ထူးထူးဆန်းဆန်း နိုင်ငံတကာဥပဒေများ

နွယ်ပင်February 17, 20111min13511

နိုင်ငံတကာကို ခရီးသွားနေတဲ့ ရွာသူရွာသားတွေအတွက် နိုင်ငံအချို့က ထူးထူးဆန်းဆန်း ထုတ်ထားတဲ့ စည်းကမ်းတွေကို အကြမ်းမျဉ်းလောက်တော့ သိထားဖို့လိုပါလိမ့်မယ်။
ဒါကြောင့် နိုင်ငံအချို့က ထူးထူးဆန်းဆန်း ဥပဒေလေးတွေကို တင်ပြလိုက်ပါတယ်။

(1) ။ ကမ္ဘာမှာ ဆွင့်ဇလန်နိုင်ငံဟာ အေးချမ်းမှု၊ သာယာဝပြောမှုတွေနဲ့ နာမည်ကြီးပါတယ်။ နိုင်ငံသူ နိုင်ငံသားတွေဟာလဲ တိတ်ဆိတ်ငြိမ်သက်မှုကိုလဲ မြတ်နိုးကြပါတယ်။ အဲဒီတော့ ညဆယ်နာရီနောက်ပိုင်း အိမ်သာတက်တဲ့အခါ သတိထားရပါမယ်။ ဒါကြောင့်အိမ်သာတက်ပြီးရင် ရေဆွဲမချမိပါစေနဲ့။ ဥပဒေရှိပါတယ်။ ဆူညံအောင်လုပ်မှုနဲ့ တရားအစွဲခံရပါလိမ့်မယ်။

(2) ထိုင်းနိုင်ငံမှာတော့ အဆောက်အဦး အပြင်ဘက်ထွက်ရင် တစ်ခု သတိထားရမှာက အတွင်းခံဘောင်းဘီ ဝတ်ထားပြီးပြီလားဆိုတာကိုပါ အရင်ဆုံး အပြင်ထွက်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကို စစ်ဆေးပါ။ ဝတ်မထားရင်တော့ တရားဝင်မဟုတ်ဘူးနော်။ ရဲလာစစ်လို့တွေ့သွားရင် အဖမ်းခံရဖို့ ရှိပါတယ်။

(3) အီတလီနိုင်ငံရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ Milan မြို့ကိုရောက်ရင်တော့ သတိထားရမည့်အချက်က အသုဘအခမ်းအနားနဲ့ ဆေးရုံလူနာသွားမေးတဲ့အခါကလွဲရင် ကျန်တဲ့ တစ်ချိန်လုံး ပြုံးနေဖို့ လိုပါတယ်။

(4) ပေါ်တူဂီနိုင်ငံအလယ်သွားမယ်ဆိုရင်တော့ ကြိုတင်သတိထားရမည့်အချက် တစ်ချက်ရှိပါတယ်။ ဒါကတော့ အထူးသဖြင့် ပင်လယ်ဘက်တွေ ဘာတွေသွားရင် ပိုသတိထားရပါလိမ့်မယ်။ အဲဒါက ဘာလဲဆိုတော့ “ပင်လယ်ထဲရှူရှူးမပန်းရ”ဥပဒေပါပဲ။ ပန်းမိလို့ကတော့ ရဲနဲ့တွေ့ပြီသာမှတ်ပေတော့။

(5) ဟောင်ကောင်မှာလဲ ထူးဆန်းတဲ့ စည်းကမ်းတွေရှိပါသေးတယ်။ ဒီစည်းကမ်းကတော့ အထူးသဖြင့် လင်မယားတွေ သတိထားရမှာပါ။ ဒီဥပဒေကတော့ နည်းနည်းလေး ဘက်လိုက်တယ်လို့ ယးဆလို့ရပါတယ် ။ အဲတာကတော့ မိန်းမလုပ်သူက တစ်ခြားယောက်ျားနဲ့ဖေါက်ပြားမိရင် ယောက်ျားဖြစ်သူက သူ့ဇနီးကို ဘယ်နည်းနဲ့မဆို မိမိစိတ်တိုင်းကျ နှိပ်စက်သတ်ဖြတ်ပိုင်ခွင့်ရှိပါတယ်တဲ့။ အဲ–ယောက်ျားဖြစ်သူကတော့ အခြားမိန်းမနဲ့ဖေါက်ပြားတယ်ဆိုရင်တော့ မိန်းမဖြစ်သူက သူ့လက်နှစ်ဘက်နဲ့ပဲ သတ်ခွင့်ရှိပါတယ်။ ဒုတ်၊ ဓား၊ သေနတ်စသည် သုံးခွင့်မရှိပါဘူး။

ကဲ ဒါကတော့ တစ်ချို့နိုင်ငံကြီးတွေမှာ ထားတက်တဲ့ ဥပဒေလေးတွေပါ ရွာသူရွာသားတွေလဲ ဒီနိုင်ငံတွေကို သွားမယ်ဆိုရင်တော့ ဒီအချက်လေးတွေကိုတော့ သတိထားဖို့လိုမယ်နော် …

11 comments

  • ယောလေး

    February 17, 2011 at 8:34 am

    အဟီးး မှတ်သားထားပါ့မယ်ဗျ….
    ထိုင်းကို သွားမလို့… အတွင်းခံ မဝတ်တတ်တဲ့ ကျတော်နဲ့တော့ ကွက်တိပဲ..:P

  • naywoonni

    February 17, 2011 at 11:44 am

    အီတလီနဲ့ ကျွန်တော်နဲ့ ကွက်တိဘဲ။ သီလဝ မြီု့နားနေတာဆိုတော့ ပြုံးတာကို ချွေတာရေးနဲ့ အကြိမ်ရေ မှတ်ပြီးပြုံးတာဆိုတော့……… 😛

  • bigbird

    February 17, 2011 at 3:26 pm

    ဘယ်ကနေဘယ်သူကဘယ်တုန်းကထုတ်လိုက်တဲ့ဥပဒေတွေလဲ၊မဟုက်ကဟုက်ကတွေလျှောက်ရေးနေပြန်ပြီးနွယ်ပင်ရယ်။ကျွန်တော်ကထိုင်းမှာနေတာပါ။
    ဒီလိုဥပဒေမျိုးတစ်ခါမှကြားဖူးဘူး။ တစ်ချို ့ကအဟုတ်ထင်နေပါအုံးမယ်။

  • ဆူး

    February 17, 2011 at 3:35 pm

    ဒီနေ့ဘဲ အဲဒီ အီးမေး လာတယ်။

  • kopauk mandalay

    February 17, 2011 at 4:26 pm

    မယုံသော်လည်းယုံလိုက်ပါ။
    ယုံလိုက်တာ အန္တရာယ်ကင်းပါတယ်။
    မယုံလို့ မိသွားရင် ကွိသွားမယ်ကွယ်။

  • ဆူး

    February 17, 2011 at 4:33 pm

    မယုံမရှိနဲ့ ဇစ်ဆွဲတင်မှ သိမယ်။

  • kai

    February 17, 2011 at 8:02 pm

    ကမ္ဘာစစ်ကြို၊ စစ်ပြီးခေတ်လောက်ကတော့ .. နိုင်ငံခြားက စာအုပ်၊သတင်းစာမှာဖတ်နိုင်တဲ့သူ..။ ရေဒီယိုနားထောင်သူ.. ပြောသမျှ ယုံရတာပါပဲ..။
    ကြီးကြီးကျယ်ကျယ်ပြောရရင်… အဲဒီလိုနဲ့.. မြန်မာ့နည်းမြန်မာ့ဟန် ကွန်မြူနစ်..ဆိုရှယ်လစ်ကြီးတွေဖြစ်လာတာပေါ့..။

    ဒီခေတ်တော့ ..နည်းနည်းခက်လာမယ်..။
    တော်တော်များများက ..အင်တာနက်ကျေးဇူးနဲ့.. ချက်ချင်းဆက်သွယ်သိနိုင်ကြပြီကိုး..။
    ဆိုတော့..
    ဒီထဲ ဆွစ်ကလူလည်းရှိတယ်..။ ထိုင်း၊ ပေါ်တူဂီ၊ အီတလီ၊ ဟောင်ကောင် ကလူတွေအကုန်ရှိတယ်..။
    ရှင်းပြလိုက်ကြပါဦး..
    ကျုပ်လည်း သိသလောက်လေး ချရေးမယ်..။ 🙂

    ၁) မဖြစ်နိုင်ဘူး..။ အိမ်သာရေဆွဲတာ ဆူညံတယ်လာပြောရင်… ပိတ်ပင်တားဆီးမူနဲ့ ပြန်တရားစွဲခံရမယ်..။
    ၂) အတွင်းခံလိုက်စစ်ချင်တဲ့ ရဲတွေရဲ့အကြံအဖန်ဥပဒေဖြစ်တဲ့အတွက်.. ဥပဒေပြုသူဟာ ဂေးပဲဖြစ်ရမယ်..။
    ၃) လူကို အတင်းရယ်စေခိုင်းမှုနဲ့ ..ပြသနာတက်နိုင်တယ်..။
    ၄) ရူရူးက .. ပင်လယ်ထဲ..အသာလေးလွတ်ချရတာဆိုတော့ .. အဲဒါကို သိအောင်လုပ်တဲ့သူပြသနာပဲဖြစ်မယ်..။ ကြည့်ရတာ..အများပြည်သူကို ဒုတ်ပြ၊ခဲပြ…ချိမ်းခြောက်မှုနဲ့ ဖမ်းတာပဲဖြစ်ရမယ်..။
    ၅) ဒါကပိုမဖြစ်နိုင်သေးတယ်..။ လူသတ်ဖို့ ဘယ်ဥပဒေကမှ ခွင့်မပြုဘူး.. 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 18, 2011 at 3:13 am

    ဒါကတော့ ဘူလဲတိဝူး တင်းထားတာ
    အချို့နိုင်ငံ၊ အချို့အရပ်ဒေသများတွင် ပြဌာန်းထားသော ဥပဒေအချို့သည်
    ကြားရသူတို့အတွက် အလွန်ပင် ကိုးရိုးကားရား နိုင်လှပေသည်။ ယင်းဥပဒေများသည်
    တရားဝင်ဆဲဖြစ်သော်လည်း အများစုမှာ ရုံးတင်ရလောက်သည်အထိ အရေးယူခြင်း
    မရှိကြတော့ပေ။ သို့သော်လည်း တာဝန်ရှိသူများမှ ပယ်ဖျက်ပစ်ရန်မေ့နေကြသလော၊
    သို့မဟုတ် အခြားအကြောင်းအရင်းတစ်ခုကြောင့်
    လောမသိ ယနေ့တိုင် တရားဝင်
    နေကြဆဲဖြစ်ကြပေသည်။
    အမေရိကန်နိုင်ငံမှ အူကြောင်ကြောင် ဥပဒေများ
    အလာဘားမားပြည်နယ်တွင်-
    မော်တော်ယာဉ်မောင်းနှင်ရာတွင် မျက်စိအား အဝတ်ဖြင့်ပိတ်ကာ
    မောင်းနှင်ခြင်းသည် တရားမဝင်။ (တိုက်မိမှာ စိုးလို့။)
    တနင်္ဂနွေနေ့တွင် ဒိုမီနိုကစားနည်း မကစားရ။
    နှုတ်ခမ်းမွှေးအတုတတ်ကာ ဘုရားကျောင်းအတွင်း ဟာသလုပ်ခြင်းသည် တရားမဝင်။
    ကယ်လီဖိုးနီးယားပြည်နယ်တွင်-
    နေရောင်ခြည်အား အများပိုင်ပစ္စည်းအဖြစ် သတ်မှတ်သည်။ (တော်သေးတာပေါ့ အခွန်မဆောင်ရတာ။)
    တည်းခိုဆောင်များ၊ ကျောင်းများ၊ သို့မဟုတ်
    ဝတ်ပြုဆုတောင်းရာနေရာများ၏ပတ်ဝန်းကျင် ပေ ၁၅၀ဝ အတွင်းတွင်
    တိရစ္ဆာန်များအား မိတ်လိုက်ခြင်းမှ တားမြစ်ထားသည်။ (လူတွေမြင်ရင်
    အားကျမှာစိုးလို့ထင်ပ။)
    ရေချိုးဆောင်များ ဖွင့်လှစ်ခြင်းသည် ဥပဒေနှင့်ဆန့်ကျင်သည်။
    ပစ်မှတ်သည် ဝေလငါးတစ်ကောင်မဟုတ်ပါက အမဲကောင်များအား
    ရွေ့လျားနေသည့်ယာဉ်တစ်စီးပေါ်မှ ပစ်ခတ် တောကစားခြင်းသည်
    အပြစ်ကျူးလွန်ခြင်းဖြစ်သည်။
    အမျိုးသမီးများ အိမ်နေရင်းအကျႌဖြင့် ကားမမောင်းရ။
    ဖလော်ရီဒါပြည်နယ်တွင်-
    အမျိုးသမီးများ ဆံပင်လေမှုတ်အခြောက်ခံရင်း အိပ်ပျော်သွားပါက
    ယင်းအမျိုးသမီးနှင့်အတူ အလှပြင်ဆိုင်ပိုင်ရှင်ပါ ဒဏ်ငွေ တပ်ရိုက်ခြင်း
    ခံရမည်။ (အိပ်ငိုက်တတ်တဲ့ကောင်မလေးတွေ သတိထား။)
    အထူးဥပဒေတစ်ရပ်ဖြင့် အိမ်ထောင်မပြုရသေးသည့်အမျိုးသမီးများအား
    တနင်္ဂနွေနေ့တွင် လေထီးခုန်ခြင်းမှ ပိတ်ပင်ထားပြီး ပြုလုပ်ခဲ့ ပါက
    ဖမ်းဆီးခြင်း၊ ဒဏ်ငွေရိုက်ခြင်း သို့မဟုတ် ထောင်ချခြင်း ခံရနိုင်သည်။
    အကယ်၍ ဆင်တစ်ကောင်အား ပါကင်မီတာတိုင်တွင် ချည်နှောင်ထားခဲ့ပါက
    မော်တော်ယာဉ်များနည်းတူ ပါကင်ကြေး ပေးဆောင် ရမည်။
    ရေကူးဝတ်စုံဝတ်ဆင်ထားစဉ် အများပြည်သူရှေ့မှောက်တွင် သီချင်းဆိုခြင်းသည် တရားမဝင်ပေ။
    ယောက်ျားများသည် အများပြည်သူရှေ့မှောက်တွင် မည်ကဲ့သို့သော
    ပုခုံးသိုင်းကြိုးမပါရှိသည့် ဝတ်ရုံမျှ ဝတ်ဆင်ခြင်း မပြုရ။
    ဖြူကောင်တစ်ကောင်နှင့် လိင်ဆက်ဆံခြင်းသည် တရားမဝင်။
    လိုင်စင်မရှိဘဲ စကိတ်ဘုတ်စီးခြင်းသည် တရားမဝင်။
    လိင်ဆက်ဆံရာတွင် သမရိုးကျ (missionary) ပုံစံသည်သာ တရားဝင်ပုံစံဖြစ်သည်။
    (ဆန်းဆန်းပြားပြား ကြိုက်တတ်တဲ့ ဆရာသမားတွေတော့ ဒုက္ခရောက်ပြီ။)
    ကန်ဆက်စ်ပြည်နယ်တွင်-
    မော်တော်ဘုတ်ပေါ်မှ ယုန်ပစ်ခြင်းကို တားမြစ်ထားသည်။
    လူဝီဆီးယားနားပြည်နယ်တွင်-
    ဘဏ်အားဓါးပြတိုက်ကာ ဘဏ်စာရေးအား ရေပြွတ်သေနတ်ဖြင့်ပစ်ခြင်းသည်
    တရားမဝင်ပေ။ (အေးလေ။ ဒါနောက်စရာလား။)
    အင်ဒီယားနားပြည်နယ်တွင်-
    အရက်ဆိုင်တွင် အအေးရောင်းခြင်းသည် တရားမဝင်။ (သတိ။ အရက်သမားများသာ လာသောက်ရန်။)
    အရက်ဆိုင်တွင် နွားနို့မရောင်းရ။
    မီချီဂန်ပြည်နယ်တွင်-
    သင့်အနေဖြင့် မိန်းမများနှင့် ကလေးများရှေ့မှောက်တွင်
    ကျိန်တွယ်ပြောဆိုခြင်း မပြုရပေ။ (ကိုယုသာတို့ လုပ်နေကျလေ။)
    နီဘရားစကားပြည်နယ်တွင်-
    အရက်ဆိုင်ပိုင်ရှင်အနေဖြင့် စွတ်ပြုတ်တစ်ခရားထည့်ကာ
    အချည်ဖောက်ထားခြင်းမရှိသော ဘီယာအား ရောင်းချခြင်းသည် တရားမဝင်ပေ။
    နယူးယောက်ပြည်နယ်တွင်-
    ပရောပရီလုပ်ခြင်းအတွက် ၂၅ ဒေါ်လာ ဒဏ်ငွေတပ်ရိုက်ခြင်း ခံရနိုင်သည်။
    ယင်းရှေးဥပဒေသည် အမျိုးသားများအား မြို့ထဲလမ်းများ ပေါ်တွင်
    လှည့်လည်သွားလာကာ အမျိုးသမီးများအား ပရောပရီအကြည့်ဖြင့်ကြည့်ခြင်းကို
    အထူးတားမြစ် ထားသည်။ ယင်းကဲ့သို့သော ပြစ်မှုမျိုးကျူးလွန်ခဲ့သည်
    အမျိုးသားများအား ပြစ်ဒဏ်စီရင်သည့် နောက်ထပ်နည်းလမ်း တစ်မျိုးမှာ
    အပန်းဖြေလမ်းလျှောက်ရာတွင် မည်သည့်နေရာသို့ မည်သည့်အချိန်တွင်

    သွားသည်ဖြစ်စေ မြင်းမျက်လုံးတွင်အုပ်သည့် horse-blinder များ
    တပ်ဆင်သွားစေခြင်း ဖြစ်သည်။ (ကိုကိုဖရီးရေ သတိသာထား။)
    တစ်စုံတစ်ဦး၏ဦးခေါင်းအား ဘောလုံးဖြင့်ပစ်ပေါက် ကျီစယ်ခြင်းသည် တရားမဝင်ပေ။
    အဝတ်ကြိုးတန်းများပေါ်တွင် အဝတ်လှမ်းရန်အတွက် လိုင်စင်ဝယ်ရန် လိုအပ်သည်။ (ဗုဒ္ဓေါ)
    တိုက်ပေါ်မှ ခုန်ချသူအတွက် ပြစ်ဒဏ်မှာ သေဒဏ်ဖြစ်သည်။ (တစ်မျိုးပါလား။)
    မြောက်ဒါကိုတာပြည်နယ်တွင်-
    အရက်ဆိုင် သို့မဟုတ် စားသောက်ဆိုင်များတွင် ဘီယာနှင့်
    မုန့်ကြိုးလိမ်များအား အတူတကွတည်ခင်းဧည့်ခံခြင်း မပြုရပေ။
    ဖိနပ်စီးလျက် လှဲချအိပ်စက်ခြင်းသည် တရားမဝင်။
    အိုဟိုင်းအိုးပြည်နယ်တွင်-
    တနင်္ဂနွေနေ့၌ ဝေလငါးဖမ်းခြင်းသည် တရားမဝင်ပေ။
    ငါးများအား အရက်မူးအောင် ပြုလုပ်ခြင်းသည် တရားမဝင်ပေ။ (ဒါ
    ငါးအခွင့်အရေးချိုးဖောက်လို့ဖြစ်မယ်။)
    ပင်ဆယ်ဘေးနီးယားပြည်နယ်တွင်-
    စီးချင်းထိုးပွဲတစ်ခုတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးခြင်းမရှိသူသည်
    ပြည်နယ်အုပ်ချုပ်သူ မဖြစ်နိုင်ပေ။
    တက္ကဆက်ပြည်နယ်တွင်-
    မတ်တပ်ရပ်လျက်ဖြင့် ဘီယာသုံးကြိမ်ထက်ပိုကာ စုပ်သောက်ခြင်းသည် တရားမဝင်ပေ။
    လေကာမှန်ရေသုတ်တံမပါဘဲ ယာဉ်မောင်းခြင်းသည် တရားမဝင်ပေ။ သင့်အနေဖြင့်
    လေကာမှန်မပါဘဲ ယာဉ်မောင်းနိုင်သော်လည်း ရေသုတ်တံတော့ ပါရန်လိုအပ်ပေသည်။
    ဟိုတယ်ဒုတိယထပ်မှနေ၍ ကျွဲတစ်ကောင်အား ပစ်ခတ်ခြင်းသည် တရားမဝင်ပေ။
    သူတစ်ပါးပိုင်ဆိုင်သောနွားမအား နို့ညှစ်ခြင်းသည် တရားမဝင်ပေ။ (သူများ
    သားမယားနှင့် နွားများအား မပြစ်မှားရ။)
    မကြာသေးမီက ထုတ်ပြန်ခဲ့သော ရာဇဝတ်မှုတိုက်ဖျက်ရေးဥပဒေအရ
    ရာဇဝတ်သားများအနေဖြင့် မိမိ၏ သားကောင်အား မိမိအနေဖြင့် ၎င်းအပေါ်တွင်
    မည်ကဲ့သို့သောရာဇဝတ်မှုမျိုးကျူးလွန်တော့မည်ဆိုသည်ကို နှုတ်နှင့်ဖြစ်စေ၊
    စာဖြင့်ဖြစ်စေ ၂၄ နာရီ ကြိုတင် အကြောင်းကြားရပေမည်။ (ဒါကလည်း
    တစ်မျိုးဆန်းတယ်။)
    အိမ်တွင် ဘီယာပြုလုပ်နည်းဖော်မြူလာ ပါရှိသဖြင့် ဘရစ်တနေကာ
    စွယ်စုံကျမ်းအား တက္ကဆက်တွင် ပိတ်ပင်ထားသည်။
    ဝစ်ကွန်ဆင်ပြည်နယ်တွင်-
    အဆောက်အဦးတစ်ခုအတွင်း ဆီးသွားပြီးပါက ကိုယ်တိုင် ာညေကေူူပ ရှင်းလင်းသုတ်သင်ရပေမည်။
    ပြည်နယ်အကျဉ်းထောင်များတွင် ထောပတ်အစားထိုးအစားအစာများ ကျွေးမွေးခွင့်မပြုပေ။
    နိုင်ငံတကာမှ အူကြောင်ကြောင် ဥပဒေများ
    ဩစတြေးလျတွင်-
    ကလေးများသည် စီးကရက်ဝယ်ယူခွင့် မရှိသော်လည်း သောက်သုံးခွင့်ရှိသည်။
    လူမရှိသောကားအတွင်းတွင် သင်၏ကားသော့အား ထားရစ်ခဲ့ခြင်း မပြုရပေ။
    လမ်းများပေါ်တွင် အနက်ရောင်ဝတ်စုံနှင့် သက္ကလပ်ဖိနပ်များဝတ်ဆင်ကာ
    မျက်နှာတွင် ဖိနပ်တိုက်ဆေး အနက်ရောင် ခြယ်သာကာ လှည့်လည်သွားလာခြင်း
    မပြုရပေ။ ယင်းတို့သည် အိမ်တက်သူခိုးများ၏ ဝတ်စားဆင်ယင်ပုံ ဖြစ်သောကြောင့်
    ဖြစ်သည်။
    သူတစ်ပါး၏တားရော့ကဒ်အားကြည့်ခြင်း သို့မဟုတ် အကြားအမြင်ကြည့်ပေးခြင်း
    မပြုရပေ။ ယင်းသည် စုံးအတတ်များ ဖြစ်သောကြောင့် ဖြစ်သည်။
    ဩစတြေးလျ ဆက်သွယ်ရေးအာဏာပိုင် (ACA) အဖွဲ့ နည်းဥပဒေများအရ
    သင့်ကွန်ပျူတာမိုဒမ်အနေဖြင့် ပထမဆုံးဖုန်းမြည်သံမျှဖြင့်
    ပြန်လည်ဖြေကြားခြင်း မပြုနိုင်ပေ။ ယင်းသို့ ပြုလုပ်ခဲ့ပါက
    သင့်မိုဒမ်အတွက် ACA ပါမစ် ပြန်လည်ပိတ်သိမ်းပြီး ဩစတြေးလျဒေါ်လာ ၁၂၀၀၀
    ပေးဆောင်ရပေမည်။ (၁၉၉၁ ဆက်သွယ်ရေးဥပဒေ)
    အင်္ဂလန်တွင်-
    တီဗွီအသုံးပြုလိုသူသည် လိုင်စင်လျှောက်ထားရပေမည်။
    ပိုင်ရှင်မရှိဘဲ အထုပ်အပိုးများ ထားခဲ့ခြင်းသည် တရားမဝင်ပေ။
    ပိုင်ရှင်မဲ့အထုပ်အပိုးများအား ကောက်ယူခြင်းသည် အကြမ်းဖက်မှုအက်ဥပဒေအား
    ချိုးဖောက်ခြင်းဖြစ်သည်။
    ပြင်သစ်တွင်-
    မနက် ၈ နာရီမှ ည ၈ နာရီအကြား ရေဒီယိုတွင်ထုတ်လွှင့်သည့် တေးဂီတများ၏ ၇၀
    ရာခိုင်နှုန်းသည် ပြင်သစ် တေးရေးဆရာများ၏ တေးဂီတများ ဖြစ်ရပေမည်။
    ထိုင်းနိုင်ငံတွင်-
    အတွင်းခံအဝတ်အစားများ မဝတ်ဆင်ဘဲ အိမ်အပြင်ထွက်ခြင်းသည် တရားမဝင်ပေ။
    ကားမောင်းလျှင် ရှပ်အကျႌဝတ်ဆင်ရမည်။
    လူသွားလမ်းပေါ်တွင် ပီကေထွေးသည်ကို တွေ့ရှိပါက ဒဏ်ငွေ ဒေါ်လာ ၆၀၀
    ပေးဆောင်ရမည်။ မပေးဆောင်နိုင်ပါက ထောင်ချခံရမည်။
    မည်သည့် နိုင်ငံပိုင်ငွေကြေးအပေါ်ကိုမျှ မည်သူကမျှ တက်နင်းခြင်း မပြုရပေ။

  • char too lan

    February 18, 2011 at 4:45 am

    ဆြာပု နဲ့ နွယ်ပင်ကောင်းမှု အကြောင်းပြုပီး ဦးကြောင်ကြီး လေးခိုင် နှင့် ပြည်ပနေကိုကို မမ ဆရာသမားတို ့ ဘယ်တော့ဘာအမှုနဲ့ အစိခံရမလဲစောင့်ကြည့်နေမယ် 😀

  • နီလေး

    February 18, 2011 at 10:07 am

    ဘယ်နိုင်ငံမှာဘယ်လိုဥပဒေတွေရှိတယ်ဆိုတာသိရတော့ သွားလည်တဲ့အခါ အဆင်ပြေတာပေါ့

  • nigimi77

    February 18, 2011 at 10:29 am

    မြန်မာပြည်မှာ…ယောကျာင်္းတွေက ဘောက်ဆာလို ့ခေါ်တဲ့ ချည်သား အတွင်းခံတွေကို Short Pant အနေနဲ ့ ရှိုးထုတ်တယ်။

    မိန်းမတွေက….ညဝတ် အဝတ်အစားတွေနဲ ့ လမ်းသလားတယ်။

Leave a Reply