နိုးထစနံနက်ခင်း

ကန်တော်ကြီးရဲ့နိုးထစ မနက်ခင်းလေးပါ။
ထွက်လာမယ့်နေမင်းက ရှမ်းရိုးမအောက်မှာ ပုန်းနေသေးပေမယ့်
သူလာတော့မယ်ဆိုတာကို ရောင်နီတွေကို ရှေ့ပြေးလွှတ်ပြီး ကောင်းကင်ကို ပုဇွန်ဆီရောင်ဆိုးပြီးရေပြင်ကိုပါ အရိပ်ထင်ဟပ်စေတဲ့လွမ်းစရာ့မြင်ကွင်းလေးပါ

5 comments

  • weiwei

    February 17, 2011 at 6:06 pm

    လှတယ်နော် ..
    ရန်ကုန်ကိုရောက်ခါစက မိုးသားနဲနဲရှိတော့ ညနေခင်းကောင်းကင်က တော်တော်လှတာနဲ့ မိုးကောင်းကင်ကြီးကိုပဲ ဓါတ်ပုံတွေ ခဏခဏရိုက်ထားမိသေးတယ် …

  • kai

    February 17, 2011 at 9:39 pm

    ကန်တော်ကြီးရဲ့ မနက်ခင်း
    ပုန်းနေမင်းက အောက်ရှမ်းရိုးမ။
    ရှေ ့ပြေးရောင်ခြည် ပုဇွန်ဆီ
    ကန်ပြင်ရေနီ အရိပ်ထင်သည်။
    နိုးထကြွစ လွမ်းစရာ့အလှ။ ။

  • nyimalay

    February 19, 2011 at 1:30 pm

    မန္တလေးကန်တော်ကြီးနဲ့ ရန်ကုန်ကန်တော်ကြီး ဘယ်ကန်တော်ကြီးကပိုကျယ်လည်းဟင်………… လှတာတော့အတော့ကိုလှတယ်………

  • ဆူး

    February 19, 2011 at 2:58 pm

    ပုဇွန်ဆီ ရောင် ကောင်းကင် ကြီးကို ငယ်စဉ်တုန်းက သင်္ဘောကြီးနဲ့ အဖိုးဆီ သွားရင် နေဝင် နေထွက် ကောင်းကောင်းမြင်ရတယ်။ နေလုံး အကြီးကြီး တရိတ်ရိတ်နဲ့ ထွက်လာတာ မြန်လိုက်တာ.. နေတကုန် တော့ ကြာသလိုလိုနဲ့.. ညနေဆိုလည်း ဒီလိုဘဲ အရိပ်က ရှည်ရှည်ပြီး ပျောက်သွားကော..

Leave a Reply