သီချင်းလေးဆိုပြီး သင့်ကို နှိုးပေးမယ့် နာရီ

manawphyulayFebruary 17, 20111min1265

Speaking Clock Deluxe
နှိုးစက်နာရီတွေ အများကြီးပါ။ လက်တံကို လက်နဲ့လှည့်ပေးပြီး နှိုးစက်ကို ချိန်မလား၊ ဒစ်ဂျစ်တယ်နည်းနဲ့ အချိန်ကို ရွှေ့ပြီး နှိုးစက်ချိန် မလား။ ဒီလို နှိုးစက်တွေနဲ့ မတူဘဲ ကွန်ပျူတာထဲကနေ သင် လိုအပ်တဲ့ အချိန်မှာ အတိအကျ နှိုးပေးမယ့် နာရီက ပိုပြီး ကောင်းမယ်ထင်လို့ မိတ်ဆက်ပေးလိုပါတယ်။ Lux Aeterna Software (www. lux-aeterna.com) က ထုတ်လုပ်ပေးတဲ့ Speaking Clock Deluxe သည် ကွန်ပျူတာ desktop ပေါ်က နာရီဆိုတာထက် နှိုး စက်ကို အသားပေးထားပုံက နှစ်သက်စရာပါ။ နှိုးဖို့ အချိန်သတ်မှတ်ပေးပြီး နှိုးရမယ့် တေးက Endless Love.wav နဲ့ဖြစ်ပါတယ်။ လက်တွေ့လည်း အတိအကျ နှိုးပေးတာကို တွေ့ရပါ တယ်။
Speaking Clock Deluxe သည် တကယ်ပဲ အံ့ဩဖွယ် ရေးဆွဲထားတဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး ဘာသာရပ် ၃ဝ ကျော်နဲ့ အသုံး ပြုနိုင်ပါတယ်။ ကိုယ်ပိုင် အသံသွင်းထားပြီး alarm အဖြစ် သုံးနိုင်ပါ တယ်။ ဖိုင်အရွယ်အစား 3.607MB နဲ့ တန်ဖိုး ၈.၉၉ ဒေါ်လာ ဆို ပေမယ့် ရက် ၃ဝ အခမဲ့ စမ်းသပ်သုံးခွင့်ပြုပေးထားပါတယ်။

5 comments

  • etone

    February 17, 2011 at 8:07 am

    ကွန်ပျူတာ တစ်ညလုံးဖွင့်ထားရမှာလားဟင် !
    ဖွင့်ထားတာတော့ဟုတ်ပါပြီ မီးပျက်သွားလို့ UPS မနိုင်တာမျိုးဆိုရင် နှိုးစက်မြည်မှာ မဟုတ်ဘူးနော် … ။ နှိုးစက်နာရီတွေကလည်း အူကြောင်ကြောင်ရယ် … တစ်ခါတစ်လေ နာရီဝက်လောက်အလိုမှာ ထမြည်နေရော… ။ ခဏခဏပျက်တတ်ပါတယ်… ။

  • white

    February 17, 2011 at 9:06 am

    သီချင်းသံနဲ ့ဆိုရင်တော့ ပိုအိပ်လို ့ကောင်းမယ်ထင်တယ်

  • ဆူး

    February 17, 2011 at 2:05 pm

    ဟဲ့.. မနော မထ သေးဘူးလား ဟ… မနက် မိုးလင်းနေပြီ။ ဟေ့.. မထသေးဘူးလား ထ မလား။ ဒီထက် ပိုကျယ်အောင် အော်လိုက်ရလား။
    အိပ်ယာ ထမယ် အိပ်ယာ ထမယ် ဟေးးးးးးးးးးးးးးးးးးးးး ထ တော့ ဟေးးးးးးးးးးးးးး

    ိဆိုပြီး အသံသွင်းပေးမယ် မနော အတွက် အသံသီးသန့် စပါယ်ရှယ် စာသားပါ ရေးပေးထားတယ်။

  • char too lan

    February 18, 2011 at 3:00 am

    လုပ်မနေနဲ့ ဝုန်းကနဲ့ထတဲ့နည်းနဲ့နှိုးလိုက်မယ် …………….
    “ဟေ့ ဆြာနော ထမလားမထ ဘူးလား မထရင် မင်းအိမ်နေတဲ့ ပိုးလို့ပက်လက်ပုံ အင်တာနက်ပေါ်ရောက်သွားမယ်နော် ထဆို ခုထ ပီးမှငါ့အဆိုးမဆိုနဲ့” 😀

  • အာဖျံ ကွီး

    February 18, 2011 at 3:42 am

    နှိုးစက်အသံနောက်တစ်မျိုး ….

    ချာတူး … ထ !!! … နေဖင်ထိုးရင် အသားထပ်မဲမရနော် … အသားဖြူချင်ရင် မြန်မြန် … ထ !!!
    ချာတူး … ထ !!! … နေဖင်ထိုးရင် အသားထပ်မဲမရနော် … အသားဖြူချင်ရင် မြန်မြန် … ထ !!!
    ချာတူး … ထ !!! … နေဖင်ထိုးရင် အသားထပ်မဲမရနော် … အသားဖြူချင်ရင် မြန်မြန် … ထ !!!

    ဟီးးဟီးးး 😛

Leave a Reply