အလုပ်ရှုပ်နေတဲ့အမတ်မင်း(သို့)ထဘီဝတ်မင်းယောက်ျား

အာဂFebruary 14, 20111min29520

ဒါပုံလေးက ပြည်ထောင်စုနေက မိန့်ခွန်းကို နာခံနေကျတဲ့ အမတ်မင်းများ၊ဝန်ကြီးများရဲ့ပုံလို့ထင်ပါတယ်။ အဲဒီထဲကတစ်ယောက်ကဘာတွေလုပ်နေသလဲဆို ပုံမှာမြင်တွေရမှာဖြစ်ပြီး။ ထဘီတွေ ဝတ်ဆင်ထားကျတာလည်း ဖက်ရှင်တစ်ခုလိုပါပဲ..ခင်ဗျ..။
ဒီမိုဝေယံ ရဲ့ ဆိုဒ်မှဖြစ်ပါတယ်။

20 comments

  • ဆူး

    February 14, 2011 at 8:47 am

    ခြေအိတ်ကြီးနဲ့.. သူများတွေ ခြေအိတ်မပါဘူးနော်။

    • R Ga

      February 14, 2011 at 9:08 am

      ဆူးရဲ့ သူ့လက်ကိုလည်းကြည့်ပါဦး ။ ဘာတွေလုပ်နေသလဲမသိဘူး။ ထမီ မဝတ်တတ်သေးလို့လားမသိဘူး တကိုင်ကိုင်နဲ့ 🙂

  • moethidasoe

    February 14, 2011 at 9:03 am

    သူတို့ကတော့ ချိတ်ပုဆိုးလို့ ပြောကြတာပဲ .. ကြည့်ရတာ သိပ် အဆင်မပြေဘူး .. ထမီလို့ပဲ မြင်နေတယ် ..

    • kai

      February 14, 2011 at 9:29 am

      ဇတ်ထဲက ..ဇတ်မင်းသားတွေဝတ်တာနဲ့တူမယ်ထင်တယ်..။
      ပြောထား..ပြောထား..
      တော်ကြာ..နိုင်ငံတော်အခမ်းအနားတိုင်း ..ယောကျင်္ားများ ဒီလိုသာဝတ်ကြရန် အမိန် ့ထုတ်လိုက်လို့ ..အကုန် ဟုတ်ပေ့ဖြစ်ကုန်မယ်..

      ဒီလိုအချိန်မှာ .. ချိပ်ယက်တဲ့..ဒေသတခုခုက .. ယောကျင်္ားအဆင် ..အကွက်နဲ့သာချိပ်ပုဆိုး..တီထွင်ပြီး ..ထုတ်ရောင်းလိုက်ရင်တော့ .. ပေါက်ပြီပဲ..။

  • researcher

    February 14, 2011 at 10:27 am

    ရှင်ဘုရင်တွေ ခေတ်ကလို လိုက်လုပ်တာထင်တယ်၊ လွှတ်တော်ပုံစံကလည်း ကုန်းဘောင်ခေတ် လွှတ်တော်ပုံစံ နဲ့ တူသလားလို့၊ နိုင်ငံ့ ဥသျှောင်အဖွဲ့ဆိုတာသာ တကယ်ဖြစ်လာမယ်ဆိုရင်တော့ ရတနာပုံခေတ်ကလို ရှင်ဘုရင်နဲ့ လွှတ်တော်ပုံစံ ဖြစ်သွားလိမ့်မယ်၊

  • ဆူး

    February 14, 2011 at 1:08 pm

    ရှေးထုံးတမ်း အစဉ်အလာ မင်းခမ်းမင်းနား ပုံစံ ကို နမူနာယူပြီး အမတ်မင်းတွေ ချိတ်ဝတ်တာ ဖြစ်မည်ဟု ယူဆပါသည်။

  • NoMore

    February 14, 2011 at 1:46 pm

    ဖြတ်ညပ်ကပ်လုပ်ထားတာလားမသိဘူး၊ သေသေချာချာလေးကြည့်ပါအုံး

    • R Ga

      February 15, 2011 at 10:56 am

      သူတို့ပုံတွေကိုတော့ အားအားယားယား ဖြတ်ညုပ်ကပ်(လက်အသနခံပြီးတော့မလုပ်)ထားပါဘူး။ ဗျာ..။ ဒါကကယ်ပုံတွေပါ.။

    • R Ga

      February 15, 2011 at 10:56 am

      သူတို့ပုံတွေကိုတော့ အားအားယားယား ဖြတ်ညုပ်ကပ်(လက်အသနခံပြီးတော့မလုပ်)ထားပါဘူး။ ဗျာ..။ ဒါတကယ်ပုံတွေပါ.။

  • manawphyulay

    February 14, 2011 at 2:48 pm

    ကျန်တဲ့သူတွေက ခြေအိတ်ဝတ်ဖို့ကျန်ခဲ့လို့လေ…….. သူတောင် လာရင်းတွေ့ရာ ကောက်စွတ်လာတာထင်တာပဲ 😛

  • winkyawaung

    February 14, 2011 at 4:04 pm

    အင်း မြင်ရတာ မကောင်းလိုက်ကြတာနော်..။ ထဘီဝတ် အမတ်မင်းများ..

  • ဆူး

    February 14, 2011 at 4:11 pm

    ဒီ ကွန်မန်းတွေ ဖတ်ပြီးတော့ အတွေး တခု တွေးမိတယ်။
    ကုန်ဘောင်ခေတ် လောက်တုန်းက ဘုရင်တွေ ဝတ်ပုံစားပုံ မင်းညီမင်းသား မှူးမတ်တွေ အဝတ်အစားနဲ့ ပတ်သတ်လို့ လူတွေ ဘယ်လို မြင်ကြမလဲ မသိဘူး။
    အဲဒီ ခေတ်က လူတွေက သူတို့ အိမ် ၁ဝအိမ် လောက်ထက် ပိုပြီး မသိကြဘူး။ လမ်းပန်း ဆက်သွယ်ရေး စသဖြင့် နီးစပ်မှု မရှိတော့.. ထိုခေတ်က လူတွေက ဒီလိုမျိုး အမတ်တွေ မြင်ရင် ထူးခြားဆန်းပြား လိုက်တာ ဆိုပြီး တွေးပြီး နေမလား ဒီလိုက ဒီလိုဘဲ လို တွေးမလား ဘယ်လိုတွေးမလဲ စဉ်းစားစရာဘဲ။

  • char too lan

    February 15, 2011 at 2:50 am

    :haha လက်ညှိုးထိုးပီး ပိုးလို့ပက်လက်လန်တဲ့အထိ ပိုးစိုးပက်စက်ရီလိုက်တယ်ဗျာ .. 😀
    တွေ ့ရတာတကယ်ရီချင်စရာကြီး 🙂

  • အာဖျံ ကွီး

    February 15, 2011 at 3:46 am

    ရီချင်လိုက်တာ ဖတ်ဖတ်မော … ရင်ဘက်နောက်ကကျော … အဟစ်အဟစ်

  • phantom

    February 15, 2011 at 4:39 am

    ဘာလဲ ရုံးတွေမှာရေးထားတာ ကိုလိုနီစရိုက်ကိုဖျောက် နိုင်ငံနဲ့ ဘာစောင့်ရှောက်ဆိုလား ရေးပဲရေးတတ်တယ် ကိုလိုနီခေတ်က ဝတ်စုံတွေနဲ့ ခေါင်းပေါင်းအုပ်ပေါင်းတွေဆောင်းပြီး လွှတ်တော်တဲ့ ဘာပဲဖြစ်ဖြစ် ခေတ်ဆိုတာ ရှိပါတယ်။ အခုလိုပုံစံက ဘယ်လောက်ရိုးရာယဉ်ကျေးမှုလို့ပြောပြော တကယ်တန်းတော့ ခေတ်နဲ့မညီတဲ့အတွက် တခြားအလှူတွေ မင်္ဂလာဆောင်တွေမှာ သုံးရင်သုံး အခုလို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းဖို့ တကယ် စဉ်းစားတယ်ဆိုရင်တော့ နိုင်ငံတကာက လက်ခံတဲ့ ဝတ်စုံဖြစ်ဖို့လိုပါတယ်။ ကြည့်ဖူးသလောက်တော့ ကိုးရီးယားတွေမှာလဲ သူတို့ရိုးရာဝတ်စုံရှိပေမယ့် လွှတ်တော်ထဲမှာတော့ ဒီလို ကြောင်တောင်တောင်ပုံစံတွေနဲ့ အလုပ်မလုပ်ကြပါဘူး ဖြစ်သင့်တာကတော့ သပ်ရပ်တဲ့ အနောက်တိုင်းဝတ်စုံနဲ့ ဝတ်ပြီး အစိုးရပိုင်မီဒီယာတစ်ခုတည်းကမဟုတ်ပဲ ပြင်ပမီဒီယာတွေကိုလည်း လွတ်လပ်စွာသတင်းယူခွင့် ပေးရမှာဖြစ်ပါတယ်။ ခုတော့ ဘုရင်ခေတ်လို ဝတ်ပြီး ဇာတ်ကနေတာကို ကြိုတင်စီမံထားတာကိုပဲ ထိုင်ကြည့့်နေရတယ်။

  • ဆူး

    February 15, 2011 at 5:34 am

    ကောင်းတဲ့ ဘက်က တမျိုးတွေးကြည့်မယ်။
    ယိုးဒယားမှာ ထိုင်းပိုး ဆိုပြီး လူသိများလာတာ သူနိုင်ငံက မိဖုရားကြီး နိုင်ငံတော် မိခင်ကြီးပေါ့ သူက လူတွေ သိအောင် ကြိုးစားခဲ့တယ် အဲဒီနောက်ပိုင်း သံတမန် ရေးရာ လက်ဆောင်တွေ ဘာတွေ ပေးရင်းနဲ့ လူသိထင်ရှား ဖြစ်ပြီး ထိုင်းပိုးကို လူတွေ အမြတ်တနိုးဝယ်ယူ ဝတ်ဆင်လာကြတယ်။ မြန်မာ နိုင်ငံက လူတွေ လူချမ်းသာတွေလည်း ပွဲလန်းသဘင်တွေဆို ထိုင်းပိုးကို ဈေးကြီးပေးပြီး ဝယ်ဝတ်ကြတယ်။ မြန်မာ နိုင်ငံက မီဒီယာ လောက မှ ရုပ်ရှင် သရုပ်ဆောင်တွေ မြန်မာ ပိုးထည်တွေ အမြတ်တနိုး တန်ဖိုးထားပြီး မဝတ်ကြဘဲ အတိုအပြတ် လန်ထွက်နေအောင် ဝတ်ဆင်ကြတယ်။ အဲဒီလိုနဲ့ မြန်မာ ပိုးထည်တွေ လူမျိုးတွေ ကြားထဲမှာတောင် နေရာတခု ရဖို့ အလေးထား တန်ဖိုးထားဖို့ ဝေးကွာသွားသလို ဖြစ်နေတယ်။ အဲဒီလိုနဲ့ နေရာတခု ရအောင် တိုင်းပြည်က လူကြီးမင်းတွေက တစုတစည်းတည်း ဝတ်စုံတူညီ ဝတ်ကြတဲ့ အခါမှာတော့ ပြည်တွင်း ရုပ်ရှင်ကို နိုင်ငံတကာက ကြည့်ချင်မှ ကြည့်မယ်။ တိုင်းပြည် အခမ်းအနားကို ကမာ္ဘအရပ်ရပ်က မြန်မာ အကြောင်း စိတ်ဝင်စားသူတွေ လူတွေ သတင်းအနေနဲ့ ယူမယ်ဆိုရင် ချိပ်ဆိုတာ လူတွေ သိသွားတာပေါ့ကွယ်။ တိုင်းပြည် ထွက်ကုန် ချိပ်ထည်တွေ ကမာ္ဘသိအောင် ကြော်ညာပေးတဲ့ သဘောမျိုးပေါ့။ နောင်တချိန် တိုင်းပြည်က လူတွေ ခတ်စားလာတဲ့ ချိပ်ထည် တွေ အတွက် ဝင်ငွေတွေ များစွာ ရနိုင်မယ်။
    ကဲ ဆက်လက်ပြီး ဝိုင်းတွေးကြပါကုန်လော့။
    တွေးတတ်တာ ဒါအကုန်ဘဲ။

  • naywoonni

    February 15, 2011 at 11:38 am

    ချိပ် မဟုတ်ဘူးနော် ချိတ်ထမီ။ ခုတော့ ချိပ် ဖြစ်လိုက် ချိတ်ဖြစ်လိုက်နဲ့ သူတို့ဘာသာတစ်လွဲ ဆံပင်ကောင်းတာ အားကျမနေကြပဲ …ကိုယ်က သတ်ပုံ လေးတော့ မှန်အောင်ရေးပေးကြပါ နော်……..:P

  • intro

    February 15, 2011 at 2:49 pm

    မသိရင် မင်္ဂလာဆောင်တွေအတွက် ဘိသိတ်ဆရာတွေ သင်တန်းပေးဖို့ တန်းစီတာ ကျနေတာပဲ…

  • Yin Nyine Nway

    February 15, 2011 at 3:20 pm

    ဟားဟား .. တော်တော်ရီရတယ်

  • bigcat

    February 16, 2011 at 3:32 am

    ချုပ်မှူးကြီးရဲ့ ယတြာဆိုတာ သေချာပါတယ်။ သာမန်အားဖြင့်ဆို စစ်သားလူထွက်တွေမို့ ပုဆိုးအရောင်တွေက အရောင်ရင့်၊ အရောင်မှိုင်း၊ တဦးနဲ့တဦးမကွာတဲ့ အရောင်တွေဖြစ်ရမှာပေါ့။ တခုစဉ်းစားမိတယ်။ ချုပ်မှူးကြီးက မိန်းမချိတ်ထမီ အဆင်ကာလာတွေကို ဝတ်ခိုင်းတာ မင်းတို့က ငါ့ရဲ့ကိုယ်လုပ်တော် မိဘုရားလေးတွေဆိုတဲ့ သဘောမျိုး နာမ်နှိမ်ထားပုံရတယ်။ အတည်ပြောတာနော်..

Leave a Reply