ဘလင့်က် ဟက်ကာများ၏ ကြေငြာချက်

zoxnetFebruary 19, 20111min872
hacker

BHG-Blink Hacker Group အား DDoS ဖြင့် ၁၂.၂. ၂၀၁၁ ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် ၂ နာရီခန့်မှစတင်၍ DDoS ဖြင့်တိုက်ခိုက်နေသည်မှာ မြန်မာစံတော်ချိန် ည ၁၁းဝဝ နာရီအထိ ရပ်တန့်ခြင်းမရှိသေးပါ။ တိုက်ခိုက်သူများသည် Russia, Ukraine, Belarus, Georgia, Moldova, Azerbaijan, Armenia, Kazakhstan, Poland, Estonia, Germany, Bulgaria, နှင့် Iran နိုင်ငံတို့မှ IP များဖြစ်ကြသည်။

တိုက်ခိုက်နေကြသူများသည် HTTP DDoS ကို အသုံးပြုပြီးတိုက်ခိုက်နေသည်ဟု ခန့်မှန်းရသည်။ ၁၀.၂.၂၀၁၁ ရက်နေ့ မြန်မာစံတော်ချိန် ည ၁ဝးဝဝ နာရီခန့်ကလည်း ၎င်းနိုင်ငံတို့၏ IP Address များဖြင့် ၂ နာရီကြာတိုက်ခိုက်ခဲ့ကြသေးသည်။ ထိုသို့တိုက်ခိုက်မှုကြောင့် Total Page Views မှာ အဆမတန်များပြားနေပြီး Host Server အတွင်းတွင်လည်း Traffic များဖြစ်ပေါ်ခဲ့သည်။ သို့သော် BHG ဆိုက်ကို လုံးဝ Down သွားသည်အထိ မတိုက်နိုင်သေးပါ။

ဤတိုက်ခိုက်မှုသည် မြန်မာစစ်အစိုးရ၏ကြိုးကိုင်မှုဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း BHG မှယူဆပါသည်။ BHG ၏ မြန်မာစစ်အစိုးရ အပေါ်တိုက်ခိုက်နေမှုသည် မည်မျှထိရောက်ကြောင်းကို ဤ တုန့်ပြန်တိုက်ခိုက်မှုအား ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။ ပြည်တွင်းNetwork များ၏သတင်းအရ နေပြည်တော်စစ်ရုံးအတွင်း Network Connection များ Down သွားသောကြောင့် စစ်ဗိုလ်ချူပ်ကြီးများမှ အကြီးအကျယ်ဒေါသထွက်နေပြီး အမြန်ဆုံးပြုပြင်နေကြောင်းကို သိရပါသည်။ BHG အနေဖြင့် မြန်မာစစ်အစိုးရအပေါ်တိုက်ခိုက်နေမှုများကို လုံးဝရပ်တန့်မည်မဟုတ်ဘဲ ပို၍ပြင်းထန်သော တိုက်ခိုက်မှုများဖြင့် တုန့်ပြန်မည်ဖြစ်ကြောင်း ကြေငြာလိုက်သည်။

2 comments

  • bigcat

    February 19, 2011 at 4:49 pm

    ဖဲ့သာဖဲ့ အားပေးတယ်ဗျို့။

  • manawphyulay

    February 20, 2011 at 8:55 am

    ဟတ်ကာတွေက မြန်မာဆိုဒ်အကုန်ကို ဖဲ့ရင် ဘယ်လိုလုပ်မလဲ ဦးကြောင်ကြီးရဲ့……

Leave a Reply