ကြောင် တကောင်ရဲ့ အိပ်မက်

ဆူးFebruary 13, 20112min19912


ပုခက်ပေါ်မှာ စက်တော် ခေါ်နေချိန် ဇိမ်ကျနေခိုက်ပေါ့ကွယ်။


ပိန်ညှောင်ညှောင် အစာရေစာ ပြတ်ပြီး အားအင်ချိနဲ့ နေတဲ့ ကြောင်တကောင်က အားကျပြီး စိုက်ကြည့်နေသတဲ့ ကွယ်။


မင်းက ဘာကောင်လဲ ဟားဟား ဟားဟား.. ပိန်ညှောင်ရိုး မင်း ဒီနယ်မြေ ကြည့်တောင် မကြည့်နဲ့ သေသွားမယ် ဘာမှတ်နေလဲ။


ပိတ်ကန်လိုက်မယ် ဘာမှတ်နေလဲ ကြောင်သိုင်း ဟန်ရေးပြခဲ့သည်။


ဟယ် ကိုကိုကြောင်ကြီး ဟန်ရေးပြခြေထောက် ကန်ပြတာ ဘောင်းဘီလည်း မပါဘူး ကြည့်ရဲဘူး စောင်အောက်က ချောင်းကြည့်တာ သူမသိလောက်ပါဘူး။ ခွီးခွီး.. ခွီးခွီး..ဂါဂါဂါဂါ….


မလုပ်ပါနဲ့ ဗျာ ကြောက်ပါတယ် အဆင်းအရောင် မွဲလို့ မကြည်ဖြူကြဘဲ နေရာတကာ နိပ်ကွပ်ခံနေရတာပါ။ ဒီလိုဆိုတော့ နေဖို့ သတ္တိမရှိပါဘူး ထွက်သွားပါ့မယ်။


မင်းငါ့မျက်လုံးကို သေချာ ကြည့်စမ်း။


နောက်တခါ ထပ်တွေ့လို့ကတော့ မင်း လက်သီးဘဲ ကြည့်ထားကွ..


ကိုကိုကြောင်ကြီး အစွမ်းသတ္တိက အံမခန်းပါလား မျက်စိတမှိတ်အတွင်းမှာတင် မမြင်မိမှာ စိုးလို့ မျက်တောင်မခတ်ဘဲ ကြည့်နေမိတယ်။


ငါကြည့်နေတယ် မင်းအိပ်တဲ့ အချိန်….


ဘာမြင်သွားလဲတော့ မသိဘူး။


မြင်သွားပြီ ဆိုတာ သိတော့ ရှက်ရှက်နဲ့ အကြံထုတ်နေသတဲ့ ကွယ်


အကြံထုတ်လိုက်တယ်။ ကြောင်မလေး ကို နုတ်ပိတ်နိုင်အောင် ရေကန်ထဲက ဖရဲသီး ဆယ်ယူပြီး လက်ဆောင် ပေးဖို့ အားထုတ်နေသတဲ့ကွယ်။


ဖရဲသီး ကို လက်ဆောင်ပေးဖို့ ကြောင်မလေးဆီ အပြန်အလာမှာတော့ မထင်မှတ်ထားတဲ့ အတားအစီးတခုက စောင့်ကြိုနေတာ မသိခဲ့မိပါဘူး။


ကြောင်မလေးကတော့ အဝေးတနေရာ အမှောင်ထဲကနေ ကိုကိုကြောင်ကြီး မလာနဲ့ အော်နေပေမဲ့ မသိခဲ့တော့ ကြောင်သိုင်း အကြော်အမော် ကြောင်ကြီး ခံလိုက်ရတာပေါ့ကွယ်။


နောက်ဆုံးတော့ ထိုဖြစ်ရပ်များ အားလုံးက ကြောင်ကြီး သတ်သတ်လွတ် ဘီယာ သောက်ပြီး မူးပြီး အိပ်ပျော်နေတုန်း ဂယောင်ကတန်းနဲ့ မက်ခဲ့တာ ဖြစ်ပါတယ်။

12 comments

  • weiwei

    February 13, 2011 at 4:31 pm

    တော်ပါ့ .. ၈ဝ ကြံဖန်ယူသွားတယ် … 😛

  • ဆူး

    February 13, 2011 at 4:45 pm

    ၈ဝ ကြံဖန် ယူတာက တကြောင်း ကြောင်အကြောင်း ဇတ်လမ်း တင်ပေးပါ လို့ တောင်းဆို သူများ ရှိတဲ့ အတွက် ကြောင် အကြောင်း ကြံဖန် စဉ်းစားပြီး ရေးတင်လိုက်တာ။

  • kopauk mandalay

    February 14, 2011 at 1:56 am

    ကြောင်ကြီးတော့ စိတ်တွေတိုလို့ တခွီးခွီးဖြစ်နေမယ်နော်
    သနားပါတယ်ကြောင်မလေးနဲ့ပေးစားလိုက်ပါနော်။

  • moethidasoe

    February 14, 2011 at 2:36 am

    ကိုကြောင်ကြီးကို စ`တာလား .. စိတ်ကူးလေးကို သဘောကျတယ် .. ပုံလေးတွေ နဲ့ စာသားတွေ သူ့နေရာနဲ့သူ သဘာဝကျလို့

  • bigcat

    February 14, 2011 at 3:27 am

    ဘစ်ကက်ဆိုတိုင်း အိမ်မွေးသတ္တဝါကြောင်ကြီးလို့ ပုံသေကားချပ် မမှတ်ကြနဲ့။ တောသုံးတောင် တောင်သုံးထပ် ပိုင်စိုးအုပ်ချုပ်တော်မူတဲ့ ကေသရာဇာခြင်္သေ့မင်းလည်း ဘစ်ကက်၊ ကိုတောင်ကျားကြီးလည်း ဘစ်ကက်၊ သစ်ပင်ဖျားထက်ကျင်လည်ကျက်စားတော်မူတဲ ့ကျားသစ်သခင်လည်း ဘစ်ကက်ကွဲ့။ မှတ်ထားကြ…

    • char too lan

      February 14, 2011 at 9:26 am

      ကြောင်ပဂျွန်ချား ကျွတ်ကျွတ်ဝါးတာကဒေါ့ အိမ်မွေးသတ္တဝါကြောင်ပဲချိတယ်ရေ ဟိုအကောင်ဂျီးဒွေက ပဂျွန်မချားဘူး လာမရွီးနဲ့ ဝံခံဒေါ့ 😛

  • ဆူး

    February 14, 2011 at 6:33 am

    ဘစ်ကတ် သတ်သတ်လွတ် ဘီဘီ သောက်ပြီး မူးတုန်း လာပြောသွားတယ်။
    ကြောင်ကြီး ကြီးကြောင်.. ဟီးဟီး..

  • shweminthar

    February 14, 2011 at 8:27 am

    ဟီးဟီး ကြောင်ဟာသ ပုံပြင် တစ်ပုဒ် ဖတ်လိုက်ရသလိုပါဘဲ

  • etone

    February 14, 2011 at 8:55 am

    ရယ်ရတာ အူကိုလိမ့်နေတာပဲ အစ်မရေ… ။

  • ဆူး

    February 14, 2011 at 4:19 pm

    ရီရတာ အူလိမ့်နေတာ ရုပ်ကြည့်တာနဲ့ သိတယ်။ အီးတုံး ရီနေတာ ပါးစပ်တောင် ပြဲနေတာဘဲ။

  • nyimalay

    February 15, 2011 at 6:24 am

    နောက်ဇာတ်လမ်းတစ်ခုလောက်လုပ်ပါအုံးအမဆူးရေ…… အရမ်းရီရတယ်…… 😀
    အမစိတ်ကူးကိုတော့ချီးကျူးပါတယ်……. 🙂

  • weiwei

    February 15, 2011 at 6:45 am

    ရွာထဲမှာကလဲ ကိုယ့်ကိုယ်ကို တိရစ္ဆာန်ပါလို့ ကြော်ငြာထားတာက ကြောင်တစ်ကောင်ပဲ ရှိတာမဟုတ်လား … 😛

Leave a Reply