ဓာတ်ပုံသမားများအတွက် စိတ်ဝင်စားဖွယ် ဆော့ဖ်ဝဲတစ်ခု

manawphyulayFebruary 17, 20111min761

Photo-Brush 5
ဓာတ်ပုံတွေကို ချယ်သကြတဲ့ လုပ်ငန်းက အလွန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ငယ်ငယ်တုန်းက ခဲထိုးတယ်လို့ ခေါ် ပါတယ်။ မူရင်း ဓာတ်ပုံကို အရောင်ခြယ်သလို စိတ်ရှည်လက်ရှည်နဲ့ လုပ်ရတာပါ။ အခု ဒစ်ဂျစ်တယ်ခေတ်မှာတော့ လွယ်နေပါပြီ။ တစ်နည်းအားဖြင့် ဆော့ဖ်ဝဲအားကိုးနဲ့ကိုယ်လိုချင်တဲ့ အနေအထားကို ဖန် တီးနိုင်ကြပါတယ်။ အဲဒီအတွက် Mediachance ရဲ့ Photo-Brush ကို စမ်းသပ် သုံးကြည့်ပါ။ ဖိုင်အရွယ်အစား 14.6 MB ဖြစ်ပြီး တန်ဖိုး ၄၅ ဒေါ်လာက များသလိုပါ။ ဒါပေမယ့် ရက် ၃ဝ အခမဲ့ စမ်းသပ်သုံးခွင့်ရထားပါတယ်။
Photo-Brush သည် ပုံများကို အရောင်ခြယ်ရုံသာမက texture များနဲ့လည်း ခြယ်မှုန်းနိုင်ပါတယ်။ ၎င်းသည် image editor တစ်ခုဖြစ်ပြီး သာမန် ဓာတ်ပုံတစ်ပုံကို သဘာဝပုံ၊ ပန်းချီပညာရှင်တို့ရဲ့ ဖန်တီးချက်၊ ထူးခြားတဲ့ သဘာဝမဟုတ်တဲ့ ပုံများ စသည် သင့်အတွေ့ အကြုံပေါ် မူတည်ပြီး ပြုပြင်ပြောင်းပေးနိုင်ပါတယ်။ လုပ်ဆောင်နိုင် ချက် tools နဲ့ effects တွေကများလွန်းလို့ ဒီနေရာကနေ ရှင်းပြဖို့ တောင် မလွယ်ပါ။ ဝါသနာရှင်အဆင့်ကနေ ပရော်ဖက်ရှင်နယ် အဆင့် အထိ သုံးနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်တာကတော့ သေချာပါတယ်။
ဒစ်ဂျစ်တယ်ကင်မရာသမားများအတွက် စိတ်ကူးပုံဖော်နိုင်တဲ့ ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။ သင့် မူရင်းပုံက မလိုလားအပ်တဲ့ အရာတွေကို ပြင်နိုင်ပြီး တကယ့် ပန်းချီကားတစ်ချပ်လို တည်ဆောက် နိုင်ပေးနိုင်ပါတယ်။ Brushes အမျိုးအစား ၃ဝ ကျော် ပါရှိပြီး တစ်ချိန်ထဲမှာ ပုံအများကြီး ပြင်နိုင်ပြောင်းနိုင်ပါတယ်။ မူရင်းပုံကို ဖွင့် လိုက်တာနဲ့ ဘယ်လို ဒစ်ဂျစ်တယ်ကင်မရာနဲ့ ရိုက်ကူးထားတယ်ဆိုတာ ကို ဖော်ပြပေးပါတယ်။ အထူးသဖြင့် ဓာတ်ပုံကနေ ပန်းချီကားချပ် အဖြစ် ပြောင်းချက်တွေ ကောင်းမွန်ပြီး Photo-Brush အတွက် plug-ins တွေ ထည့်နိုင်ပါတယ်။ စကင်နာနဲ့ ဒစ်ဂျစ်တယ်ကင်မရာ တွေကို အလွယ်တကူ ချိတ်ဆက်သုံးနိုင်ပြီး 32 bit film scanners ကိုပင် လက်ခံလုပ်ဆောင်နိုင်ပါတယ်။ PNG, JPG, BMP, TIF, PCX, TGA, PSD formats နဲ့ RAW များကို လက်ခံ လုပ်ဆောင်နိုင်ပြီး အလုပ်လုပ်ရတာ မြန်ဆန်ကောင်းမွန်တာကို တွေ့ ရပါတယ်။

One comment

  • manawphyulay

    September 23, 2011 at 1:07 pm

    ီဒီလိုဆော့ဝဲလ်လေးတွေ သုံးချင်ရင် ထပ်တင်ပေးပါဦးမယ်…

Leave a Reply