ခရုဝင်မှု ကြီးကြပ်ရေး

ဆူးFebruary 15, 20111min23722

ဒီနေ့ ဘာစားရင် ကောင်းမလဲ

သစ်ပင် သစ်ရွက်ကလေးတွေ နဲ့ စိမ်းစိမ်းစိုစို ဖြစ်အောင် အပင်စိမ်းစိမ်းလေးတွေ စိုက်မယ် အကြံနဲ့ မြေပဒေသာ ကျွန်း ရောက်တဲ့ အခါ အပင်တွေ ဝယ်ပြီးတော့ စိုက်ထားတယ်။ သစ်ခွ ပင်တွေ စသဖြင့်ပေါ့လေ.. အသီး နီနီလေးတွေ နဲ့ တို့လို တွဲလောင်း ဖြစ်နေတာ မြင်တော့ အိမ်မှာလည်း အပျော် စိုက်မယ် ဆိုပြီး ခရမ်းချဉ်ပင်တွေ တထုတ် ၅၀ဝ နဲ့ ဝယ်လာတယ် မျိုးစေ့တွေ ပြောင်းဖူးပင်မျိုးစေ့တွေ ကန်ဇွန်းပင် မျိုးစေ့တွေ ရုံးပတီသီး နဲ့ ခဝဲသီး အစေ့ အထုတ်ကတော့ အပင်ဘဲ မြင်ခဲ့တယ် မျိုးစေ့ ထုတ် မမြင်တော့ မဝယ်ခဲ့ဘူး။ မေးကြတယ် ဘယ်နားက မြေမှာ စိုက်မှာလဲတဲ့.. တစ်စေ့ နှစ်စေ့ အရင် စမ်းပြီးတော့ စိုက်မယ် ပန်းအိုးထဲမှာ အပင်က ခဏဆို သေမှာဘဲ နောက်ထပ် စိုက်တာပေါ့ ဆိုပြီး စိတ်ကူးလေးနဲ့ ဝယ်လာပြီး စိုက်လိုက်တာ.. အပင်လေးတွေ အနုလေးတွေ အစီအရီ ပေါက်လာကြတယ်။ ဝမ်းသာစရာဘဲပေါ့လေ.. စိုက်ထားတဲ့ အပင် ပေါက်တယ် ဆိုတော့ တနေ့ တနေ့ ဘယ်လောက် နှုန်းကြီး သလဲ သွားသွား ပြေးကြည့်ရတာ အမောဖြစ်နေတာ။ မြေကြီး မရှိဘဲ ပန်းအိုးလေးနဲ့ စိုက်ရတာ ဆိုပေမဲ့ သေချာ ဂရုစိုက်ပြီး စိုက်မယ်ပေါ့ကွယ်။ အပင်ပေါက်တွေ ထွက်လို့ ၃ရက်လောက်မှာ သတင်းကြားသွားပြီ ထင်တယ်။ နောက်တနေ့ မနက်မှာတော့ အရွက်နုတွေ အကုန် ကုန်သွားတာဘဲ အပင်လေးလဲ သေကော.. စိတ်တောင် မကောင်းဘူး အရွက်မှန် သမျှ အကုန် ကိုက်တာ သဘာဝဘဲ ဆိုပေမဲ့ ကိုက်စရာ ရှားလို့ ဆိုတဲ့ အတွေး တွေးမိပါတယ်။ သူတို့လည်း နုနုရွရွ စားချင်မှာပေါ့လေ။ ဒီတော့ မနက် မနက် အလုပ်မသွားခင် ရေခွက် တလုံးနဲ့ ညှပ်တခုနဲ့ တောနင်း ရှာရတော့တာဘဲ ဟိုကျော်ခွ ကြည့် ဒီကျော်ခွ ကြည့်နဲ့.. တွေ့သမျှ ခရုတွေ အကုန် ကောက်ပြီး ရေခွက်ထဲ ထည့်ပြီး လမ်းထိပ်က အများပိုင် သစ်ပင်အုပ်ထဲ သွားချထားလိုက်တယ်။ သူများတွေကပြောတယ် ခရုကို ဆပ်ပြာရည်ပက်ရင် အရည်ပျော်သွားတယ် ဆားပင်ရင် အရည်ပျော်သွားတယ် ပြောပါတယ်။ ဒါပေမဲ့ သေအောင်လည်း မသတ်ချင်ဘူး သူ့တို့ ဘဝလေးတွေ အစားကောင်းကောင်း နဲ့ နေပျော်အောင် အပင်တွေ အများကြီး ရှိတဲ့ နေရာကို ပို့လိုက်တယ်။
အိမ်က လူကြီးတွေက ခရုတွေ့ရင် ဟော… ဟိုမှာ.. နင့်ဖောက်သည်ကြီးတွေ.. အမြန်ကောက် ဆိုပြီး လက်ညိုးညွန်ပြကြတယ်။
မနက်ဆို ခရုကောက်ပစ်တဲ့ အလုပ် တခုတော့ ရနေတယ်။ ညဘက် ဆို ထွက်လာပြီး စားသောက်ပြီး နေထွက်တာနဲ့ စိုစွတ်တဲ့ ပုန်းခိုရာမှာ ပုန်းအောင်း နေကြတယ်။

ခရုဆိုတဲ့ သတ္တဝါ တခါဥရင် ၄ဝ – ၆ဝ အထိ ဥပြီး ပေါက်နိုင်ပါသတဲ့။ ခရု တကောင် ဥတွေ နဲ့ ရောက်လာပြီးရင်တော့ အကောင် ၄ဝ ကနေ ၆ဝ အထိ ပွားများမယ်တဲ့။


ဥဥ နေတဲ့ ခရု အမ တကောင် ဖြစ်ပါတယ်။


အဲဒီ ခရု အကြားလေးတွေကတော့ မြန်မာပြည်မှာ အရင်က မရှိဘူးလို့ ပြောသံကြားတယ်။ သင်္ဘောသားတွေ စားရင်း သောက်ရင်း သူတို့ ကနေ တဆင့် ကျကျန်ခဲ့ပြီး အကောင်တွေ အတွက် အများ အပြား ဖြစ်ပြီး တော်တော် ပေါများနေကြတာ ဖြစ်ပါတယ်။

ထိုခရု အကြားကြီးတွေ လူတွေ စားမစားတော့ မသိဘူး။ ဒီက လူတွေကတော့ ခရု ကိုင်ရင် နူတတ်တယ် လို့ ပြောကြတယ်။ ကိုင်ရမှာတော့ ရွန်စရာ ကောင်းတယ်။ အလုပ်မရှိ ခရုတွေ နံရံပေါ်ကို ဖက်တက်ကြတယ် ပြီးရင် အီးအီးပါပြီး ပြန်ဆင်းသွားတယ် အိမ် ညစ်ပတ်တယ်။ ရေဆေးချလည်း မရ ခြောက်သွားတော့လည်း ကပ်ပြီး အမဲ အခွေအကြီး။ စိတ်ပျက်တယ်ကွယ်။


ခရု ကြီးကြီး တွေ သူတို့ကတော့ စားလို့ သောက်လို့ ကြီးထွားနေကြပြီ။ အိမ်က အပင်တွေလည်း ကုန်ပြီ။

22 comments

  • antimoe

    February 15, 2011 at 3:54 pm

    >>သင်္ဘောသားတွေ စားရင်း သောက်ရင်း သူတို့ ကနေ တဆင့် ကျကျန်ခဲ့ပြီး အကောင်တွေ အတွက် အများ အပြား ဖြစ်ပြီး တော်တော် ပေါများနေကြတာ ဖြစ်ပါတယ်။
    >
    …….ဆိုတာထက်၊ လူမှမစားတာ သင်္ဘောသားတွေ စားပါ့မလားနော…။
    နိုင်ခြံငါး သင်္ဘောတွေနဲ့ အလည်လာရင်း ပျော်လွန်းလို့ မပြန်တော့တာဖြစ်မယ်။

  • ဆူး

    February 15, 2011 at 3:58 pm

    အဲလို ဟုတ်မှာပေါ့။ သင်္ဘောနဲ့ အလည်လာရင်း မပြန်နိုင်တာ ဖြစ်မှာပေါ့။ တခြား နိုင်ငံက လူတွေ စားများ စားလားလို့။
    ခရုဆီ ထုတ်တာတွေ ပြထားတယ် အဲဒီ ခရုပုံတွေ ပြပြီးတော့။ သိတဲ့လူ ရှိလားကွဲ့..

  • antimoe

    February 15, 2011 at 4:23 pm

    စားတဲ့ခရုဆိုရင် ဆူးတောင် တွေ့ရပါ့မလား။
    မင်းလမ်းမုန့်တီဆိုင် ရောက်နေရောပေါ့။

  • ဆူး

    February 15, 2011 at 4:30 pm

    မင်းလမ်း မုန့်တီက ဈေးသိပ်ကြီးတာဘဲ။ ရေထဲက အကောင်တွေ အဲဒီမှာ ရတယ်။
    လှိုင် တက္ကသိုလ် နားက ဆိုင်ဆို မင်းလမ်းဆိုင်ထက် မုန့်တီ ၁၀ဝ ပိုဈေးကြီးတယ် ဆိုင်ခ ပိုများလို့လား မသိဘူး။

  • etone

    February 16, 2011 at 2:30 am

    ခရုဆိုရင် ကြည့်လို့ကိုမရဘူး သူ့သဘာဝဆိုပေမဲ့ ရွှံစရာကြီး။
    ခရုမလာအောင် ခြံထဲမှာ ထုံးမှုန့်ဖြူးထားပါလား ။ နောက်တစ်ခုက ပန်အိုးပတ်လည်ကို ထုံးသုတ်လို့ရတယ်လေ ။

  • နွယ်ပင်

    February 16, 2011 at 2:50 am

    ခရု ဆိုအရမ်းအူယားတာပဲ သူတို့က ဘာမှမလုပ်နိုင်မှန်းသိပင်မဲ့ စိတ်ထဲကနေ ရွံနေတာ အိမ်မှာဆိုခရုမလာအောင် ထုံးတားထားတယ် …

  • bigcat

    February 16, 2011 at 3:21 am

    အပင်ပန်းခံလို့ဗျာ။ အသီးအရွက်တွေစိမ်းနေတဲ့ ပိုစတာတွေ နံရံမှာကပ်ထား၊ မော်နီတာမျက်နှာပြင်မှာ အသီးအနှံပုံတွေတင်ထား။ ထမင်းစားတဲ့အခါကြတော့ ငါစိုက်ထားတဲ့ အသီးအရွက်တွေကို ချက်စားတာလို့ တွေးလိုက်ပေါ့ကွယ်။

  • weiwei

    February 16, 2011 at 7:30 am

    ငယ်ငယ်တုန်းကတော့ ခရုတွေကို ထိုင်ကြည့်ရတာ သဘောကျတယ် .. မပုကြွယ်နဲ့ ခရုငယ်ဇာတ်လမ်းကို လက်တွေ့လေ့လာကြည့်တာလေ ..

  • အာဖျံ ကွီး

    February 16, 2011 at 7:53 am

    ကွီးတို.က နယ်ပေါက်တွေဆိုတော့ … မိုးရာသီဆို ခရုတွေ အမြဲလိုလို တွေ.ရတတ်တရ်။
    တချို.ခရုအမျိုးအစားဆိုရင် … သူသွားထားတဲ့လမ်းမှာ အချွဲတွေချထားခဲ့တတ်လို. … ချော်လဲရတာတောင်ရှိတရ်။
    အင်း .. ခရုဥကိုတော့ မဆူးပုံထဲမှာမှ စမြင်ဘူးတာ။

  • ဆူး

    February 16, 2011 at 8:13 am

    မပုကြွယ် နဲ့ ခရုငယ်ကတော့ မှတ်မိမှု အများဆုံးဘဲ စာကျက်တဲ့ အခါ ကြိုးစားဖို့ ပညာပေးလေး။

  • ဆူး

    February 16, 2011 at 8:17 am

    ကွီးရေ ခရုဥကို အင်တာနက်ကနေ ရှာထားတာ.. ကိုယ်တိုင်လည်း ရှာမရိုက်တတ်ဘူး။
    ထုံးဖြူးတော့ အိမ်ညစ်ပတ်တယ်လေ ရေစိုတိုင်း အဲဒီ ထုံးက ရေပွပြီး ညစ်ပတ်ကုန်ရော.. စိတ်ညစ်တယ်။

    ဒါနဲ့ စကားမစပ် နယ်ဘက်မှာ အဲဒီ ခရု အဆင်းကြားတွေ မရှိဘူးလို့ ပြောသံကြားတယ်။ တခြား အမျိုးအစား ခရုဘဲ မြင်ဘူးတယ်လို့ တချို့ ပြောတာဘဲ။

  • pinoolwin

    February 16, 2011 at 10:02 am

    ထိုင်ဝမ်ကတိုင်းရင်းသားတစ်ချို ့တော့စားတာမြင်ဖူးတယ်–
    သူတို့ကအရက်နဲ့ချက်တော့အနံ့တော်တော်တော့မွှေးတယ်–

    ဒီခရုတွေကိုဆားဖြူးပေးလိုက်ယင်ချက်ချင်းအရည်အဝါရောင်တွေထွက်လားပြီး–
    ရှိနေတဲ့နေရာကနေခွာကျတယ်– ပြီးတော့ခြောက်သွားတယ်–
    နောက်ဆုံးတော့လည်း — ထာဝရအိပ်စက်အနားယူသွားတယ်….

    ———မိမိ၏ကိုယ်တွေ ့———-

  • naywoonni

    February 16, 2011 at 1:21 pm

    ဟုတ်တယ်လေ.. ခရုနဲ့ တီကိုနိုင်တာ ဆားပဲရှိတာပဲ ငွေကုန်ကြေးကျလည်းသက်သာတယ်လေ

  • unclegyi1974

    February 16, 2011 at 3:49 pm

    ဆူးက ကိုယ့်အိမ်ကအပင်ကိုတော့မစားနဲ့
    အများပိုင်သစ်ပင်တွေတော့စားချင်သလောက်စားတဲ့

    • ဆူး

      February 17, 2011 at 7:33 am

      အိမ်က အပင် စားတော့ အလှစိုက်တာ မျက်စိပဿရ အတွက် စိုက်တာ အကုန်လုံး အညွှန့်ကျိုးသွားတော့ အပင်နည်းနည်း နဲ့ ခရုများများ မျိုးကန်းသွားမှာပေါ့ အန်ကယ်ကြီးရဲ့.. အပင်များများ ရှိတဲ့ အရပ်မှာ ကြိုက်သလောက် စားလို့ ရအောင် ပို့တာ ဆိုတော့.. ရိက္ခာကောင်းတဲ့ အရပ်မှာ စားကျက်ပြောင်းခိုင်း ယုံပါဘဲ။ အပင်များတော့ ခရုပြသနာ မသိသာဘူး အန်ကယ်ကြီးရဲ့.. အားလုံး အဆင်ပြေအောင်လို့ပါ။

  • kai

    February 17, 2011 at 12:20 am

    မြန်မာတွေက ..စကားမကြွယ်သေးလို့ပါ..။
    တကယ်က .. အခုပုံကပြထားတဲ့ ခရုက ..ကုန်းပေါ်ကခရု..။

    ပင်လယ်ရေငံထဲ ..ခရုအမျိုးသောင်းချီရှိသေးတယ်..။
    အဲဒီထဲက..အကုန်လိုလို ..လူစားလို့ရပါတယ်..။

  • ဆူး

    February 17, 2011 at 7:38 am

    အိမ်မှာ လာကပ်နေတာ ကုန်းခရုဘဲ ဖြစ်ရမှာပေါ့ ဦးလေးရ..
    စားရမှာတော့ ရွန်စရာကြီး။ ဂုန်းဆိုပြီးတော့ စားနေကြတာဘဲ.. ရေနွေးအိုးထဲ ထည့်လိုက်ရင် ယပ်တောင်နှစ်ခု လက်ကိုင် ထိထားတာ ကြနေတာဘဲ ပွင့်အာသွားတာ.. ပြီးတော့ အကောင်က ပူစိညှောက်တောင်.. သေးသေးလေးဘဲ စားရတဲ့ အကောင်ကို အလုပ်ရှုပ်ခံပြီး စားနေကြတယ်။

  • nyimalay

    February 17, 2011 at 10:59 am

    အဲ့ဒီဂုန်းဆိုတာကို ရန်ကုန်ရောက်ခါစက City Mart ကနေဝယ်လာပြီး ကြက်ဥနဲ့ကြော်စားမယ်ဆိုပြီးကြော်လိုက်တာ ……. တော်တော် ငြီတာပဲ …… စားဖို့နေနေသာသာ အနံတောင်မခံနိုင်လို့ လွှင့်ပစ်ရတယ်…… လုံးဝမကြိုက်….. ခရုဆိုလည်းရွံတယ်… ပျော့ပျော့စိစိကောင်မှန်သမျှ တီ၊ ခရု၊ ပက်ကျိ၊ မြွေ………….. စသည်ဖြင့်ပေါ့ ရွံလည်းရွံတယ် ကြောက်လည်းကြောက်တယ်…… ငယ်ငယ်ကဆို မိုးရွာထဲများလမ်းသွားနေရင်း အဲ့ဒီအကောင်တွေတွေ့လို့ကတော့ ဆက်ကိုမသွားရဲတော့တာ…… မြွေဆိုရင်တော့ ပြေးတာပေါ့နော်…… ဘုရင့်နောင်သွေးပါတယ်ပိစိကွေးက 😛

  • naywoonni

    February 17, 2011 at 11:33 am

    ပိစိဖို့ မျှော့ကြော် ပါဆယ်ပို့လိုက်မယ်။

  • ဆူး

    February 17, 2011 at 1:57 pm

    အဘနီ မျော့ကြော် စားနေကျလား။
    မျော့တော့ တခါမှ အတွယ် မခံရဘူးပေမဲ့။ ကျွတ်တော့ အတွယ်ခံရဘူးတယ်။ ဘာကြောင့်မှန်း မသိဘူး ခြေထောက်က သွေးတွေ စပ်တိုက်ထွက်နေလို့.. လူကြီးတွေက ပြောတယ် အဲဒါ ကျွတ်တွယ်သွားပြီး သွေးဝလို့ ခုန်ဆင်းသွားတာတဲ့။ ဘုန်းကြီး ကျောင်း သွားရင် မိုးတွင်းဆို ကျွှတ်တွေ အားကြီး တွေ့ရတတ်တယ်။

  • draungkyawkyawoo

    February 21, 2011 at 9:15 am

    ခရုကို တစ်ချို့ မြန်မာတွေ စားကြတယ် … ။
    ရုပ်ရှင်ထဲမှာတောင် ပါသေးတယ် လေ … ကားနာမည် မမှတ်မိတော့ဘူး ရန်အောင် သရုပ်ဆောင်ထားတာ … ခွက်ကြီးထဲမှာ အရွယ် တစ်လက်မသာသာရှိတဲ့ ခရုတွေစီနေတာပဲ ထည့်ထားပြီး သူက အခွံဘေးကနေ စုပ်စားတယ်ဆိုပဲ .. တွေးကြည့်ရုံနဲ့ ရွံတယ် ။ ရုပ်ရှင်ထဲမှာတော့ သူက အားရပါးရ စားပြတာပဲ … ကြည့်ရတဲ့ လူက အန်ထွက်တော့မယ် ။

  • ဆူး

    February 21, 2011 at 1:45 pm

    ရန်အောင် စားပြတာတော့ မသိဘူး လွင်မိုးတော့ လိပ်ဥစားပြတာ မြင်လို့ အဖေ ကို ပြောတော့ တရုတ်တန်းကနေ လိပ်ဥတွေ ဝယ်ပြီး ပြုတ်ကျွှေးတယ်။ လိပ်ဥက အခွံပျော့ပျော့ဘဲ.. အတွင်းသားက သဲတရှပ်ရှပ် နဲ့ စားရသလိုဘဲ။ စားလို့ ကောင်းဘူး။

Leave a Reply