ပျော်ရွှင်တက်ကြွ ဆယ်ကျော်သက်ဘဝ သင်တန်းအမှတ်စဉ် (၄၉) ဖွင့်လှစ်မည်

မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) မှကြီးမူး၍ ကုလသမဂ္ဂလူဦးရေထောက်ပံ့ငွေ၏ အကူအညီဖြင့် လူငယ်ဖွံ့ဖြိုးမှုအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်လျက်ရှိရာ ယမခုလ(၂၂) ရက်မှစ၍ ပျော်ရွှင်တက်ကြွဆယ်ကျော်သက်ဘဝသင်တန်းအမှတ်စဉ်(၄၉) ကိုဖွင့်လှစ်မည်ဖြစ်သည်။ လူငယ်များပျော်ရွှင်ခြင်း၊ကျန်းမာခြင်းနှင့်အတူ တက်ကြွလန်းဆန်းတဲ့ဆယ်ကျော်သက်ဘဝ (သို့) လူငယ်ဘဝကိုရရှိစေလိုသော ဆန္ဒများနှင့်သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်သည်။

“လူငယ်များသိသင့်သိထိုက်သော ကျန်းမာရေးနှင့်ပတ်သက်သည့် အခြေဗဟုသုတများရရှိစေရန်၊ ရရှိသော အခြေခံဗဟုသုတများကို မူတည်၍ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များပြုမူဆောင်ရွက်လာစေရန်၊ ဘဝနှင့်ပတ်သက်သော တန်ဖိုးထားမှုများအကြောင်း နားလည်ပြီး မိမိ၏ လူကြီးဘဝအတွက်ပြင်ဆင်ရာတွင် အထောက်အကူဖြစ်စေရန်၊ မိသားစုနှင့် ပတ်ဝန်းကျင်တွင် အဆင်ပြေစွာ ဆက်ဆံတတ်ပြီး ပတ်ဝန်းကျင်ကောင်းကို ရှာဖွေနိုင်စေရန်နှင့် ဘဝတွင်ဆုံးဖြတ်ချက်များကို ကြောင်းကျိုုးညီညွှတ်စွာချမှတ်တတ်စေရန်” ဟူသောရည်ရွယ်ချက်များဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သင်တန်းရဲ့ဆောင်ပုဒ်လေးက Be knowledge, Pass it on သုတရှာဖွေဖြန့်ဝေပါလို့ ဆိုလိုပါတယ်။ အသက်(၁၅) မှ (၂၄) အထိ စိတ်ဝင်စားသူဆယ်ကျော်သက်လူငယ်များတက်ရောက်ခွင့်ရှိပြီး တစ်ကြိမ်မှာ သင်တန်းသားဦးရေ(၄၀) သာလက်ခံသင်ကြားပေးနေကြောင်း၊ သင်တန်းကာလမှာ ၆ရက်သာကြာမြင့်ကြောင်း၊ ယခုအခါသင်တန်းကို အသက်အရွယ် နှစ်ပိုင်းခြားထားပြီး (၁၅) နှစ်မှ (၁၉) နှစ်တစ်ပိုင်း၊ (၂၀) နှစ်မှ (၂၄) နှစ်တစ်ပိုင်းကန့်သတ်ထားပါသည်။

ယခုသင်တန်းကို (၂၂၊၂၃၊၂၄) နှင့် (၂၈၊၂၉၊၃၀) တို့တွင်သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း၊  ထိုသင်တန်းပြီးသွားပါကလည်း လူငယ်ကျန်းမာရေးအကျိုးဆောင်နည်းပြသင်တန်းနှင့် လူငယ်များဦးဆောင်မှုအရည်အသွေးမြှင့်တင်ရေးသင်တန်းများဆက်လက်တက်ရောက်နိုင်ပါသည်။ အသေးစိတ်စုံစမ်းလိုလျှင်မြန်မာနိုင်ငံဆရာဝန်အသင်းလူငယ်ဖွံ့ဖြိုးမှုအစီအစဉ်အမှတ်(၂၄၉) သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ဖုန်း(၉၅၁) ၃၇၈၈၆၃၊ ၃၈၈၀၉၇၊ ၃၉၄၁၄၁ လိုင်းခွဲ ၁၂၄ သို့ဆက်သွယ်နိုင်ပါသည်။

link: http://mm-medicalstudents.com/profiles/blogs/6343520:BlogPost:3394