နှင်းကျတဲ့မနက်မှာတွေ့ရတဲ့ မန်းလေးကန်တော်ကြီးက ကရဝိက် ဖောင်တော်

အရင်ကတော့ ဒီကရဝိက်ဖောင်က မန်းလေးကျုံးအရှေ့ဘက်ခြမ်းမှာ ရှိခဲ့တာပါ။
အခု မန်းလေး ဆွမ်းဟိုတယ်ရှေ့ပေါ့။
အခု မန်းလေး ကန်တော်ကြီးလို့ခေါ်တဲ့ တက်သေးအင်းထဲမှာ ရပ်နားနေပါတယ်။
2010နှင်းကျစ နိုဝင်ဘာလမနက်ခင်းတခုမှာ ရိုက်ထားတဲ့ပုံပါ။
ရေပေါ်မှာထင်နေတဲ့ ပုံရိပ်ကလေးကြောင့် ပိုလှနေသလိုပါဘဲ။

12 comments

  • researcher

    February 18, 2011 at 3:12 am

    မန္တလေးက ကရဝိတ်ဖောင်တော်က သွားလို့ရတယ်လား၊ ရန်ကုန် ကန်တော်ကြီးက ကရဝိတ်ကတော့ ကျောက် ချပြီး အသေတည်ဆောက်ထားတာနော်။ မန္တလေး ကရဝိတ်က အမြီးပိုင်းက ရိုက်ထားလို့လားမသိဘူး ခေါင်းတောင်မမြင်ရဘူး။ ကရဝိတ်ဖောင်က ဘာနဲ့သွားတာလဲဟင်၊ စက်နဲ့လား၊ ဖောင်ဆိုရင် ရေစီးနဲ့မျောရင် မျော၊ ဒါမှမဟုတ် ဝါးကူထိုးတဲ့ သာမန်ဖောင်တွေပဲ မြင်ဘူးတယ်။

  • kai

    February 18, 2011 at 9:48 am

    ဓါတ်ပုံက လွမ်းစရာလေး..။
    နေရောင်ကလေးဖြန်းချလိုက်ချိန်မှာ..အလျှားလိုက်အနေအထားနဲ့ … ဓါတ်ပုံစောင့်ရိုက်လိုက်ရင်.. ဆုတောင်ရနိုင်တယ်..။

    • angel

      February 18, 2011 at 11:05 pm

      ဟုတ်တယ်နော် လွမ်းစရာလေး

  • nigimi77

    February 18, 2011 at 9:59 am

    ကိုပေါက်ရေ။ ကျုပ်က ဝါသနာက တားမရပါရှင် ဆိုတာမျိုးပေါ့။
    ကျုပ်သိသလောက်တော့ မြန်မာပြည် အထူးသဖြင့် ရန်ကုန်နဲ ့ မန်းလေးလို မြို ့မျိုးမှာ လုံးဝ နှင်းမကျပါဘူး။
    မြူဆိုင်းတဲ့ အဆင့်ပဲရှိပါတယ်။

    Fog = မြူ
    Snow = နှင်း ဖြစ်တဲ့ အတွက် ကျုပ်အနေနဲ ့ မြူလို ့ပဲ မြင်ပါတယ်။
    မြူနှင်း ထူထပ်တယ်လို ့ တွဲပြီး သုံးတဲ့ မြန်မာ အသုံးအနှုံးဟာ မှားယွင်းတယ်လို ့မြင်ပါတယ်။

    ဒါကြောင့်….မြူဆိုင်းတဲ့ မနက်မှာ တွေ ့ရတဲ့ မန်းလေး ကန်တော်ကြီးက ကရဝိတ် ဖောင်တော်…လို ့ပြင်ချင်ပါတယ်။

    ချိတ်ချိုးနဲ ့နော်။

  • kopauk mandalay

    February 18, 2011 at 2:52 pm

    nigimi77 ရေ
    အခုုလိုဝင်ပြီးပြောပြပေးတာကို စိတ်မဆိုးပါခင်ဗျာ။
    ကျွန်တော်က အရပ်သုးံစကားနဲ့လွယ်လွယ်ပြောလိုက်တာပါ။
    ဆောင်းမနက်မှာဆိုရင် နှင်းကျတယ်ဆိုပြီးအလွယ်သုံးမိတာပါ။
    ခင်ဗျားပြောတာမှန်ပါတယ်။
    ဒါပေမယ် အများသုံးသလိုဘဲပြောလိုက်တော့မယ်နော်
    ဝင်ကြည့်တဲ့အတွက်ကျေးဇူးပါ။
    မနက်လမ်းလျှောက်ရင်းကင်မရာပါတော့ ရိုက်ထားလို်က်တဲ့ပုံလေးတွေပါ။

  • kopauk mandalay

    February 18, 2011 at 2:55 pm

    researcher
    မန်းလေးကရဝိက်ကလဲ သွားမရပါခင်ဗျာ။
    အသေစိုက်ထားတာပါဘဲ။
    သူကတော့ သစ်တွေနဲ့တည်ဆောက်ထားတာများပါတယ်။
    အမြီးပိုင်းမှာတော့ တံတားလေးနဲ့တွဲထားပါတယ်။
    ခေါင်းပိုင်းကိုတော့ တစ်ရက်ရေထဲမှာလှေနဲ့သွားပြီးရိုက်ပါအုံးမယ်။

  • weiwei

    February 18, 2011 at 3:01 pm

    သွားလို့မရတာကို ဘာလို့ ဖောင်လို့ သုံးတာလဲမသိဘူးနော် …

    သွားလို့ရတဲ့ အလှဖောင်အစစ်လုပ်ပြီး ရေပေါ်ရွေ့လျားဟိုတယ်လိုမျိုးလုပ်ရင် ကောင်းမယ်လို့ စိတ်ကူးပေါ်မိတယ် …

  • kopauk mandalay

    February 18, 2011 at 3:28 pm

    အခုမန်းလေးကန်တော်ကြီးမှာ မှန်ကာထားတဲ့ဖောင်လေးလုပ်နေတယ်။
    ရေပေါ်စားသောက်ဆိုင်လေးပေါ့။
    ညဆိုရင်ရေထဲမှာ ဖောင်လေးက ကန်တော်ကြီးထည်မှာလှည့်သွားနေမယ်။
    လူတွေက ထမင်းစားရင်း ဖောင်စီးပေါ့။

  • nigimi77

    February 18, 2011 at 3:37 pm

    ထမင်းစားပြီး ဖောင်စီး၊ ဖောင်စီးရင်း ရေငတ်ကြတာပေါ့ ကိုပေါက်ရေ။ ရေငတ်ရင်တော့ ကျုပ်က ကရဝိတ် ဖောင်ပုံနဲ ့
    ီDouble Strong ဒကာခံမယ်ဗျာ။

  • nyimalay

    February 19, 2011 at 11:23 am

    တခါမှမရောက်ဘူးဘူး………… ဒီတခါမန်းလေးရောက်မှသွားအုံးမယ်……. 🙂
    လေးပေါက် ကျေးဇူးပါ………… မန်းလေးတောင်ပေါ်လည်းမရောက်ဘူးဘူး…………. ကြုံရင်ဓာတ်ပုံလေးရိုက်ပြီးတင်ပေးပါအုံးနော် လေးပေါက် 🙂

  • kopauk mandalay

    February 19, 2011 at 12:33 pm

    မန်းလေးတောင်ပုံ ကို သူများနဲ့မတူအောင်ရိုက်ပြီးတင်ပေးမယ်နော်
    ဖောင်စီးရင် ဘီယာသောက်
    ပြီးရင်အောက်ကိုဖောက်ချ
    ငါးက အဲဒီအရည်သောက်
    လူတွေက ပြန်ဖမ်းပြီးကင်စား
    ကောင်းမှကောင်း ပါဘဲ။

  • ဆူး

    February 19, 2011 at 2:52 pm

    လေးပေါက်ကြီး ပြောမှဘဲ.. ဆူး ဟိုတလောတုန်းက ခရီးသွားတုန်းက သင်္ဘောပေါ်တက်ပြီး မန်မန် သွားစားတာ.. စားရင်းနဲ့ သင်္ဘောကြီး မောင်းလို့.. လေလေးက တဖြူးဖြူး သီချင်းဆိုတဲ့ ကောင်မလေးကလည်း ဆို လိုက်.. နောက်တခါ ဒီဂျေဆိုပြီးတော့ အသံနက်ကြီး ထွက်လာတော့ ဘီကနီ နဲ့ ကောင်မလေး ငယ်ငယ် ချောချောလေး ထွက်လာပြီး ဂျွန်းပြန်အောင်ကို က တယ်။ ပြီးတော့ မီးတွေ မှုတ်ပြီး ဝါးပြလိုက်.. ဆေးလိပ်မီး တို့မလား မီးလာတို့ဖို့ ဖိတ်ခေါ်တယ်။ ကောင်မလေး ပါးစပ်နား တေ့ပြီး ဆေးလိပ်မီးတွေ တို့ လာကြတာ အားကြီးဘဲ။ ကောင်မလေးကို ကြည့်ပြီး သူ့ခမျှာ သနားစရာ ပိုက်ဆံ ရှာဖို့ မလုံ့ တလုံနဲ့ မီးနဲ့ ဆော့ပြီး ရှာရတယ်လို့ မြင်မိတယ်။ သူ့ဘဝ သူပျော်နေလားတော့ မသိပါဘူး။
    စားစရာတွေကတော့ ရှယ်မှ ရှယ်ဘဲ.. မိုက်တယ်။ အဆိုတွေ အက တွေကတော့ ညက်ချိထဲ နည်းနည်း ကသိကအောက် ဖြစ်မိတယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်။ အဖွဲ့နဲ့ သွားတာဆိုတော့ လူကြီး ကလေး ကျားမ အရွယ်စုံ ကို စုံနေတာဘဲ ဆိုတော့ အဆင်ပြေပါတယ်။

Leave a Reply