာပါဒကာမလေး” လို့မိန့်ကြားလိုက်တယ်… အိမ်ဖော်မိန်းကလေးကလည်း သူဆုံးဖြတ်လို့မရကြောင်းနဲ့ သူမရဲ့သခင်တွေကိုပြန်ပြောကြည့်ပါမယ်ဆိုတဲ့အကြောင်း ပြောပြီးအိမ်ရှင်တွေ ကိုပြောကြည့်တော့ သဘောတူခွင့်ပြုတာကြောင့်ဘုန်းတော်ကြီးကို အိမ်ထဲကိုပင့်ဖိတ်ခဲ့တယ်……. ဘုန်းတော်ကြီးအိပ်ခန်းထဲကိုရောက်တော့ ကုတင်ပေါ်မှာဖြူဖတ်ဖြူရော်နဲ့အရိုးပေါ်အရေတင် ပိန်လှီစွာနဲ့နွမ်းနယ်နုန်းချိစွာလဲလျောင်းနေတဲ့ လူမမာသည်ကောင်လေးကိုတွေ့လိုက်ရတယ်…. အိမ်ဖော်မိန်းကလေးလည်းဘုန်းတော်ကြီးအတွက် သာက်တော်ရေတခွက်ပေး လိုက်ပြီးလူမမာကုတင်ဘေးမှာပဲထိုင်ခုံတစ်လုံးစီစဉ်ပေးလိုက်တယ်… ဘုန်းတော်ကြီးကလည်းအခြေအနေကြည့်ပြီးတော့…. ” တော်တော်အခြေအနေဆိုးနေတာပဲ ” လို့ရေရွတ်လိုက်တယ်…..  လူမမာကောင်လေးကလည်းစိတ်နဲ့ကိုယ်နဲ့မကပ်စွာနဲ့ပဲဘာမှမကြားသလို တိတ်ဆိတ်ငြိမ်သက်စွာနေနေတယ်…… ဘုန်းတော်ကြီးလည်းသူလုပ်သင့်တာတွေလုပ်ပြီးတော့… ” ဒကာလေးက တော်တော်သနားစရာကောင်းတယ်…. မယုံရင်မှန်ထဲကိုကြည့်လိုက်စမ်းပါ” လို့မိန့်တော်မူပြီးကောင်လေးအိပ်ခန်းထဲက ကိုယ်လုံးပေါ်မှန်တစ်ချပ်ဆီကိုညွှန်ပြလိုက်တယ်…  ကောင်လေးလည်းလုံးဝစိတ်ဝင်စားမှုမရှိပဲ ငေးငေးငိုင်ငိုင်နေနေရာကနေတစ်ချက်မှန်ထဲကိုကြည့်လိုက်တယ်ဆိုရင်ပဲ.. မှန်ထဲမှာသူ့ချစ် သူကောင်မလေးပုံကိုတွေ့လိုက်ရတယ်…. သိတ်မကြာခင်မှာပဲကောင်မလေးပုံရိပ်ကေ၀၀ါးပျောက်ကွယ်သွားပြီး ပင်လယ်ကမ်းခြေတခု ပုံပြောင်းလဲသွားတယ်…. အဲ့ပင်လယ်ကမ်းခြေဟာတိတ်ဆိတ်ငြိမ်သက်နေပြီးလူအသွားအလာမရှိဘူး…. . လူမမာကောင်လေးကမှန်ထဲ ကပုံရိပ်ကိုစိတ်ဝင်စားစွာကြည့်နေစဉ်မှာပဲ မိန်းကလေးအလောင်းတစ်လောင်းဟာ လဲလျောင်းနေတဲ့အနေအထားနဲ့ ကမ်းခြေမှာရှိနေတာကိုမြင်လိုက်ရတယ်….. ခဏကြာတော့လူတစ်ယောက်ဖြတ်လျှောက်လာတယ်… သူကအလောင်းကိုရွံရှာစွာကြည့်ပြီး လျင်မြန်စွာဖြတ် လျှောက်သွားတယ်….. အချိန်အတော်လေးကြာတော့နောက်လူတစ်ယောက် ဖြတ်လျှောက်လာပြီးအဲ့ကောင်မလေး အလောင်းကိုတွေ့ သွားပြန်တယ်… ဒီလူကတော့စိတ်မကောင်းဖြစ်ပြီး သူ့ရဲ့အပ်ါရုံအင်္ကျီကိုချွတ်လို့ခြုံပေးပြီး ခရီးဆက်ထွက်သွားတယ်…. အဲ့လိုနဲ့နောက်ထပ် အချိန်တော်တော်လေးကြာလာတော့နောက်ထပ်လူတစ်ယောက်ရောက်လာပြန်တယ်… ဒီလူကအပေါ်ရုံခြုံထားပြီးလဲလျောင်းနေတဲ့ပုံစံ ကိုစိတ်ဝင်စားပြီးခြုံထည်ကိုလှန်ကြည့်တော့မိန်းကလေးအလောင်းကိုတွေ့သွားပြီး အရမ်းသနားစိတ်ဝင်လာကာမြေမြုပ်ပေးလိုက်ဖို့ဆုံး ဖြတ်လိုက်တယ်… ဒါပေမယ့်သူ့ဆီမှာမြေကျင်းတူးဖို့ဘာပစ္စည်းမှပါမလာဘူး…. နောက်ဆုံးမှာသူ့ရဲ့လက်နှစ်ဖက်ကိုအသုံးပြုဖို့သူဆုံးဖြတ်လိုက်တယ်…. လူရွယ်ဟာသူ့လက်နှစ်ဖက်နဲ့မြေတွေကိုယက်ပြီး တဖြေးဖြေးချင်းတူးလာလိုက်တာညနေစောင်းအချိန်မှာမိန်းကလေး အလောင်းကိုမြုပ်ဖို့ လုံလောက်တဲ့ကျင်းတစ်ကျင်းကိုတူးလို့ပြီးသွားတယ်…. အဲ့လူလည်းမိန်းကလေးအလောင်းကိုကောင်းမွန်စွာမြုပ်နှံ ပေးခဲ့ပြီးခရီးဆက်ထွက်ခွာသွားတယ်… အဲ့ဒီနောက်မှာမှန်ထဲမှာမိန်းကလေး အလောင်းရဲ့မျက်နှာပုံပြန်ပေါ်လာပြီး အဲ့မျက်နှာကနေသူ့ချစ်သူကောင်မလေးရဲ့မျက်နှာကိုပြောင်းသွားခဲ့တယ်…. လူမမာကောင်လေးလည်း အလွန်အမင်းအံ့သြနေစဉ်မှာပဲမြေမြုပ်ပေးတဲ့လူရွယ်ရဲ့ မျက်နှာပြန်ပေါ်လာပြီးလူတစ်ယောက်ရဲ့မျက်နှာအဖြစ်ပြောင်းသွားပြန်တယ်… အဲ့ဒီနောက်မှာတော့မှန်ထဲကပုံရိပ်တွေအကုန်ပျောက် ကွယ်သွားခဲ့တယ်…. ကောင်လေးလည်းအံ့သြစွာနဲ့မင်သက်နေတုန်းမှာပဲဘုန်းတော်ကြီး ကခုလိုပဲမိန့်ကြားတော်မူလိုက်တယ်… ” ခုဆိုရင်ဒကာလေးလည်းသဘောပေါက်လောက်ပြီထင်တယ်…အဲ့မိန်းကလေးအလောင်းကဒကာလေးရဲ့ချစ်သူမိန်းကလေးဖြစ်တယ်.. ဘ၀တစ်ခုမှာသူမရဲ့အလောင်းကို မြေမြုပ်ပေးတဲ့ကုသိုလ်ကံရေစက်ကြောင့်အဲ့ဒီလူငယ်ဟာဒီဘ၀မှာကောင်မလေးနဲ့ လက်ထပ်ပေါင်းသင်း ခွင့်ရခဲ့တယ်… ဒကာလေးကတော့သူမရဲ့အလောင်းကို အပ်ါရုံနဲ့လွှမ်းခြုံပေးခဲ့တဲ့ရေစက်ကံကြောင့်ဒီဘ၀မှာ သူမနဲ့ သုံးနှစ်တာချစ်ခင်ခွင့် ရခဲ့တယ်..ခုသုံးနှစ်ပြည့်လို့ရေစက်ကုန်ချိန်မှာခွဲခွာရတယ်” ဘုန်းတော်ကြီးရဲ့စကားအဆုံးမှာ ကောင်လေးလည်းအမြင်မှန်ရပြီးနားလည်သဘောပေါက်သွားခဲ့တယ်.. နောက်ပိုင်းမှာကောင်လေးလည်း ပြန်လည်ကျန်းမာလာပြီး လောကီကိုစွန့်လို့သင်္ကန်းဝတ်သွားတော့တယ်… ပုံပြင်လေးကတော့ဒီလောက်ပါပဲ.. ဆိုလိုချင်တာကတော့ ကျွန်မတို့လူသားတွေအချင်းချင်းဒီဘ၀မှာအဖေ၊ အမေ၊ ဆွေမျိုးညီအစ်ကိုမောင်နှမ၊ သူငယ်ချင်းမိတ်ဆွေ၊ ချစ်သူ၊ ရန်သူအဖြစ်နဲ့ တွေ့ဆုံတော်စပ်ပတ်သက်ခွင့်ရကြတာဟာအမှုမဲ့အမှတ်မဲ့မဟုတ်ပါဘူး…. ဘ၀တစ်ခုခုကပြုခဲ့တဲ့ရေစက်ကံကြောင့် သာဤမျှများပြားလှသော လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ တွေ့ဆုံရင်းနှီးချစ်ခင်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်… အဲ့လိုပဲရေစက်ကုန်ချိန် ရောက်ရင်ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှဆွဲထားလို့မရပဲသေကွဲ၊ ရှင်ကွဲ မျိုးစုံနဲ့ခွဲခွာကြရမှာပါ….. အဲ့ဒါကြောင့်ခုမခွဲခွာရခင်အချိန်လေး မှာမိမိနဲ့ ပတ်သက်ခွင့်ရခဲ့တဲ့သူတွေအပေါ်မှာ တတ်နိုင်သလောက်စိတ်ချမ်းသာမှုတွေ.. မေတ္တာတွေပေးနိုင်သလောက်ပေးနိုင်အောင်ကြိုး စားသင့်ပါတယ်….. ဘာဖြစ်လို့လဲဆိုတော့လူတိုင်းလူတိုင်းဘယ်သူကမှ ဘယ်သူ့ကိုဘယ်အချိန်မှာ ရေစက်ကုန်လို့ခွဲခွာကြရမယ်ဆိုတာကို မသိနိုင်ကြလို့ပဲဖြစ်ပါတယ်……  ဒီဘ၀မှာခင်မင်ခွင့်ရသောသူငယ်ချင်းများအားလုံးအတွက်အမှတ်တရ…….

About bigbird

has written 137 post in this Website..

bigbirdMG@gmail.com (မမေ့မလျှော့ မပေါ့မဆ ပဲ သတိအမြဲထားဖို့ မေ့နေသူပါ)