မိန်းမရိုင်း Vday

Vday

အီးဟီးဟီး...မုန်းဒယ်

နှစ်ယောက်ရှိတဲ့အခါ
ကိုယ်ကဒုတိယ၊
စောင့်ခွင့်ရတယ်
တသက်လုံး၊
Best man ဖြစ်တော့
သတို့သားအရံ၊
မျက်ရည်ကျချင်ရင်
နောက်ဖေးသွားတဲ့၊
မင်္ဂလာဦးည
ခဲဖိုးလေးတောင်
ပေးဖော်မရ..

ကိုကြောင်
ကိုကြောင်နဲ့
လိုတဲ့အခါ
သူ့ဆိုစကား၊
ချိုသာလေစွ
မင်းနှုတ်ဖျား၊
ထိန်းပေးပါ
သမီးနှင့်သား၊
ေဩာ်..ငါက
နွားလားကွ..

လို့ပြောချင်ပေမဲ့
ပြုမိတဲ့ကံ
အသစ်မဖန်စေဖို့
ရန်ကိုမစ
မာန်ကိုချ
ပုဂံမပြီး
ပြေးလိုက်တယ်
ကပ္ပိယဆွမ်းပွဲအမှီ
ရွာဦးကျောင်းဆီသို့.

7 comments

  • အာဖျံ ကွီး

    February 14, 2011 at 7:32 am

    တောက် … ရိုင်းလိုက်လေကွာ … ဒီမိန်းမ
    သူလုပ်ခဲ့လို.ပေါ့ … အမောင်ကြောင်ကြီးတစ်ယောက် ရွာထဲက ဟိုကောင်မလေးကို ကြောင် … ဒီကောင်မလေးကို ကြောင်နဲ. … ကြောင်လည်လည် ဖြစ်နေရတာ … အဟီးးး

    အလကားနောက်တာပါ … ကိုကြောင်ကြီး@ကိုကြီးကြောင်ရေ …
    Happy Valentine Day ပါ။ 😉

  • ဆူး

    February 14, 2011 at 8:10 am

    အသည်းကွဲတဲ့ကြောင်
    လမ်းဘေးမှာ ငေါင်

    အာရုံရလို့ မနေ့က ကြောင်အိမ်မက် တင်ပေးထားတာ..

  • char too lan

    February 14, 2011 at 10:03 am

    – အခုပြောနေတာက ဦးသားက သမီးကိုခိုးပြေးသွားတဲ့ကိစ္စပါ
    -ဘယ်သူက ဘယ်သူ ့ကို ခိုးတာလဲ
    -အဲ့ဒါဦးသားကိုမေးကြည့်ပါ သူ ့မှာခိုးဖို့ရည်ရွယ်ချက်မရှိရင် သမီးကိုအောက်မှာလာစောင့်နေမှာ မဟုတ်ဘူးလေ ဦးသားက တာဝန်မယူဘူးဆိုရင် သမီးတို့ဘက်လဲလုပ်စရာရှိတာ ဆက်လုပ်ရမှာပဲ 😛

  • အာဖျံ ကွီး

    February 14, 2011 at 10:22 am

    အရေးထဲ … ချာတူးခိုင်သိန်းနဲ.လာတွေ.နေတရ် … ဟီးးး
    ချာတူးရေ .. သိပ်မစနဲ. … ကိုကြောင်ကြီးတစ်ကယ်ခံနေရတာထင်တရ်နော … အပေါ်မှာမှောက်တောင်မှောက်နေပီ … အကျီကိုလဲ ဘယ်သူခိုးသွားလဲ မသိဘူး။ ပြောင်ပြောင် … ပြောင်ပြောင်နဲ.။ အဟီးးး

  • kopauk mandalay

    February 14, 2011 at 11:32 am

    အသည်းကွဲတဲ့ကြောင်
    လမ်းဘေးမှာ ငေါင်

    အမှတ်မရှိတဲ့ကြောင်
    ရွာထဲက ကလေးမတွေကို ဖွန်ကြောင်
    ဒီလိုသာ မျက်နှာရူးနေရင်
    တူမနဲ့ပေးစားဘို့လက်ရှောင်လိုက်တော့မယ်
    မောင်မောင်ကြောင် ရေ…………………….ရေ့

  • ဆူး

    February 14, 2011 at 1:28 pm

    တူမ ပေးမဲ့ ကိစ္စ ပျက်သွားပြီလား ရွာထဲမှာ လျောက်ကြေညာထားတာ အရှက်ကွဲရချည် သေးရဲ့.. တနားပါတယ်။

Leave a Reply