ရှမ်းကလေးကျွန်းအလှ


ဒီနေရာလေးကတော့ အရင်က အလွယ်တကူမရောက်နိုင်တဲ့နေရာလေးဖြစ်ပါတယ်။
ဟိုတုန်းကဆိုရင် တောင်မြို့(အမရပူရ)ကိုသွားတဲ့လမ်းက ကပ်ကျော်ကွေ့နားလေးကနေ လယ်ကန်သင်းရိုးတွေကြားမှာ စက်ဘီးနဲ့ယိုင်ထိုးယိုင်ထိုး အလဲအကွဲစီးပြီးမှ ဒီရှမ်းလေးကျွန်းကိုရောက်ရတာပါ။
အခုတော့ တံတားဦးလေဆိပ်ကိုသွားတဲ့ ဧရာဝတီမြစ်ရယ် စစ်ကိုင်းတောင်(မင်းဝံတောင်ရိုး)နဲ့အပြိုင်ဖောက်ထားခဲ့တဲ့လမ်းနံဘေးမှာတင်ရှိပါတယ်။
နိုင်ငံခြားကလာတဲ့ ထိုင်ဝမ်ဇီးသီးဆိုတာ မပေါ်ခင်က အလွန်နာမယ်ကြီးတဲ့ ဇီးခြံတွေ ရှိတဲ့ ရှမ်းကလေးကျွန်းပါဘဲ။
ထူးခြားတာ တစ်ခုက ဧရာဝတီမြစ်ရေကြီးရင် ဒီရွာတစ်ရွာလုံးက ရေထဲမှာစိမ်ပြီးနေပါတယ်။
သာယာလှပတဲ့ ရူ့ခင်းလေးမို့ မျှဝေပေးလို်က်ပါတယ်။

9 comments

  • kopauk mandalay

    February 19, 2011 at 3:29 pm

    2010ခုနှစ် ဧရာဝတီမြစ်ရေကြီးတော့ ဒီရှမ်းလေးကျွန်းတစ်ခုလုံးရေးထဲမြုတ်သွားတာ။
    အဲဒီရွာမှာရှိတဲ့ နွားတွေကို ကုန်းပေါ်မှာလာထား။
    လူတွေက နေ့ဆိုရေထဲကိုလှေနဲ့သွား။
    ညဆိုကုန်းပေါ်မှာလာနေနဲ့ အလုပ်တွေဖြစ်နေကြတာ။
    ပျော်စရာလဲကောင်းစိတ်ညစ်စရာလဲကောင်း။
    အခုတော့လဲ သာယာလို့ပါ…………………………

  • ဆူး

    February 19, 2011 at 3:52 pm

    ထိုင်ဝမ်း ဇီးသီးတော့ မသိဘူး မြန်မာ ဇီးသီး အလုံးကြီး အခြောက်တွေ ဆို အရင်က သီရိ မင်္ဂလာဈေးမှာ ပြည်တောင်းနဲ့ သွားဝယ်ပြီး အိမ်မှာ ရေစိမ်စားတယ်။ အခုတော့ မစားဖြစ်တော့ဘူး။ တူတူစားမဲ့ အဖေ မရှိတော့လို့.. အဖော်မရှိတာနဲ့ သီးသန့် ဝယ်ကို မစားဖြစ်တော့ဘူး။

  • kopauk mandalay

    February 19, 2011 at 3:57 pm

    ဒါဆိုရင်နောက်များအဖော်ရလာရင်ပြောနော်
    အညာက ဇီးသီးတွေပို့ပေးလိုက်မယ်။
    ဇီးယိုစားရင် သည်းခြေအေးတယ်ပြောတာဘဲ။
    ကျွန်တော်က တော့ ဇီးယိုရော ဇီးသီးရော မကြိုက်ဘူးဗျ.

  • cherrykoko

    March 9, 2011 at 4:53 pm

    မြင်နေရတဲ့ စိုက်ခင်းစိမ်းစိမ်းတွေကဘာပင်တွေလဲကိုပေါက်..ရေတက်တဲ့နေရာဆိုတော့နှုန်းမြေတွေဖြစ်မယ်နော်..ဘာပင်တွေစိုက်ထားပါလိမ့်…

  • MaMa

    March 9, 2011 at 11:58 pm

    ဧရာဝတီမြစ်ထဲ စိမ်နေတဲ့ရှု့ခင်းလေးတွေရော ရနိုင်လား။

  • kopauk mandalay

    March 10, 2011 at 6:40 am

    ဒီနေရာမှာဘာပင်လေးတွေစိုက်ထားလဲတော့ သေချာမသိဘူးဗျ။
    ဒါပေမယ့်အများအားဖြင့်ပြောင်းဖူးပင်တွေစိုက်တာများတယ်.။
    ဧရာဝတီမြစ်ထဲကိုရေစိမ်နေတဲ့ပုံကိုကြည့်ချင်တယ်ဆိုရင် ရှာတင်ပေးပါအုံးမယ်။
    ရွှေကြက်ယက် ရွှေကြက်ကျနဲ့ အင်းဝ မင်းကွန်းဘက်ကို အားရင်သွားအုံးမှာလေ။

  • unclegyi1974

    March 10, 2011 at 4:41 pm

    ရှမ်းလေးကျွန်းက၂၀၁ဝ တနှစ်ထဲတင်ရေနစ်တာမဟုတ်ပါဖူး
    မိုးတွင်းဆိုနှစ်တိုင်းရေနစ်နေကျပါ
    ဒါကြောင့်အိမ်တွေကိုခြေတံရှည်တွေနဲ့ဆောက်
    ထားပါတယ်ရေတိုးလာရင်ရွာကိုလှေနဲ့သွားရတာပါ
    ဒါပေမဲ့သိပ်မကြာသောနှစ်များမှာရှမ်းလေးကျွန်း
    ကကုန်းမြေစစ်စစ်ဖြစ်ဖို့များနေပါပြီ
    ဧရာဝတီမြစ်ကြီးကတနေ့တခြားကောလာပြီလေ
    ဘာ့ကြောင့်လဲ ဘာ့ကြောင့်လဲ…

  • ဆူး

    March 10, 2011 at 4:55 pm

    လေးပေါက်ကြီး ကောင်းမှုတော် ဘရမ်းနယူ ပုံလေး သွားရိုက်ပါအုန်း။

  • kopauk mandalay

    March 11, 2011 at 2:27 am

    ပြီးခဲ့တဲ့ အပါတ်ထဲက မုံရွာက နေ့ချင်းပြန်သွားရင် ကောင်းမူတော်ဘုရားကို တွေ့ခဲ့တယ်။
    အရင်က ထုံးသင်္ကန်းနေရာမှာရွှေသင်္ကန်းကပ်နေကြတယ်.။
    မပြီးသေးလု့ိ မရိုက်ခဲ့သေးဘူး။
    ရွှေသင်္ကန်းကပ်ပြီးရင်တော့ ရိုက်ပြီးတင်ပေးမယ်ဗျာ။

Leave a Reply