ထန်းညီနောင်နဲ့ တောင်သမန်


တောင်သမန်းအင်းမြောက်ဘက်ခြမ်းမှာ လမ်းဆုံလမ်းခွနားက လက်ပံပင်ကြီးရဲ့အနောက်ဘက်မှာ သဘာဝအတိုင်းရှိနေတဲ့ထန်းနှစ်ပင်ပါ။
အမြင့်ကလူတူပါတယ်။ မြူတွေဆိုင်းနေတဲ့မနက်ပိုင်းဖြစ်တော့ ဟိုခပ်ဝေးဝေးက ဦးပိန်တံတားကို ဝိုးတဝါးဘဲမြင်ရပါတယ်.။
လွမ်းစရာကောင်းသော မြင်ကွင်းလေးမို့ တင်ပေးလိုက်ပါတယ်။
တကယ်လို့များမန်းလေးရောက်ခဲ့ရင် တောင်သမန်အင်းက ထန်းညီနောက်ကို ရှာကြည့်နော်။

4 comments

  • akswe

    February 20, 2011 at 7:55 am

    ပီးခဲ.တဲ.၂နှစ်က ရောက်ခဲ.တယ် မတွေ.မိဘူး၊အကြော်စားပြီးပြန်သွားတာ။

  • angel

    February 20, 2011 at 8:19 am

    တောင်သမန်ကတောင်မြို့မှာမဟုတ်ဘူးလား

  • kopauk mandalay

    February 20, 2011 at 12:26 pm

    တောင်သမန်အင်းက တောင်မြို့လို့ အများကခေါ်တဲ့ အမရပူရမြို့ရဲ့ အရှေ့ဘက်ထိပ်မှာ ရှိပါတယ်။
    ဒီထန်းနှစ်ပင်ကတော့ တောင်သမန်အင်းရဲ့အရှေ့ဘက်အဝင် မြို့ရိုးအဟောင်းလေးနားမှာ ပုထိုးတော်ကြီးဘုရားဘက်ကို ခွဲဝင်တဲ့လမ်းက လေး
    ဘေးမှာ ရှိတာပါ။
    လမ်းဆုံလမ်းခွမှာဆိုတော့ မမြင်ဘဲကျော်သွားတာများပါတယ်။
    ဒီလမ်းလေးကို လာချင်တယ်ဆိုရင် ရန်ကုန်မန်းလေးလမ်းမကြီး ကနေ တံခွန်တိုင်ဆိုတဲ့နေရာရောက်ရင် အနောက်ဖက်ကိုတည့်တည့်ဆင်းလာရင် တောင်သမန်အင်း မြောက်ဘက်ခြမ်းကိုသေချာပေါ်က်ရောက်လာမှာပါ။

  • ဆူး

    February 20, 2011 at 1:53 pm

    ငါးကြော်တော့ ဦးပိန်ရောက်ရင် စားဖြစ်တယ်။ အဲဒီမှာ ရေမရှိလည်း ငါးကြော်ရတာဘဲ ငါးက တခြား ဝယ်ရောင်းတာဘဲ ဖြစ်ရမယ် ရေမရှိဘဲ ငါးတော့ မရနိုင်ဘူး။ ငါးကြော်ကတော့ စားကောင်းသလို ရန်ကုန် က လာတဲ့ သူဆိုတော့ ငါးကြော်က ဈေးပေါတယ် လို့ ခံစားရတယ်။

Leave a Reply