အီးဟီးဟီး...မုန်းဒယ်


နှစ်ယောက်ရှိတဲ့အခါ
ကိုယ်ကဒုတိယ၊
စောင့်ခွင့်ရတယ်
တသက်လုံး၊
Best man ဖြစ်တော့
သတို့သားအရံ၊
မျက်ရည်ကျချင်ရင်
နောက်ဖေးသွားတဲ့၊
မင်္ဂလာဦးည
ခဲဖိုးလေးတောင်
ပေးဖော်မရ..

ကိုကြောင်
ကိုကြောင်နဲ့
လိုတဲ့အခါ
သူ့ဆိုစကား၊
ချိုသာလေစွ
မင်းနှုတ်ဖျား၊
ထိန်းပေးပါ
သမီးနှင့်သား၊
ဩော်..ငါက
နွားလားကွ..

လို့ပြောချင်ပေမဲ့
ပြုမိတဲ့ကံ
အသစ်မဖန်စေဖို့
ရန်ကိုမစ
မာန်ကိုချ
ပုဂံမပြီး
ပြေးလိုက်တယ်
ကပ္ပိယဆွမ်းပွဲအမှီ
ရွာဦးကျောင်းဆီသို့.

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး