My life, my stlye.

Ma MaFebruary 22, 20111min20113

ပထမဦးဆုံး ကမာ္ဘကသိတဲ့ တောမြို့လေးမှာ မွေးဖွားလာခဲ့ရတာကိုလည်း ကျေနပ်တယ်။
ထက်မြက်သွက်လက်ပြီး မိသားစုအပေါ် လိုလေသေးမရှိ ဖြည့်ဆည်းပေးတတ်တဲ့ ဖခင်ရရှိခဲ့တာကိုလည်း ကျေနပ်တယ်။
သားကိုသခင်၊ လင်ကို ဘုရားလို ပြုစုပြီး တည်ငြိမ်အေးချမ်းတဲ့ မိခင်ရရှိနေတာကိုလည်း ကျေနပ်တယ်။
ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ မောင်နှမတွေ အများကြီးရှိတာကိုလည်း ကျေနပ်တယ်။
မောင်ငယ်၊ ညီမငယ်တွေကို ညှာတာတတ်တဲ့ အစ်ကိုတွေ၊ အစ်မတွေဆီမှာ အငယ်ဖြစ်ရတာကိုလည်း ကျေနပ်တယ်။
ကိုယ်ကလည်းချစ်တဲ့၊ ကိုယ့်ကိုလည်းချစ်တဲ့ တူတွေ၊ တူမတွေ အများကြီးရှိတာကိုလည်း ကျေနပ်တယ်။
မိသားစုတာဝန်ကို ကြီးလေးတယ်လို့ထင်ပေမယ့် အဲဒါကို ထမ်းဆောင်နေနိုင်တာကိုလည်း ကျေနပ်တယ်။
တစ်ယောက်နဲ့ တစ်ယောက် ပြောမနာဆိုမနာနဲ့ မောင်နှမအရင်းတွေလို ခင်မင်ခဲ့ရတဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေ အများကြီးရှိခဲ့တာကိုလည်း ကျေနပ်တယ်။
စားချင်တာစား၊ သွားချင်ရာသွားပြီး ဒီနေ့စလင်းဘော်ဒီ ခေတ်မှာ ပုလင်းဘော်ဒီ ဖြစ်နေတာလည်း ကျေနပ်တယ်။
ကိုယ်လုပ်ရတဲ့အလုပ်၊ ကို်ယ်ရထားတဲ့နေရာတွေကိုလည်း ကျေနပ်တယ်။
ယိုင်းပင်းကူညီကြပြီး စိတ်ရင်းနဲ့ပေါင်းလို့ရတဲ့ လုပ်ငန်းတူ သူငယ်ချင်းတွေ ရှိတာကိုလည်း ကျေနပ်တယ်။
ဒီဘဝမှာ မဖြစ်စလောက်ပေမယ့် ဗုဒ္ဒ္စတရားတော်ကို သိရှိခွင့် ရနိုင်တာကိုလည်း ကျေနပ်တယ်။
ဒီနေ့ဒီအချိန်ထိ ကျန်းမာကြံ့ခိုင်စွာနဲ့ နေထိုင်နိုင်တာကိုလည်း ကျေနပ်တယ်။
သိပ္ပံမောင်ဝရဲ့ ခေတ်ဆန်းစာပေနဲ့အပြိုင် ရေးချင်ရာလက်တဲ့စမ်း ရေးထားတဲ့ ရေးမိရေးရာ လက်စမ်းစာပေကို MG မှာရေးခွင့်ရနေတာကိုလည်း ကျေနပ်တယ်။
နောက်ဆုံး နိုင်ငံတကာ အပျိုဂျီးများ စောင့်ရှောက်ရေးအသင်းရဲ့ စောင့်ရှောက်ခြင်း မခံရတာကိုလည်း ကျေနပ်တယ်။

13 comments

  • dream

    February 22, 2011 at 10:29 am

    ဒီ post ကို ဖတ်လို့ရအောင် ကွန်နက်ရှင် ဖျက် ကနဲ တက်လာတာကိုလဲ ကျေနပ်ပါတယ် 🙂

  • white

    February 22, 2011 at 11:46 am

    ကျွန်တော်လည်း လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်တုံးက ဒီအတွေးမျိုး တွေးဖူး၊ရေးဖူးတယ်(ချစ်သူဆီ)

    နောက်ဘဝမှာ စိတ်ကြိုက်ရွေးချယ်ခွင့်ရရင်လည်း
    ဒီမိဘ ရဲ့ သားဖြစ်ချင်တယ်၊ဒီမိန်းမရဲ့ယောကျင်္ာ၊ဒီသားသမီးတွေရဲ့မိဘ အဖြစ်နဲ့
    ဒီမြန်မာပြည်မှာဘဲ(ဘယ်အခြေအနေမှာဖြစ်ဖြစ်) လူဖြစ်ချင်ပါတယ်

    မန္တလေးဂဇက်မှာလည်းလက်စမ်းစာပေတွေဆက်ရေးနေချင်ပါသေးတယ်

  • padonmar

    February 22, 2011 at 8:06 pm

    နဲနဲလေးတော့ လွဲနေတယ် ။လွဲလွဲလေးလဲကောင်းပါတယ်။စိတ်ကျေနပ်ရင် ပြီးတာပဲ၊နေတတ်ရင်အေးဆေးလေး၊

  • etone

    February 23, 2011 at 2:29 am

    ကြံဖန်ပြီး ကျေနပ်တတ်တော့လည်း နေပျော်တာပေါ့ ။

  • bigcat

    February 23, 2011 at 7:14 am

    ကြောင်ဖြစ်ရတာ ကျေနပ်တယ်။ ကျားဆရာမိုလို့….

  • ဆူး

    February 23, 2011 at 10:41 am

    မမ ကို တနေ့က အပျိုကြီးလားဟင် လို့ မေးလိုက်တာ ဒီမှာ လာဖြေသွားတာဘဲ. ဟီးဟီး..
    အရာရာကို ကျေနပ် နှစ်သိမ့်တတ်တော့ အပူအပင်တွေ မရှိတော့ဘူးပေါ့။
    အဲဒီလို စိတ်ကလေးနဲ့ နေတတ်တာ အလွန်ကောင်းတယ်။
    နောက်ထပ် ကောင်းတာ တခု ပြောချင်ပါတယ်။ တရားအားထုတ်ပြီး ရိပ်ကြီး ခိုမယ် ဆိုရင်တော့ ပိုကောင်းမယ်ထင်တယ်။ ယခုဘဝမှာ နောက်ဆံတင်းစရာ လင် သား ကိစ္စ မရှိလေတော့ တရားအားထုတ်မယ် ဆိုရင် ပေါက်ရောက်နိုင်တာပေါ့။ ဆူး ရဲ့ အတွေး မမ ကို အကြံပေးတာနော်။ သဘောထား မတိုက်ဆိုင်ရင်လည်း ကျေနပ်လိုက်ပါ။

  • MaMa

    February 23, 2011 at 11:00 am

    အားလုံးပဲ welcome ပါ။ Comment တွေ ပေးကြတာကိုလည်း ကျေနပ်တယ်။ ဆူးရဲ့အကြံကိုလည်း သဘောကျပါတယ်။ ဒါပေမယ့် ကိုယ့်စိတ်ကို ကိုယ်မနိုင်သေးပါ။ တရားအားထုတ်ဖို့ကြိုးစားပေမယ့် ဆရာတော်တစ်ပါး ဟောသလို အလုပ်တွေကို စီရင်းနဲ့ ဦးစားပေးစာရင်းထဲ မပါသေးပဲ တစ်နေ့တစ်နေ့ ရွေ့ရင်းနဲ့ အချိန်ကုန်နေရတယ်။

  • antimoe

    February 23, 2011 at 11:08 am

    တင်းတိမ်ရောင့်ရဲခြင်းသည် မင်္ဂလာတစ်ပါးပါ။
    နေ့စဉ် မင်္ဂလာရှိစွာ နေထိုင်ဆင်ခြင်ခြင်းကြောင့်လည်း
    နေ့စဉ် မင်္ဂလာရှိနေတာ ဖြစ်မှာပါ။
    အားကျပါတယ်။

  • weiwei

    February 23, 2011 at 12:46 pm

    မမလို ကျေနပ်တဲ့စိတ်နဲ့ နေချင်ပါတယ် … ကျေနပ်နိုင်တာကိုလဲ အားကျတယ် ..

  • ဆူး

    February 23, 2011 at 2:08 pm

    မမ ညိုးမနေနဲ့ လယ်လည် သွားမယ် ကြွယ်ကြွယ် တို့ အိမ်ကို သန်းသန်း လည်း လိုက်မှာပေါ့။
    သိကြမှာပေါ့ ကလေးတွေ လက်ကိုင်ပြီး ရွတ်ပြတာ။
    အားလုံး ကျေနပ်တော့လည်း စိတ်ထဲ ငြိမ်းချမ်းတယ်။
    အလုပ်တွေကို ကိုယ်က မထားရက်ပေမဲ့ တချိန်ကျရင် မဖြစ်မနေ ထားခဲ့ရမှာ မို့.. အားအောင် လုပ်ပြီး ခဏ တဖြုတ် သွားအားထုတ်ပေါ့။

  • MaMa

    February 23, 2011 at 3:40 pm

    Padonmar ရေ ဘာတွေလွဲနေလဲ။ လွဲနေတာတွေ့ရင်လည်း ပြင်ပေးအုံးလေ။ မကျေနပ်တာတွေလည်း ရေးဖို့စဉ်းစားပါတယ်။ ဒါပေမယ့် ကိုယ်မကျေနပ်တာတွေက ကိုယ့်အားနည်းချက်တွေချည်းပဲဖြစ်နေတယ်။ ကိုယ့်ပေါင်တော့ ကိုယ်လှန်မထောင်းတော့ဘူး။

  • unclegyi1974

    February 23, 2011 at 4:15 pm

    အရာရာအကောင်းမြင်နိုင်ရင်အကောင်းဆုံးပါမမ
    လူချမ်းသာစစ်စစ်ဖြစ်ပေသကိုး

  • padonmar

    February 25, 2011 at 12:42 am

    အဲဒါထူးအိမ်သင်သီချင်းလေ မမရဲ့။ သိပ်တော့မလွဲပါဘူး၊ ပုလင်းဘော်ဒီကို exercise မလုပ်တာလေးဘဲ……………………

Leave a Reply