မန်းလေးက ကရဝိက်နဲ့ ကန်တော်ကြီး


မန်းလေးကျုံးထဲကနေ ပြောင်းလာတဲ့ ကရဝိက်ပါ။
အခုမှာတော့ တက်သေးအင်းခေါ်မန်းလေးကန်တော်ကြီး အနောက်ဘက်ခြမ်း နာမယ်ကျော် လှိူင်ိ်ထိပ်ခေါင်တင်ရဲ့ မယ်တော် မမြလေးတည်ခဲ့တဲ့ ဘုရားအရှေ့မှာ ခိုနားနေပါတယ်။
ဒီပုံကတော့ တောင်ဘက်ခြမ်းကနေမြင်ရတဲ့ ကရိဝိက်ဖောင်ရဲ့ပုံပါ။
ထူးခြားတာက ဖောင်ရဲ့တောင်ဘက်မှာရေတွင်းလေးရှိနေတာပါဘဲ။
ရေတက်ချိန်ဆို ဒီရေတွင်းလေးက ရေထဲမှာမြုတ်နေတာပါ။
အခု (4-1-2011)နေ့ ရေကျချိန်မှာမှ မြင်ရတဲ့ရေတွင်းလေးပါ။
ကန်တော်ကြီးရေပြင်ထဲမှာ ဒီလိုရေတွင်းလေးတွေ ရှိနေတာကို ထူးဆန်းစွာမြင်နေရပါတယ်။

3 comments

  • researcher

    February 18, 2011 at 3:21 am

    ဒီပုံမှာတော့ ကရဝိတ်ဦးခေါင်းကို မြင်ရတယ်။ ရန်ကုန်ကရဝိတ်က ကိုယ်လုံးထင်ထင်ရှားရှား ရှိတယ်။ မန္တလေး ကရဝိတ်ကတော့ ပြဿဒ်ခေါ်မလား၊ အဲဒီအဆောင်အခန်းက ပိုပြီးပီပီပြင်ပြင်ရှိတယ်။ ဒါပေမယ့် သွားလို့ရတယ် ဆိုတော့ ပိုပြီးအသက်ဝင်တာပေါ့။

  • kopauk mandalay

    February 18, 2011 at 3:01 pm

    သွားလို့မရဘူးလေ နောက်မှာတံတားလေးနဲ့တွဲပြီးအသေရိုက်ထားတာ။

  • researcher

    February 23, 2011 at 9:49 am

    ပြောင်းလာတယ် ၊ ခိုနားနေပါတယ် ၊ အဲဒီလိုတွေထည့်ရေးထားတော့ သွားလို့ရတယ်ထင်လို့ပါ။

Leave a Reply