မြတ်စွာဘုရားဟောကြားခဲ့တဲ့ငရဲကြီးရှစ်ထပ်ဆိုတာကို နော်ဝေးနိုင်ငံနှင့် ဖင်လန်နိုင်ငံမှ ဘူမိဗေဒပညာရှင်များကအတည်ပြု

နွယ်ပင်February 16, 20111min18118

ကျနော်တို ့မြေကြီးရဲ့ ေြမေအောက်အလွှာတွင် ရွေ့လျှားမှုအကြောင်းလေ့လာကြတဲ့
ဆိုဗီယက်နိုင်ငံမှဘူမိဗေဒပညာရှင်များနှင့် ပြည်ပကငှာရမ်းထားတဲ့ ဖင်လန်နိုင်ငံနဲ့
နော်ဝေးနိုင်ငံမှဘူမိဗေဒပညာရှင်များရယ်ပူးပေါင်းပြီး…ဆိုဗီယက်နိုင်ငံ ဆိုက်ဗေးရီးယား
နယ်စွန်တစ်နေရာတွင် မြေအောက်ဆိုက်စမစ်တူးဖော်နည်းနှင့် တူးခဲ့ကြပါတယ် ။
ပိုက်လုံးတွေချပြီးတူးကြရင်းက မြေအေညက်အနက်ကိုးမိုင်အရောက်မှာဇာတ်လမ်းက
စတော့တာပဲ။ ပူးပေါင်းတွင်းတူးအဖွဲ ့ခေါင်းဆောင် ဆိုဗီယက်ဘူမိဗေဒပညာရှင်ဒေါက်တာ
ဒီမီထရီအက်ဇာကော့ လို ့ခေါ်ပါတယ်။ တွင်းအနက် ကိုးမိုင်ရောက်တဲ့အခါ တွင်းတူးတဲ့ပိုက်
ဟာ ထိန်းမရအောင်တုန်ခါလာတာကိုတွေ ့ရှိရပါတယ် ။ ဘာကြောင့်တုန်ခါသလဲဟုစစ်ဆေးကြ
တဲ့အခါ တွင်းတူးပိုက်ထိပ်ပိုင်းဟာ လေဟာနယ်လို တွင်းခေါင်းပြင်ကျယ်ကြီးတစ်ခုကိုရောက်
နေလို ့ ထိမ်းမရအောင်လှုပ်ရမ်းနေခြင်းဖြစ်တယ်လို ့တွေ ့ရှိပါတယ် /
အဲဒီအခါမှာတော့လုံးဝမခံမရပ်နိုင်အောင်နာကျင်တယ်လို ့ အော်ဟစ်နေကြတဲ့အသံကိုစတင်ကြားရပါတယ်။
ပထမတော့သူတို ့ရဲ့တွင်းတူးစက်နဲ ့ ပိုက်လုံးတွေနဲ ့မြေလွှာတွေရဲ့ တုန်ခါမှုအသံဟု ထင်မှတ်
ထား ကြပေမဲ့ သေချာစူစမ်းပြီးနားထောင်တဲ့အခါမှာတော့ ပိုက်လုံးတစ်လျှောက်ထဲမှာကြားနေ
ရတယ်အသံတွေဖြစ်တာကြောင့် နားတွေတောင်မယုံနိုင်အောင်ဖြစ်ခဲ့ရတယ်လို
့ဒေါက်တာ ဒီမီထရီအက်ဇာကော့ ကဆိုပါတယ်။ သေချာအောင်လို ့အသံဖမ်းစက်ကိုတွင်းထဲချပြီး အသံဖမ်းနားထောင်တဲ့အခါမှာတော့
မခံမရပ်နိုင်အောင်အော်ဟစ်နေတဲ့လူတစ်ယောက်ရဲ့အသံကို သဲသဲကွဲကွဲစတင်ကြားလိုက်ရတယ်။
အဲဒီအသံနဲ ့အတူလူပေါင်းထောင်ပေါင်းများစွာသို ့မဟုတ် သန်းပေါင်းများစွာရဲ့ အော်ဟစ်ငြီးငြူနေကြတဲ့အသံကိုလဲ
ကြားလိုက်ရတယ်လို ့ဆိုပါတယ်။ အဲဒီအချိန်မှာဒေါက်တာ
ဒီမီထရီအက်ဇာကော့အပါအဝင်.တခြားပညာရှင်တွေရော..တွင်းတူးလုပ်သားတွေပါ
အံ့ဩတုန်လှုပ်မှုများစွာဖြစ်ခဲ့ရပါတယ် အဲဒီအသံတွေကိုအလွန်ဆွဲအားကောင်းတဲ့အသံဖမ်းစက်တွေနဲ ့အသံကူးထားလိုက်ပြီး
လုပ်ငန်းကိုဆက်မလုပ်တော့ပဲ တွင်းပေါက်ကိုအဖုံးဖုံးပြီးပိတ်ထားလိုက်ကြတယ်။
ဒါဟာငရဲကိုတွေ ့ရှိခြင်းလို ့သူတို ့ခံယူထားလိုက်ကြတယ်။ အနိဌာရုံတွေနဲ့လူ
့လောကကိုဆက်ပေးလိုက်ကြပြီးလို ့ထင်မိပါတယ်။“ ကျနော်အခုခင်ဗျားတို
့ကိုပြောပြနေတဲ့ဟာတွေကတွင်းတူးအဖွဲ ့ခေါင်းဆောင် ဒေါက်တာ ဒီမီထရီအက်ဇာကော့ နဲ ့တွင်းတူးအဖွဲ
့ဝင်နော်ဝေးနိုင်ငံဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ် အသက် ၆၅ နှစ်တို ့ရဲ့
ပြောကြားချက်တွေပါပဲ“ဒီသတင်းတွေကိုဖင်လန်နိုင်ငံကအင်မန်နုဆက်စတီးယားဆိုတဲ့
လစဉ်ထုတ်စာစောင်ကရေးသားဖော်ပြကြတယ် ။ ဒီကျနော်တို ့ကမာမြေကြီးရဲ့အောက်
ိုးမိုင်မှာ သိပ်ကိုပူလောင်တယ်လို ့သိခဲ့ရပါတယ်။ အခုကျနော်တို
့ရောက်နေတဲ့ပူအိုက်စွတ်စိုတဲ့တောဟာ ဖာရင်ဟိုက်အပူချိန်ဒီဂရီ
ကိုးဆယ့်ငါးလောက်ပဲရှိတယ်။ မြေကြီးအောင်ကိုးမိုင်အကွာကအပူချိန်ဒီဂရီဖာရင်ဟိုက် 2000ရှိတယ်လို့
တွက်ချက်သိရှိရတယ် ။ သူတို ့မူလခန် ့မှန်းထားတဲ့အပူချိန်ထက် ဆယ်ဆလောက်တောင်များနေတယ်လို ့တွင်းတူးအဖွဲ
့ဝင်နော်ဝေးနိုင်ငံဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ် ကဆိုပါတယ်.။ တွင်းတူးအဖွဲ ့ဝင်နော်ဝေးနိုင်ငံဘူမိဗေဒပညာရှင်
ဘာနီနန်မီဒယ်နှင့်ဘူမိဗေဒပညာရှိချုပ် တို့ ဟာ နော်ဝေးနိုင်ငံရဲ့အကြီးဆုံးနှင့် အောင်မြင်ကျော်ကြားမှုအရှိဆုံး
အော့ဘရမ်းဘတ်စတိုက်ကီး ဆိုတဲ့သတင်းစာကြီးက 1990ခုဇန်နဝါရီလ4ရက်နေ ့မှာ
တွေ ့ဆုံမေးမြန်းခဲ့တယ်။ ဘာနီနန်မီဒယ်ပြောတာတွေကိုသတင်းစာမှာရေးသားဖော်ပြခဲ့ကြတယ်
။အဲဒီသတင်းစာမှာတော့… ဒီကမာကြီးရဲ့အောက် ကိုးမိုင်းအကွာမှာ ငရဲပြည်ဆိုတာတကယ်ရှိနေပြီ
တွင်းတူးတွေ့ ရှိချက်အရ ငရဲပြည်ရဲ့ ဂိတ်ပေါက်တံခါးဝပဲဟု ရေးသားခဲ့ကြတယ်။
ဒီလိုတွေ ့ရှိမှုတွေပြီးတဲ ့နောက်မှာ နော်ဝေးနိုင်ငံနဲ ့ ဖင်လန်နိုင်ငံမှ.ဘူမိဗေဒပညာရှင်တချို့
..အလုပ်ကနှုတ်ထွက်လိုက်ကြတယ်လိုသတင်းစာတွေမှာရေးသားဖော်ပြခဲ ့ကြတယ်။
အမှန်တစ်ကယ်ဖြစ်ရပ်က သူတို ့ငှားရမ်းထားတဲ့နိုင်ငံခြားသားအားလုံးကို. တွေ ့ရှိချက်အပြီးနှစ်ရက်အကြာမှာ
ဆိုဗီယက်နိုင်ငံတွင်မထားတော့ပဲ. ပြည်ပကိုပြန်ပို ့လိုက်ကြပြီး
အလုပ်ကနှုတ်ထွက် ခိုင်းတယ်လို ့ဆိုပါတယ်။ အဲဒီသတင်းကိုကြားတဲ့အခါမှာ
ဆိုဗီယက်အာဏာပိုင်တွေဟာ လာဒ်ထို းမှုတစ်ခုနှင့် ဖြေရှင်းလိုက်ကြတယ်။
ဆိုဗီယက်သာသနာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကတစ်ဦးချင်းကို
ငွေပေးပြီးနှုတ်ပိတ်ခဲ့တယ်။ ဒါပေမဲ ့ငွေဘယ်လောက်ဆိုတာကိုတော့တွင်းတူးအဖွဲ
့ဝင်နော်ဝေးနိုင်ငံဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်ကိုမေးလို ့မရခဲ့ပါဘူး။
ခန် ့မှန်းရသလောက်ကတော့တစ်ဦးစီကို သိန်းဂဏန်းလောက်ပေးပုံရတယ်လို ့
မီဒီယာသမားတွေကထင်မြင်ချင်ဖြင့်ရေးသားခဲ့ကြပါတယ်။ ဘာနီနန်မီဒယ်
့ကတော့သူရရှိတဲ့ ငွေတွေကိုတပြားတချပ်မှမယူပဲကယ်ဆယ်ရေးလုပ်ငန်းတွေကို
လှူဒန်းလိုက်တယ်လို သိရပါတယ်။ ဒီသတင်းပေါက်ကြားတဲ့အခါမှာတော့သူ
့အသက်လဲဆိုးရိမ်ရပါတယ်ဟုလဲ ပြောခဲ့ပါတယ် ဆိုဗီယက်အာဏာပိုင်တွေဟာ ထိုငြီးငြူသံတွေကို
မြေဆီလွှာလှုက်ရှားသံဟု..ဆိုပြီ.ပယ်ချခဲ့ပါတယ်။
နောက်စာတစ်စောင်ကတော့နော်ဝေးနိုင်ငံသားအေ့(ချ)ရန်ဒါလန်ဂျူနီယာ
ဆိုတဲ့လူရေးခဲ့တဲ့စာပါပဲ။ သူဟာ.နော်ဝေးနိုင်ငံ တရားရေးဝန်ကြီးဌာနဝန်ကြီးရဲ့ အထူးအတိုင်ပင်ခံတစ်ယောက်လဲဖြစ်တယ် ။ စာရေးတဲ
့နေ့ စွဲက ၁၉၉ဝခု ဇန်နဝါရီလ ရ ရက်နေ ့ သူ ့စာထဲမှာရေးခဲ့တာကတော့ ၁၉၈၉ ခု ခရစ်စမစ်ရုံးပိတ်ရက်မှာသူက
အမေရီကန်နိုင်ငံ ကားလီဖိုးနီးယားပြည်နယ်ကို အလည်အပတ်ရောက်နေချိန်မှာနော်ဝေးနိုင်ငံက ဆိုက်စမစ်ဘူမိဗေဒပညာရှင်တွေဟာ
တွင်းတူးရင်းနဲ ့ ဟောင်းလောင်းပေါက်ဟင်းလင်းပြင်ကိုတွေ ့ရပြီး..လူထောင်းပေါင်းများစွာရဲ့ အော်ဟစ်သံကိုကြားရကြောင်းသတင်းစာကို
ဖတ်ရတယ်။ ဒီသတင်းစာကိုဟာသဆိုပြီးပြရယ်ပြုခဲ့ပါသေးတယ်ဟုဆိုပါတယ်။
ဒါပေမဲ့မကြာပါဘူး ပြည့်ပြည့်စုံစုံရေးထားတဲ့ နော်ဝေးနိုင်ငံမှ စာတန်းကိုဖတ်လိုက်ရတဲ့အခါမှာတော့
သူဟာအရမ်းအံ့ဩတုန်လှုပ်မိပါကြောင်းနှင့် နောက်ဆုံးမှာတော့သူ ့ကို ဘုရားသခင်ထံမှာအပ်နှံကြောင်းနှင့် လုံခြုံတဲ့နေရာမှာထားပေးကြပါလို ့
ရေးသားထားကြောင်းသိရပါတယ်။

ကျမ်းည္မန်း။ ။အကုသိုလ်နှင့်ငရဲပြည်ဟူသောစာအုပ်မှ ဘာသာပြန်သူ
ဘကြီးဇင်ရေးသားသောစာအုပ်မှဖြစ်ပါသည်။
လွမ်းခြင်း၏တစ်ခြားတစ်ဖက်မှာ နေသာနေတဲ့ နေ့တစ်နေ့ရှိသည်။

အသံဖိုင် ပို့လိုက်ပါတယ် ….
အသံဖိုင်က သိပ်မရှည်ပါဘူး … တိုတိုလေးပါ …
၁ မိနစ်နီးပါးလောက်ပဲကြာပါတယ် …
ရေဒီယို ထုတ်လွင့်ချက်က အသံကို ပြန်ကူးထားတာပါ …

ကျွန်တော့်အသိတစ်ယောက်ဆီမှာတော့ မူရင်းအသံဖိုင်ရှိပါတယ် …
အသံက ၁ဝ မိနစ်လောက်ကြာတယ်လို့ ပြောပါတယ် …
ကျွန်တော်လည်း သူ့ဆီက ဖိုင်ကို လိုချင်ပါတယ် …
၁ဝ မိနစ်လောက်ဆိုတော့ သေသေချာချာနားထောင်သုံးသပ်လို့ရနိုင်ပါတယ် …
ခက်တာက ကျွန်တော်လည်း အဲဒီအသိနဲ့မတွေ့တော့ဘူး …
အင်တာနက်မှာလည်း မူရင်းအသံဖိုင် လုံးဝရှာလို့မရဘူး ….
ကျွန်တော်ကြိုးစာရှာကြည့်ပေမယ့်လည်း အခုကျွန်တော်ပို့တဲ့ဟာလိုမျိုး အသံဖိုင်
အတိုပဲရှာလို့ရပါတယ် ၊ အသံဖိုင် အရှည်များ ရှာလို့ရရင် ပြန်ဝေမျှကြပါဦး …

အခု အသံဖိုင်ကိုဖွင့်ကြည့်ရင် အရင်ဆုံး ရေဒီယိုကြေငြာသူရဲ့ စကားသံကိုကြားရပါမယ်

၁ မိနစ်လောက်နေမှ ငရဲမှ အော်ဟစ်သံကို ကြားရပါလိမ့်မယ် …
အသံတွေကတော့ လုံးထွေးနေပါတယ် … နားကြပ်နဲ့နားထောင်ရင် ပိုအဆင်ပြေပါလိမ့်မယ်

အမျိုးသမီးအော်ဟစ်နေတဲ့အသံကိုတော့ တစ်ချက်တစ်ချက်ကြားရပါတယ် …
ပြီးတော့ အသံဟိန်းဟိန်းနဲ့ ရယ်နေတဲ့အသံကိုလည်း ကြားရပါတယ် ..
ကျွန်တော်ကတော့ အဲဒီ ရယ်နေတဲ့အသံကို ငရဲသား က ရယ်နေတယ်လို့ထင်တာပဲ …

အခုလေးတင်ပဲ သူငယ်ချင်းတစ်ယောက် ပို့ပေးလိုက်တဲ့ Forward မေးလ်လေးတစ်စောင်ပါ . တကယ်ဟုတ်မဟုတ်ဆော့ မသိပါဘူး ။ စိတ်ဝင်စားစရာကောင်းလို့ တင်ပေးလိုက်တာပါ ..

18 comments

  • အာဖျံ ကွီး

    February 16, 2011 at 6:59 am

    တကရ်ဟုတ်လားမဟုတ်လားတော့ မသိဘူး။ အသံဖိုင်ကို နားထောင်ရတာတော့ … ကြောက်စရာကောင်းတရ်။ 🙁

  • နွယ်ပင်

    February 16, 2011 at 7:09 am

    ဒီမှာ အသံဖိုင် ဘယ်လိုတင်ရမှန်းမသိလို့ အသံဖိုင်ကို နားထောင်ချင်သူများရှိရင်ပြောပါ ပို့ပေးပါ့မယ် …

    • NoMore

      February 17, 2011 at 6:17 pm

      ကျွန်တော့်ကိုအသံဖိုင်လေးပို့ပေးပါအုံးခင်ဗျား

      • နွယ်ပင်

        February 18, 2011 at 4:23 am

        အသံဖိုင်ကို ဘယ်ကိုပို့ပေးရမှာလဲဟင် .. ပို့ပေးရမယ့် လိပ်စာမှမသိပဲ …

  • kai

    February 16, 2011 at 8:40 am

    ကမ္ဘာ့ဘာသာကြီးတွေအကုန်လုံးမှာ ငရဲရှိတယ်..။ နတ်ပြည်ရှိတယ်..။

    ဆိုတော့.. နော်ဝေး နဲ့ဖင်လန်နိုင်ငံက ပညာရှင်တွေက ..အနောက်နိုင်ငံဆိုတော့ .. ခရစ်ယန်ဖြစ်မှာပေါ..။
    အဲဒါ.. အဲဒီတွေ့ရှိချက်ကို .. ဘယ်ကဘယ်လို… ဗုဒ္ဓဘုရှားရှင်အမည်ယူသုံးလိုက်သလဲတော့မသိ..။
    ဘာတဲ့..“မြတ်စွာဘုရားဟောကြားခဲ့တဲ့ငရဲကြီးရှစ်ထပ်ဆိုတာကို နော်ဝေးနိုင်ငံနှင့် ဖင်လန်နိုင်ငံမှ ဘူမိဗေဒပညာရှင်များကအတည်ပြု” လုပ်ချလိုက်ပါလေရော..။

    ထားပါတော့ ..
    ပြောချင်တာက .. အဲဒီသတင်းက လံကြုပ်..လုပ်ကြံကြီးလို့ပါပဲ..။
    ဖြစ်တာရော..သတင်းရောက .. ကြာလှပြီ..။
    အသေးစိတ်သိချင်ရင်.. အောက်က ဝက်ဘ်ဆိုက်တွေမှာ သွားဖတ်ကြပေါ့နော..။
    အဲ.. အသိတွေလည် း.. အကြံအဖန်ကြီးဖြစ်ကြောင်း ရှင်းပြလိုက်ပါဦး..။

    http://en.wikipedia.org/wiki/Well_to_Hell_hoax ဝိကိက လံကြုပ်ကြီးဖြစ်ကြောင်းပြောတာ..။
    http://www.truthorfiction.com/rumors/d/drilltohellfacts.htm ဇတ်လမ်းအသေးစိတ်
    http://spi.com.sg/spi_files/soh/main.htm စင်္ကာပူက အသံဖိုင်ကို လေ့လာထားတာ..။
    http://christianparanormalresearchsociety.wordpress.com/2011/01/11/the-%E2%80%9Cwell-to-hell%E2%80%9D-hoax-%E2%80%93-according-to-the-cprs/ -ခရစ်ယန်တွေက လုပ်ကြံဇတ်လမ်းကို သုတေသနပြုထားတာ..။

    ( တင်တဲ့ သူကို ကျေးဇူးတင်ပါတယ်.။ အဲဒီလို အငြင်းပွားစရာ စာတွေ တင်ပေးစေလိုပါတယ်.။ မြန်မာတွေ .. ငရဲနဲ့ခြောက်၊ ဘုံနဲ့မြှောက် မခံရတော့ပဲ. အမှန်သိရတာပေါ့..)

  • အာဖျံ ကွီး

    February 16, 2011 at 9:17 am

    တို.သဂျီး မောင်းခေတ်ပီး ကြေငြာမှ ဒို.တွေလဲ ရှင်းတော့တရ် …

    စကားမစပ် …
    ရှေ.တစ်ပါတ်က … သူငယ်ချင်းတစ်ယောက်ကိုအသံဖိုုင်ပို.ပေးလိုက်တော့ … ငါမကောင်းမှုတွေမလုပ်တော့ဘူး … ငရဲအသံကို ကြားရတော့ ကြောက်သွားတရ် … အခုတောင်အရက်မသောက်တာ တစ်ပါတ်ရှိပီ … ဆိုပဲ … အသလွတ်ကို ဇွတ်လိမ္မာသွားတာ … ဟီးးး

  • kai

    February 16, 2011 at 10:56 am

    အရက်ကို အဲဒီလို ငရဲကြောက်လို့ဖြတ်တာမျိုးက … တကယ်မပြတ်ပါဘူး.။
    နတ်ပြည်နဲ့ မြှောက်လိုက်ရင် ပြန်သောက်မှာပါပဲ..။
    အရက်ဆိုတာ ..မူးတယ်..။ များများသောက်ရင် သတိလက်လွတ်ဖြစ်တယ်.။ အမှတ်သတိလွတ်ရင် ဘာမဆိုဖြစ်နိုင်တယ်.။
    ဘယ်အကုသိုလ်မဆို လွန်ကျူးနိုင်တယ်..။
    ဒီလိုမဖြစ်အောင် အရက်ကို သတိလက်လွတ်ဖြစ်အောက် မသောက်ဖူး ဆိုတာမျိုးဖြစ်ရမှာ..။

    ဆိုတော့ ..
    ဒီစာကို ..မနက် ၃နာရီမှာ..ဝိုင်သောက်ရင်းရေးတာ…။ 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 16, 2011 at 1:36 pm

    မှန်ပြီဗျို ့
    သီတဂူဆရာတော်ကြီးကို ရှိခိုးပါ၏
    ဗာလာနံ လူမိုက်တွေဟာတဲ့
    ကိုယ်ကိုယ်တိုင်လည်း မကောင်းတာလုပ်တယ်………..တဲ့
    သူတစ်ပါးကိုလည်း မကောင်းတာလုပ်ဘို ့တိုက်တွန်းတယ်………….တဲ့
    သူတော်ကောင်း စကားများ
    သွေးထွက်အောင်မှန်တယ်ဗျို ့

  • kai

    February 16, 2011 at 5:41 pm

    ချောင်းဆိုးပျောက်ဆေးမှာ မူးယစ်ဆေးဝါးပါတယ်..။
    အင်တိုင်ဘိုင်အိုးတစ်ဆေးဝါးတွေဟာ ခန္တာထဲက ကောင်းတဲ့ပိုးမွှားရော..။မကောင်းတဲ့ပိုးမွှားရော..သေစေတယ်..။
    ဆိုတော့..
    ဆရာဝန်တွေက .. ကိုယ်ကိုယ်တိုင်လည်း နေမကောင်းရင်..အဲဒါတွေလုပ်(သောက်)တယ်………..။
    သူတစ်ပါးကိုလည်း အဲဒါတွေလုပ်ဘို ့(သောက်ဖို့)တိုက်တွန်းတယ်………….။

    🙂

  • hello! everybody

    February 16, 2011 at 7:16 pm

    အဲ့ဒိအပါက်ကိုနည်းနည်းချဲ ့ပြီးတော့ ချီလီမိုင်းလုတ်သား တွေကိုကယ်သလိုမျိုးကယ်ထုတ်လို့မရဘူးလားအရပ်ကတို့… ကုသိုလ်လိုချင်လို့ပါ ဟဲဟဲ..

  • nigimi77

    February 17, 2011 at 2:37 am

    အင်း…ငရဲ ငရဲ။ နေပါဦး….နာကျင်ပါတယ်လို ့ မခံမရပ်နိုင်အောင် အော်ဟစ်နေတာ ဘယ် ဘာသာစကားနဲ ့လဲ။
    မြန်မာဘာသာနဲ ့အော်နေတာလား သိုးဆောင်း စကားနဲ ့အော်နေတာလား။ Kangaroo လို ့နာမည်ပေးသလို ဖြစ်နေဦးမယ်။ ဩစတေးလျန်းတွေပြောတဲ့ “Kan Ghu Ru” ဆိုတာက “We
    don”t understand you ” ပါတဲ့

  • ဆူး

    February 17, 2011 at 7:51 am

    ဒါနဲ့ စကားမစပ် တွင်းတူးတဲ့ ပိုက်လုံးက ဘာသတ္တုနဲ့ လုပ်ထားတာဖြစ်မလဲ။ အပူမကြောက်ဘူးလား။ အပူအရှိန်မှာ ပျော်မသွားနိုင်ဘူးလား။

  • myanpyithar

    February 18, 2011 at 3:02 am

    Yes, Sue is right, we should think deeply step by step, before accept something new. Sound Recorder also can melt down in that stage of temperature( 1100 ‘C ). If that finding is really, they must study to proof the world, because they are scientists. Now just they hear some sound, they stop their job immediately. Please think about it.

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 18, 2011 at 4:51 am

    ဒီမှာ ရှိတယ်ဗျို ့
    http://www.forshwemyanmar.co.cc/
    ချိန်ကြပေါ့ဗျာ

  • bigcat

    February 18, 2011 at 4:59 am

    ှုငရဲပြည်နဲ့ပတ်သက်လို့ ကြားဖူးတာလေးတခုကို food for thought ပြောချင်တယ်။ ငရဲဆိုတာကို ရုပ်ဝတ္တုဆန်ဆန် လက်တွေ့ကျကျ တွေးတတ်သူများအဖို့ပါ။ ယောဂီတဦး တရားထိုင်ရင်း သမာဓိအား ကောင်းလာတော့ ငရဲပြည်ကိုမြင်ရတယ်။ လွန်လွန်ကြူးကြူး အနှိပ်စက်ခံ နေရတာတွေမြင်တော့ သူ့စိတ်ထဲမှာ ‘ငရဲသားတွေကလည်း ဒီလောက်ခံရတာတောင် မသေနိုင်ဘူးလားလို့ တွေးမိတယ်။ အဲဒီ့အခါ ငရဲခံနေရသူတွေက ငရဲဆိုတာ ခံစားဖို့၊ မကျွတ်သ၍ မကုန်ဘူး၊ သေပြီးချက်ခြင်းပြန်ဖြစ်တယ်လို့ အော်ပြောကြတယ်’။ ယုံတာမယုံတာ ကိုယ့်သဘော။ ပေးခြင်တာ ငရဲပြည်သည်ခံစားဖို့ဆိုတဲ့ အဓိပါယ်လေးပါ။

  • nigimi77

    February 18, 2011 at 5:44 am

    ကြောင်ကြီးညာတယ်။ ယုံဘူးယုံဘူး…

Leave a Reply