ပုံစံသစ်နဲ့ တမျိုးရောင်းမယ်

susunosukiApril 22, 20101min1063

ဈေးကွက်အတွင်းမှ အချိုရည်တစ်ပုလင်း ( ဓါတ်ပုံ-အင်တာနက်)
ပြည်တွင်း အချိုရည် ဈေးကွက်ရဲ့ အဓိကထုတ်လုပ်သူ ကုမ္ပဏီကြီး နှစ်ခုဖြစ်တဲ့ Pinya Manufacturing Company Limited နဲ့ Loi Hein Company တို့က ပြီးခဲ့တဲ့ နှစ်ဦးပိုင်းလောက်ကစပြီး ဂါတ်စ်ပါအချိုရည် ဈေးကွက် ကို တမျိုးတဖုံ ဆန်းသစ် လိုက်ကြပါတယ်။
အရင်ထုတ်လုပ်ခဲ့တဲ့ 285 ml အရွယ်အစားရှိတဲ့ ဖန်ပုလင်းများနည်းတူ တစ်ခါသုံး ကော်ပုလင်းများ ကို ထုတ်လုပ်ရောင်းချခြင်းဖြစ်ပါတယ်။အရင်ထုတ်လုပ်ခဲ့တဲ့ ဖန်ပုလင်းများနဲ့ တော့ အရွယ်အစားရော ဈေးနှုန်းများပါ ကွာခြားမှု့ ရှိပါတယ်။

ဈေးကွက်အတွင်းမှ အချိုရည်တစ်ပုလင်း ( ဓါတ်ပုံ-အင်တာနက်)
Pinya Manufacturing Company Limited ကထုတ်လုပ်တဲ့ Max Plus အချိုရည်ကော်ဗူးများဟာ အရင်အတိုင်း စပါကလင် ၊ ကိုလာ နဲ့ လိမ္မော် အရသာများနဲ့ ရနိုင်ပြီး 500ml (တစ်လီတာဝက်) အရွယ်အစား ရှိပါတယ်။ဈေးကွက်အတွင်းမှာ လက်လီရောင်းဈေး ၃၀ဝကျပ် နဲ့ ရောင်းချကြောင်းသိရပါတယ်။
Loi Hein Company ကထုတ်လုပ်တဲ့ Blue Mountain အချိုရည်ကော်ဗူးများကလည်း စပါကလင် ၊ ကိုလာ နဲ့ လိမ္မော် အမျိုးအစား တို့အပြင် အပြင် ကလပ်ဆိုဒါ အမျိုးအစား များဖြင့် ရနိုင်ပြီး 380ml အရွယ်အစား ရှိပါတယ်။ဈေးကွက်အတွင်းမှာ လက်လီရောင်းဈေး ၂၅ဝ ကျပ် နဲ့ ရောင်းချကြောင်းသိရပါတယ်။

ဈေးကွက်အတွင်းမှ အချိုရည်တစ်ပုလင်း ( ဓါတ်ပုံ-အင်တာနက်)
မူလ ကထုတ်လုပ်ရောင်းချ ခဲ့တဲ့ recycle အချိုရည် ဖန်ပုလင်းများဟာ ပုလင်းများ ဟောင်းလာပါက သောက်ချင်စရာ မကောင်းတော့ခြင်း ၊ အဖုံးမှ သံချေးများမှာ ပုလင်းအတွင်းသို့တိုင် အနံ့ကူးခြင်း ၊ သယ်ယူသွား၍ မရခြင်းစသော အားနည်းချက်များကြောင့်တခါသုံးကော်ဗူးများကိုလူကြိုက်များလာ
ကြောင်းသိရပါတယ်။ စားသုံးသူတစ်ယောက်ကတော့`ဒီဗူးအသစ်တွေက ပိုလည်းကြီးတယ်။ဈေးကျတော့သိပ်မှမကွာတာ၊မကုန်ရင်လည်း သယ်သွားလို့ရတယ်လေ ´ ဟုပြောဆိုပါတယ်။ ။

3 comments

  • kopauk mandalay

    April 22, 2010 at 4:17 pm

    ပုံစံပြောင်းတာကတော.ကောင်းပါတယ်။
    အထဲမှာပါတာတွေက ကောင်းဘို.ပိုအရေးကြီးပါတယ်။
    ဈေးကွက်လုတယ်ဆိုတာ စေတနာကို အရင်းခံရင် အောင်မြင်ဘို. လမ်းစနဲ.နီးတယ်ဆိုတာကို
    လုပ်ငန်းရှင်ကြီးများသိစေလိုပါတယ်။

  • သာမိညောင်

    April 24, 2010 at 7:10 pm

    ကော်ဗူးကောက်သူများ အတွက်တော့
    တကယ့် ဟဲဗီး ထိပ်တန်း သတင်းကြီးတစ်ခုပါဘဲ
    very good very good
    very very good

  • zinkokothant

    April 26, 2010 at 1:41 pm

    ဟုတ်တယ်….ပုံစံထက်အထဲကကွာလတီမှီဖို့လိုတယ်……

Leave a Reply