အာဖ်ံကြီး မႏၱေလးမွာ တက္ကသိုလ်ပထမနှစ် သွားတက်တုန်းကလေ …

တစ်ရက် … အာဖျံကွီးနဲ.အဒေါ်တစ်ယောက်နဲ.အတူတူ သူ.သား (အာဖျံကွီးရဲ. မောင်လေးဝမ်းကွဲ) ရဲ.စတိတ်ကျောင်းကို အတန်းပိုင်ဆရာမကိုပြောစရာရှိလို. သွားကြတရ်။ Break Time ဆိုတော့ ကလေးတွေလဲ ဆော့နေကြတဲ.သူနဲ.၊ တွိုင်းလတ်သွားတဲ.သူနဲ.၊ အဲ … အတန်းပိုင်ဆရာမလဲ မရှိဘူး၊ အာဖျံကွီးမောင်လေးလဲ အတန်းထဲမှာ မရှိဘူး။

ဒါနဲ. … အတန်းထဲလဲဝင်လိုက်ရော … ဟိုကလေးက … သဂျီးအမေလာတရ်ဟေ့ … ဒီကလေးကလဲ … သဂျီးအမေလာတရ်ဟေ့ … တချို.ကလေးကလဲ … အန်တီ … သဂျီး … အဲ … ကျော်ဇောလင်း မရှိဘူး … သားသွားရှာပေးမရ်နဲ.။ ??????

အဒေါ်က သူ.သားတက်ရတဲ့ အတန်းတိုင်းမှာ Black Board ကို White Board ပြောင်းပေးတာနဲ. … အဟဲ … ပါတိတ်ကလေးပေးရတာနဲ. … ကလေးတွေကိုလဲ မုန်.ခဏခဏသွားကျွေးတတ်တော့ … ကလေးတွေက သူ.ကိုကောင်းကောင်းသိတရ်လေ။
အဲဒါကြောင့်မို.ပဲ … သူက … အာဖျံကွီးကို တိုးတိုးလေးလာပြောတရ်။ သမီးကြားလား … သားတော့ အတန်းထဲမှာ ဗိုလ်ဖြစ်နေပီထင်တရ် .. သဂျီးဆိုပါလား .. သမီးရေ။ ?????

အဲဒါနဲ.ပဲ … အဲဒီနေ.က ဆရာမနဲ. ပြောစရာဆိုစရာရှိတာတွေ ပြောဆိုပီးပြန်လာခဲ့ကြတရ်။
ညနေကျောင်းဆင်းချိန်ရောက်တော့ … သူ.သားတော်မောင် ကျောင်းဆင်းလာရော … ရေမိုးချိုး၊ ကျောင်းစာတွေလုပ် … ညနေထမင်းစားချိန်ရောက်တော့မှ … ထမင်းစားနေကြရင်းနဲ. … သားရေ … သားကို သားသူငယ်ချင်းတွေက ဘာလို. “သဂျီး” လို.ခေါ်ကြတာလဲဟင်။

အော် … အဲဒါလား … ဟီးဟီး … အမေကြောင့်ပေါ့ … အမေကသားကို ရှေ.သွားနှစ်ချောင်း အကြီးကြီးဖြစ်အောင်မွေးထားလို.လေ။ အဲဒါကြောင့်မို. (သွားကြီး) “သဂျီး” လို.ခေါ်တာဗျ … မေမေရ … ဟီးးဟီးးဟီးး

စကားမစပ် … ဒို.ရွာက Living Together ဆိုတာနဲ. မန်းလိုက်တိုင်း Dislike လက်ဆောင်တွေတသီကြီး ရတတ်တဲ့ … ဒို.သဂျီးမှာရော … သဂျီးအခေါ်ခံရတဲ့ တခြားအကြောင်းရှိသေးလားဂျ။ ကိုကြောင်ကြီးကတော့ ပြောတာပဲ … သွားစရာရွာမရှိလို. မြှောက်ပင့်ပီးခေါ်ကြတာ … ဆိုလား … ဟီးးဟီးးး
ချစ်လို.ခင်လို.စတာပါဂျာ … ဟီးးး ;) ;)

About အာဖ်ံ ကြီး

အာဖ်ံ ကြီး has written 20 post in this Website..

တစ်ယောက်ကိုတစ်ယောက် ဘာမျှော်လင့်ချက်မှမရှိ၊ ပြောမနာဆိုမနာ၊ ပျော်ပျော်ရွှင်ရွှင်နဲ. အပြန်အလှန် ကူညီရိုင်းပင်းတတ်ကြတာ "တူနယ်ချင်း" ဘဲ။ :D