တပ်ချုပ်ကြီးက အောင်သိန်းလင်း ကို ကန်ထုတ်လိုက်ပြီ

နွယ်ပင်February 18, 20111min1069

လမ်းတခြမ်းခင်း အောင်သိန်းလင်း လို့ နာမည်ကြီးလှတဲ့ ရန်ကုန်မြို့တော်ဝန် အောင်သိန်းလင်း ကို မြို့ဝန်ရာထူး ပြန်ပြီး မခန့်တဲ့အတွက် အောင်သိန်းလင်း ဟာ တပ်ချုပ်ကြီး သန်းရွှေကို မကျေမနပ်ဖြစ်နေပါတယ်။

ရွေးကောက်ပွဲတုန်းက ကုန်ကျထားတာတွေ ရွေးကောက်ပွဲနိိုင်ပြီးမှာ ပြန်ရှာဖို့ အားခဲထားပေမဲ့ အောင်သိန်းလင်း ကို တပ်ချုပ်ကြီးက သာမန်လွတ်တော်အမတ် ဘဝနဲ့ပဲ ချောင်ထိုးထားလိုက်တဲ့အတွက် အောင်သိန်းလင်းရဲ့ စားခွက် ပျောက်နေပါတယ်။ ရွေးကောက်ပွဲမှာ သူက ကြံ့ဖွတ်ဖက်ကနိုင်အောင် ရန်ကုန်တိုင်းက အတက်ကြွဆုံး လုပ်ပေးခဲ့ရတာပါ။

ဒီလောက်လုပ်ပေးခဲ့ရတဲ့သူကို တပ်ချုပ်ကြီးက ချောင်ထိုးထားတဲ့အတွက် သူက ခံစားချက် ဖြစ်နေပါတယ်။ သူခံစားချက်က ပြင်းထန်ပါတယ်။ ငွေတေလွဲ သောက်သောက်လဲကုန်ထားတယ်လို့ သိရတယ်။ အောင်သိန်းလင်း မိန်းမ ဒေါက်တာ ခင်စန်းနွယ် က ခုဆိုရင် ဒေါ်ကြိုင်ကြိုင် ဆန်ကျင်ရေးကို တက်တက်ကြွကြွ လုပ်ဆောင်နေတယ်လို့ သိရတယ်။

သူတို့လည်းစားတာပဲ၊ ဒို ့လည်းစားရမှာပဲလို့ ဆိုတယ်။ စီးပွားရေးသမားတွေ က သူ့ကိုလာဘ်ထိုးဖို့ဆိုရင် သူ့မိန်းမ ဒေါက်တာ ခင်စန်းနွယ် က တဆင့် ဝင် ရတယ်။ သူမိန်းမဟာလည်း အလွန်စားတဲ့သူ ဖြစ်တယ်။

အခုဆိုတပ်ချုပ်ကြီးက ရန်ကုန်မြို့တော်ဝန်အသစ်ကို ဗမ လှမြင့် ကို ခန့်လိုက်ပါတယ် ။ အခု ဗမ လှမြင့် က အောင်သိန်းးလင်း ကို အိမ်ပေါ်ကနေ ဆင်းပေးဖို့ တောင်းဆိုတဲ့အခါမှာ အောင်သိန်းလင်းဟာ ဒေါသူပုန်ထနေတယ်လို့ သိရ တယ်။ အခုဆိုရင်လဲ အိမ်ပေါ်ကနေ ဆင်းပေးရမယ့်အခြေအနေ ဖြစ်နေတယ်။ အိမ်က ကမာ္ဘအေးဘုရားလမ်း၊ ပုလဲကွန်ဒိုရှေ့မှာ ရှိပါတယ်။

မောင်သိန်းနိုင် (နေပြည်တော်)
www.naytthit.net မှဖော်ပြပါသညိ ။

9 comments

  • အာဖျံ ကွီး

    February 18, 2011 at 8:29 am

    သတင်းကြားတာတော့ .. သူ.ကို ဘဘက ထိမ်းတောင်ထိမ်းသိမ်းထားလိုက်ပီ လို.ကြားတရ်နော …

  • kai

    February 18, 2011 at 9:15 am

    မြန်မာပြည်က ..ဥပဒေပြုအာဏာနဲ့ .. အုပ်ချုပ်မှုအာဏာ အလုပ်လုပ်ပုံတွေ..ရောထွေးမြင်နေသေးတယ်ထင်တာပါပဲ..။
    အင်းပေါ့လေ..။
    အုပ်ချုပ်မှုအာဏာမှာ လုပ်တဲ့သူတွေက .. ဝင်ငွေကောင်းတာကိုး..။ သဘောက ခိုးလို့ဝှက်လို့ရတာကို .. သိသိကြီးနဲ့..မသိချင်အောင်ဆောင်နေတာပဲ..။

  • intro

    February 18, 2011 at 11:13 am

    ကြက်ပေါင်ဖိနပ် ယတြာလဲ ခုတော့ မကယ်နိုင်တော့ပါလား

  • alfred

    February 18, 2011 at 1:01 pm

    ကောင်းတယ်ဗျာ။ ချကြဗျာ။ ဒါပေမယ့် နောက်တတ်တဲ့လူက ပိုဆိုးရင်တော့ ဒုက္ခပဲ 🙁

  • ဆူး

    February 18, 2011 at 2:25 pm

    အဲဒါ တကယ်ကြီးလား။ အနိစ္စသဘောတွေပါလားကွယ်။

  • MaMa

    February 18, 2011 at 11:22 pm

    သူ့မိန်းမက စားမစားတော့မသိပါ။ ဝလွန်းလို့ ကန်တော်ကြီးမှာ မနက်မနက်ကို ထိုက်ကျိ ကစားနေပါသည်။

  • nyimalay

    February 19, 2011 at 1:25 pm

    မမြဲတဲ့အရာတွေကိုဘာလို့များ ဆုပ်ကိုင်ထားနေကြတာလည်းမသိပါလားနော်……နေ့မြင်ညပျောက်ဆိုတဲ့ စကားကိုမေ့နေကြပြီလားမသိဘူး……….

  • ဆူး

    February 19, 2011 at 2:57 pm

    မင်းခ ယောကျား ကမ်းနား သစ်ပင်

  • eros

    February 19, 2011 at 3:36 pm

    သူတည်းတယောက်ကောင်းဖို့ ရောက်မ၊ူ သူတယောက်သာ ပျက်လင့်ကာသာ ဓမ္မတာတည်း။ ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ် မင်းစည်းစိမ်ကား၊ သမုဒ္ဒရာထက် ခဏတက်သည် တပွက်ပမာ တသက်လျာတည်း။

Leave a Reply