မဟုတ်သေးဘူးထင်တယ်

နိုင်နိုင်February 16, 20111min550

မနေ့က (15.2.2011) ဖုန်းဘီလ် ရောက်လာတယ် ညနေပိုင်းရောက်တော့ ဖုန်းလိုင်းပိတ်ခံရတယ်ဗျာ တောင်ကြီးမှာပါ။အရင်ကတည်းကတိုင် ဖုန်းဘီလ်လာပေးနေကြပါ ဘီလ်မရောက်ပဲ ဘယ်လိုသွားဆောင်မှာလဲ ကျွန်တော်ဆိုတော်သေး ဒီနေ့ ကျွန်တော် သွားဆောင်တော့ တစ်ချို့ပြောတယ် ဖုန်းဘီလ် လဲမရပဲံ လိုင်းပိတ်ခံရတယ်တဲ့။ကောင်ရော။ကျွန်တော့်အထင်တော့ သူတို့ ဆက်သွယ်ရေးက ဘီလ်လိုက်ပို့တဲ့ ဝန်ထမ်းမပို့ဖြစ်တာလို့ထင်မိတယ်။ တစ်ခါမှ အဲလိုမဖြစ်ဖူးဘူး ကိုယ့်ဘက်က ရက်လွန်မဆောင်ဖြစ်ရင် ကိုယ့်ဘက်က အမှားကြီးမှားတာပေါ့ ခုဟာက ဘယ်သူဘက်က ဘယ်လိုဖြစ်တာလဲ စဉ်းစားကြည့်ဖို့လိုမယ်ထင်တယ်။တောင်ကြီးမှာလွန်လွန်းနေပြီ။ သူတို့တစ်ခြားလုပ်ကွက်တွေလဲ များနေပြီ။ပြောလိုက်ရင် ကြေငြာလိုက်ရင် ပြည်သူတွေ အဆင်ပြေဖို့တဲ့လေ ခုဖြစ်နေတာတွေက မဟုတ်သေးဘူးထင်ပါတယ်….