ပထမဆုံးသတင်းစာကို ဘယ်ချိန် ဘယ်မှာပုံနှိပ် ထုတ်ဝေ ဖြန့်ချိခဲ့ပါသလဲ

manawphyulayFebruary 14, 20111min1175

သတင်းတစ်စုံတစ်ရာကို အများပြည်သူ သိရှိစေဖို့၊ ဟိုအရင်တုန်းက (ကျင့်သုံးခဲ့တဲ့) ရှေးကျတဲ့ နည်းလမ်းကတော့ သတင်းအချက်အလက်တွေကို ခရီးသည်တွေဆီက ဒါမှမဟုတ် အစိုးရရဲ့ သတင်းရနိုင်တဲ့ နေရာတွေဆီက စုဆောင်းရယူတယ်။ ပြီးမှ အဲဒီသတင်းကို ရေးပြီး သတင်းထုတ်ပြန်တဲ့ သင်ပုန်းမှာ ကော်နဲ့ကပ်ပြီးကြေညာခဲ့တာလို့ သိရပါတယ်။ ပထမဆုံး သတင်းစာကိုတော့ တရုတ်ပြည်မှာ ခုနစ်ရာစုတုန်းက အများပြည်သူအတွက် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီသတင်းစာကို အစိုးရက ပြည်သူလူထုအတွက် ပုံနှိပ်ထုတ်ဝေခဲ့တာပါ။ ဆယ့်ရှစ်ရာစုရောက်လာတဲ့အခါမှာတော့ သတင်းစာတွေဟာ အချိန်မှန် ပုံမှန်ထုတ်ဝေတဲ့ ပစ္စည်းတစ်မျိုး ဖြစ်လာခဲ့ပါတယ်။ ၁၆၆၃ ခုနှစ် အင်္ဂလန်မှာ သတင်းစေတမန်ဆိုတဲ့ သတင်းစာကို စတင်ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ပထမဦးဆုံး အမေရိကန်သတင်းစာကိုတော့ ပြည်သူ့ဖြစ်အင်လို့ အမည်ပေးခဲ့ပြီး ဘောစတွန်မြို့မှာ ၁၆၉ဝ ပြည့်နှစ်က စတင်ပုံနှိပ်ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။ အရှိန်အဝါကြီး ဩဇာအညောင်းဆုံး သတင်းစာလို့ နာမည်သိက္ခာရှိတဲ့ လန်ဒန်တိုင်း သတင်းစာကိုတော့ ၁၇၈၅ ခုနှစ် စတင်ခဲ့ပြီး ခုထိလည်း ဆက်လက်ပုံနှိပ်ဆဲလို့ သိခဲ့ရပေမယ့် မနော သိချင်တာက မြန်မာနိုင်ငံမှာ သတင်းစာကို ဘယ်အချိန်က ဘယ်လို ဘယ်သူက ထုတ်ဝေဖြန်ချိပြီး ဘယ်သတင်းစာက စတင်ခဲ့တာလဲ သိချင်လို့ပါရှင်။
ထုတ်ဝေခဲ့တဲ့ ခုနှစ်ပါ သိချင်ပါတယ်။

5 comments

  • unclegyi1974

    February 14, 2011 at 4:21 pm

    မနောရေ မင်းတုန်းမင်လက်ထက်လို့ထင်ပါတယ်
    ၁၈၇၂ ခုမြန်မာသတင်းစာမှာမင်းလက်ဝါးအကြောင်း
    ရေးထားပြီး
    ၁၈၇၆ နိုဝင်ဘာ ၂၂ ရက် နေ့ထုတ် ရတနာပုံနေပြည်တော်သတင်းစာ
    Mandalay Gaztte
    မှာမင်းတုန်းမင်းရဲ့မိဖုရားခေါင်စကြာဒေဝီနတ်
    ရွာစံကြောင်းဖော်ပြတယ်လို့သိရပါတယ်
    မြန်မာသတင်းစာအစကလဲရတနာပုံနေပြည်တော်
    သတင်းစာလို့ထင်ပါတယ်

  • kopauk mandalay

    February 14, 2011 at 4:37 pm

    ဒါတွေကို သိချင်တယ်ဆိုရင် မှော်ပီဆရာသိန်းကြီး ရဲ့ အရူးလွယ်အိတ်ဆိုတဲ့ စာအုပ်ကို အဟောင်းတန်းမှာသွားရှာပြီး ဝယ်ဖတ်လိုက်ပါ။
    မင်းတုန်းမင်းလက်ထက် က သတင်းစာဆောင်ပုဒ်လေးပြောပြပေးချင်ပါသေးတယ်။
    ငါမကောင်းရင် ငါ့အကြောင်းရေး
    ငါ့မိဖုရားမကောင်း မိဖုရားအကြောင်းရေး ပါတဲ့
    အဲဒီတုန်းက သတင်းစာ ဆရာကြိးကတော့ ဘိုးဝဇီရ ပါတဲ့
    မှားရင်ပြင်ပေးနော်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

    • kai

      February 14, 2011 at 5:31 pm

      http://myanmargazette.net/about
      “ငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့မိဖုရား မကောင်းလျှင် ငါ့မိဖုရားကိုရေး၊ ငါ့သားသမီ းမကောင်းလျှင် ငါ့သားသမီးတွေကိုရေး၊ မင်းတို့သတင်းစာတိုက်၌ အပြစ်မရှိ စေရ၊ နန်းတော်တွင်းသို့ သတင်းစာတိုက်က မည်သူ့ကိုမဆို အဆီးအတားမရှိ ဝင်ထွက်စေ”

      မင်းတုန်းမင်းတရားကြီး(၁၈၅၃-၁၈၇၈)

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 14, 2011 at 6:12 pm

    🙂 🙂 🙂
    တော်တော် နောက်တဲ့ အပျိုဂျီး
    🙂 🙂 🙂

  • kai

    February 14, 2011 at 6:16 pm

    ပထမမြန်မာသတင်းစာဟာ .. ရတနာပုံနေပြည်တော်သတင်းစာ – Mandalay Gazette ဖြစ်ပါတယ်..။
    March 20, 1875—Yadanabon Nay-Pyi-Daw (with the heading of Mandalay Gazette in English on the masthead) is published weekly by King Mindon, possibly as early as 1874. Publication ceases in 1885 when Upper Burma is annexed by the British.
    အခု.. ကျုပ်တို့ထုတ်နေတာနဲ့ ..နာမယ်တလုံးမကျန်တူပြီး ..လိုဂိုဒီဖိုင်းကိုပဲ..နည်းနည်းခေတ်မှီအောင်ပြင်ထားတာပါ..။
    ယူအက်စ်မှာ ..တရားဝင်မှတ်ပုံပြန်တင်ထားပါတယ်..။
    ကော်ပီရိုက်ဥပဒေအရ… ၇၅နှစ်ထက်ကျော်(မည်သူမှ ထပ်မှတ်ပုံမတင်တာမို ့)ကြာသွားပြီမို ့.. Mandalay Gazette အမည်မှတ်ပုံတင်လို့ရပါတယ်..။
    မှတ်ပုံတင်ပြီးတဲ့နောက်.. ပုံမှန်အခွန်ဆောင် သက်တန်းတိုးနေတာမို ့.. တခြားတယောက်မှ ယူသုံးလို့မရတော့ပါဘူး..။ ဗဟုသုတအတွက်ပါ..။

    တကယ်တော့ .. Mandalay Gazette ထုတ်တဲ့အချိန် .. အောက်မြန်မာနိုင်ငံ မော်လမြိုင်မှာ ..အင်္ဂလိပ်သတင်းစာထွက်နေပါပြီ..
    အင်္ဂလိပ်ကိုလိုနီဖြစ်နေပြီမို ့ဖြစ်ပါတယ်..။ မြန်မာအမျိုးသားက … ထုတ်တာ မဟုတ်ပါဘူး..။
    March 3, 1836—The first English-language newspaper, The Maulmain Chronicle
    အဲဒီသတင်းစာက ပိုစောပါတယ်..။

    ကော်ပီရိုက်ဥပဒေ.. Duration of Copyright
    http://www.copyright.gov/title17/92chap3.html

Leave a Reply