YUFC Elite Youth Cup ခြေစစ်ပွဲ များအား ဖေဖော်ဝါရီ ၂၈နှင့် မတ်လ ၁ရက်နေ့ တို့တွင် ကျင်းပမည်

ရန်ကုန် ယူနိုက်တက် အသင်းက ကြီးမှူး၍ လူငယ် ကစားသမားများ ပေါ်ထွက်လာရေး ရည်မှန်းကာ အသက် ၁၆နှစ်အောက် လူငယ် ဘောလုံး ပြိုင်ပွဲ တစ်ရပ်အား ကျင်းပမည် ဖြစ်ရာ ခြေစစ်ပွဲ ပွဲစဉ်များအား လာမည့် ဖေဖော်ဝါရီ ၂၈ရက်နေ့နှင့် မတ်လ ၁ရက်နေ့ များတွင် သုဝဏ္ဏ အားကစား ကွင်းဘေးရှိ လေ့ကျင့်ရေး ကွင်း (၁)နှင့် (၂) တို့တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခြေစစ်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်း ပေးသွင်းထားသည့် အသင်း အရေအတွက်မှာ ၁၀၄သင်း အထိ ရှိနေခြင်းကြောင့် မူလက ၁ဝသင်း တည်းဖြင့် ဖိုင်နယ်အဆင့် ပြိုင်ပွဲအား ကျင်းပရန် ရည်မှန်း ထားသော်လည်း အသင်း ၂ဝအထိ တိုးမြှင့် ခြေစစ်ပွဲ အောင်စေမည် ဖြစ်ကြောင်း သိရသည်။ ခြေစစ်ပွဲ အောင်မြင်သည့် အသင်းများအား Elite ကုမ္ပဏီက အကျႌ၊ ဘောင်းဘီ၊ ခြေအိတ်များအား ဝတ်စုံပြည့် စပွန်ဆာ ပေးမည် ဖြစ်ကြောင်းလည်း သိရပြီး ခြေစစ်ပွဲ များအား တစ်ဖက် ရယောက် ကွင်းလတ် စနစ်ဖြင့် ပထမပိုင်းနှင့် ဒုတိယပိုင်း ၁၅မိနစ်စီ ကစားစေမည် ဖြစ်သည်။

ခြေစစ်ပွဲ များအား နံနက် ရနာရီတွင် စတင် ကစားစေမည် ဖြစ်ပြီး ကွင်း၂ကွင်းတွင် တပြိုင်တည်း ၄ပွဲစီ ကစားစေမည် ဖြစ်သည်။ ခြေစစ်ပွဲတွင် ပြိုင်ပွဲဝင် အသင်း ၁၀၄သင်းအား ၂၆သင်း ကျန်ရှိသည် အထိ ရှုံးထွက် စနစ်ဖြင့် ကစားစေမည် ဖြစ်ကာ ၂၆သင်းတွင် ၁၄သင်းအား တိုက်ရိုက် ခြေစစ်ပွဲ အောင်စေရန် မဲနှိုက် ရွေးချယ်မည် ဖြစ်သည်။ ထို့နောက် လက်ကျန် ၁၂သင်းအား ရှုံးထွက် ကစားစေမည် ဖြစ်ကာ အနိုင်ရသည့် ၆သင်းနှင့် ဘိုင် သတ်မှတ် ခံရသည့် ၁၄သင်း စုစုပေါင်း အသင်း ၂ဝဖြင့် ဖိုင်နယ် ပွဲစဉ်များအဖြစ် လှိုင်မြို့နယ်ရှိ မြက်ခင်းတု ကွင်းတွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

soccermyanmar.com မှတင်ဆက်ပါသည်