သဘောလွယ်သူများ .. အကြောင်ရိုက်နှုတ်ဆက်သူကိုသတိထား

fattyFebruary 14, 20111min1218

တနေ့ကမှ ကျနော် အိမ်ဘေးက ဆိုင်မှာထိုင်ပြီးမုန့်စားနေတုန်း
လူတယောက်ရုတ်တရက်ဝင်လာပြီး ဝမ်းသာအားရနှုတ်ဆက်ပါတော့တယ်။
ကျနော် custom က ကိုသိန်းလွင်တို့အဖွဲ့ကလေတဲ့။
ရုတ်တရက်တော့နဲနဲကြောင်သွားတယ် သူပြောတဲ့နံမယ်ကမရင်းနှီးဘူး။
ဒါပေမဲ့သူ့ကို မြင်ဖူးသလိုလိုတော့ရှိတယ်ထင်လိုက်မိတယ်။

လူ့ဘဝသက်တမ်းတော်တော်ဖြတ်ကျော်ခဲ့ပြီ မြင်ဘူးသလိုလိုဖြစ်တာမဆန်းပါဘူး
အဲဒါအားနည်းချက်ပါ။ သူကစကားတွေခရားရေလွှတ်တတွတ်တွတ်ပြောတော့တယ်။
ကျနော်တို့လဲ ဟိုရောက်ဒီရောက်တွေ ရောက်ကုန်တာပါဘဲဗျာတဲ့။
ဘယ်တုန်းကပြန်ရောက်လဲတဲ့ ကျနော်တို့လိုက်ပို့ကြတာလေတဲ့။
ကျနော်လဲအပြေးအလွှားစဉ်းစာတယ် ..။ ကိုသွားတာရောသူများသွားတာတွေလိုက်ပို့ ရတာရော
ရောထွေးကုန်တယ်။ ကျနော့အမေတောင် ဆာကူရာမှာဘဲ အဆုပ်ကင်ဆာနဲ့ဆုံးသွားပြီတဲ့။
တရင်းတနှီးပုံစံနဲ့ဆိုလာပြန်တယ်။

ဒါပေမဲ့ custom မှာ မိသားစုအကြောင်း ပြောရလောက်အောင် ရင်းနှီးသူတွေထဲမှာ သူမပါတာကိုတော့သတိထားမိလိုက်တယ်။
အဆင်လေးဘာလေးပြေရင်သူ့ကိုနဲနဲပါးပါးကူညီပါအုံးတဲ့။ ကျနော်ထင့်ကနဲတော့ဖြစ်လိုက်ပြီ။
ဒါနဲ့ ကျနော်ကလည်း ကျနော်ကိုယ်တိုင် ဆီးချိုသွေးတိုးနဲ့မို့ အလုပ်မယ်မယ်ရရ မလုပ်ဖြစ်တာကြာပြီဗျလို့
အားနာနာနဲ့ နဲနဲငြီးပြလိုက်တယ်။

ဟာ .. ဆီးချိုရှိနေရင် METFOMAN DENK ျမှန်မှန်သောက်လေတဲ့ ..။ သူကလာသေးသဗျ။
ဗဟုသုတလေးလဲရှိပုံရတယ်။ ဒါပေမဲ့ တကယ်နားလည်တဲ့သူဆိုရင် ဆီးချိုသမားတယောက်ကို
ဘယ်ဆေးသောက် ဆိုပြီး အကြံပြုလေ့မရှိပါဘူး။ metfoman ကဆီးချိုသမားတွေသောက်တာမှန်ပေမဲ့
တဦးနဲ့တဦးမတူတော့ တခြားဆေးလဲရှိပါတယ်။ သူရောနေမှန်းနဲနဲတော့သိသာလာပြီ။
သူကလဲရိတ်မိဟန်တူရဲ့ ..။ နောက်ဆုံးတော့ လမ်းစားရိတ်လေးနဲနဲ အကြွေ လေးဘာလေးကူညီပါတဲ့။

အိပ်ထဲက ၁၀၀ဝ တန်လဲထုတ်ပေးလိုက်ရော ထပြီးသုတ်သုတ် သုတ်သုတ်နဲလစ်တော့တာပါဘဲ။
ကျနော့အိမ်နား ကျနော့ပတ်ဝန်းကျင်နားဖြစ်လို့ ကိစ္စတော့မရှိဘူးပေါ့။
လူပြတ်တဲ့နေရာမှာဆိုရင်တော့ အထူးသတိပြုရပါမယ်။
အရေးကြီးတာက မြန်မာပီပီ မသိဘဲသူကပြုုံးပြရင် သဘောမလွယ်လိုက်ဖို့ပါဘဲ။

8 comments

  • etone

    February 14, 2011 at 5:13 am

    အောင်မလေးလေးးးးးးးးးးးးးးးးးးးးး ကိုဖက်တီးရဲ့ etone အဖြစ်နဲ့ တူပါပကောလား… ။ ဟွန့် … အားနာလို့ ခါးပါသွားတဲ့အဖြစ်လေ.. ငိုချင်တယ်.. ပါသွားတဲ့ ပိုက်ဆံအတွက်မဟုတ်ဘူး …. ။ တပတ်လှည့်ခံလိုက်ရလို့ … ဟွန့် 🙁

  • char too lan

    February 14, 2011 at 8:53 am

    ဟုတ်တယ်ဦးဖက်ရေ…….
    ကလေးတွေလဲအဲ့ဒါမျိုးခံရတယ် လုပ်တဲ့လူတွေကသန့်သန့်ပြန့်ပြန့်နဲ့ ဈေးလာဝယ်တာ လမ်းစရိတ်ပြတ်သွားလို့ ပိုက်ဆံအိတ်ပျောက်သွားလို့ reason ကတော့အစုံပဲ တောင်းတော့လဲ နဲနဲပါးပါးဟုတ်ဘူးနော် ထောင်နဲ့ချီတောင်းတာ ၃၀၀ဝ အနဲဆုံးတောင်းကြတယ် မြို့ပြင်ကတက္ကသိုလ်အနီးအနားနဲ့ မြို ့တွင်းကဈေးဝယ်စင်တာတွေနားမှာ အတွေ ့များတယ် ကလေးတွေပိုခံရတာတွေ ့တယ်

  • kopauk mandalay

    February 14, 2011 at 11:49 am

    အားနာရင်လဲ ခံရတတ်ပါတယ်။
    မေ့တတ်ပြီးသဘောလွယ်ရင်လဲခံရတတ်ပါတယ်။
    သနားတတ်ရင်လဲ ခံရတတ်ပါတယ်။
    ပိုဆိုးတာက
    လောဘတက်ရင် ပိုခံရတတ်ပါတယ်နော်။

  • fatty

    February 14, 2011 at 1:57 pm

    အဲဒီအချိန် ဒီလူကံကောင်းချင်တော့ ကျနော်ဖုန်းကိုင်မထားလိုက်ဖူး .. နို့မု့်ဆို သိတယ်မို့လား ဖက်တီးရိုက်ချက်။
    သူရိုက်သွားတာတော့ ၁၀၀ဝ ပါသွားတာပေါ့ ကိုယ့်ထက်ရိုက်ချက်ကောင်းတဲ့သူနဲ့တွေ့တော့လဲ ဒီလိုဘဲလေ။
    သတိတော့ရှိကြပါဗျို့ ရမှန်းသိရင် လုပ်အုံးမှာဘဲ။

  • kopauk mandalay

    February 14, 2011 at 3:39 pm

    သူ့ပုံအကြမ်းလေး ပန်းချီဆွဲတင်ပေးရင်ကောင်းမယ်ထင်ပါသဗျာ

  • unclegyi1974

    February 14, 2011 at 4:30 pm

    ရမှန်းသိလုပ်မဟုတ်ဖူးကိုဖက်ရေ
    လုပ်ကိုလုပ်စားနေတာ
    ကျွန်တော် တော့အားနာပါးနာနဲ့ပေးတယ်ဆိုတာ
    တောင်မလုပ်တော့ဖူး

  • shwepyithu

    February 15, 2011 at 5:48 am

    မသိလို့ အကြောင်ရိုက်ခံရတာ တော်ပါသေးတယ်။ ဒီမှာသိသိကြီးနဲ့ ခံလိုက်ရလို့။ ပရဟိတလုပ်နေတဲ့ ကိုယ့်အဖွဲ့ထဲကလူတစ်ယောက် အရမ်းလိုအပ်နေလို့ပါဆိုတော့ သနားပြီးပေးလိုက်တာ။ ဂဏန်း ၅ လုံးလောက်ပါသွားတယ်။ လူမှုရေးလုပ်နေသူတစ်ယောက်ဆိုတော့ မလုပ်လောက်ပါဘူးလို့ ယုံလိုက်မိတာလေ။ တစ်ပါတ်အတွင်း ပြန်ပေးပါမယ်ဆိုပြီး လူကော မေးလ်ကော အွန်လိုင်းမှာပါပျောက်သွားတယ်။
    လုံးဝပေါ်မလာတော့ဘူး။ သူ့အကောင့်ပါ ပိတ်သွားပုံရတယ်။ နောက်မှသိရတာ သူက အဲလိုမျူးိလုပ်တတ်တယ်တဲ့။ တတ်နိုင်တော့ဘူးလေ။

  • padonmar

    February 15, 2011 at 3:59 pm

    လမ်းစားရိတ်ပြတ်လို့ဆိုပြီး တောင်းတဲ့ဇာတ်လမ်းကတော့ တော်တော်များနေပါပြီ။ဒါပေမယ့် တကယ်များဖြစ်နေရင် ဆိုတဲ့စိတ်နဲ့ပဲ ပေးမိနေတာပါဘ၊ဲကိုုယ့်အတွက်လဲ သိပ် မထိခိုက်တဲ့ ပမာဏဆိုတော့ လိမ်ခံရရင်လဲ လိမ်ပါစေတော့ လို့
    သဘောထားလိုက်ရတာပါဘဲ၊ဘဝတူတွေ အများကြီးပါ၊

Leave a Reply