CDMA 800 MHz အကြောင်းလေး သိသမျှ ပြောရလျှင်ဖြင့်

etoneFebruary 17, 20111min1418

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ ချထားပေးသော CDMA 800MHz ငါးသိန်းတန် ဖုန်းများ အင်တာနက်အသုံးပြုခွင့် ကဒ်နှင့် ကျပ်သုံးသောင်းပေးပြီး လဲလှယ်အသုံးပြုခွင့်ရပြီးချိန်မှ စ၍ ဝယ်လိုအား သုံးဆခန့် မြင့်တက်ခဲ့သည်ဟုသိရသည် ။ သို့သော် အင်တာနက်ဆက်သွယ်ခြင်း လိုင်း နှေး ကြောင်းလည်း သိရှိရသည် ။ ဖုန်း နှင့် အင်တာနက်သုံးလျှင် အားမရသဖြင့် ကွန်ပျူတာနဲ့ ချိတ်ဆက်သုံးရာ ဒါရိုက်ဆက်သွယ်ခြင်း အဆင်မပြေကြောင်းလည်း သိရသည် ။ မိုဒန်းဖြင့် ချိတ်ဆက်အသုံးပြုသော်လည်း ဆက်တင်အချို့ ထည့်သွင်းရခြင်းကြောင့် ကိုယ်တိုင်လုပ်ကိုင်ရန် အဆင်မပြေပဲ အင်တာနက်ဆိုင် သို့ သွားကာ ဆားဗစ်ခံယူရကြောင်းသိရသည် …။ ထို ဖုန်းဧ။် ဆိုးကျိုး နောက်တစ်မျိုးမှာ … ပိုက်ဆံကဒ်ဖြစ်သည် ။
ပိုက်ဆံကဒ်မှာ မကုန်သေးပဲ ကျပ်တစ်ထောင်ခန့်သုံးရန် ကျန်သေးသော်လည်း ထပ်မံဖြည့်သွင်းရင် တောင်းဆိုတတ်ကြောင်းသိရသည် …။ ထိုအခါများတွင် amount tracking လိုက်၍ မရကြောင်းလည်း သိခွင့်ရခဲ့သည် ။ amount tracking လိုက်ရာဝယ် SMS စနစ်ဖြင့် လည်းကောင်း ၊ voice စနစ်ဖြင့်လည်းကောင်းစစ်ဆေးနိုင်သော်လည်း SMS စနစ်ဖြင့် စစ်ဆေးရာ အမြဲတမ်း FEC not enough ဟု ငွေပေးသွင်းခိုင်းကြောင်း message ရရှိတတ်သည် ။ ယခုလက်ရှိလက်ကျန်ငွေ ပမာဏကို message ဖြင့် လက်ခံရရှိသောလည်း ဖတ်ပြီးလျှင် အလိုလိုပျောက်ကွယ်သွားကြောင်းလည်း တွေ့ရသည် …။ ထို့အတူ လက်ကျန်ငွေ ပမာဏတစ်ထောင်နီးပါးကျန်သေးသော အချိန်တွင် ငွေဖြည့်သွင်းရင် သတိပေးစာများဝင်လာတတ်ပြီး လက်ကျန်ငွေပမာဏ တစ်ထောင် အောက်လျှော့နည်းသွားချိန်တွင်တော့ … လက်ကျန်ငွေ တိုင်းတာခြင်းကို voice နဲ့ရော SMS နဲ့ရော စစ်၍မရတော့ပေ…။ လေးငါးရာလောက်ကျန်ချိန်တွင်တော့ ခေါ်ဆိုမှူ ပြုလုပ်၍ မရနိုင်တော့ပဲ ငွေထပ်ဖြည့်သွင်းရကြောင်းသိရသည် ။
17th FEB 2011

8 comments

  • Men

    February 17, 2011 at 11:00 am

    skynet ကချပေးတဲ့ အင်တာနက် အကြောင်းလဲသိချင်ပါတယ်.
    သိသူများရှိရင် ဖေါက်သည်ချ ကြပါအုံး
    ကွန်နက်ရှင် အခြေအနေနဲ့
    ဈေးနှုန်းသင့်မသင့် ပေါ့

  • weiwei

    February 17, 2011 at 11:15 am

    အဲဒီကတ်ကို ဖုန်းကတ်လို့ သဘောမထားတော့ပဲ အင်တာနက်တစ်မျိုးတည်းအတွက် သုံးလိုက်တော့ အဆင်ပြေသွားပါတယ်။ မိုဒန်းတစ်ခုထဲမှာ ကတ်ကို အမြဲထည့်ထားပြီး လက်တော့ကွန်ပျူတာနဲ့ နေရာမရွေး အချိန်မရွေးသုံးနိုင်တယ်။ လိုင်းက အရမ်းမနှေးပါဘူး။ တစ်မိနစ်ကို ၄ ကျပ်ဆိုတော့ ဈေးနှုန်းလဲ သင့်တင့်ပါတယ်။

  • intro

    February 17, 2011 at 12:20 pm

    ွမြန်မာပြည်ကတော့ တရုတ်က Mobile နည်းပညာ အတွက် စမ်းသပ်ကွင်းကြီးပါဗျာ… တရုတ်က အမျိုးမျိုးထွင်၊ ပြီးရင် အမျိုးမျိုး စမ်းသပ်၊ ဒါကိုပဲ ဒီကလူတွေက ဈေးကြီးကြီးပေးပြီး သုံးနေကြတာ၊ ကမ္ဘာမှာ Mobile နည်းပညာကို ကောင်းကောင်း အသုံးချနေတဲ့ အချိန်မှာ ဒီမှာက ဈေးကြီးပေးသုံးပြီး စမ်းတဝါးဝါး အဆင့်ပဲ ရှိသေးတယ်၊ ကြားထဲက အမြတ်ထွက်သွားတာကတော့ ဆက်သွယ်ရေးက ဝန်ထမ်းတွေနဲ့ လုပ်ပိုင်ခွင့်ရထားတဲ့ လက်တစ်ဆုပ်စာ လူတွေပဲပေါ့… (အင်း၊ ဘာပဲပြောပြော မရှိတာထက်စာရင်တော့ အများကြီး သာပါတယ်)

  • winkyawaung

    April 17, 2011 at 10:41 am

    GSM ဖုန်းအမျိုးမျိုးကို စတင်သုံးနေရသူတွေ အင်တာနက်လိုင်း Adsl စတင်သုံးတဲ့ လုပ်ငန်းရှင်တွေ (၁၅)သိန်းခွဲကျော် အကုန်ခံသုံးရတာ တော်တော်နစ်နာနေကြပါတယ်။ အဲဒါကို အစိုးရသစ်က ပြန်ပြီး ပြင်ဆင်စေလိုပါတယ်။

  • etone

    April 19, 2011 at 3:04 am

    ဟိုးတလောက ကောလဟာလ ထွက်လိုက်သေးတယ် … ဆယ့်ငါးသိန်း ဂျီတွေကို နောက် ပိုက်ဆံ တသိန်းအလိုက်ပေးလျှင် ငါးသိန်းတန် တလုံး ထပ်ချပေးမယ် ဘာညာနဲ့ ။ တကယ်မှတ်လို့ ဖုန်းရုံးက ဘော်ဒါကို စပ်စုတော့မှ ဟိုက ပြောလိုက်တာ ဟက်ထိသွားတော့တယ် … ။
    15သိန်းဆိုတုန်းက ကိုယ့်ဘာသာကိုယ်ကြိုက်လို့ ဝယ်တာလေတဲ့ .. ဘယ်သူမှ ရိုက်မဝယ်ခိုင်းပဲ အခုမှ ဈေးများလို့ ငါးသိန်းနဲ့ ဈေးကွာတယ် ဘာညာ ၊ နစ်နာတယ် လာမလုပ်နဲ့တဲ့ … ဘယ်သူမှ ဘာမှ အလိုက်ပေးပြီး တလုံး ထပ်မချပေးဘူးတဲ့ … ။ ကိုယ်ကြိုက်လို့ ကိုယ်ဝယ်တာ အခုမှ လိုက်ယှဉ် မနေနဲ့တဲ့… ။

    ပွဲစားနဲ့ ဝယ်တဲ့လူဆို 15သိန်း မကပဲ ပွဲခပါ ပေးရသေးတယ် … တော်တော် နစ်နာသွားခဲ့ပေမဲ့လည်း … ဘယ်သူ့ကို အပြစ်ပြန်တင်ရမှာလဲနော် ။

    • bigcat

      April 19, 2011 at 3:24 am

      ဖလန်းဖလန်းထပြီး ကိုင်ချင်အုံးလေ….နှစ်ကူးမှာ သိပ်လည်းဒေါကီးမနေပါနဲ့။ ရွာထဲကသဂျီးကတော့ သမတုဆီ အသနားခံစာတင်မလိုတဲ့။ ဒေါ်အီးတုံးလည်း ဆက်သွယ်ရေးဝက်ကြီးဆီ ရလိုရငြား အသနားခံစာ တင်ကြည့်ပါလား…

  • etone

    April 19, 2011 at 3:47 am

    လျှာပေါ် မြက်ပေါက်ချင်ပေါက် ပါစေ သူတို့ဆီတော့ ဘယ်တော့မှ အသနားမခံဘူး 😀
    0951 တွေကိုတောင် သုံးဆယ်နီးပါးပေးပြီး ဝယ်ခဲ့ရတဲ့လူတွေတောင် ရှိသေးတာပဲ … ဟေးဟေး… အဲ့ဒီတုန်းက အစိုးရကို သွင်းရတာ 5သိန်းထဲရယ်… ။ ပွဲခတွေရယ် ခေါ်ဈေးတွေရယ် မြင့်ကုန်တာ ။

  • etone

    April 19, 2011 at 4:09 am

    ပြောရဦးမယ် … အင်တာနက်လိုင်း ရပါတယ် ဆိုတဲ့ CDMA 800 တွေလေ … အခု ဖုန်းနဲ့ သုံးတာ လုံးဝ လိုင်းမမိပါ ကိုယ်တွေ့ … 🙁 အာဖျံကွီးလည်း အဲ့ဒီလို ခံရပြီးပြီ 😀 သုံးသောင်း အပိုပေးပြီး ဆားဗစ်ကျတော့ တကယ် မလိုက်နိုင်တော့ အာပလာ လို့ပဲ ပြောလိုက်ချင်ပါတော့တယ် ။

Leave a Reply