လောက၌ ဤ ပုဂ္ဂိုလ် လေးမျိုးတို့သည် ထင်ရှား ရှိကုန်၏၊

bigbirdFebruary 15, 20111min1035

လောက၌ ဤ ပုဂ္ဂိုလ် လေးမျိုးတို့သည် ထင်ရှား ရှိကုန်၏၊

(၁) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန် ဆင်းရဲစေတတ်၏၊ မိမိကိုယ်ကို ပူပန် ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့် အားထုတ်၏။

(၂) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သူတစ်ပါးကို ပူပန် ဆင်းရဲစေတတ်၏၊ သူတစ်ပါးကို ပူပန် ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့် အားထုတ်၏။

(၃) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုလည်း ပူပန် ဆင်းရဲစေတတ်၏၊ မိမိကိုယ်ကို ပူပန် ဆင်းရဲစေမှု၌လည်း အဖန်တလဲလဲ ပြုကျင့် အားထုတ်၏၊ သူတစ်ပါးကိုလည်း ပူပန်ဆင်းရဲစေတတ်၏၊ သူတစ်ပါးကို ပူပန် ဆင်းရဲစေမှု၌လည်း အဖန်တလဲလဲ ပြုကျင့် အားထုတ်၏။

(၄) ပုဏ္ဏား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်ကို ပူပန် ဆင်းရဲစေတတ်သူလည်းမဟုတ်၊ မိမိကိုယ်ကို ပူပန် ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့် အားထုတ်သူလည်း မဟုတ်၊ သူတစ်ပါးကို ပူပန် ဆင်းရဲစေတတ် သူလည်း မဟုတ်၊ သူတစ်ပါးကို ပူပန် ဆင်းရဲစေမှု၌ အဖန်တလဲလဲ ပြုကျင့် အားထုတ် သူလည်း မဟုတ်၊ ထိုသူသည် မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေတတ်၊ သူတစ်ပါးကိုလည်း မပူပန် မဆင်းရဲစေတတ်သည် ဖြစ်၍ မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင် ကိလေသာ ဆာလောင် မွတ်သိပ်မှု မရှိသည် ငြိမ်းချမ်းသည် အေးမြသည် ချမ်းသာ သုခကို ခံစားရသည် ဖြစ်၍ မြတ်သော ကိုယ်ဖြင့် နေထိုင်ရ၏။

ပုဏ္ဏား ဤပုဂ္ဂိုလ်လေးမျိုးတို့တွင် အဘယ် ပုဂ္ဂိုလ်သည် သင်၏ စိတ်ကို နှစ်သိမ့်စေဘိ သနည်း ဟု (မိန့်ဆိုတော်မူ၏)။

5 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 15, 2011 at 7:57 pm

    နံပါတ် လေး ပုဂ္ဂိုလ် ပါ
    ဆရာတော် ငှက်ကြီး
    ဘုရား

  • bigbird

    February 16, 2011 at 12:30 am

    မှန်တာပေါ့ တကာအောင်ပုရယ်၊။ တရားဝပ်ဆိုက်တစ်ခုက
    ကူးယူပြီးတင်လိုက်တာပါ။ လွတ်လပ်စွာကူးယူဖြန် ့ချီခွှင့်ပြုထားလို ့
    ခွှင့်ပြုချက် မတောင်းခံတာပါ။

    ငှက်ကြီးတို ့ကတော့ နံပါတ်(၁) အမျိုးအစားထဲမှာပါတယ်။ သူတစ်ပါးကို ပင်ပန်းဆင်းရဲအောင်မလုပ်ပေမယ့် မိမိကိုယ်ကို ပင်ပန်းဆင်းရဲအောင်လုပ်နေတုန်းပါပဲ….

  • char too lan

    February 16, 2011 at 6:32 am

    Arnyarthar ပြောတာမှန်တယ်တယ် နံပါတ်လေးလောက်ထိတော့ ခြောက်ပစ်ကင်း သဲလဲစင်မဟုတ်သေးဘူး ခဗျာ့ 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 16, 2011 at 1:49 pm

    မဇ္ဈိမနိကယ်-မဇ္ဈိမပဏ္ဏာသ ပါဠိတော် မြန်မာပြန်
    ဂဟပတိဝဂ် ကန္ဒရကသုတ်
    စာမျက်နှာ ( ၆ ) စာကြောင်းရေ ( ၁၁ )
    မှာ အကျယ်ရှုနိုင်ပါကြောင်း

Leave a Reply