စင်ကာပူလွမ်းချင်း

angelFebruary 18, 20111min838

ကွင်းစ်တောင်းက မင်းအကြောင်းကို စဉ်းစားမိတော့…
အိစ်ကုတ်မှာ ငပိဖုတ်နဲ့တူတဲ့
မင်းမျက်နှာကို  သတိရမိတယ် ။

မရီနာဘေးမှာ မဒီကညာလေးနဲ့ အထင်လွဲတော့ ဒီတခါဝေးပြီလို့ မင်းပြောခဲ့တာလေ ။
ဂျူယောင်းမှာ မင်း.. ပူဖောင်း လိုချင်တယ်ဆိုလို့ ကို စုဆောင်းထားတဲ့ ငွေလေးနဲ့ ဝယ်ပေးခဲ့တယ်လေ..။
ပြီးတော့
အတန်းသွားမတက်ဘဲ.. စမ်းမားဆက်မှာ မရမ်းပြားအစပ် ဝယ်စားမိလို့
လဗမ်းဒါးမှာဝမ်းသွားတာတွေရော မေ့ပြီလား ။
အောချက်ရောက်တော့ ငါ့ကို အပြောမညက်လို့ဆိုပြီး
မင်း တစ်ချက်ကန်လိုက်တာ အခုထိ အကြောညက်နေတုန်းပဲကွယ် ။

တခါ..ဒိုဗာမှာ ချိန်းထားတုန်းက အကိုမလာလို့ဆိုပြီး ငိုရှာတော့ ဟာသအတိုအထွာနဲု့
ဂျိူကာလို လုပ်ပြီး ချော့ခဲ့တာ မှတ်မိသေးရဲ့လား ။ အဲဒီတုန်းက ငိုလိုက်တာများ..
ကလက်ကီးဘက်ကျတော့ နှပ်ချီးထွက်ကျလို့ဆိုပြီး မင်း အရှက်ကြီးရှက်ရတယ်လေ..၊
ကိုယ်အလိုက်မသိဘဲရယ်မိလို့ လက်သီးတစ်ချက်သမ ခံလိုက်ရသေးတယ်..ဟီးဟီး ။
ဘွန်လေးမှာ သူငယ်ချင်းတွေ ချွန်ပေးတာနဲ့ပဲ မင်းနဲ့ပြတ်မလိုဖြစ်သွားသေးတယ် ။
လိပ်စိုက်ရောက်တော့ ကိုယ့်ပုခုံးပေါ် မင်း အိပ်ငိုက်နေတုန်း မင်းအကိုနဲ့ ထိပ်တိုက်တွေ့တာ ကိုယ်ဘာလုပ်ရမှန်းမသိ စိတ်အိုက်ခဲ့ရသေးတယ် ။
တိုဖားရိုးမှာ မင်းကို ဟိုကြားတိုးမိလို့ အကိုတအားဆိုးတယ်ဆိုပြီး စိတ်တိုတိုနဲ့ မူနေတာများ…။
ဘူးဂစ်မှာ နှစ်ဦးမေတ္တာ ပြတ်သုဉ်းလို့ ရင်ထဲ ဆူးနစ်ကာ အသက်ဆုံးတော့မလို နာကျင်ခဲ့ရပါတယ်။
ရက်ဟေးမှာ လက်ကလေးကိုင်မိလို့ ရှက်ရှက်နဲ့ ထွက်ပြေးတာတွေ ၊
စီးတီးဟောမှာ တဟီးဟီးပြောခဲ့တာတွေ ၊
ဂေလမ်းမှာ အသေနမ်းခဲ့တာတွေ ပြန်စဉ်းစားရင်း
အယ်ဂျူးနစ်အရောက် တကယ်အရူးဖြစ်လောက်အောင် ခံစားခဲ့ရပါပြီ ..။

တချိန်က အတိတ်ပုံတွေကိုသတိရရင်း..
လောကကြီးကို စိတ်ကုန်လို့ ဘုန်းကြီးဝတ်ဖို့အကြံအစည်နဲ့
ချန်ဂီကနေ မြန်ပြည်ကို..ပြန်ပြီ အချစ်ရယ်..
(ငါမှတ်မိတဲ့ အမ်အာတီလည်း ဒီလောက်ပဲရှိတယ်)

forward mail မှကူးယူဖော်ပြပါသည်

8 comments

  • MaMa

    February 19, 2011 at 1:09 am

    ပူစရာတွေကို ဘူတာစဉ်နဲ့ပြောတတ်တဲ့ ရူပကာခင်ရေ (Angelဆိုလို့) စင်ကာပူ MRT ဘူတာတွေလည်း မင်း အူတာ စုံသလောက် ရှိသွားပါပြီကွယ်။

  • angel

    February 19, 2011 at 10:50 am

    angel ရေးတာမဟုတ်ပါဘူး MaMa ရေ

  • MaMa

    February 19, 2011 at 1:58 pm

    Angel ရေ တစ်လက်စတည်း တောင်းပန်ရအုံးမယ်။ ဘူတာကို ကာရန်လိုက်အောင် အူတာ လို့ရေးလိုက်တာ သည်းခံနော်။

    • angel

      February 19, 2011 at 3:52 pm

      သတိတောင်မထားမိဘူးMaMaရေ

  • zoe

    February 19, 2011 at 3:39 pm

    Although not familiar with the locations, it’s a good read.. good sense of humor 🙂 🙂 🙂

  • fatty

    February 19, 2011 at 3:59 pm

    ပိုစ် အဟောင်းကြိးဖြစ်နေတာ တခုပါဘဲဗျာ …။

  • angel

    February 20, 2011 at 8:24 am

    sorryနော် အခုမှရွာထဲရောက်လို့ပါ

Leave a Reply