ပင်းချောင်းထဲက စို်က်ခင်းလေး


ဒီပုံလေးကတော့ ရေနံချောင်းကိုအသွား ပင်းချောင်းကိုဖြတ်တဲ့အချိန်ကားပေါ်ကလှမ်းရိုက်ထားတဲ့ပုံလေးပါ။
ဒီချောင်းကရေနည်းချိန်မှာဆိုရင် ရေသွားစရာလမ်းသေးသေးလေးပေးထားပြီး ချောင်းအနှံ့မှာ စပါးပင်တွေစိုက်လေ့ရှိပါတယ်။
စိမ်းစိုပြီးလှပတဲ့မြင်ကွင်းလေးမုို့တင်ပေးလိုက်ပါတယ်။

3 comments

  • male

    February 23, 2011 at 6:01 pm

    မြန်မာပြည်မှာ သဘာဝအလှလေးတွေကချစ်စရာကောင်းတယ်..အညာရှုခင်းတွေက ခံစားချက်တစ်မျိုးပေးပါတယ်.သဘာဝအလှကိုပိုတန်ဖိုးထားတယ်..သဘာဝတရားကမျက်နှာသာပေးပေမယ့်..လူတွေက တန်ဖိုးထားတတ်ဖို့လိုပါတယ်..တန်ဖိုးထားရမယ်ဆိုတဲ့အသိရှိဖို့လိုပါတယ်..
    .စင်ကာပူလိုတိုင်းပြည်လေးမှာတော့ သဘာဝအလှမရှိရှာတော့ လူကအများကြီးဖန်တီးပေးထားရတယ်..
    ဒါပေမဲ့ သူတို့ တိုင်းပြည်က စည်းကမ်းလိုက်နာမှု က တန်ဖိုးသိပ်ရှိတယ်.. လူစွမ်းအားနဲ့တိုင်းပြည်ကိုတည်ဆောက်ထားတယ်…

  • kopauk mandalay

    February 24, 2011 at 1:49 am

    ကျွန်တော်ကတော့ နေရာဒေသတစ်ခုကိုရောက်တယ်ဆိုတာနဲ့
    လက်ထဲမှာကင်မရာလဲပါတယ် အဆင်လဲပြေမယ်ဆိုရင် သာယာတဲ့
    ကြည်နူးစရာကောင်းတဲ့ပုံတွေကို မှတ်တမ်းတင်ထားတာကို ပြန်လည်မျှဝေပေးမှာပါ။

  • kopauk mandalay

    March 1, 2011 at 12:08 pm

    ချောက်မြို့ကမိတ်ဆွေ အခုရန်ကုန်မှာနေသူက အမှားပြင်ပေးပါသဗျာ။
    စိုက်ထားတာတွေ့ ကြက်သွန်ပင်ပါတဲ့ခင်ဗျာ။
    ကျနော်က ကားပေါ်က ဖြတ်ကနဲ့ကြည့်ပြီး မှားရေးလို်က်တာပါ။

Leave a Reply