ထူးဆန်းအံ့ဩဖွယ်ရာ မြန်မာနိုင်ငံမှ မြင်ကွင်းတစ်ခု

nyimalayFebruary 20, 20111min36923

မြန်မာနိုင်ငံရဲ့ ရှမ်းရိုးမ တောင်တန်းကြီးတွေမှာ ရှိတဲ့ တောနက်တစ်နေရာမှာ ရှိတဲ့ ကန်ကြီးတစ်ကန်အနီးက ကျောက်ဆောင်တွေကို ရိုက်ကူးထားခြင်း ဖြစ်ပါတယ် ။ နေရာအတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ် ။ ဒီပုံဟာ ရှုထောင့်တစ်ခုကနေပြီး
ကျောက်ဆောင်တွေပေါ်ကို နေရောင်ခြည် ကျရောက်နေတဲ့အချိန်မှာ
ရိုက်ကူးထားတာဖြစ်ပါတယ် ။ သင့်ရဲ့ ဦးခေါင်းကို ဘယ်မှ ညာ ၊ ညာမှ ဘယ်သို့
စောင်းပြီးကြည့်ကြည့်ပါ ။ ဘာထူးခြားသလဲလို့ ။

ဘာထူးခြားမှုကို သင်တွေ့ပါသလဲ ။

အခုပုံကို အတည့်အတိုင်း ထောင်ကြည့်လိုက်ပါ ။

အံ့ဩဖွယ်ကောင်းလောက်အောင်ပဲ ဘုရားရှိခိုးနေတဲ့ ပုံလေးထွက်ပေါ်လာပါတယ် ။သဘာဝတရားကြီးက အံဩဖွယ်ရာကောင်းပါတယ် ။ ဒါဟာ ဓါတ်ပုံပညာနဲ့ ဖန်တီးထားခြင်းမဟုတ်ပါဘူး ။
ထေရဝါဒ ဗုဒ္ဓဘာ သာနိုင်ငံမှာ သဘာဝကျောက်ဆောင်တွေမှာတောင် ဘုရား တရားရဲ့
အငွေ့အသက်တွေ ကိန်းအောင်း လို့နေပါတယ် ။

သဘာဝတရားကို လေးစား ချစ်ခင်မြတ်နိုးပါ ။ တန်ဖိုးထားပါ ။

Forward Mail မှပြန်လည်ဝေမျှသည်၊။

23 comments

  • alfred

    February 20, 2011 at 11:32 am

    so amazing! တကယ်မဟုတ်ခဲ့ဘူးဆိုရင်တောင် ဒီလို ဖန်တီးနိုင်တဲ့စွမ်းရည်က တော်တော်ချီးကျူးဖို့ကောင်းတယ်။

  • manawphyulay

    February 20, 2011 at 1:32 pm

    ကွေးကွေးကို ချီးကျူးပါတယ်။ ဒီလောက်ကွန်မကောင်းတာ ပုံတွေပါတင်နိုင်တယ်နော်

  • nyimalay

    February 20, 2011 at 1:40 pm

    တစ်ခုတစ်ခုတင်ဖို့ကို အကြာကြီးစောင့်ရတယ်မမ…………. ပိစိကွေး 4နာရီကတည်းကစသုံးနေတာ………… 4နာရီနီးပါးရှိနေပြီ………. 1600 ဖိုးတော့ကုန်ပြီမမ 🙂

  • etone

    February 21, 2011 at 9:20 am

    ပေးဆေးကွိက 4နာရီကတည်းက စသုံးနေတာ တင်လို့ ရသေးတယ်… ဟွန့် .. ။
    အီးတုံးက 14ရက်နေ့ကတည်းက ပို့စ်တောင် အခုထိ တင်လို့ မရသေးဘူး ပုံလေး လေးပုံလောက်ပဲ ပ ါတာကို ဖိုင် ဆိုဒ်မလျှော့ချင်လို့ ပါ … ။ အဖြစ်မှန်လေး လူတွေ သိစေချင်လို့ တစ်ပုုံတက်အောင် စောင့်နေတာ အခုထိပဲ .. ။ စိတ်ပိန်တယ် .. ။

    ဒါနဲ့ အခု တင်ထားတဲ့ ပုံ က ဖိုတို ရှော့နဲ့ လုပ်ထားတာပါ .. ။ တစ်ခါ မေးလ်ထဲမှာ ရဖူးတယ် .. ဘယ် group ကပို့မှန်းတောင် မမှတ်မိတော့ ဘူး ။ အတု ယောင်တွေ ဘာတွေနဲ့ ငြင်းခုန်ကြသေးတယ် ။

    • char too lan

      February 22, 2011 at 2:46 am

      ဦးဦးမှော်ဆရာ ထင်တာပဲ ……

  • draungkyawkyawoo

    February 21, 2011 at 9:33 am

    အင်ကြီးပါ … ကြည့်ယုံနဲ့ သိသာပါတယ် …။
    ဘာဖြစ်ဖြစ် ကြိုးစားပြီးတင်ပေးထားတဲ့ ပိစိကိုတော့ ကျေးဇူးတင်တယ်ဟေ့ ။

  • kai

    February 21, 2011 at 9:42 am

    တော်သေးတာပေါ့.. မှတ်လောက်အောင် … ဆေးတံခဲထားတဲ့ ပုံဖြစ်အောင် ဖိုတိုရှော့နဲ့ ပြင်ပြီး ..ခါဂါဘိုရာဇီတောင် .. အနောက်မြောက်တောင်ဆွယ်..။ မြေပုံကွက်အမှတ် ၃၉၂ နဲ့ ၄၃၂ကြားနေရာလုပ်မလို့ဟာ..
    အီးတုံးပြောလိုက်လို့ သက်သာသွားတယ်မှတ်ပါ.. 🙂

    • etone

      February 22, 2011 at 4:53 am

      ယောမင်းသားရေ ကော်ပီယူပြီး ဘယ်မှာ သွားနောက်ဦးမလို့လဲ ။

  • Hello

    February 24, 2011 at 5:17 am

    ညီမလေး ဒီပုံကိုဘယ်က ရတာလဲ။ ရေးထားတဲ့ Information က မှားနေတယ်။ ရှမ်းပြည်မှာ မဟုတ်ဘူး။ ကချင်ပြည်နယ် ပူတာအိုမြို့ က မလိခ မြစ်ဖျားနားမှာ ရိုက်ထားတဲ့ ပုံပါ။

    • nyimalay

      February 26, 2011 at 9:39 am

      မမ Hello ရေ ဒီပုံကိုညီမလေး Forward Mail ကနရတာပါမမ……….. 🙂

  • osprey

    February 24, 2011 at 12:01 pm

    hello ရေ မင်းပြောတာ ဖြစ်နိုင်ပါ့မလား။ အမှန်ဆိုရင် စောစောစီးစီး သိရမှာပေါ့။

  • Hello

    February 24, 2011 at 1:30 pm

    ဖြစ်နိုင်တာပေါ့။ ဘာလို့လဲဆိုတော့ ဒီပုံပိုင်ရှင်က တို့ဖြစ်နေလို့လေ။ ဒီထက်ထူးခြားတဲ့ပုံတွေအများကြီး အဲ့ဒီဒေသကိုသွားရင်းရခဲ့တာ။ ဒီပုံကို ဘယ်သူ ဘယ်လိုရပြီးတင်လိုက်တယ်တော့ မပြောတတ်ဘူး။ တစ်သက်မှာ တစ်ခါလောက်သာရနိုင်တဲ့ ပုံတွေမို့လို့ ပြန်ရိုက်ရင်တောင် ဒီလိုပုံတွေ ထွက်ချင်မှထွက်လိုက်မယ်။ အော် ဘယ်လိုလုပ်အဲ့ဒီဒေသကိုရောက်ဖူးတာလဲဆိုတော့ တို့ အလုပ် က ဧည့်လမ်းညွှန် ဖြစ်နေလို့ပဲ။ မြန်မာနိုင်ငံ ရဲ့အချက်အလက်တွေ ကို Wrong Information ပေးရင်တော်တော်စိတ်ဆိုးတယ်……….

    • kai

      February 24, 2011 at 9:15 pm

      မှတ်ကရော..။
      ရန်ကုန် ကန်တော်လေးက .. ဂရပ်ဖစ်ဒီဇိုင်နာ ကိုတီး .. ဖိုတိုရှေ့ာထားတဲ့ ပုံကို ..ပိုင်ရှင်ကိုယ်ထင်ပြနေတယ်..။
      သူလုပ်ထားတာ .. ၄နှစ်တောင်ကျော်နေပြီတဲ့…။ အထောက်အထား ပို ့ထားတယ်..။ 🙂

      • Hello

        February 25, 2011 at 2:36 am

        သူ Photoshop လုပ်ထားလဲ နဂိုရှိပြီးသားပုံကို သူကာလာချိန်းထားတာဘဲရှိတယ်။ သူဘာသာသူ ဖန်တီးထားတာမဟုတ်ဘူး။ အထောက်အထား… ဘယ်လို အထောက်အထားမျိုးလဲ။ မြန်မာနိုင်ငံ မှာ Copy Right မရှိတာနဲ့ လုပ်ချင်တိုင်းလုပ်လို့တော့ မရဘူးလေ။ ဓါတ်ပုံ ဆရာတော်တော် များများ နားလည်ကြတယ်။ ကိုယ်တိုင်ရိုက်ထားတဲ့ ပုံကို ပိုင်ရှင်မသိဘဲ ယူသုံးရင် သူ့ကို ကောင်းကောင်းတရားစွဲလို့ရတယ်နော်….

        • Foreign Resident

          September 28, 2011 at 9:37 pm

          Dear Hello,

          Can we see an original photo ??
          Can you upload a post in MG ??

          If this photo is real,
          We should preserve this area &
          It might be a good tourist attraction site.

  • ဆူး

    February 24, 2011 at 1:57 pm

    မမ ဟဲလို (ရှမ်းဂဲ)
    ရောက်ဘူးတဲ့ အတွေ့အကြုံတွေ မျှပါအုန်း ဗဟုသုတ အနေနဲ့ ဝေမျှ ခံစားချင်လို့ပါ။

    • Hello

      February 25, 2011 at 2:49 am

      အမ လည်း ဗဟုသုတ အနေနဲ့ မျှဝေချင်ပါတယ်။ Zorpia account ရှိရင် အမ account က http://www.zorpia.com/shangirl ဆိုတဲ့ထဲမှာ ဝင်ကြည့်လိုရပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပုံတွေ တော်တော်များများတင်ထားတယ်။
      http://www.hi5.com/nan.myat မှာလဲ ဝင်ကြည့်လို့ရတယ်။

  • kopauk mandalay

    February 24, 2011 at 4:17 pm

    ဒီပုံတွေကို အရင်ကတည်းက မြင်ဘူးတယ်.
    ကျွန်တော့် ကွန်ပြူတာထဲမှာတောင်ကူးထားသေးတယ်။
    တစ်နှစ်နီးပါးတော့ ရှိပြီ ရထားတာ

  • nigimi77

    February 26, 2011 at 3:55 am

    “ဒီထက်ထူးခြားတဲ့ပုံတွေအများကြီး အဲ့ဒီဒေသကိုသွားရင်းရခဲ့တာ” ……..အဲဒီဒေသကို သွားရင်း ရခဲ့တာဆို တော့ သွားရင်း ရိုက်ခဲ့တာ မဟုတ်ဘူးပဲ…။ ရှင်းသွားပြီ။ ဒါဆို ရိုက်ထားတဲ့ Photographer လဲ သက်သက်ရှိပြီး ဖြည့်စွက်
    Photoshop ပေးတဲ့ သူလဲ သက်သက်ရှိမှာပေါ့။ ဟေ့ ဒီမှာ ဂိုက်မမ မ Hola !! ဒီ အကြံအဖန် ဓါတ်ပုံရဲ ့ ပိုင်ရှင်က ကျုပ်ဗျ။ ခင်ဗျားကို လိမ်ညာမှု၊ လှည့်စားမှု၊ ပိုင်ရှင်ခွင့်ပြုချက်မရပဲ ကိုယ်ပိုင်ပြုမှု တွေနဲ ့ တရားစွဲမယ်။
    ခင်ဗျား ရှေ ့နေ ကြိုတင် ပြင်ဆင်ထားပါ…။ ဘူးထွားဝါးဟားဟား။ ငါသာလျင် ပိုင်ရှင် အစစ် နိဂိမိ ၇ရ ဖြစ်လေ သတတ် ..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 26, 2011 at 4:15 am

    အလိုလေး
    ဘာရယ်….ဘာရယ်
    ပြန်ပြောဂျဇမ်း….ပြန်ပြောဂျဇမ်း
    တော်တော် အတင့်ရဲနေဂျဘာလား
    အဲ့ဒါ
    အောင်ပုတို ့ရွာ ချောင်းဘေးက ကျောက်ဆောင်ကို
    ဘုရားပွဲမှာ
    ကံစမ်းမဲပေါက်ထားဒဲ့
    တရုပ်ကင်မရာနဲ အောင်ပုကိုယ်တိုင် ရိုက်ထားတာ
    စာတတ်တိုင်း လူဂျီးနဲ ့ပေါင်းပြီး မတရားမလုပ်နဲ ့
    ရွာသားတွေကို ထရေမူးအောင်တိုက်ပြီး
    ဝိုင်းရိုက်ဘလိုက်မယ်

  • chatsu

    September 28, 2011 at 5:25 pm

    ဘယ်လိုဘဲဖြစ်ဖြစ်ဗဟုသုတရလို့ကျေးဇူးတင်ပါတယ်။saveထားလိုက်ပြီနော်

  • Amara

    September 28, 2011 at 9:16 pm

    ပိုင်ရှင်တွေကလည်း ပေါလှချေလားးးးးးးးး…..ဘာပဲဖြစ်ဖြစ် ဓါတ်ပုံကတော့တော်တော်မိုက်၏။

Leave a Reply