ပိုက်ဆံရှာတယ်ဆိုတာ

snowFebruary 15, 20111min1035

ရှေးခေတ်က ဖခင်တယောက်လုပ်စာနဲ့ မိသားစု ၁ဝ ယောက်လောက် ထိုင်စားနေနိုင်တယ်ဆိုတာ ဖြစ်နိုင်တယ် စားတော့ ခြံထွက်သီးနှံလေးနဲ့ စား၊ ဝတ်တော့ ကိုယ့်ဘာသာယက်တဲ့ လက်ယက်ချည်ထည် နေတော့လဲ ထရံကာ ဝါးကပ်မိုး ၊ သရေစာက ထန်းညက် ၊ အိမ်အသုံးအဆောင်ပစ္စည်းများကလဲ ထမင်းစားပွဲဝို်င်းနဲ့ ကြမ်းပြင်ပေါ်ထိုင်စား
အိပ်တော့ ချည်စောင် ဘာအတွက်မှ အထူးတလည်ကုန်စရာမရှိဘူးလေ သွားတော့ နွားလှည်းနဲ့ လေ
ခုခေတ်က ဘယ်လိုမှလောက်နိုင်စရာမရှိ
ဝတ်တော့လဲ လူတွေက သောင်းကျော်တန်မှ အထင်ကြီးတတ်တော့ သောင်းကျော်တန်ဝတ်ရတယ် ဆံပင်ပုံကပြောင်းရတာရယ် ဖိနပ်ကလဲ သောင်းဂဏန်း ကိုင်ရတဲ့ ပိုက်ဆံအိတ်က ဘယ်လောက်တန် လူပေါ်ဆင်ရတဲ့ တန်ဖိုးကတင် တယောက်လုပ်စာနဲ့မလောက်ချင်ဘူး စားစရာက အိမ်မှာဖြစ်သလိုစားရင်တောင် အပြင်ရောက်တော့ စားသောက်ဆိုင်မှာ မတန်မရာ ပေးဝယ်စား စတိုင်ထုတ်
မိန်းကလေးဆို မိတ်ကပ်ဖိုးကတင်မနည်းဘူး အင်း ဘယ်လောက်ရှာရှာ ဘယ်လောက်စုစု ဒီလိုသုံးဖြုံးနေတာ ဘယ်လိုမှ မလောက်နိုင် အိမ်မှာကျတော့ တီဗီလေးကရှိမှ အောက်စက်ကလေးလဲ ပါမှ ဧည့်သည်ထိုင်ဖို့ ဆက်တီတစ်စုံလဲရှိမှ ဟန်းဖုံးတလုံးလောက်ကလဲ ရှိမှ အင်း ပြောရရင် ပြောလို့ကုန်မှာမဟုတ်ဘူး ဒီတော့ ဒီခေတ်ကြီးမှာ ဘယ်လိုရရ လောဘကလဲ ပြည့်မှာမဟုတ်ဘူး ပြည့်စုံတဲ့သူကလဲ မော်ဒယ်အောက်ရင် အသစ်နဲ့လဲ
ဒါကြောင့်လဲ ရှေးစကား ရှိခဲ့တယ်
တရုတ်လိုရှာ
ကုလားလိုစု
ဗမာလို မဖြုန်းနဲ့ တဲ့
ထိုစကား မှန်ပါတယ်
အင်း နောက်ဆုံးတော့ သေရင် ပင်ပန်းသမျှ သွားရော ရှာထားသမျှ အလကား ဖြစ်ကုန်တယ်
ဒီလိုတွေ ဖြစ်ရတာ လူတော်တော်များများရဲ့ သတ်မှတ်ချက်ကြောင့် ပို ဒုက္ခရောက်နေကြတာ
အကျီသောင်းကျော်တန်မဝတ်ရင်ပဲ အထင်မကြီးသလိုလို ဖိနပ်က ဘာဖိနပ် ဖုံးမကိုင်နိုင်ရင်ပဲ လူတောမတိုးသလိုလို အဲလိုလူတွေအထင်ကြီးအောင်လိုက်လုပ်နေရတဲ့သူတွေဘဝက သနားစရာပါပဲ ကိုယ့်စိတ်နဲ့ကိုယ် နေချင်သလို မနေရတဲ့ဘဝ သူများစိတ်နဲ့ လူလုပ်ရတဲ့ဘဝပါပဲ ဒီတော့ ဒါတွေဝတ်နိုင်အောင် နေနိုင်အောင် မကောင်းတဲ့အလုပ်တွေလုပ်ပြီး အသက်မွေးကြရတယ် ဘာအလုပ်ပဲလုပ်လုပ် ပိုက်ဆံရှိရင် လူတွေက ဆက်ဆံတာတမျိုးဖြစ်သွားတယ်လေ ပိုက်ဆံက အဓိကပဲ အကျင့်စာရိတ္တက အရေးမကြီးတော့ဘူး
တစ်နေ့ကတော့ သူငယ်ချင်းတယောက်နဲ့စကားပြောရင်း အနှိပ်ခန်းတို့ စင်တင်စားသောက်ဆိုင်တို့အကြောင်းကို သိခဲ့ရတယ် တခါမှ မရောက်ဖူးတော့ မသိတာတွေ သိလာရတယ် ကိုယ့်လို မသိတဲ့သူများသိအောင် ဗဟုသုတပေါ့နော် သိတဲ့လူတွေကတော့ ပြုံးနေကြမလားပဲ အနှိပ်ခန်းက တယောက်တခန်း ခြားထားတယ်တဲ့ အဲ အနှိပ်ခံတဲ့သူကတော့ ယောကျင်္ားလေးတွေများတာပေါ့နော် မိန်းကလေးတွေလဲသွားတယ်လို့တော့ ကြားတယ် ဘယ်လိုအခန်းတွေမယ် အနှိပ်ခံလဲ မသိဘူး ခုဟာက ယောကျင်္ားလေးတွေအကြောင်းပေါ့
ယောင်္ကျားလေးတွေက သူတို့ကို နှိပ်ပေးတဲ့ကောင်မလေးကို သဘောကျရင် ပိုင်ရှင်ဆီခွင့်တောင်းပြီး အဲဒီအခန်းထဲမှာပဲ တခါထဲ အတူနေကြတယ်တဲ့
နောက်ပြီး စင်တင်စားသောက်ဆိုင်မှာတော့ အဲလိုအခန်းတွေ မစီစဉ်ပေးဘူးတဲ့ ကိုယ်ကြိုက်တဲ့ကောင်မလေးကို အပြင်ကို ခေါ်သွားရတယ်တဲ့ ပိုင်ရှင်ကို ကောင်မလေးက ၃သောင်းပေးရတယ်တဲ့ (မနှစ်ကဈေးနော်) အဲဒီတော့ ကောင်မလေးတယောက်ခေါ်ရင် တော်တော်ကုန်မယ်ထင်တယ်နော် တခါ ဆံပင်ညှပ်ဆိုင်မှာလဲ သူငယ်ချင်းက ခေါင်းလျှော်တော့ လိုက်ကာမကာဘူးတဲ့ သူ ခေါင်းလျှော်ပြီးလု့ိထွက်လာတော့ ယောကျင်္ားတွေလာလျှော်တော့ လိုက်ကာ ကာလိုက်တယ်တဲ့ ဘာလို့ကာလိုက်တာလဲဆိုတာ တွေးသာကြည့်ပေတော့
သေသေချာချာစဉ်းစားကြည့်ရင် အနှိပ်ခန်းဖွင့်တဲ့လူတွေ စင်တင်စားသောက်ဆိုင်ပိုင်ရှင်တွေဟာ ခပ်ရိုင်ရိုင်းပြောရရင် ခေါင်းဖြစ်နေကြတယ်နော်
သူတို့မှာ သမီးမရှိရင် အမေတော့ ရှိကြမှာပဲ အော် ပိုက်ဆံရရင် ဘာမဆိုလုပ်စားနေကြတာပဲ သမီး ရှိတဲ့ သူများတော့ ကိုယ်ချင်းမစာကြဘူးလား
မိန်းကလေးတွေလဲ ပြန်စဉ်းစားကြည့် ဒီယောကျင်္ားတစ်ယောက်ဆီက ရတဲ့ပိုက်ဆံနဲ့ ကိုယ့်ကိုယ်ကို ပြန်ပြင်ဆင်နေရတာ ခေါင်းကနေ ခြေအဆုံး ပြင်နေရတာ ပိုက်ဆံကော ပိုကြရဲ့လား ရတဲ့ပိုက်ဆံနဲ့ ကုန်တဲ့ပိုက်ဆံ အတူတူဆိုရင် ကိုယ့်ဘဝပျက်နေတာပဲ အဖတ်တင်တော့မပေါ့ မိဘကိုလုပ်ကျွေးတော့ကော လိပ်ပြာသန့်ကြရဲ့လား တခြားလုပ်စရာ အလုပ်တွေ ရှိပါတယ် နဲနဲရ နဲနဲစားကြပေါ့လေ
ဒါတွေကို တော်လှန်ပြီး အကျင့်စိတ်ဓာတ်ကောင်းအောင် လုပ်ကြပါ
လူသေပေမယ့် နာမည်မသေအောင် ကျင့်ကြပါ လို့တိုက်တွန်းလိုက်ပါတယ်။

5 comments

  • nyimalay

    February 16, 2011 at 4:57 am

    “မိန်းကလေးဆို မိတ်ကပ်ဖိုးကတင်မနည်းဘူး”
    ဒါကမိန်းကလေးတိုင်းမဟုတ်ပါဘူး….. ပိစိကွေးလိုမိန်းကလေးတွေသာများရင် မိတ်ကပ်ကုမ္ပဏီတွေဒေဝါလီခံကုန်လိမ့်မယ်……… ဘာလို့လည်းဆိုရင် ပိစိကွေးကိုပိစိကွေးမေမေက သဘာဝအတိုင်း မပြင်မဆင်ပဲ လှနေအောင်မွေးပေးလိုက်တာလေ…….. ဒီတော့ ပိစိကွေးက သုံးစရာမလိုတော့ဘူးလေ…….. သနခါးလေးပဲလိမ်းတာတောင်တော်တော်လှနေလို့စိတ်ညစ်နေရတယ်….. 😛

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 16, 2011 at 5:07 am

    သဘာဝ အတိုင်းနေတဲ့နေရာမှာ ဘယ်သူမှ မမှီဘူး
    အောင်ပုကို
    သဘာဝအတိုင်းနေတယ်
    အောင်ပု
    ဆံပင်မညှပ်ဘူး ဒါ သဘာဝအတိုင်း
    ဘာအမွေးမှ မညှပ်ဘူး ဒါ သဘာဝ
    ဘာမှ မဝတ်ဘူး ဒါ သဘာဝ

    • weiwei

      February 16, 2011 at 7:46 am

      သဘာဝအတိုင်းနေတယ်ဆိုတော့ စဉ်းစားစရာပဲ … လူမှ ဟုတ်ရဲ့လားလို့ … လူတစ်မျိုးတော့ရှိတယ် … ဘာအဝတ်မှ မဝတ်တဲ့ ဘုန်းကြီးလေ … ဂျိမ်းစ် ဘုန်းကြီး … ကိုအောင်ပုက အဲဒီလို ဘုန်းကြီးများလား မသိဘူး … 🙂

  • etone

    February 16, 2011 at 6:18 am

    ဂျာနုရေ သိပ်မရေးနဲ့ ဟ … ။
    ခေါင်းတွေလာဆဲနေဦးမယ် ..။ ဒါမျိုးရေးရင် သူတို့ ဘာသာ ရှာစားတာ ဘာဖြစ်ဖြစ်၊ ကိုယ်မလုပ်ရင်ပြီးတာပဲ တို့ … ပိုက်ဆံနဲ့ တန်တဲ့ တန်ကြေး ပြန်ပေးရတာပဲ တို့ ပြောပြ ီး နာတတ်တဲ့ လူတွေရှိနေတယ်… ။

  • char too lan

    February 16, 2011 at 7:20 am

    အင်းးးးးး မလွယ်တာတော့ တကယ်မလွယ်ဘူးဗျ 🙁

Leave a Reply