အသံလက်ဆောင်

နိုင်နိုင်February 16, 20111min530

(ရေးထားတာတော့ 14ရက်နေ့ကတည်းက မအားတာနဲ့ ခုမှတင်ဖြစ်လိုက်တယ်)ဖော်ဖေါ်ဝါရီ 14 ချစ်သူများနေ့ဆိုပဲ chocolate တွေစားပြီး အချွဲထ နေပြီ အိပ်မက်ထဲမှာ 😀  လူငယ်တွေအတွက် နေ့တစ်နေ့လိုဖြစ်နေတယ်နော်
ကျွန်တော်မှာတော့ ကွန်ပျူတာတွေပြင်ဖို့ပဲ စိတ်ထဲမှာ ရှိနေခဲ့လိုက်တယ် 14 ရက်နေ့နံနက် မိုးသောက်တော့ သူငယ်ချင်း ဆိုင်သွားတော့ သူ့စက်တွေ ပြင်ပေးပါဦးတဲ့ window ပြန်လုပ်ပေးပါတဲ့လေ စကားမစပ် သူ့သူငယ်ချင်းက ဒီနေ့ဘာနေ့လဲတဲ့ ကျွန်တော်လဲ အူးကြောင်ကြောင်နဲ့ တနင်္လာနေ့လို့ ဖြေလိုက်တာပေါ့ သူတို့တွေ ပြုံနေကြတယ်။သူတို့ပြောတယ် ဒီနေ့ ချစ်သူများနေ့လေတဲ့ အော် ဟုတ်လားပေါ့ ကျွန်တော်ကလဲ ကျွန်တော်စိတ်ထဲမှာ အဲဒီနေ့ရက်တွေကို မခံစားချင်တော့လို့ မေ့ထားချင်ခဲ့တာလေ။ ခုတော့ သတိရလာမိတယ်…။အစောပိုင်းတော့ စိတ်မှာ ဘာမှခံစားလို့မရဘူး ဒါနဲ့ မြို့ထဲ ဆိုင်ကယ်ပတ်စီးနေမိတယ် ပြီးတော့ စူဌာမုနိ ဘုရား ရင်ပြင်ပေါ် ခဏသွားလိုက်တယ်။အတွဲလေးတွေ နေရာ တစ်နေရာစီမှာ ထိုင်နေကြတယ် သူတို့တွေ ပျော်ရွင်နေကြမှာပဲနော်။ကျွန်တော်လဲ ကျွန်တော့်ဆိုင်ကို အတွေးတွေနဲ့ ပြန်လာခဲ့တယ် စိတ်ထဲမှာ အဲဒီနေ့ရက် ချစ်သူနဲ့ အတူခံစားကြည့်ချင်ခဲ့တယ် မဖြစ်နိုင်ပါဘူးလေ။ဆိုင်ရောက်တော့ မကြာဘူး ဖုန်းလာတယ် ကျွန်တော့်ဆီကို ဘယ်သူလဲဆိုတော့ ကျောင်းတုန်းက ချစ်ခဲ့ရတဲ့ ကျွန်တော့်ချစ်သူဆီကပါပဲ အဲဒီအချိန်မှာ Valentine day ဆိုတဲ့ ချစ်သူများနေ့ဟာ ကျွန်တော့်အတွက်လဲ သက်ဝင်လှုပ်ရှားလာခဲ့ပါပြီ။ကျွန်တော်တို့တွေ လေလှိုင်းပေါ်မှာ ရယ်မောသံတွေနဲ့ အသက်ရှုူဖို့တောင် မေ့နေကြလားပဲ။
ဒါပေမဲ့ ခု သူနဲ့ ကျွန်တော် မိုင်တွေ ဝေးနေကြတာ သုံးနှစ်ကျော်နေပြီ။ကျွန်တော်မုန်းနေမိတယ် သူနဲ့ ခွဲခွာခဲ့ရတဲ့နေရာ အဝေးပြေးကားကွင်းကြီးကိုပေါ့။ခုချိန်ထိ ပြန်မဆုံနိုင်ကြတော့ဘူး ပြန်တွေးမိတိုင်း ကျေကွဲစရာ တွေပါပဲ။ကျွန်တော်တို့တွေ အိပ်မက်အတူတူ မက်ခဲ့ဘူးကြတယ်။အဲဒီအိပ်မက်ဟာ တစ်သက်စာ မေ့မရခြင်းတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။နောက်ဆုံးပြန်တွေ့ခဲ့ခြင်းဟာ အဲဒီအိပ်မက်ကြောင့်ပါပဲ။ခုထိတိုင်ဝေးနေ့ဆဲပေါ့ လွမ်းနေမြဲဖြစ်နေပါပြီ။နောက်တစ်ကြိမ်ထပ်ဆုံခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဘဝတစ်လျှောက်လုံးလက်တွဲသွားသင့်ပြီထင်ပါတယ်။အရင်ချိန်ကျောင်းသားဘဝတွေမှာ တူပျော်ရွှင်ခဲ့ကြ စိတ်ဆိုးလိုက် အချိန်တွေ ပြန်တမ်းတနေမိတာ အမှန်ပါပဲ တကယ်ဆို အရမ်းချစ်ခဲ့ကြပြီးမှ ဝေနေရတာကို ကျွန်တော် စိတ်တိုင်းမကျမိဘူး။ဒီနေ့တော့ သူများနဲ့မတူ ကျွန်တော်ပျော်နေခဲ့မိတယ် သူပေးတဲ့လက်ဆောင်ကြောင့်လေ သူ့လက်ဆောင်က ကျွန်တော်ကြားချင်တဲ့ သူ့အသံ ကြားခွင့်ရလိုက်လို့ပါပဲဗျာ။

“အလင်းတိုင်’

ညကမှောင်မှိုက်လို့ ညသန်းကောင်ယံ

ထွန်းညှိလိုက်တဲ့ အလင်းတိုင်

လင်းလတ်အခန်းငယ် တစ်ယောက်တည်း

မင်းအကြောင်းတွေပဲ ငါ့အတွေးထဲ

စိတ်မှာညို သူ့အလင်းကုန်ပြီဆို

အတွေးထဲ မင်းပျောက်သွားမှာ

စိုးရိမ်ခါပို ချစ်သူပျို…..။