မိန်းကလေးတို…………….သတိသတိ……..

ko noFebruary 16, 20111min1206

အသိလေးနဲ ့ ကာကွယ်ပါ(အမျိုးသမီးများသာဖတ်ရန်)

Thai Channel 3..ကနေကြည်ု့လိုက်ရတဲ ့သတင်းလေးကိုမှတ်မိသလောက်လေးပြန်မျှဝေပေးတာပါ

အခုခေတ်နိုင်ငံတိုင်းလိုလိုမှာအရွယ်မရောက်သေးတဲ့ကလေးငယ်နဲ့ အမျိုးသမီးတွေ.

အတင်းအဓမ္မအကြမ်းဖက်ခံရမှုတွေပိုများလာပါပြီ။

အကြမ်းဖက်ခံရမှုရဲ ့၇၁ရာခိုင်နုန်းဟာ..အသက်၈နှစ်ကနေ.၂၅အရွယ်ဖြစ်ပါတယ်..

အဓိက..ကတော့အရွယ်မရောက်သေးတဲ ့ကျောင်းသူလေးတွေ.ပါ ပြစ်မှုကျုးလွန်ကြတာကတော့.

သူတို ့လေးတွေရဲ ့အသိမိတ်ဆွေ.တွေ

သူငယ်ချင်းအပေါင်းအသင်းနဲ ့တွဲနေတဲ ့ချစ်သူတွေပါတဲ ့..ကိုယ်မထင်မှတ်ထားတဲ ့သူတွေပဲ အများဆုံးဒုက္ခပေးကြတာပါတဲ ့.

သူတို ့နိုင်ငံမှာက.ငယ်ငယ်ရွယ်ရွယ်နဲ ့မင်္ဂလာဆောင်ကြတယ်ဆိုတာရှားတယ်

်.ချစ်သူဖြစ်ရင်အတူတူနေကြတယ် အလုပ်လုပ်ပြီးပိုက်ဆံစုကြတယ်.

အဆင်ပြေမှာ မင်္ဂလာဆောင်ကြတာများတယ်.တကယ်လို ့

ဒီကြာထဲပြတ်သွားခဲ့ရင်လဲ.ဘာမှမဖြစ်ခဲ့သလိုအေးဆေးပဲ.

သူ့ဓလေ့နဲ ့သူတော့ဟုတ်နေတာပေါ့ချမ်းကလဲ သူတို ့တွေကိုမေးကြည့်တာပေါ့.

နင်တို ့တွေအခုလိုအတူတူနေတာမိဘကမပြောဘူးလားဆိုတော့.တို ့အဖေနဲ ့အမေလဲ ဒီလိုနေလာကြတယ်လေတဲ ့.ကောင်းရော..

တစ်လောက ကြည့်လိုက်ရတဲ ့သတင်းလေးမှာလဲ သမီးရည်းစားတွေဖြစ်တဲ့ကောင်လေးနဲ ့ကောင်မလေးအတူတူနေပြီးတော့ ကောင်လေးကအပြင်ခဏသွားမယ်ဆိုပြီးထွက်သွားပါတယ်

နောက်တော့သူ ့သူငယ်ချင်း ၈ ယောက်ကို ဖုန်းဆက်ခေါ်ပါတယ်

ငါ့ချစ်သူနဲ ့အတူတူလာနေလို ့ရတယ်ဆိုပြီးတော့.သူငယ်ချင်းတွေနဲ ့လွှတ်ပေးပါတယ်။

ကောင်မလေးကလဲမိန်းကလေးအားနဲ ့ဆိုတော့ ၈ယောက် တစ်ယောက်မရုန်းနိုင်ဘူးပေါ့။

အဲ့ဒီအချိန်မှာ

ကောင်မလေးရဲ ့ချစ်သူကောင်လေးက အခန်းအပြင်မှာ စောင့်ပေးနေတာတဲ ့

တော်တော်နှမချင်းမစာနာတဲ့သူပဲနော်ပြီးတော့အားလုံးထွက်ပြေးသွားတယ်လေ

ကောင်မလေးမိဘတွေလဲရှက်လွန်းလို ့ငိုလိုက်တာအရမ်းပဲသူတို ့နိုင်ငံမှာကမှုခင်းသတင်းမှန်သမျှတစ်နိုင်ငံလုံးသိအောင်

လွှင့်တော့.တခြားသူတွေလဲသံဝေဂယူပြီးဆင်ခြင်နိုင်တာပေါ့။

ကဲ သူငယ်ချင်းတို ့ကိုယ့်ကိုယ်ကို သတိလေးနဲ ့ဘယ်လိုနေရမလဲဆိုတာ ပြောပြမယ်နော်.

နံပါတ်.၁..

ကျောင်းဆင်းချိန်ရုံးဆင်းချိန်မှန်ပါစေ.။တကယ်လို့အချိန်ပိုရှိရင်လဲရှိတဲ့အကြောင်းအိမ်သားတွေကို

အသိပေးထားပါကိုယ့်ရဲ ့ညီမလေးတွေကို.ကိုယ်တိုင်ကျောင်းကြိုကျောင်းပို ့

လုပ်ခိုင်းပါမကြိုနိုင်ဘူးဆိုရင်တော့.ကျောင်းပြန်ချိန်ကိုသတ်မှတ်ထားပေးပါ။

ကျောင်းလွှတ်တာ၃နာရီဆိုလို ့ရှိရင်.၃နာရီခွဲအိမ်အရောက်ပြန်ခိုင်းပါ.

လူကြီးတွေမပါဘဲ အပြင်သိပ်မလွှတ်ပါနဲ ့။

မိမိဘယ်သွားတယ်ဘယ်လာတယ်ဆိုတာ.အိမ်သားတွေသိအောင်ပြောပြပါ။တစ်ခုခုဖြစ်ရင် အိမ်သားတွေ ရှာရလွယ်အောင်လို ့ပါ

နံပတ်..၂..

ညဖက်တွေ ့ဆုံပွဲပါတီတွေနိုက်ကလပ်တွေသိပ်မသွားပါနဲ ့။

အကယ်၍ သူငယ်ချင်းတွေခေါ်လို ့အဖော်လိုက်သွားရင်တောင်.အရက် ဘီယာ မသောက်ပါနဲ ့.ယောကျာင်္းလေးအရက်သောက်လို ့လူပဲမှောက်တယ်.မိန်းကလေးက အရှက်ရော ဘဝရောပျောက်တတ်ပါတယ်

၃..မိန်းကလေး၂ယောက်တည်းခရီးဝေးသွားခြင်းရှောင်ပါ။လေ့လာရေးခရီးသွားတယ်ဆိုရင်တောင်

်အုပ်စုလိုက်သွားပါ။ခရီးလမ်းမှာသူငယ်ချင်း အချင်းချင်း စိတ်ဝမ်းမကွဲပါစေနဲ ့တစ်သီးကိုတစ်ဦးဂရုစိုက်ပါ။

နံပါတ် ၅.

သမီးရည်းစား၂ယောက်တည်းလူပြတ်တဲ့ နေရာမှာ ညဘက်အမှောင်မှာ မချိန်းတွေ ့ပါနဲ ့

အမှန်တကယ်မသမာတဲ ့သူတွေ.လေးငါးယောက်လောက်နဲ ့တွေ ့တဲ ့အခါ .အင်အားမမျှရင်အသက်အန္တရယ်ထိခိုက်တတ်ပါတယ်။

နံပါတ်..၆..

..ရေသို ့မဟုတ်.အအေးကိုသတိနဲ ့သောက်ပါ. ။တတ်နိုင်ပါကကိုယ့်ဘာသာကိုယ်တိုင်ထည့်သောက်ပါ။

အခုခေတ်မှာမသမာတဲ ့သူတွေအတွက်ဆေးနည်းတွေအမျိုးပေါင်းမျာစွာပေါ်နေပါပြီ

အဲ့ ဒီအထဲမှာ.မထင်မှတ်တဲ့နည်းကတော့.သောက်ရေထဲမှာပါပါတယ်.

ဆေးက..အရောင်မရှိ..အနံမရှိ.အရသာ..နည်းနည်းငံပါတယ်..

သူ ့ကိုရေခွက်ထဲမှာ.တစက်နှစ်စက်လေးထည့်လိုက်ယုံနဲ ့မူးဝေသလိုခံစားရပြီးနောက်

အသိမရှိဘဲ လုံးဝအိပ်ပျော်သွားပါလိမ့်မယ်..။

ဆေးထည့်မည့်သူကမြန်မြန်အိပ်ပျော်စေချင်ပြီးလေးငါးစက်လောက်ပိုထည့်လိုက်မယ်ဆိုရင်

ကိုယ်အိပ်ပျော်နေတုန်းမှာ

နှလုံးခုန်တာဖြည်းဖြည်းရပ်ပြီးတော့.ပြန်မနိုးတော့ဘဲအသက်ဆုံးတဲ ့အထိဆေးအရှိန်ပြင်းပါတယ်..

ဒီဆေးကို.ဆွတ်ဇာလန်လန်နိုင်ငံမှာထုတ်ပါတယ်..။

အဲ့ ဒါကြောင့်ရေပဲဖြစ်ဖြစ်အအေးပဲဖြစ်ဖြစ်သောက်ပါက.မိမိကိုယ်တိုင်ခွက်ထဲထည့်ပြီးမှသောက်ပါ

သူများထည့်ပေးတာမျိုးမသောက်ပါနဲ ့.အအေးခွက်ရေခွက်ကို.ကိုယ့်မျက်စိရှေ ့တည့်တည့်မှာထားပါ..။

ဘေးနားမှာချမထားပါနဲ တကယ်လို ့ဘေးနားမှာချထားခဲ့ရင် ဆေးထည့်မယ့်သူကခွက်ကလေးကိုင်သလိုပုံစံမျိုးနဲ ့မသိမသာ ထည့်သွားတတ်ပါတယ်.ဆေးရေဆိုတော့.တစ်လက်မအရွယ်ကလေးဆေးစုပ်တဲ့ပြွန်လေးနဲ ့

လွယ်လွယ်သုံးလို ့ရပါတယ်တကယ်လို ့များကိုယ်ကအလိုလိုနေရင်း.ချက်ချင်းကြီး

ခေါင်းတွေမူးသလိုလိုတကိုယ်လုံးလေးလံလာပြီးအိပ်ငိုက်လာရင်.ကိုယ့်ကိုယ်ကို

ငါဟာဆေးမိနေပြီဆိုတာကိုသိလိုက်ပါ..ဘာလို ့လဲဆိုတော့သာမန်လူကောင်းတယောက်ဟာ

ချက်ချင်းအိပ်ငိုက်လာတယ်ဆိုတာမဖြစ်နိုင်ပါဘူး

အဲ ့ဒီအခါသတိလေးနဲ ့မိမိကိုယ်ကိုအားတင်းထားပါ..ကိုယ့်ကိုယ်ကိုလဲငါအိပ်ပျော်လို ့

မဖြစ်သေးဘူးဆိုပြီးအသိပေးပါ..ပြီးရင်ရေကိုအများကြီးသောက်ပေးပါ။

ရေကအဆိပ်ကိုလျော့ကျစေပါတယ်.ပြီးလို ့ရှိရင်လေလာရာပြတင်းပေါက်

်(သို ့မဟုတ်)တံခါးပေါက်မှာအသက်ပြင်းပြင်းရှူပါနည်းနည်းလန်းဆန်းလာပါ

လိမ် ့မယ်။အဲ ့ဒီအခါကျရင်.မိမိအိမ်သားသို ့မဟုတ်.သူငယ်ချင်းထံသို ့ဖုန်းဆက်လိုက်ပါတဲ ့။

တတ်နိုင်ရင်တော့မိန်းကလေးဆိုတာကိုယ့်ကိုယ်ကိုသတိအမြဲရှိပါစေ။

မဖြစ်လာရင်တော့ကိစ္စမရှိဘူး.အမှန်တကယ်ဖြစ်လာရင် ဘုရားလဲမကယ်နိုင် သိကြားလဲမကယ်နိုင်ဘူးနော်။

တစ်နေ့ကပိုစ့်တစ်ခုထဲမှာ စင်္ကာပူမှာနေတဲ ့ကောင်မလေးကချစ်သူနဲ ့နေမိလို ့ချစ်သူကကောင်မလေးမသိအောင်ဗွီဒီယိုခိုးကူးထားပြီး အင်တာနက်ပေါ်တင်တာတဲ ့နောက်တော့ကောင်လေးကရှောင်ထွက်သွားတယ်တဲ ့ကောင်မလေးလဲကိုယ့်ကိုယ်ကို အရှက်အတွက် တိုက်ပေါ်ကနေခုန်ချပြီးသတ်သေသွားတဲ့သတင်းဖတ်ရတော့အရမ်းနှမြောမိတယ်.

တစ်ခါတည်းကျုးလွန်မိတဲ့အမှားလေးဟာ အသက်နဲအရှက်ကို ့တစ်ဘဝစာ.ဆုံးရှူံးသွားစေနိုင်တယ်နော်။

ငယ်ငယ်တုန်းက ကျွန်မဖတ်ခဲ့ဖူးတာကတော့..နံကြားကိုဓါးနဲ ့ထိုးမယ့်ရန်သူဟာ ကိုယ်မထင်မှတ်တဲ့အနီးကလူပါတဲ့ ဘာလို ့လဲဆိုတော့နံကြားကိုမှန်ဖို ့အဝေးကနေလာပြီးမထိုးနိုင်ဘူးလေ

.တကယ်တော့မိန်းကလေးဆိုတာ အစစအရာရာ အမြဲသတိရှိသင့်ပါတယ်.

ချမ်းချမ်းအမြင်ပေါ့နော်.အခုခေတ်မှာ ဘာဖြစ်လို ့ထင်မှတ်မထားတဲ ့ရာဇဝတ်မှုတွေ အကြမ်းဖက်မှုတွေ .မုဒိမ်းမှုတွေဖြစ်ရလဲတော့

အတုယူမှားတာ.အပေါင်းအသင်းမှားတာ အယုံလွယ်တာ အညှာလွယ်တာ .ဘဝကိုလေးလေးနက်နက်မတွေးတတ်တာ အပျော်အပါးဝါသနာပါတာလို ့တော့ထင်တယ်..ပြန်ရှင်းပြမယ်နော်..

အခုဆိုမြန်မာနိုင်ငံကမိန်းကလေးတွေလဲသရုပ်ဆောင်တွေမော်ဒယ်တွေ နီးနီးတော်တော်လေးခေတ်မှီလာပါပြီ.

အများအားဖြင့် သရုပ်ဆောင်တွေ မင်းသမီးတွေ မော်ဒယ်လ်တွေဆီကနေ ဝတ်စားဆင်ယင်မှူတွေ .စတိုင်တွေကိုအတုယူနေကြပါပြီ .ချမ်းချမ်းရဲ ့တစ်ဝမ်းကွဲညီမလေး ကအခုဆိုရင်အသက် ၅ နှစ်ရှိပါ.

ပြီ သူကြိုက်တာကဖြူဖြူကျော်သိန်းတဲ ့.သီချင်းဆိုရင်လဲဖြူဖြူကျော်သိန်း စတိုင်နဲ ့ဆိုပြတယ်.ဒါကခလေးတွေကိုယ်တိုင်အတုယူတတ်နေတာနော်.

လယ်တီဆရာတော်ဘုရားကြီးက .ဇာတ်မင်းသားကြီးဦးဖိုးစိန်ကို ပြောတဲ ့စကားလေးက

မင်းတို ့ လိုဇာတ်သမားတွေမင်းသားမင်းသမီးတွေဟာမြန်မာနိုင်ငံကိုမီးရှို ့နေတဲ့သူတွေပဲ လူတွေကိုအကုသိုလ်တွေပေးနေတာတဲ ့.စဉ်းစားကြည့်နော်.မင်းသမီးဆိုတာ

ပြည်သူတွေရဲ ့အချစ်တော်ပါ.ပြည်သူတွေချစ်အောင်.လေးစားအထင်ကြီးအောင် အတုယူစရာကောင်းလောက်အောင်.စံပြဖြစ်နေရပါမယ်..သူတို ့ကိုသဘောကျတဲ ့လူငယ်တွေက လိုက်ပြီးအတုယူနေတာလေ.

အခုခေတ်ရှိုးပွဲတွေကြည့်လိုက်ပါ.စင်ပေါ်မှာ နေပြီးအောက်ကအားပေးနေတဲ ့ပရိတ်သတ်တွေကို

.မရိုမသေနဲ ့အရှက်မဲ ့တဲ ့အဝတ်တွေဝတ်ပြနေတာ .ယိုသူမရှက် မြင်သူရှက်ရတဲ့အဖြစ်တွေကိုမြင်တိုင်းစိတ်မကောင်းဘူး။

မနှစ်တုန်းကထိုင်းကုန်စည်ပြပွဲကို မြန်မာပြည်ကမင်းသမီးလာပါတယ်.နာမည်ကြီးပါပဲ

.ချမ်းချမ်းသူငယ်ချင်းကသွားကြည့်တာလေ.ပြန်လာတော့သူပြောပြတယ်

မြန်မာမင်းသမီးအရမ်းလှတယ်နော်တဲ ့.ဒါပေမယ့်ဝတ်ထားတာတော့အရမ်းရုပ်ပျက်တယ်တဲ ့ ့..ဘာမှမဝတ်ဘဲနေရင်တောင်ကြည့်ကောင်းသေးတယ်တဲ ့ ငါတို ့ထိုင်းမင်းသမီးတွေတောင်အဲ့ဒီပွဲမှာ

သူ ့လိုဝတ်တဲ ့သူမရှိဘူးတဲ ့ကိုယ့်လူမျိုးကိုသူများတွေပြောလာရင်မခံနိုင်တာသဘာဝနော်။

ဒါပမယ့်သူတိုပြောတာလဲမှန်နေတော့ငြိမ်နေရတာပေါ့.့.မိန်းကလေးတယောက်ဟာလူလှဖို ့ထက်

စိတ်လှဖို ့အရေးကြီးသလို..အဝတ်လှဖို ့ထက်.ဘဝလှအရေးကြီးပါတယ်.။

မမြင်သင် ့တာတွေဖော်ပြီးဝတ်တာ.မြန်မာ ့ယဉ်ကျေးမှုမဟုတ်ပါဘူး

မဖော်သင် ့တာတွေ.ဖော်ပြီးဝတ်ရင်မဖြစ်သင် ့တာတွေ မမှားသင့်တာမှားတတ်ပါတယ်။

တတ်နိုင်ရင်တော့..အမြင်မရိုင်းတဲ ့ သရီးကွာတားတို ့စပိုု ့ရှပ်.တို ့လို လုံလုံခြုံခြုံလေးဝတ်ရင်တောင် ခေတ်ဆန်ဆန်နဲ ့လှနေပါပြီ.

ကိုယ့်ရဲ ့အဖေတွေ.အစ်ကိုတွေရှေ ့မှာ..သံဃာတော်တွေရှေ ့မှာအဝတ်အစားကိုလုုံလုံခြုံခြုံဝတ်ပါ.. .လိုအပ်တာထက်.လက်ပွန်းတတီးမနေပါနဲ ့..အားလုံးဟာ ရဟန္တာတွေမဟုတ်ပါဘူး.(စော်ကားတာတော့မဟုတ်ဖူးနော်).မမြင်သင် ့တာမြင်လို ့ ရသေ့ဈာန်လျှောတဲ ့နိပါတ်တော်.ကြားဖူးကြမှာပေါ့..(တစ်ချို ့က ရဟန္တာ ဈာန်လျှောတယ်လို ့သုံးတာဟာ မှားပါတယ်

ရဟန္တာအစစ်မှန်ရင် ကိလေသာကိုအကြွင်းမဲ ့ပယ်သတ်ထားလို ့နတ်သမီးမြင်လဲဈာန်မလျှောပါဘူး..

ကောင်းကင်ပေါ်မှာ ကြွနေတာမြင်တိုင်း ရဟန္တာလို ့မထင်ပါနဲ ့..ရဟန္တာ.မှန်ရင်.မလိုအပ်ဘဲတန်ခိုးမပြသလို ကိုယ်တိုင်ရဟန္တာပါလို ့ မပြောတ ဲ့အတွက်ဘယ်သူမှမသိနိုင်ပါဘူး.

ကောင်းကင်ပေါ်သွားနိုင်လာနိုင်တဲ့အကျင့်ကို

.လေကသိုလ်းရှုတဲ ့ဆာဒူးတွေလဲပျံနိုင်ပါတယ်..ရသေ့တွေလဲရနိုင်ပါတယ်..အဲ့ဒီပုုံပြင်မကြားဖူးရင် အချိန်ရရင် နောက်တော့ပိုစ့်တင်ပေးပါ့မယ်.အခုစာရှည်မှာစိုးလို ့လိုရင်းပဲ.ပြောတာပါ..

ချမ်းတို ့ကျောင်းတက်တုန်းကသူငယ်ချင်းတစ်ယောက်ပြောပြဘူးတယ်.အရက်မူးနေတဲ ့အဖေက သမီးအရင်းကိုစော်ကားတာတဲ ့.အဲ့ဒါပတ်ဝန်းကျင်က ပြောတော့…အဲ့ဒီအဖေမပီသတဲ ့လူကလေ..

.ဟ ..ကိုယ်မွေးတဲ ့ကြက် ကိုယ်မချက်ရင်နှမြောစရာကြီးလေ.တဲ ့..ဘုရားနဲ ့တစ်ဂိုဏ်းထဲထား.

ပြီးကြည်ညိုရတဲ ့အဖေဆိုတဲ ့ဂုဏ်ပုဒ်နဲ ့ ့တောင်မတန်ဘူး..ကိုယ့်ကိုယ်ကလွဲရင် .ဘယ်သူ့ကိုမှ .လိုတာထက်မယုံသင ့်တာအကောင်းဆုံးပဲ.

နောက်တစ်ချက်က သူငယ်ချင်းအပေါင်းအသင်းပါပဲ.သူငယ်ချင်းဆိုတာ တစ်ဦးကိုတစ်ဦး .

.မကောင်းတာတွေ ့ရင်လမ်းမှန်ကို ပြုပြင်ပေးသင့်ပါတယ်…တားသင့်ပါတယ်.

.ချမ်းချမ်းသူငယ်ချင်းမူလတန်းဆရာမလေးတစ်ယောက်ရှိတယ် ၄ တန်းမြန်မာစာသင်တာပါ..

တစ်နေ ့တော့ အတန်းထဲကကောင်မလေးရဲ ့အိပ်ထဲမှာ ရီးစားစာတွေ ့တာကို ဘေးနားကသူငယ်ချင်းတွေ ့တော့ တိုင်တာပေါ့.ဆရာမဆရာမ သူသူ ့ရဲ ့အိပ်ထဲမှာရီးစားစာရှိတယ်.လို ့ပြောလိုက်တော့ အံ့ဩသွားတာပေါ့.မဖြစ်နိုင်တာ အခုမှ ၄တန်းပဲရှိသေးတာပဲ ဆိုပြီးမယုံလို ့အိပ်ထဲရှာကြည့်မှ.လားလား ကြောင်ခြစ်ထားတဲ ့လက်ရေးလေးနဲ ့မရေးတတ်ရေးတတ်ရေးထားတာ တွေ ့တော့.ကဲဒီစာကို ဘယ်သူပေးတာလဲ .အခုထွက်ခဲ့.မထွက်ရင် တစ်တန်းလုံးရိုက်မှာနော် လို ့ပြောတော့..နောက်ဆုံးတန်းက အသံထွက်လာပါတယ်..ဆရာမ ငထူးပေးတာပါဆရာမ လို ့ပြောတော ့ ကဲတင်မောင်ထူး အခုအတန်းရှေ ့ထွက်လာခဲ့စမ်းဆ်ိုတော့.ကုတ်ချောင်းချောင်းနဲ ့ထွက်လာပါတယ်.ရှက်လဲရှက်နေတဲ ့ပုံပါပဲ .ကဲဒီစာကိုနင်သူသူ ့ကိုတကယ်ပေးလား မှန်မှန်ဖြေနော် ငထူးလေးကမဖြေရဲဘူး..အဲ့ဒါသူသူလေးက .မောင်.မေးနေတာဖြေလိုက်လေ.

.တဲ ့..ကြားလိုက်ရတဲ ့စကားနဲ ့တင် အပျိုကြီးဖြစ်တဲ ့ဆရာမ ကိုယ်တိုင်ပဲရှက်ရပါတယ်တဲ ့.ချမ်းစိတ်ထင်လေ.ကလေးတွေဆိုတာ အကောင်းအဆိုးသိပ်မသိဘူး.

ကိုယ့်ထက်အကြိးတွေရဲ ့ ့နေပုံထိုင်ပုံတွေကို အတုယူကြတာများတယ်.တတ်နိုင်ရင် ကိုယ့်အိ်မ်မှာ အရွယ်မရောက်သေးတဲ ့.ကိုယ့်ညီမလေးတွေရှေ ့မှာ .အချစ်အကြောင်းတို ့ရီးစားအကြောင်းတို ့ပြောတာရှောင်ပါ..သူတို ့လေးတွေကို .အသိအလိမ်မာတိုးစေမယ့်.

ဗုဒ္ဓစာပန်းချီလို .ဘာသာရေးစာအုပ်တွေ.မြတ်မင်္ဂလာ.မင်္ဂလာမောင်မယ်တွေလို

လူငယ်စာရိတ္တတိုးတက်စေမယ့်စာတွေများများပေးဖတ်ပါ..

နောက်တစ်ချက်က..ရည်းစား.များများမထားပါနဲ ့.မျက်နှာမများပါနဲ ့.ယောကျာင်္းလေးတစ်ယောက်ကို အပြင်းဖြေ အပျော်မတွဲပါနဲ ့ဘာလို ့လဲဆိုတော့.မိန်းကလေးတစ်ယောက်ရဲ ့.ဂုဏ်သိက္ခာနဲ ့ဘဝဟာ ယောကျာင်္းလေးတွေရဲ ့ပါးစပ်ဖျားမှာ တည်ပါတယ်..

ချမ်းချမ်း တို ့အိမ်ဘေးက အစ်မကြီးက လ္ဘက်ရည်ဆိုင်ဖွင့်ထားပါတယ်..လ္ဘက်ရည်ဆိုင်ဆိုတော့ ညနေဘက်ဆို လူငယ်ပေါင်းစုံနဲ ့ဆိုတော့

သူတို ့တွေပြောနေဆိုနေတာတွေကြားနေရတာပေါ့..အဲ့ဒါချမ်းချမ်းကို ဈေးသွားရင်ပြောပြတယ်

ညီမလေး..ကိုယ်တစ်ကယ်မချစ်ဘဲအပျော်ရီးစား.မထားနဲ ့.ထားရင်လဲ ကိုယ့်ကိုတစ်ကယ်ယူနိုင်မယ့်သူ ကိုယ်တစ်ကယ်ချစ်တဲ ့သူကိုပဲထားပါတဲ ့.ထားပြီးရင်လဲရီးစားဘဝမှာ အကြာကြီးမနေနဲ ့တဲ ့.ဒီခေတ်မှာယောကျင်္ားလေးတွေ ဟာ သိပ်ယုံရတာမဟုတ်ဖူးတဲ ့..

.သူတို ့ကောင်မလေးနဲ ့ပြတ်သွားရင် အချင်းချင်းရစာမရှိအောင် ပြောကြတယ်တဲ ့.အရင်ကောင်မလေးက ငါ့ကိုဘယ်လိုအခွင့်အရေးတွေပေးခဲ့တာ

ဘာညာဆိုပြီးပြောနေကြတာ.ကြားနေရတယ်တဲ ့ ..ဟုတ်မဟုတ်တော့ ကာယကံရှင်ပဲသိမယ်လေ.ဒါပေမယ့်ကိုယ့်အကြောင်းကို အဲ့ဒီလိုသားပုတ်လေလွင့်ပြောနေတော့.ဘယ်သူပိုနစ်နာမလဲ.သေချာစဉ်းစားနော်..

မိန်းကလေးပဲပိုနစ်နာပါတယ်.

ပြီးတော့..

အခုခေတ်မှာမိန်းကလေးတော်တော် များများကအချစ်ဆိုတာကိုဘတ်စ်ကားစီးသလိုပါဘဲ

တစ်စီးမလာရင်နောက်တစ်စီးတက်စီးလိုက်ယုံပါဘဲ လို ့ပြောကြတာကြားနေရပါတယ်..

မိန်းကလေးတယောက်အနေနဲ ့စဉ်းစားကြည့်မယ်ဆိုရင်ဘတ်စ်ကားတိုင်းစက်မကောင်းသလို

ယောက်ျားလေးတိုင်းလည်းစိတ်ထားမကောင်းကြပါဘူး..။

နှမချင်းစာနာတတ်တဲ ့ယောကျင်္ားကောင်းနဲ ့တွေ ့ရင်တော့.ကိစ္စမရှိပေမယ့်.နှမချင်းမစာနာတဲ ့သူနဲ ့တွေ ့ရင်တော့

်.ကိုယ်ဘဲ နာမည်ပျက် ဘဝပျက်ရမယ်မယ်ဆိုတာကိုအလေးအနက်စဉ်းစားပါ.။

အရေးကြီးဆုံးက

မိန်းကလေးတယောက်ဟာကိုယ့်ကိုချစ်စကားလာပြောလို ့လက်မခံနိုင်ဘူးပြန်မချစ်နိုင်ဘူးဆိုလို ့ရှိရင်တဖက်သားကို နာကျည်းသွားအောင်ရိုင်းရိုင်းစိုင်းစိုင်းပြန်မပြောပါနဲ ့.ပါးမရိုက်ပါနဲ ့.

လွတ်လပ်တဲ ့အပျိုတစ်ယောက်ကိုသူဌေးသားလိုက်ခွင့်ရှိသလို .သူတောင်းစားလဲ ကြိုက်ခွင့်ရှိပါတယ်..ကိုယ်ပြန်မကြိုက်နိုင်ရင်တော့..ပြေပြေလည်လည်ပြောပါ.

ပြောမရရင်မတွေ ့အောင်ရှောင်လိုက်ပါ.

ချမ်းတို ့ကျောင်းတက်တုန်းကဖြစ်ရပ်မှန်သတင်းပါ…ချမ်းတို ့အနီးကပ်တက်နေတဲ ့အချိန်မှာ

.ဒေးတက်နေတဲ ့ကောင်မလေးတစ်ယောက်ပထမနှစ်.အီးမေဂျာ ကွင်း လေးပါ.

သူ့ ့ချစ်သူနဲ ့ကျောင်းအနောက်ဘက်မှာ ညနေ ၆နာရီ.ချိန်းထားတာ

သူ ့ချစ်သူကောင်လေးမရာက်လာဘဲနဲ ့တစ်ခါတုန်းကသူ ့ကိုချစ်ရေးဆိုဘူးတဲ့ကာင်လေးရောက်လာပြီး.

အတင်းစော်ကားသွားပါတယ်.ပြီးတော့ နှုတ်ပိတ်တဲ ့အနေနဲ ့သတ်လိုက်ပါတယ်..

နောက်အမှုမှန်ပေါ်လို ့ကောင်လေးကိုစစ်တော့.ကောင်လေးကပြန်ပြောပါတယ်

.စိတ်နာလို ့လုပ်မိတာပါတဲ ့.ဘာလို ့လဲဆိုတော့

ကောင်မလေးက သူ့ကို သူငယ်ချင်းတွေရှေ ့မှာ .နင့်လို ကုလားကိုသေတာတောင်မယူဘူးတဲ ့..

ကဲ.စကားတစ်ခွန်းလေးနဲ ့အရှက်ရော ဘဝရော ပေးလိုက်ရတာနော်..

လောကမှာလူရယ်လို ့ဖြစ်လာရင် အမှားမကင်းပါဘူး.ကိုယ်မသိလို ့မှားတာ သိသိကြီးနဲ ့မှားတာ

အမျိုးမျိုးပါဘဲဒါပေမယ့်ဖြစ်ပြီးမှ .ပြင်လို ့ရတဲ ့အမှားရှိသလို .ပြင်လို ့မရတဲ ့အမှားလဲရှိတယ်.

အဲ.အမှားကိုတော့.ဖျက်လို ့မရဘူးနော်..ကိုယ် တစ်နေ ့ ဖိုးဖိုးဖွားဖွားဖြစ်တဲ ့အချိန်အထိ

.ကိုယ့်ရဲ ့အနောက်မှာ အရိပ်လို လိုက်နေတာ.ကိုယ့်သားသမီးမြေးမြစ်တွေအထိ.

.ကိုယ့်ရဲ ့အကောင်းအဆိုးရာဇဝင်ကကျန်နေမှာကို အမြဲအမှတ်ရပါ.ဘဝဆိုတာကို

တစ်ခဏတာသာယာမှု တွေ.နဲ ့လွယ်လွယ်မဆုံးဖြတ်ပါနဲ ့..အသက်ကြီးသွားမှ

ဘုရားသွားကျောင်းတက်နေရတဲ ့အရွယ်ရောက်မှကိုယ်တစ်ချိန်က မိုက်ခဲ့တာမှားခဲ့တာဟာ ကိုယ့်မြေးတွေမြစ်တွေကို.ပြန်ရှက်နေရပါတယ်

တစ်နေ့က မမဖုန်းဆက်ပြီးပြောပြတယ်.ချမ်းရဲ ့တစ်ဝမ်းကွဲမောင်လေးမိန်းမခိုးလာလို ့တဲ ့အသက်က၂၁ ပဲရှိသေးတယ်.ကောင်မလေးဘက်က သဘောမတူဘူး..မောင်လေးက မသောက်မစားဘူး.ဘဝသိတယ်လိမ်မာတယ်ဆိုတော့ကိုယ့်မောင်လေးနဲ ့သဘောမတူတော့

့စိတ်တိုတာပေါ့

အဲ ့ဒါကောင်မလေးရဲ ့အဖိုးအဖွားနဲ ့ဆွေမျိုးတွေကဘာပြောလဲဆိုတော့.

သူ့အဖိုးအကျင့်မကောင်းလို ့တဲ ့

တစ်ကယ်လဲသူတို ့ပြောတာမှန်နေတယ်.ချမ်းတို ့ဒေါ်လေးရဲ ့ယောက္ခထီးက ငယ်ငယ်ကတည်းက မိန်းမဝါသနာပါတယ်.အသက်ကြီးတဲ ့အထိ.မိန်းမလိုက်စားတုန်း..ဒေါ်လေးနဲ ့ဦးလေးကို ချမ်းတို ့အဖိုးကလဲလုံးဝသဘောမတူဘူးဒေါ်လေးမှာလဲ.မွေးရာပါ နှလုံးရောဂါရှိ်နေတော့အဖိုးက အတင်းတာတယ်.ဒေါ်လေးက သူ့ချစ်သူနဲ့မပေါင်းရရင် သတ်သေမယ်လို ့ခြိမ်းခြောက်လို ့ပေးစားလိုက်တာ

ချမ်းမောင်လေး.၄နှစ်သားမှာ ဆုံးသွားရှာတာလေ.

တစ်ကယ်တော့.အချစ်တစ်ခုတည်းနဲ ့ဘဝတစ်ခုတည်ဆောက်လို ့မရဘူး.ဆိုတာကိုနားလည်ထားပါ..

ချမ်းအခု ရေးထားတွေဟာ ဖတ်လို ့ကောင်းအောင် စိတ်ကူးယဉ်ပြ့ီးရေးထားတာမဟုတ်ဘူးနော်.

ချမ်းကိုယ်တိုင် တွေ ့မြင်ထားတာတွေ မှတ်သားထားတာတွေကို သိစေချင်လို ့ပါ.

ချမ်းကြိုက်တဲ ့.အလက်ာလေးတစ်ပုဒ်ကိုပေးဖတ်မယ်နော်

မိမိဘဝ တရားရဖို့
ဝန်းကျင်းဒေသ တရားပြသည်
လောကကြီးကတို့ဆရာတဲ့…။
မိမိဘဝပညာရဖို့
ဝန်းကျင်ဒေသ သင်ကြားပြသည်
လောကကြီးကတို့ဆရာတဲ့…။
မိမိဘဝ သိဉာဏ်ကြွဖို့
ဝန်းကျင်ဒေသ လမ်းညွန်ပြသည်
လောကကြီးကတို့ဆရာတဲ့…။
မိမိဘဝ လိမ္မာကြဖို့
ဝန်းကျင်ဒေသ ဆုံးမပြသည်
လောကကြီးကတို့ဆရာတဲ့…။
နေ့စဉ်တွေ့ကြုံ ဤလူ့ဘုံဝယ်
သတိယှဉ်မှု ဉာဏ်လည်းကူ၍
သင်ကြိုးစားလော့….။

ရေးတဲ ့ဆရာတော်နာမည်မေ့နေလို ့ခွင့်လွှတ်ပါ….

ဒီကဗျာလေးအတိုင်းပဲ .မိန်းကလေးတိုင်း သူတစ်ပါးရဲ ့အမှားတွေ ကိုကြည့်ပြီးကိုယ်တိုင်က သင်ခန်းစာယူသင့်ပါတယ်

..သူတို ့လိုမမှားအောင်လဲကိုယ့်ကိုယ်ကို သတိလေးနဲ ့အသိလေးနဲ ့ကာကွယ်ပါ..

မိမိကိုယ်သာကိုးကွယ်ရာတဲ ့..ကြားဖူးတယ်ဟုတ်.တစ်ကယ်တော့..

်.ကိုယ့်ဘဝနဲ ့ရင်းပြီးမှ သင်ခန်းစာရလာတာထက်စာရင်တော့.ဘဝနဲ ့မရင်းဘဲ ရခဲ့တဲ ့ပတ်ဝန်းကျင်ကပေးလာတဲ ့သင်ခန်းစာက ပိုကောင်းပါတယ်..

(စာရှည်သွားရင်ခွင့်လွှတ်ပါ)

Written ..By…(ချမ်းချမ်း)

………………………………………………………………………………………………………………….

ချမ်းချမ်း.သူငယ်ချင်းရဲ ့ပိုစ့်လေးတစ်ခုကို .ဒီပိုစ့်နဲ ့အတူတွဲတင်ပေးထားမယ်နော်.ပိုစ့်နာမည်က

(ဆူး) တဲ ့

ဆက်လက်အားပေးပါးလို ့..

……………………………………………………………………………………………………..

(ဆူး)

မိုးတွင်းဆိုပေမဲ့ ဒီကနေ ့တော့ မိုးလေကင်းကင်းနဲ ့သာသာယာယာလေးပါ

မနက်ဖြန် ဥပုသ်နေ ့ ဘုရားပန်းလည်းဝယ်မယ် ဆွမ်းတော်ကပ်ဖို ့ သစ်သီးလေးတွေလည်း

ဝယ်မယ်ဆိုပြီး ကျွန်မ ဈေးကို စောစောလေး ထွက်လာခဲ့ပါတယ်

“ဟိတ်…ညီမလေး ဈေးကိုလား စောလှချည့်လား ´´

“ဟယ်….မမမျိုးမျိုး မတွေရတာတောင် တော်တော်ကြာနေပြီ ကလေးရော နေကောင်းရဲ ့လား

ဝလား ထွားရဲ ့လား ..?

“အောင်မလေးတော်……ဖြေးဖြေးမေးပါ မေးခွန်းတွေကလည်း အများကြီးပဲ ဘယ်ကစပြီး

ဖြေရမှန်းတောင်မသိတော့ဘူး နေကောင်းပါတယ်

၀ဝထွားထွားကြီးပါရှင့် ငါညီမလေးလည်း လှလာတယ်

နည်းနည်းလည်း

ဝလာသလို ပဲ ယောကျင်္ားမယူနဲ ့နော် ´´

“မယူပါဘူးမမမျိုးရယ် ချစ်သူကတော့ ယူဘို ့ပြောနေပြီ အိမ်မက်ထဲမှာ…ဟိဟိ.´´

“အကောင်းမှတ်လို ့နားထောင်တာ တော်တော်နောက်တယ် မမသွားတော့

မယ်နော် ညီမလေး ´´

“ဟုတ်…..ဟုတ်ကဲ့ပါ ´´

ထွက်သွားတဲ့ မမမျိုးရဲ ့ကျောပြင်ကို ငေးမောကြည့်မိရင်း စိတ်မကောင်းဖြစ်မိပါတယ် မမမျိုးက

အရမ်းအချောကြီးမဟုတ်ပေမဲ့ ချစ်ဖို ့ကောင်းတဲ့ရုပ် အသားလေးကဖြူဖြူ

ကိုယ်လုံးသွယ်သွယ်လေးနဲ ့လူချစ်လူခင်များတဲ့သူပါ

မမမျိုးက ရုံးတစ်ခုက ဝန်ထမ်းတစ်ဦးပါ စာရင်းစယားကျွမ်းကျင်တဲ့ ဝန်ထမ်းပါ အလုပ်ကိုလည်း

ကြိုးစားရှာပါတယ် သူခင်ဗျာကံမကောင်းရှာဘူး တရုံးထဲနေ အိမ်ထောင်ရှိတဲ့ ဝန်ထမ်းနဲ ့

ချစ်မိ လွန်ကြူးမိကြလို ့ ခုလို ကလေးတစ်ယောက်နဲ ့ ကျန်ခဲ့ရတာပါ သနားစရာပါ အလုပ်ကလည်း

ထွက်လိုက်ရရှာတယ်။

“ညီမလေး ယောကျင်္ားတွေကို မယုံပါနဲ ့မမမျိုးကိုကြည့် သူကအိမ်ထောင်သည် မမမျိုးစိတ်ဝင်စားပါ့

မလား…? မမမျိုးရဲ ့အမှားလည်းပါပါတယ် ရုံးမှာအလုပ်တွေများလို ့ ကိုယ်အလုပ်တွေပြီးအောင်

ညဘတ်တွေပါ အလုပ်ဆင်းတယ်လေ သူကကိုယ်ကို ဂရုတစိုက်ရှိတော့

အော်….ခင်လို ့ပဲလိုထင်ခဲ့မိတာ

သူူကအိမ်ထောင်သည် ဆိုတော့လည်း သူဇနီးမယားကလွဲပြီး ဖောက်ပြန်လိမ့်မယ်မထင်ဘူး ´´

မမမျိုးကသူ ့အကြောင်းလေးကို မျက်ရည်စက်လက်နဲ ့ မရှက်မကြောက် ပြောပြရှာတယ်

သူ ့ကိုကြည့်ပြီးသနားလိုက်တာ တရှုံ ့ရှုံ ့နဲ ့ ငိုပြီးပြောတယ်

“မမမျိုးရဲ ့အဖြစ်ကိုကြည့်ပြီး ညီမလေးတို ့မမှားရအောင် ရင်နာနာနဲ ့ပြောနေရတာပါ တစ်ည မမမျိုးနဲ ့

သူနဲ ့နှစ်ယောက်ထဲ အလုပ်တွေမပြီးလို ့ရုံးထဲမှာကျန်ခဲ့တယ် တစ်ခြားသူတွေကတော့ အလုပ်ပြီးလို ့

ပြန်သွားကြပြီ အဲမှာသူက မျိုးရေ အအေးသောက်မလား မေးတယ် မမမျိုးကလည်း ရာသီဥတုကပူ

စာရင်းကမပြီးသေးတော့ စိတ်တွေကပူ အအေးသောက်မယ် အကိုရေ ဆိုပြီမှာလိုက်မိတယ်

ပြန်လာလို ့အအေးလည်ရရော မမမျိုးလည်း ရေကလည်းငတ် ပူကလည်းပူနဲ ့ တစ်ရှိန်ထိုးသောက်လိုက်မိတယ်

တစ်အောင့်လည်းကြာရော မမျိုးခေါင်မထူနိုင်တော့ပဲ ရည်တီတီနဲ ့ မူးပြီအိပ်ချင်လာတယ် အဲဒီမှာမမမျိုးကိုသူက

စော်ကားတော့တာပဲ အော်လို ့ကလည်းမရ မမမျိုးဘာတက်နိုင်မှာလည်

သူကမမျိုးကို ယူပါ့မယ် အရမ်းချစ်လို ့ပါ ဒါကြောင့်ဒီလိုလုပ်မိပါတယ် သူစိတ်တွေကိုဘယ်လိုမှ

မထိန်းချုပ်နိုင်တော့လို ့ပါ သူမိန်းမကို ကွာရှင်းပြီ မျိုးကိုပဲလက်ထပ်ပါ့မယ် လက်ထပ်ပါရစေနဲ ့

စဉ်စားကြည့်ပါ သူမှာဇနီးရယ် သမီးလေးကလည်း ရှိသေးတယ် မမမျိုးမိန်မချင်း

ကိုယ်ချင်းစာပါတယ်အိမ်ထောင်ကြီးတစ်ခုလုံး မမမျိုးကြောင့် ပြိုကွဲပျက်စီး ရမှာ

သူ ့သမီးလေးရဲ ့ရှေရေး လူတွေအားလုံးကရော

မမမျိုးကို ဘယ်လိုပြောကြမလည်း ကဲ့ရဲ ့ကြမှာပေါ့ ယူစရာရှားလို ့ မိသားစု

အသိုက်မြုံလေးပျက်စီးအောင်လုပ်တဲ့သူလို ့ပြောကြမှာလေ..

မမမျိုးဖက်ကိုလည်းကြည့်ပါအုန်း မိန်းကလေးတစ်ယောက်ရဲ ့တန်ဖိုးအရှိဆုံး

ကိုယ်ကျင့်တရား ဂုဏ်သိက္ခာ

အပျိုရည်ဘဝ မမမျိုးတစ်ယောက်တည်းနဲ ့ဟိုဘက်က သုံးယောက် ဘာလုပ်ရမလည်း

ငိုရလွန်းအားကြီးလို ့ မျက်ရည်တွေတောင်ခမ်းလုပါပြီ နှလုံးသားထဲမှာ

နာကျင်ရလွန်းအားကြီလို ့ရင်ဘက်ထဲကအောင့်

နှလုးံကြီးတစ်ခုလုံး ကွဲသွားမတက်ပါပဲ။

နောက်ဆုံး ဆုံးဖြတ်ချက်ချလိ်ုက်တယ် ငါတစ်ယောက်ထဲပဲ ခံစားလိုက်မယ်လို ့

ကံဆိုးမသွားရာကို မိုးကလိုက်လိုရွာတယ် မဖုံးနိုင်မဖိနိုင် ကိုယ်ဝန်ကရှိလာတယ်

ဘယ်သူကိုမှလည်းမပြောရဲမတိုင်ပင်ရဲနဲ ့ ရှိလာတဲ့ကိုယ်

ဝန်ကို မွေးမယ်လို ့ဆုံဖြတ်ချက်ချပြီး တိက်တိက်ပဲ တောမှာသွားနေပြီ မွေးလိုက်တယ် ´´

“မမမျိုးလို မဖြစ်အောင် ဘယ်ယောကျင်္ားလေးကိုမှ အယုံမလွယ်ပါနဲ ့ညီမလေး

သူကတော့အိမ်ထောင်သည်

ပဲဆိုပြီတော့လည်း ရင်းနှီးစွာ မနေပါနဲ ့အယုံမလွယ်မပါနဲ ့ညီမလေး မမမျိုးရဲ ့ဘဝတစ်ခုလုံးနဲ ့ရင်းပြီး

ညီမလေးတို ့ကို ပြောပြလိုက်တယ်နော် ´´

လွန်ခဲ့တဲ့ ၂ နှစ်ကျော်က မမမျိုးရဲ ့ ရင်နင့်စရာ ကြေကွဲစရာ မိန်းကလေးတိုင်း နေထိုင်မှု ့ဆင်ခြင်စရာ

သင်ခန်းစာယူစရာ အဖြစ်အပျက်လေးပါ

ဆူးပေါ်ဖက်ကျလည်း ဖက်ကပေါက် ဖက်ပေါ်ဆူးကျလည်း ဖက်ပဲပေါက်ရတဲ့မိန်းမတွေရဲ ့ဘဝ

ဘယ်တော့မှ ဒီလို အဖြစ်မျိုးတွေနှင့် မမမျိုးတစ်ယောက်မတွေ ့ပါစေနှင့်လို စိတ်ထဲက

ဆုတောင်းပေးလိုက်ပါရဲ ့

ဘယ်မိန်းကလေးမှ ဒီလို အဖြစ်အပျက်တွေနှင့် မကြုံဆုံ ကြပါစေနှင့်လို ဆုတွေတောင်းနေမိရင်း……

written By …Princess(www.thettantvillage.com)

6 comments

  • OQ23

    February 16, 2011 at 3:52 pm

    ဟုတ်ပါတယ်၊အခုပြောသလိုပါပဲငယ်ငယ်ရွယ်ရွယ်နဲ့မိန်းခလေးတွေမပျက်စီးသင့်ပဲပျက်စီးနေရတာပါတချိူ့ယောက်ကျားတွေရဲ့လူမဆန်မှုကြောင့်ပေါ့။
    မိန်းခလေးများထိန်းထိန်းသိမ်းသိမ်းနဲ့နေကြပါ။အခုခေတ်ကတော့စားပြီးနားမလည်ဝါးပြီးထွေးထုတ်ပေါ့၊အနေထိုင်မတတ်ကြားညှပ်ဆိုသလိုအပေါင်းသင်းပေါင်းတာကြည့်ပေါင်းပေါ့။

  • unclegyi1974

    February 16, 2011 at 5:17 pm

    အရေးက ၂ ခုစလုံးကောင်းပါ့ဗျာ
    ဒီနေ့ဖြစ်နေတဲ့မရိုးနိုင်တဲ့အကြောင်းတွေပါပဲ
    ဒါပေမဲ့ချမ်းချမ်းရေ မိန်းကလေးတိုင်းတူမ တွေးသလိုမတွေးတော့တာခက်တယ်
    ဘာကိုအပြစ်ပြောမလဲ
    မင်းသားမင်းသမီး အဆိုတော် စာအုပ်စာပေ
    အကုန်လုံးကအရှေ့ကစံပြလုပ်ပြနေကြတော့
    သေးလာတဲ့ကမ္ဘာကြီးထဲကယူသင့်တာတွေဘာ
    မယူသင့်တာတွေဘာမကွဲသေးသမျှ….

  • nigimi77

    February 17, 2011 at 2:17 am

    ဘာတွေလဲဟ။ ချမ်းချမ်း တင်ထားတဲ့ Post ကို ထပ်တင်နေတာလား။

    • etone

      February 17, 2011 at 8:50 am

      fwd မေးလ်ကရတယ်ထင်တယ်နော် ။

  • winkyawaung

    February 17, 2011 at 2:54 am

    အရေးအသားကတော့ ကောင်းပါတယ်။ ရှည်လွန်းတော့ နည်းနည်းအီနေတာပေါ့၊ ဒါပေမယ့် ဒီပို့စ်က အများအတွက် အားဆေးတစ်ခွက်ပါကွယ်။

  • boxboy92

    February 17, 2011 at 5:30 pm

    မချမ်းချမ်းက တာချီလိတ်က ထင်တယ်နော်၊ အမပြောတဲ့ သတင်းတွေ အဲဘက်မှာကြားဖူးတယ်။
    boxboy92@gmail.com ကို အကြောင်းပြန်ပေးပါ၊ ကျွန်တော် ဆန်ဆိုင်းရပ်ကွက်ကပါ။

Leave a Reply