မြန်မာကွ……ဟုကြွေးကြော်စရာများ

ရောက်တတ်ရာရာဖတ်ကြည့်ပါ……….

။။  ကျွန်တော်တို့တွင်…မြန်မာကွ……ဟုကြွေးကြော်စရာများအားသိရှိသမျှတင်ပြတော့အံ့……………

။။။။။။။။။ကျွန်တော်တို့မြန်မာပြည်တွင်စက်မှုလုပ်ငန်းများတိုးတက်လျှက်ရှိရာတွင်…

ရေစုပ်စက်မှ ရေပိုက်လုံးအား ခုံဖိနပ်သဲကြီုးအဖြစ်ပြောင်းလဲထုတ်လုပ်သော ..အသေးစားလုပ်ငန်းမှသည်

ပြည်တွင်းထုတ် နိုင်ငံခြားကားများကိုလည်းထုပ်လုပ်လျှက်ရှိရာတွင်….ယင်းကားများအားသံချေးမတက်သောနေရာအား

သံချေးတက်အောင်ပြုလုပ်ခြင်း…အကောင်းအတိုင်းရှိသောနေရာအားအပေါက်ဖြစ်အောင်ဖေါက်ကာ..ဂဟေပြန်ဆက်လျှက်

အစုတ်ဖြစ်အာင်ပြုလုပ်.(.အစုတ်ပုံစံပေါက်မှသာ..ယာဉ်မှတ်ပုံတင်ထုတ်ပေးသောကြောင့်)သော အကောင်းမှ

အစုတ်ဖြစ်အောင်ပြုလုပ်နိုင်သောအတတ်ပညာရှင်များ…များစွာရှိပေသည်။။။။

။။။။။နိုင်ငံခြားတိုင်ပြည်များမှ..လူစီးရန်မသင့်သော..မီးရထားတွဲအစုတ်များအားလက်ခံပြုုပြင်ကာ…အသစ်ကဲသို့

ဖြစ်စေလျှက်..ပို့ဆောင်လုပ်ငန်းများတွင်အမြန်မီးရထားများအဖြစ်တွင်ကြယ်စွာအသုုံးပြုစေခြင်းဖြင့်လည်း

အစုတ်မှအကောင်းသို့ပြောင်းလဲနိုင်သောအတတ်ပညာရှင်များလည်းတဖက်မှပြန်လည်တိုးတက်လျှက်ရှိသည်။။။။။။

။။။။။အတတ်ပညာရှင်ရွက်ပုံးသီးများလည်းအများအပြားရှိကြအံ့…….ဥပမာတင်ပြရသော်………………..

ကမ္ဘာကျော်အောင်မတော်…သော်လည်း…ပန်းချီ အတတ်ပညာရှင်များလည်းများစွာရှိကြရာတွင်…

နံရံဆေးရေးအတတ်တွင်နိုင်ငံသားတိုင်းတတ်ကြွမ်းကြရာတွင်။နီးစပ်ရာရေးခြစ်စရာများများဖြင့်

အရုပ်ထင်အောင်ပြုလုပ်ရာတွင်…ယောင်္ကျားလေးအိမ်သာတွင်းမှအနုပညာမြောက်လက်ရာ(စိတ်အစာပြေ)

ရုပ်ပုံများရေးဆွဲခြင်းနှင့်ကမ္ဘာကျော်ရေးသားချက်များအားတွေနိုင်အံ့။။။။။။။

။။။။။အတွေးအခေါ်ဒသနပညာရှင်များလည်းများစွာပေါ်ပေါက်လျှက်ရှိရာတွင်….ပညာရှင်များ၏…အတွေးအခေါ်

ဒသန ပညာရှင်များ၏..ရေးသားချက်များအားလည်း.ဘစ်ကား.မီးရထားနှင့်နေရာစုံတွင်တွေ့မြင်နိုင်သည်….

ဥပမာတင်ပြရသော်……………………..

ကွမ်းတံတွေမထွေးရ။လက်မထုတ်ရခေါင်းမပြူရ။ခါးပိုက်နှိုက်သတိပြု။မေ့ကျန်ပစ္စည်းတာဝန်မယူ။မိမိပစ္စည်းမိမိတာဝန်

လူလိုသိပါ။ဆန္ဒကိုသိက္ခာဖြင့်ထိမ်းပါ။ခွေးများသာသေးပေါက်ရန်။အမှိုက်မပစ်ရ။လမ်းပိတ်ထားသည်။ဓါတ်ပုံဗွီဒီယို

မရိုက်ရ။အစစ်ဆေးခံရန်ရပ်။တို့ဖြစ်ပြီး။။။။ရေးသော်ကုန်အံ့မထင်………………….

။။။။။အတတ်ပညာရှင်များလည်းများစွာပေါ်ပေါက်လျှက်ရှိရာတွင်ကမ္ဘာမကျော်ကြပါ……၎င်းပညာရှင်များမွေးထုတ်ရာ

တွင်အရေးပါသောအချက်အားတင်ပြအံ့…………..

စက်နှင့်ယာဉ်ပြင်အတတ်ပညာအားယာဉ်များမြန်မာနိုင်ငံသို့စတင်ဝင်ရောက်မှတ်ပုံတင်သည့် ..က/…. အက္ခရာမှသည်..

ယနေ့..နောက်ဆုံးပေါ် မော်ဒယ် များအထိ ကြွမ်းကျင်စွာပြင်ဆင်နိုင်သောမက္ကင်းနစ်များရှိရာ၎င်းပညာရှင်များ

များပြားစေခြင်းငှာ…လမ်းမများအားချိုင်ခွက်များ၊အခုံးများ။အပေါက်အပြဲများဖန်တီးကာ…၎င်းမော်တော်ယာဉ်

မျာအားလမ်းပေါ်မောင်းစေခြင်းဖြင့်ပျက်စီးစေကာ..ပြင်ဆင်မှုအတတ်ပညာအား..လူတိုင်တတ်မြောက်စေသည်။။။။

။။။။။အကြားအမြင်ပညာရှင်လူကြီးမင်းများလည်းများစွားရှိကြပေသည်…၎င်းအကြားအမြင်လူကြီးမင်းများမွေးထုတ်နိုင်

ရန်ဆောင်ရွက်ရာတွင်….အကြားအာရုံကောင်းစေရန်…ဟန်းဖုန်းများအား…ဝေဖ်မမိအောင်ပြုုလုပ်ထားပေးခြင်း..

လိုင်းဖုန်းများအားလိုင်းပူးထားပေးခြင်းဖြင့်…အာရုံစူးစိုက်စေလျှက်..အကြားပညာရှင်များဖြစ်စေပါသည်။

လူကြီးမင်းများဖြစ်စေရန်အတွက်မူ…ခေါ်ဆိုသောဖုန်းမှ…လူကြီးမင်းခေါ်ဆိုသောဖုန်းမှာဆက်သွယ်မှုဧရိယာပြင်ပသို့

ရောက်နေပါသည်ဟု..အကြိမ်ကြိမ်လူကြီးမင်းဟုခေါ်စေလျှက်….လူအားလုံးအားလူကြီးမင်းများဖြစ်စေခြင်း။။။။

။။။။။အမြင်ပညာရှင်ဖြစ်စေရန်အတွက်မှု..နေ့စဉ်…ကိုရီးယားဇာတ်လမ်းတွဲများ အား…တီဗွီတွင်နေ့စဉ်

အကြိမ်ကြိမ် ပြသပေး ခြင်းဖြင့်၎င်း……….အမြင်ပညာရှင်များဖြစ်စေကာ..အားကျအတုယူစေခြင်းဖြင့်

ကျွန်တော်တို့တွင်…

….အကြား/အမြင်/လူကြီးမင်း/ပညာရှင်များပေါ်ပေါက်လျှက်ရှိပါကြောင်း……

…မိတ်ဆွေ..သင့်တွင်ပညာရှင်ဖြစ်ရန်မျာစွာအခွင့်အရေးရှိသည်…

…မပေါ့ဆနှင့် ကြိုးစားလော…

……………ဘီလူး……………

5 comments

  • MaMa

    February 16, 2011 at 12:59 am

    တော်ပါပေ့။ အရေးအသားနဲ့ အတွေးအမြင်ကို ပြောတာပါ။ တလွဲမတွေးနဲ့နော်။

  • အာဖျံ ကွီး

    February 16, 2011 at 3:26 am

    မြန်မာ “ကွ” … ဟီးးး

  • char too lan

    February 16, 2011 at 5:16 am

    ဟုတ်ကဲ့ပါ အကြား အမြင် လူကြီးမင်း ပညာရှင် ကိုဘီလူးကြီး ခညာ……..
    အဲ့ဂလောက်တိုးတက်နေမှဒေါ့ အနော်တို့လဲ တမာ္ဘမှာညံမာဟေ့ချိုပီး ပြေးပုန်းချရာမလို့တော့ဘူးပေါ့နော် တော်ပါဗေဒယ်ဂျာ…………………… 😀

Leave a Reply