မျက်စိ အမြင် ပိုကောင်းလာစေရန်နှင့်ဝက်ခြံပျောက်စေရန်

nyimalayFebruary 17, 20111min23422

ရွာထဲက ပိစိကွေးရဲ့ ဦးဦး ဒေါ်ဒေါ် ကိုကို မမ မောင် ညီမတို့ရော အမြင်ကြည်ကြရဲ့လား။
ကြည့်နေရင်းနဲ့ ဝါးချင်လာတာတွေများ ရှိနေပြီလား။ အကယ်၍ ရှိနေရင် အားမငယ်ကြပါနဲ့
စိတ်မပျက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ အခုပိစိကွေးမှာ
မျက်စိအားကောင်းစေမယ့် နည်းလမ်းကောင်းတွေ ရှိနေလို့ပါ။ မျက်မှန်တပ်ရတဲ့
သူတွေတောင် မျက်မှန်မတပ်ရတော့တဲ့ အထိ ပုံမှန်အတိုင်း
ပြန်ကောင်းသွားတယ်လို့ ဆိုပါတယ်။ ဒီနည်းဟာ သက်တော်(၇၀)ကျော်မှ မျက်မှန်
မတပ်ရတော့တဲ့ မန္တလေးမြို့က ကျမ်းပြု စာချအကျော် ဆရာတော် ဦးဝိဒါဘိဝံသ
ရဲ့ကျင့်စဉ်နဲ့ မဟာစည် ဆရာတော် ဘုရားကြီးရဲ့ အပူကြောင့်ဖြစ်တဲ့
သွားကိုက်ရောဂါ ပျောက်ကျင့်စဉ်ကို ပေါင်းစပ်ထားတဲ့ လေ့ကျင့်ခန်းလေး
တစ်ခုပါ ။

ဒီနည်းလေးကို နေ့စဉ်ကျင့်သုံးမယ် ဆိုရင် ဇာတ်ကြောတတ်ခြင်း
မျက်ရည်ပူများကျခြင်း၊ မျက်မှန်တပ်ရခြင်းတွေ မရှိတော့ပါဘူး။ မျက်နှာက
ဝက်ခြံတွေပျောက်ပြီး အသားအရည်လည်း လှတယ်လို့ ဆိုပါတယ်။ အခုကစပြီး
နည်းလမ်းကို ပြောပါတော့မယ်။ သေသေချာချာမှတ် ထားပေးနော်။ ကိုယ်မဟုတ်လည်း
လိုအပ်တဲ့သူတွေကို အကူအညီပေးလို့ ရတာပေါ့။

ပထမဆုံး အိပ်ရာနိုးနိုးချင်း မျက်နှာအရင်မသစ်ရပါဘူး ၊ ခြေထောက်နှစ်ဘက်လုံး
ဒူးကနေ ရေသုံးခွက်စီလောက်လောင်းပေးပါ ၊ ဒါက တစ်ကိုယ်လုံးမှာရှိတဲ့
အပူငွေ့တွေကို ခြေထောက်ရောက်အောင် ဆွဲချလိုက်တဲ့သဘောပါ။ မျက်နှာကိုအရင် သစ်လိုက်ရင် ရေနဲ့ထိပြီး အေးသွားတဲ့ မျက်နှာကို
တစ်ကိုယ်လုံးက အပူတွေ ပြေးဝင်လာပါတယ်။ ဒါကြောင့် မျက်စိကို
အပူခိုးအပူငွေ့တွေက လာရိုက်ပြီး မျက်စိမှုန် အားနည်းစေ တတ်ပါတယ်။ ဒူးကနေ
ရေလောင်းပြီးတဲ့ အခါ ချိုင်းကြားနှစ်ဘက်မှာ ကပ်နေတဲ့ အပူခိုးတွေ ထွက်အောင်
မတ်တပ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြောက်တင်လိုက် အောက်ချလိုက်နဲ့
အနည်းဆုံးအကြိမ် (၂၀) လောက်လုပ်ပေးပါ။ နောက်ပြီး ဇာတ်ကြော လျှော့သွားအောင်
ခေါင်းကို နောက်ကျောဘက် ရောက်နိုင် သလောက် လှန်ချရပါမယ်။ ရှေ့ကိုလည်း
ရသလောက် ငုံပေးရပါမယ်။ နောက်ပြီး ခေါင်းကို ဘယ် ညာ လှည့်ပေးရပါမယ်။
ဒါတွေကိုလည်း အကြိမ် (၂၀)လောက်လုပ်ပေးရပါမယ်။ ဒါဆိုရင် တစ်ကိုယ်လုံးက
အပူငွေ့တွေ ခြေထောက်ကထွက်သွားပြီးပေါ့။ ဇာတ်ကြောလည်း လျော့သွားပြီလေ။

ဒါတွေလုပ်ပြီးရင် မျက်နှာသစ်လို့ရပါပြီ။ သွားတော့မတိုက်ပါနဲ့ဦး ၊
ပါးစပ်ကိုပိတ်ထားပြီးတော့မျက်နှာသစ်ပါ ၊ ပြီးတာနဲ့ မျက်နှာအရင်သုတ်လိုက်ပါ ၊
မျက်နှာမှာရှိတဲ့မွှေးညင်းပေါက်တွေ အကုန်ပွင့်သွားအောင်လို့ပါ ၊
အဲ့လိုလုပ်ပြီးမှ သွားတိုက်ပါ ၊ သွားတိုက်ရင်းနဲ့ သွားကြို သွားကြား
ပါးစပ်ထဲက အခိုးအငွေ့တွေဟာ မျက်နှာမှ မွှေးညင်းပေါက်တွေကတဆင့်
ထွက်ကုန်တာပေါ့ ၊ အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါကို
ကြိုတင်ကာကွယ်တဲ့အပြင် မျက်နှာရဲ့အသားအရည်ကိုလည်း လှပပြီးနုပျိုစေပါတယ် ။
အဲ့ဒါတွေကတော့ မိဘတွေမွေးပေးခဲ့တဲ့ ပကတိမျက်စိ အမြင်ကြည်လင်စေဖို့
နည်းလမ်းတွေပါပဲ ၊ သစ္စာလေးပါးဆိုတဲ့ တရားကိုမြင်စေတဲ့
ဉာဏ်မျက်စိအမြင်ကြည်ဖို့ကတော့ တရားစာအုပ်တွေများများဖတ်
တရားတွေများများနာကြားပြီး ရှင်တော်မြတ်ဘုရားဟောကြားထားတဲ့ ဝိပဿနာတရားကို
အားထုတ်ရမှာဖြစ်ပါတယ် ။

ဒူးကနေရေလောင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ် မျက်နှာသစ် သွားတိုက် အဲ့ဒါတွေကို
အစဉ်လိုက်လုပ်ရင်း ဘုရားဂုဏ်တော်ပွားခြင်း မေတ္တာပို့ခြင်း ဝိပဿနာလုပ်တတ်ရင်တော့ဝိပဿနာလုပ်ရင်း ဒါမှမဟုတ် ကိုယ်အားသန်ရာ
ဘုရားစာတစ်ခုခုရွတ်ရင်း နေ့စဉ်လုပ်ပေးနေရင်တော့ အချိန်ကုန်မှန်းလည်းမသိ
ကျန်းမာရေးလည်းဖြစ် ကုသိုလ်လည်းရ အတိုင်းထက်အလွန်ပေါ့ရှင် ….

ပိစိကွေး အဲ့ဒီနည်းအတိုင်းလုပ်လာတာ တစ်လလောက်ရှိပြီ ၊ နောက်တစ်နှစ်လောက်ဆိုရင်
ပိစိကွေးဟာ လှပချောမွတ်တဲ့မျက်နှာ ကြည်လင်တောက်ပတဲ့မျက်ဝန်း တည်ငြိမ်အေးချမ်းတဲ့
စိတ်ဓာတ်တွေရဲ့ပိုင်ရှင်
ဖြစ်နေလောက်ပြီပေါ့ ၊ ခင်လို့ပြောတာနော် သူများတွေကိုလျှောက်မပြောနဲ့ဦး
ကြွားတယ်လို့ထင်နေဦးမယ်… ၊ မိတ်ဆွေတို့ လက်တွေ့လုပ်ကြည့်ကြပါ ၊
လှပချောမွတ်တဲ့မျက်နှာ ကြည်လင်တောက်ပတဲ့မျက်ဝန်း
တည်ငြိမ်အေးချမ်းတဲ့စိတ်ဓာတ်တွေရဲ့ ပိုင်ရှင်ဖြစ်လာရင်တော့ ပိစိကွေးကို
မုန့်ကျွေးဖို့မမေ့နဲ့နော် …..။

ဪ….ဒါနဲ့…ဒီနည်းလေးက မေတ္တာရှင် (ရွှေပြည်သာ)ရေးတဲ့ စာရိတ္တသတ္တိဆိုတဲ့
စာအုပ်လေးထဲကရတာပါ ၊ ပကတိမျက်စိ အမြင်ကြည်ပြီး ဉာဏ်မျက်စိလည်း
အမြင်ကြည်ပါစေဆိုတဲ့ ဆန္ဒနဲ့ မျှဝေရေးသားလိုက်ခြင်းသာ ဖြစ်ပါတယ်ရှင်……..

22 comments

  • ယောလေး

    February 17, 2011 at 4:21 am

    ကျေးဇူးပါဗျားးး
    ကျတော် ဝက်ခြံတွေ ပေါက်နေလို့…စိတ်ညစ်နေတာ…

  • နွယ်ပင်

    February 17, 2011 at 7:22 am

    နွယ်ပင်လဲ အခုတစ်လော Computer အကြည့်များလို့ မျက်စိညောင်းနေတာနဲ့ အတော်ပဲ .
    ဒီနည်းလေးကို လုပ်ကြည့်လိုက်ဦးမယ် …ကျေးဇူးပါ ..ပိစိကွေးလေးရေ .

  • ဆူး

    February 17, 2011 at 7:45 am

    ပိစိမ တော့ မျက်စိ အားကောင်းကောင်းနဲ့ လျှောက်မကြည့်နဲ့နော်။ မျက်စိ ညောင်းပြီး မှုန်သွားမှာ စိုးလို့ တန်ဆေး လွန်ဘေး။ ဟီးဟီး.. နောက်တာ.. ညီမ ပြောတာ အမ မှတ်ထားလိုက်ပြီနော်။

  • အာဖျံ ကွီး

    February 17, 2011 at 7:51 am

    မမပိချိရေ … ရှေးဂျူးပဲညော် 😉 ♥ ♥
    တွီးတွီးလဲ ညက်ရှိမကျီတော့ရို. … မမပိချိနည်းအတိုင်း ရုတ်ချိရိုက်မရ်ညော် … ♥ ♥
    ချဒါးမရှပ် .. တွီးတွီးယဲ … စာရိတ္တသတ္တိ … ရှိုတဲ့ရှာအုပ် … ဝယ်ထားတရ် … 😛

  • white

    February 17, 2011 at 8:00 am

    ပိစိလေး ကျေးဇူးတင်ပါတယ်

    ကျွန်တော်က အထီးမှုန် ( မိန်းကလေးနဲ ့ ယောကျားလေး မှာ မိန်းကလေးကိုသာမြင်ပါသည်)၊
    အကြီးမှုန် (သမီးနဲ ့အမေဆို သမီးကိုသာတွေ ့ပါသည်) သမားဆိုတော့
    ကျွန်တော့်အတွက်အဆင်ပြေမှာပါ

    • nyimalay

      February 17, 2011 at 9:01 am

      အားပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်နော်……… 🙂
      ကွီးနော် နာရှိတ်ချိုးလိုက်မယ်…… ဘာမှတ်လည်း…… ဟွန်း….. ကွီးကတော်တော်စာဖတ်တာပဲနော်……. အားကျတယ် …. မမကအခုမှစဖတ်ခါစပဲရှိသေးတယ်….. ဘာပဲပြောပြော လေးစားပါတယ်……. (လေးစားတယ်ပြောလို့ ဘဝင်မြင့်မသွားနဲ့အုံးနော် ….. ငါးနဲ့စားသွားလိုက်မယ် ဘာမှတ်လည်း 😛 )
      white ကနောက်တယ်နော်……….. 😀

  • etone

    February 17, 2011 at 9:10 am

    ပေးစေးကွိရေ … လုပ်ကြည့်ဦးမယ် ကျေးဇူးပဲ ။

  • researcher

    February 17, 2011 at 9:27 am

    မျက်စိမှုန်တာ သက်သာအောင် ညအိပ်ခါနီး ခြေဖဝါးကို ဆားများများနဲ့ ပွတ်ရပါတယ်။ တချို့ကလဲ ဆားနင်းတယ်လို့ ပြောပါတယ်။ အခိုးကအောက်ကိုလှည့်သွားလို့ မျက်လုံးကို အခိုးမရိုက်ဘူးလို့ ပြောကြပါတယ်။ အခိုးထွက်ပြီး တော်တော်လေးကြာမှ ခြေထောက်ကို ရေဆေးရပါတယ်။ ကျွန်တော်ကိုယ်တိုင် ကတော့ ဇွဲမရှိလို့ အမြဲမလုပ် ဖြစ်ပါဘူး၊ တခါတရံပဲလုပ်ဖြစ်ပါတယ်။

  • juttue.gyi

    February 17, 2011 at 10:56 am

    ကျေးဇူးဘဲဗျာ မှတ်ထားပေါ့မယ်

  • intro

    February 17, 2011 at 12:00 pm

    ကျေးဇူးတင်ပါတယ် ကွီးလေးရေ၊ ခုလို စိတ်ထားကောင်းကောင်းနဲ့ မျှဝေပေးတာ သာဓုပါဗျာ… ဒီထက်ချောပြီး လှနိုင်ပါစေဗျာ…

    • nyimalay

      February 18, 2011 at 8:12 am

      ပိုစ့်တင်တာက ပိစိကွေးပါ …… ကိုကိုအင်ကဘာကြောင့် ကွီးကိုကျေးဇူးတင်ရတာလဲ…… 🙂
      ဧကန်နတော့ ကွီးကိုစိတ်စွဲနေတယ်နဲ့တူဒယ်…….. 😛

      • intro

        February 18, 2011 at 12:46 pm

        ဆောရီးပါ… ကွေးလေးရေ… ကွေးလေး လို့ပြောတာပါ… 😛

  • ဆူး

    February 17, 2011 at 2:16 pm

    ဟုတ်ပါတယ် မျက်စိကြည်အောင် ခြေဖဝါး ဆားပွတ်တဲ့ နည်းလည်း ရှိပါတယ်။
    ခြေဖဝါး ဆားပွတ်တာ ကောင်းတဲ့ဟာ နောက်တမျိုးရှိသေးတယ် အဆစ်အမြစ် ကိုက်နေတာမျိုးဆိုရင် ဆားမီးဖုတ် ကို ကျပ်ထုတ်ထိုးရင် ကောင်းတယ်လို့ ပြောပါတယ်။
    ကရမက်သွေးပြီး လူးရင်လည်း အဆစ်အမြစ် နာကျင်တာ ကောင်းပါတယ်။
    မျက်စိအေးအောင် မျက်စိနာ သက်သာအောင် အပူအခိုးတွေ ထွက်အောင် လည်း ကရမက်ကို မျက်လုံးကွင်းပြီး အိပ်ကျပါတယ်။
    မျက်စိနဲ့ အလုပ်လုပ်ရတဲ့ လူတွေဆိုရင် ညဘက်ဆို မျက်စိတွေ ယောင်နေတတ်ပါတယ်။ သူတို့ဆိုရင် ကရမက် ရရင်တော့ ကရမက် မျက်စိပေါ်နဲ့ ပတ်ဝန်းကျင်ကွင်းသလို လွယ်လွယ်ကူကူ မောရိယ မန်းဆေး ကွင်းပေးရင် သက်သာတတ်ပါတယ်။

  • bigcat

    February 18, 2011 at 5:12 am

    ပိစိကွေးပြောတဲနည်းကို မနက်တိုင်းအမြဲလုပ်တယ်။ ဆံပင်ကျွတ်သူများ၊ ဆံပင်ဖြူနေသူများ ညဖက်ကျရင် ခြေဖဝါးကို ဆားပွတ်ပေးပါ။

    အိမ်သုံးဟင်းချက်ဆား (စားပွဲတင်ဆားမဟုတ်) ငါးဆယ်သားတထုပ်၊ သို့မဟုတ် တဗူး ကို ဗျက်ကျယ်ကျယ် အောက်ခြေအပြန့် ပလပ်စတစ်ဇလုံထဲထည့်ပြီး ညစဉ် ၁ဝမိနစ်မှ ၁၅မိနစ်ခန့် ခြေဖဝါးကို ဆားပွတ်ပေးပါ။ ပြီးလျင် ရေအေးဖြင့် ဒူးခေါင်အထိ သေချာစွာဆေးပါ။ အပူငွေ့များ တရှိန်းရှိန်းထွက်သည်ကို ခံစားရလိမ့်မည်။ ရေသုတ်စရမလိုဘဲ ခဏအတွင်း သူ့အလိုလို ခြောက်သွားလိမ့်မည်။ စွမ်းမစွမ်းကို နှစ်လလောက်အတွင်း သိနိုင်သည်။

    • bigcat

      February 18, 2011 at 5:13 am

      ကျန်သွားလို့ ကွယ်လွန်သူ ဆရာသာဂဒိုးရဲ့ စူလာနဖါ တိုင်းရင်းဆေးစာအုပ်မှ နည်းဖြစ်သည်။

    • nyimalay

      February 18, 2011 at 8:14 am

      ဒါကြောင့် ဦးကြောင်ကြီး အသက်ကြီးတာတောင်မှ ဆံပင်မဖြူသေးပဲ 25 လား 30 လားလို့ပဲထင်နေရတာကိုးးးးးးးးးးးးးးးးးးးးးးးးးးး 😀

    • kai

      February 18, 2011 at 9:24 am

      မြောက်ကျွန်သား၊ မြောက်ကျွန်းသူတွေတော့ .. ဒီလိုဆောင်းခေါင်ခေါင်မျိုးမှာ … မနက်ခြေထောက်ရေလောင်းလိုက်ရင်.. ဂစ်ဂစ်နဲ့ထနေမှာပဲ..။
      အပူထွက်မလား..အသက်ထွက်မလားပဲ..:)

      • akswe

        February 18, 2011 at 9:44 am

        ဟုတ်ပါတယ်ဗျာ အိပ်ယာ ထထချင်း ဆို ဒူးချင်းရိုက် နေတာ။ အာပီး ရင်တောင် heater ယူ တွားရတာ။နွေရောက်မှ စမ်း တော.မယ် ကျေးဇူး ပါ။ အသက် ကလေး ရလာတော. မှုန်ချင်ပြီ

  • အာဖျံ ကွီး

    February 18, 2011 at 8:36 am

    ဟေ့ .. ဟေ့ …
    သယ်ရင်း Intro … စာလုံးပေါင်းမှန်အောင်ရေး …
    နာ့ယောင်းမ ပိချိ အထင်မလွဲစေနဲ. … အဟီးးး

    • intro

      February 18, 2011 at 12:59 pm

      ဆောရီးပါ ကွီးကွီးရေ… စာလုံးပေါင်း မှားသွားလို့ပါ…

  • nature

    March 27, 2011 at 6:23 pm

    ဇွဲရှိရှိနဲ့လုပ်ဖို့တော့လိုမယ်ထင်တယ်။

Leave a Reply