ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများ

manawphyulayFebruary 14, 20111min816

ကမာ္ဘတစ်ဝှမ်း လူတွေ သေဆုံးရခြင်း၏ အဓိက အကြောင်းများထဲတွင် ဆေးလိပ်သောက်ခြင်းဟာ တစ်ခု အပါအဝင် ဖြစ်ပါတယ်.. အမေရိကတွင် နေ့စဉ် ပျမ်းမျှ လူ ၁,၀၀ဝ ခန့် ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးနေပြီး၊ သေဆုံးသူ ၆ ဦးတွင်၁ ဦး မှာ ဆေးလိပ်ကြောင့် ဖြစ်ပါတယ်.. ဆေးလိပ်သောက်ခြင်းဟု ဆိုရာတွင် စီးကရက်၊ ဆေးတံ၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်စတဲ့ ဆေးရွက်ကြီးကို နည်းအမျိုးမျိုးဖြင့် ရှူရှိုက်သောက်သုံးခြင်းများ ပါဝင်ပါတယ်.. ဆေးလိပ်သောက်ခြင်းဟာ ကြီးစွာသော ကျန်းမာရေး ခြိမ်းခြောက်မှုကို ဖြစ်စေရုံသာမက လူမှုဆက်ဆံရေးမှာလည်းအနှောက်အယှက် တစ်ခုဖြစ်ပါတယ်.. ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းသို့ ဓာတုပစ္စည်း အမျိုး ၄,၀၀ဝ ကျော်ဝင်ရောက်ပြီး ဇီဝကမ္မ လုပ်ငန်းစဉ်ကို ထိခိုက် ပျက်စီးစေပါတယ်.. ၎င်းတို့ထဲတွင် နီကိုတင်းဓါတ် (Nicotine)၊ ကတ္တရာ (Tar)၊
ကာဗွန်မိုနောက်ဆိုဒ် (Carbon Monoxide)၊ နိုက်ထရိုဂျင်အောက်ဆိုဒ်များ (Nitrogen Oxides)၊ ဟိုက်ဒရိုဂျင် ဆိုင်ရာနိုက်(Hydrogen Cyanide)၊ သတ္တုဓါတ်များ (Metals)၊ အမိုးနီးယား (Ammonia) နဲ့ ရေဒီယိုသတ္တိကြွ ဓါတ်ပေါင်းများ (Radioactive Compounds) တို့ပါဝင်ပါတယ်.. ဆေးလိပ်ရှိုက်ဖွာလိုက်တာနဲ့ တစ်ပြိုင်နက် လတ်တလော ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများမှာ

* အဆုတ်လေပြွန်ကို ကျဉ်းစေခြင်း
* နှလုံးခုန်နှုန်းကို မြန်စေခြင်း
* သွေးဖိအားကိုတိုးစေခြင်း
* သွေးကြောငယ်များကို ကျဉ်းစေခြင်း
* ဆေးလိပ်တွင် ပါဝင်သော ကာဗွန်မိုနောက်ဆိုဒ်က ခန္ဓာကိုယ် တစ်ရှူးများရဲ့ အောက်ဆီဂျင် လိုအပ်မှုကို အဟန့်အတား ဖြစ်စေခြင်း တို့ဖြစ်ပါတယ်
ဆေးလိပ်သောက်ခြင်းကြောင့် ရေရှည် ဆိုးကျိုးများလည်း ခံစားရမှာ ဖြစ်ပါတယ်.. အဆုတ်ကင်ဆာ (Lung Cancers)၊ အဆုတ်လေပြွန် ကျဉ်းစေသော ရောဂါ (Emphysema)၊ နာတာရှည် အဆုတ်လေပြွန်ရောင် ရောဂါ (Chronic Bronchitis) စတဲ့ အဆုတ်ရောဂါများအပြင် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကိုလည်း ဖြစ်ပွားစေပါတယ်.. နောက်ထပ် ဖြစ်နိုင်တဲ့ရောဂါများကတော့ ခံတွင်းနှင့် လည်ချောင်းကင်ဆာများ၊ ဆီးအိမ်၊ ကျောက်ကပ်၊ ပန်ကရိယ ရောဂါများ ဖြစ်ပွားစေပါတယ်.. သွား၊ လက်ချောင်း ၊ ဆံပင်တို့ကိုလည်း ဆေးလိပ်ငွေ့ အရောင်းစွန်းထင်းမှု ရှိစေခြင်း၊ ခံတွင်းနှင့် အဝတ်အစားများကိုလည်း အနံ့အသက်စွဲစေခြင်း တို့ကြောင့် လူမှုဆက်ဆံရေး နယ်ပယ်တွင်လည်း အနှောက်အယှက် ဖြစ်စေပါတယ်..
ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်း (Nicotine) ဟာ အာရုံကြောနဲ့ ကြွက်သားဆုံချက် (Nerve Muscle Junction) တွင် အကျိုးသက်ရောက်မှုကြောင့် ခြေလက်များ တုန်ခြင်း၊ သွေးကြောငယ်များကို ကျဉ်းစေခြင်းကြောင့် နှလုံးအတွက် ဝန်ပိစေခြင်း၊ သွေးတိုးစေခြင်း၊ ခြေဖျားလက်ဖျားများ အေးစေခြင်း၊ အာရုံကြောစနစ်ကို လှုံဆော်မှုကြောင့် စိတ်လှုပ်ရှားနိုးကြားမှုဖြစ်ခြင်း (Excitement)၊ စိုးရိမ်ပူပန်ခြင်း (Anxiety) များတဒင်္ဂဖြစ်ပေါ်ပြီး နီကိုတင်း ပြယ်သွားသည်နှင့် စိတ်ကျခြင်း (Depression) ဖြစ်ပေါ်လာတတ်ပါတယ်.. နီကိုတင်းဟာ စွဲစေတဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်..
ဆေးလိပ်သောက်သူအတွက်တော့ ဗိုက်တာမင်အားဆေးများ သုံးစွဲခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း တို့ထက် ကျန်းမာရေးအတွက် အကောင်းမွန်ဆုံးနည်းလမ်းမှာ ဆေးလိပ်ဖြတ်ခြင်းပင် ဖြစ်ပါတယ်.. ဆေးလိပ် ဖြတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကိုယ်ခန္ဓာ ကျန်းမာရေးသည်လည်း အကောင်းဖက်သို့ ဦးတည်လာပါတယ်.. တစ်နေ့လျှင် မိနစ် ၂ဝ တစ်ပတ် ၃ ကြိမ် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ခန္ဓာကိုယ်မှ ဆေးလိပ်အဆိပ်သင့်မှုများ တဖြည်းဖြည်း လျော့ပါးလာပါတယ်..
လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ချွေးထွက်ခြင်းကြောင့်၎င်း၊ အောက်စီဂျင်ကို လုံလောက်စွာ ရှူရှိုက်ရ၍၎င်း နီကိုတင်းဓါတ်များလျော့ပါးလာစေပါတယ်.. ဆေးလိပ်ဖြတ်စတွင် အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ ချောင်းဆိုးခြင်း အစရှိတဲ့လက္ခဏာများ ခံစားရနိုင်ပြီး ဆေးလိပ် အလွယ်တကူ ရှိသောနေရာ၊ ဆေးလိပ် သောက်သူရှိသော နေရာများကိုရှောင်ရှားရပါမယ်.. နီကိုတင်း အစားထိုးဆေးများကို ဆရာဝန်ညွှန်ကြားချက်နှင့် သုံးစွဲပြီး ဖြတ်နိုင်ပါတယ်.. အခြား နီကိုတင်းအစားထိုးစရာများကတော့ နီကိုတင်းပါသော Gum ၊ ရှူဆေးများ (Inhaler)၊ နှာခေါင်းဖျန်းဆေးများ (Nasal Spray)တို့ဖြစ်ပါတယ်။
မနော မေးသမျှကို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့ မိုးကုတ်မှ အကိုဒေါက်တာ ဝင်းသိန်းကို ကျေးဇူးတင်လျက်

6 comments

  • eros

    February 14, 2011 at 3:16 pm

    မှတ်သားစရာပဲ eros က ၁နှစ်နေမှ ၃ လိပ်လောက်ပဲသောက်တာမို့လို့ ကိစ္စမရှိဘူးဆိုနိုင်ပေမယ့် second smoker ဖြစ်နိုင်တာပဲ။ ဆရာဝန်အပေါင်းတို့ comment ပေးပါဦး။ မနောတို့က ကိုယ်တိုင်ရေးဖြစ်ကြောင်း ကြြှေုငာနေပါလား။

  • kopauk mandalay

    February 14, 2011 at 3:50 pm

    (ဆေးလိပ်ဖြတ်စတွင် အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ ချောင်းဆိုးခြင်း အစရှိတဲ့လက္ခဏာများ ခံစားရနိုင်ပြီး ဆေးလိပ် အလွယ်တကူ ရှိသောနေရာ၊ ဆေးလိပ် သောက်သူရှိသော နေရာများကိုရှောင်ရှားရပါမယ်.. နီကိုတင်း အစားထိုးဆေးများကို ဆရာဝန်ညွှန်ကြားချက်နှင့် သုံးစွဲပြီး ဖြတ်နိုင်ပါတယ်.. အခြား နီကိုတင်းအစားထိုးစရာများ)

    တကယ်တမ်းသာ ဆေးလိပ်ပြတ်ချင်တယ်ဆိုရင် ကိုယ့်စိတ်က သာပြတ် တကယ်ပြတ်တယ်
    ဘယ်နေရာမှရှောင်စရာမလိုဘူး။
    လူတွေဆေးလိပ်ပြန်သောက်ဖြစ်တာက စဖြတ်စဉ်ကတည်းက မဖြတ်ချင်ဘဲ ဖြတ်ရလို့ ပြန်သောက်တာ။
    ဒါက ကျနော်ကိုယ်တွေ့ ဆေးလိပ်ကို ဘာနဲ့မှ အစားမထုးိဘဲ (8-8-2009)မှာဖြတ်လာတာ။
    စိတ်ထဲက တကယ်ပြတ်ချင်ရင်ပြတ်တယ်။
    အခုအချိန်မှာ ကျနော်က သူများကို မီးညှီပေးရင်တောင်သောက်ချင်စိတ်မပေါက်ဘူး။
    ကိုယ့်ဘေးနား လာသောက်သောက် မသောက်သောက် ကိုယ်သောက်ချင်မှဖြစ်တာလေ။
    ဒါက ဘယ်သူ့မေးထားတာ မဟုတ်ဘူး ကိုယ်တွေ့ စစ်စစ် ။
    မဖြတ်ခင်က တစ်ရက်ကို တစ်ဘူးကျော်ကျော် (25လိပ် 26လိပ်လောက် )တစ်နေကုန်သောက်လာတာပါ။
    ဖြတ်မယ်ဆိုတဲ့နေ့မှာ တိကနဲရပ်တာ။
    ဆေးလိပ်တကယ်ဖြတ်ချင်သူများ
    လျှော့မသောက်နဲ့ တစ်ခါထဲဖြတ် ဘာနဲ့မှလဲ အစားမထိုးနဲ့ တိကနဲ့ဖြတ်
    ကိုယ်စိတ်က စိတ်နုိုင်နိုင်စိတ်ခိုင်ခိုင်နဲ့ သာဖြတ် တကယ်ပြတ်တယ်။
    စာတွေ့ မဟုတ် ငါတွေ့ ပြောပြခြင်းမှာခင်ဗျာ

  • nigimi77

    February 14, 2011 at 3:52 pm

    ဆေးလိပ်သောက်ခြင်းကြောင့် ဘာဖြစ်စေသည် ညာဖြစ်စေသည် ဆိုပြီး

    စီးကရက် ဘူးပေါ်မှာ အလွန် ရွံစရာကောင်းတဲ့ ပုံတွေနဲ ့ဖော်ပြထားလဲ သောက်တဲ့ သူကတော့ တိုးတက်မြဲပဲ။ ကျုပ်လဲပဲ ဆေးလိပ်ကို ဖြတ်မယ်
    ကြံလိုက်တိုင်း ပြတ်ကို မပြတ်နိုင်ပါဘူး။ ဟိုမှာ အထဲမှာ တလနေဘူးတယ်။ အဲဒီတုံးကတော့ ပြတ်သွားဖူးတယ်။
    ဆိုတော့ကာ…မနောရေ
    Air-con နဲ ့ tv နဲ ့ အစားအသောက် ၃ နပ် အပြည့် အစုံနဲ ့ ဆေးလိပ်ဖြတ်ဖို ့ ထောင် အသေးစားလေး တခုလောက် ပေါ်လာရင်တော့ သွားဖြတ်ကြည့်မလားလို ့။

  • unclegyi1974

    February 14, 2011 at 3:53 pm

    ဆေးလိပ်ကိုတချို့ဆိုးကျိုးမသိပဲသောက်တယ်
    တချို့ကဆိုးကျိုးသိသိကြီးနဲ့သောက်တယ်
    တချို့ကလူမှုပေါင်းသင်းဆက်ဆံရေးအကြောင်းပြ
    ပြီးသောက်တယ်
    ဘယ်လိုသောက်သောက်ဆုံမှတ်ကတခုတည်းပါပဲ

  • noob

    February 14, 2011 at 6:22 pm

    ဆေးလိပ် ကိုဖြတ်ချင်တယ် ဒါပေမဲ ့ အသောက်ပြတ်ရင် အသက်ပျောက်မှာစိုးတယ်

    • kai

      February 14, 2011 at 6:51 pm

      ဒီခေတ်အသစ်တွေ့ရှိချက်တွေအရ.. အသက်ပျောက်တာ..ကိုယ်တင်မဟုတ်ပဲ.. တခြားသူ..အဓိကအားဖြင့်..နုငယ်တဲ့ကလေးတွေ (Secondhand smoke)နဲ့သေတတ်လွန်းလို့..
      ဖြတ်ပါခင်ဗျာ..
      ဖြတ်ပါ..။

      Secondhand Smoke
      What is secondhand smoke?

      Secondhand smoke is also known as environmental tobacco smoke (ETS) or passive smoke. It is a mixture of 2 forms of smoke that come from burning tobacco: sidestream smoke (smoke that comes from the end of a lighted cigarette, pipe, or cigar) and mainstream smoke (smoke that is exhaled by a smoker). Even though we think of these as the same, they aren’t. The sidestream smoke has higher concentrations of cancer-causing agents (carcinogens) than the mainstream smoke. And, it contains smaller particles than mainstream smoke, which make their way into the body’s cells more easily.

      When non-smokers are exposed to secondhand smoke it is called involuntary smoking or passive smoking. Non-smokers who breathe in secondhand smoke take in nicotine and other toxic chemicals just like smokers do. The more secondhand smoke you are exposed to, the higher the level of these harmful chemicals in your body.
      Why is secondhand smoke a problem?
      Secondhand smoke causes cancer

      Secondhand smoke is classified as a “known human carcinogen” (cancer-causing agent) by the US Environmental Protection Agency (EPA), the US National Toxicology Program, and the International Agency for Research on Cancer (IARC), a branch of the World Health Organization.

      Tobacco smoke contains over 4,000 chemical compounds. More than 60 of these are known or suspected to cause cancer.
      Secondhand smoke causes other kinds of diseases and deaths

      Secondhand smoke can cause harm in many ways. In the United States alone, each year it is responsible for:

      * An estimated 46,000 deaths from heart disease in non-smokers who live with smokers
      * About 3,400 lung cancer deaths in non-smoking adults
      * Other breathing problems in non-smokers, including coughing, mucus, chest discomfort, and reduced lung function
      * 50,000 to 300,000 lung infections (such as pneumonia and bronchitis) in children younger than 18 months of age, which result in 7,500 to 15,000 hospitalizations annually
      * Increases in the number and severity of asthma attacks in about 200,000 to 1 million children who have asthma
      * More than 750,000 middle ear infections in children
      * Pregnant women exposed to secondhand smoke are also at increased risk of having low birth- weight babies.

      Secondhand smoke may be linked to breast cancer

      Whether secondhand smoke increases the risk of breast cancer is an issue that is still being studied. Both mainstream and secondhand smoke contain about 20 chemicals that, in high concentrations, cause breast cancer in rodents. And we know that in humans, chemicals from tobacco smoke reach breast tissue and are found in breast milk.

      But a link between secondhand smoke and breast cancer risk in human studies is still being debated. This is partly because breast cancer risk has not been shown to be increased in active smokers. One possible explanation for this is that tobacco smoke may have different effects on breast cancer risk in smokers and in those who are exposed to secondhand smoke.

      A report from the California Environmental Protection Agency in 2005 concluded that the evidence regarding secondhand smoke and breast cancer is “consistent with a causal association” in younger women. This means that the secondhand smoke acts as if it could be a cause of breast cancer in these women. The 2006 US Surgeon General’s report, The Health Consequences of Involuntary Exposure to Tobacco Smoke, found that there is “suggestive but not sufficient” evidence of a link at this point. In any case, women should be told that this possible link to breast cancer is yet another reason to avoid being around secondhand smoke.
      Secondhand smoke kills children and adults who don’t smoke, and makes others sick (Surgeon General’s report)

      The 2006 US Surgeon General’s report reached some important conclusions:

      * Secondhand smoke causes premature death and disease in children and in adults who do not smoke.
      * Children exposed to secondhand smoke are at an increased risk of sudden infant death syndrome (SIDS), acute respiratory infections, ear problems, and more severe asthma. Smoking by parents causes breathing (respiratory) symptoms and slows lung growth in their children.
      * Secondhand smoke immediately affects the heart and blood circulation in a harmful way. Over a longer time it also causes heart disease and lung cancer.
      * The scientific evidence shows that there is no safe level of exposure to secondhand smoke.
      * Many millions of Americans, both children and adults, are still exposed to secondhand smoke in their homes and workplaces despite a great deal of progress in tobacco control.
      * The only way to fully protect non-smokers from exposure to secondhand smoke indoors is to prevent all smoking in that indoor space or building. Separating smokers from non-smokers, cleaning the air, and ventilating buildings cannot keep non-smokers from being exposed to secondhand smoke.

      Where is secondhand smoke a problem?

      You should be especially concerned about exposure to secondhand smoke in these 4 places:
      At work

      The workplace is a major source of secondhand smoke exposure for adults. Secondhand smoke meets the standard to be classified as a potential cancer-causing agent by the Occupational Safety and Health Administration (OSHA), the federal agency responsible for health and safety regulations in the workplace. The National Institute for Occupational Safety and Health (NIOSH), another federal agency, also recommends that secondhand smoke be considered a possible carcinogen in the workplace. Because there are no known safe levels, they recommend that exposures to secondhand smoke be reduced to the lowest possible levels.

      Secondhand smoke in the workplace has been linked to an increased risk for heart disease and lung cancer among adult non-smokers. The Surgeon General has said that smoke-free workplace policies are the only way to do away with secondhand smoke exposure at work. Separating smokers from non-smokers, cleaning the air, and ventilating the building cannot prevent exposure if people still smoke inside the building. An extra bonus other than protecting non-smokers is that workplace smoking restrictions may also encourage smokers to quit.
      In public places

      Everyone can be exposed to secondhand smoke in public places, such as restaurants, shopping centers, public transportation, schools, and daycare centers.

      Some businesses seem to be afraid to ban smoking, but there is no proof that going smoke-free is bad for business. Public places where children go are a special area of concern.
      At home

      Making your home smoke-free may be one of the most important things you can do for the health of your family. Any family member can develop health problems related to secondhand smoke.

      Children are especially sensitive to secondhand smoke. Asthma, lung infections, and ear infections are more common in children who are around smokers. Some of these problems can be serious and even life-threatening. Others may seem like small problems, but they add up quickly: think of the expenses, doctor visits, medicines, lost school time, and often lost work time for the parent who must take the child to the doctor. In the United States, 21 million, or 35% of children live in homes where residents or visitors smoke in the home on a regular basis. About 50% to 75% of children in the United States have detectable levels of cotinine, the breakdown product of nicotine, in their blood.

      Think about it: we spend more time at home than anywhere else. A smoke-free home protects your family, your guests, and even your pets.
      In the car

      Americans spend a great deal of time in cars, and if someone smokes there, hazardous levels of smoke can build up quickly. Again, this can be especially harmful to children.

      In response to this fact, the US Environmental Protection Agency has a special program to encourage people to make their cars, as well as their homes, smoke-free. And some states have laws that ban smoking in the car if carrying passengers under the age of 17.
      What about smoking odors?

      There is no research in the medical literature as yet that shows cigarette odors cause cancer in people. Research does show that particles from secondhand tobacco smoke can settle onto hair, clothing, and other surfaces and remain there long after the smoke is gone. Some researchers call this “thirdhand” smoke. Researchers have now proven that these settled-out particles can form more cancer-causing compounds.

      Though unknown, the cancer-causing effects would likely be very small compared with direct exposure to secondhand smoke, such as living in a house with a smoker. The compounds may be stirred up and inhaled with other house dust, but more may be absorbed through the skin or accidentally taken in through the mouth. This is why any risk the compounds pose may be larger for babies and children who play on the floor. No actual cancer risk has been measured, but this is an active area of research.
      What can be done about secondhand smoke?

      Local, state, and federal authorities can enact public policies to protect people from secondhand smoke and protect children from tobacco-caused diseases and addiction. Because there are no safe levels of secondhand smoke, it is important that any such policies be as strong as possible, and that they do not prevent action at other levels of government.

      Many US local and state governments, and even federal governments in some other countries, have decided that protecting the health of employees and others in public places is of the utmost importance. Many have passed clean indoor air laws in recent years. Although the laws vary from place to place, they are becoming more common. Detailed information on smoking restrictions in each state is available from the American Lung Association at http://slati.lungusa.orgh.

      To learn how you can become involved in helping to promote laws to reduce exposure to secondhand smoke, you can visit the American Cancer Society Cancer Action Network on the Web at http://www.acscan.org and see what’s happening across the country. The Web site can also take you to your state’s page so you can find out what is going on there. Or you can call ACS CAN at 1-888-NOW I CAN (1-888-669-4226).

Leave a Reply