လက်ပေါက်ကပ်သူများ

nyimalayFebruary 20, 20111min1175

လူကူးမျဉ်းကျားမှကူးပါ

ရန်ကုန်တိုင်းမှာ အင်တိုက်အားတိုက်ကြော်ငြာထားတယ် ။
လူကူးမျဉ်းကျားအရေအတွက်ကတော့ လက်ချိုးရေလို့ရတယ်လေ ။
ကဲ …….မျဉ်းကျားမရှိတဲ့နေရာမှာ ယာဉ်ထိန်းရဲက ဒီတိုင်းကူးသွားတော့
လူတစ်ယောက်ကအော်ပြောတယ် ။ သူကလဲ နည်းနည်းဂေါက်တဲ့သူပါ။

ဟေးလူ လူကူးမျဉ်းကျားက ကူးလေ .ခင်ဗျားနိုင်ငံကြီးသားမပီသဘူး

လား။
ကျုပ်တောင် မျဉ်းကျားရှာနေတာ ၃နာရီလောက်ရှိပြီ တဲ့လေ ……….

ပီပြင်ပြီဆိုမှ ဥပဒေသတ်မှတ်တာကောင်းပါတယ်နော ။လမ်းတွေတော့ မပြင်ပဲ
ယာဉ်တိုက်မှုကင်းမဲ့ဇုန်တို့ ၊ ညဘက် မီးမပေးနိုင်ပဲ
မှုခင်းကင်းမဲ့ ဇုန်တို့ လုပ်ရက်တယ်ဗျာ ။ အမှန်ဆို ချိုင့်ခွက်ကင်းမဲ့ဇုန်
၊ မီးမပျက်ဇုန်တို့ အရင်လုပ်စေချင်ပါတယ်ဗျာ ။

အပြင်လူ မဝင်ရ
စက်ရုံ ကြီးတွေ ၊ အစိုးရဌာနတွေ ၊ လုံခြုံရေးဆိုဒ်တွေ
တံခါးမှာရေးထားတဲ့စာတန်းလေးပေါ့ ။ ရေးပါစေလေ ။ သူ့လုပ်ပိုင်ခွင့်
သူ့ပိုင်နက်မို့ အတွင်းပေးမဝင်တာ တရားပါတယ် ။ လူနောက်တစ်ယောက်ကလဲ
သူ့လုပ်ပိုင်ခွင့်ထဲကနေပဲ ကတ်ဖဲ့ပြီး ရေးသွားတယ်။
ဘယ်လို သဘောရလဲဗျာ …

အပြင်လူ မဝင်ရ ။အေး… အထဲလူလဲ မထွက်ရ တဲ့လေ ။

လမ်းဘေး ကျင်ကြီး ကျင်ငယ် မစွန့်ရ
လူစည်ကားတဲ့နေရာ ။
လူကြီးလမ်းကြောင်းလဲ ရှိတယ် ။
မော်တော်ပီကယ် ၊ ရဲ ၊ အဖွဲ့ပေါင်းစုံလဲ ရှိနေကြတယ် ။
အရူးတစ်ယောက်က ( အရူးဆိုပေမယ့် သားသားနားနား ဝတ်ထားတာ )
ကားလမ်းအလယ်ကျွန်းမှာ ရှူရှူး ထိုင်ပေါက်တယ်လေ။
အဖွဲ့ပေါင်းစုံရောက်လာပြီး ဖမ်းမယ်လုပ်ကရော …
ဟေးလူ ….လမ်းဘေးသေးမပေါက်ရဘူးဆိုတာ မသိဘူးလား ။ ဒဏ်ငွေ ၁၀၀၀ဝ ကွ ။

ဟား ….ခင်ဗျားတို့ မြန်မာစာသေချာမတတ်သေးဘူးပဲ ။ လမ်းဘေးဆိုတာ
လမ်းလယ်ခေါင်အကျုံးမဝင်ဘူး။
နောက်ပြီး ဥတုဘောဇနသင်္ဂဟကျမ်းမှာ ကျင်ကြီးကျင်ငယ်ဆိုတာ အောင့်အီးမထားကောင်းဘူးတဲ့ ။
ွှအဲလို မဖြစ်အောင် အခပေးအိမ်သာတွေ လုပ်ထားသင့်တယ် ။
သူများနိုင်ငံတွေမှာဆို ကားတွေနဲ့တောင် ရွှေ ့လျားအိမ်သာတွေ လုပ်သေးတာ ။
မလုပ်ထားတာက မင်းတို့အပြစ်ပဲလေ ။ ကဲ ….ငါ ဖီးပျက်တယ်ကွ ။ ငါ့ဟာငါ
ဥပဒေဘောင်အတွင်းက သေးပေါက်နေတာ ။မင်းတို့က လာနှောင့်ယှက်နေတယ် ။ သွား …
မသွားရင် ဝတ္တရား နှောင့်ယှက်မှု နဲ့ တရားစွဲရလိမ့်မယ် ။

နောက်မှ ရယက ဥက္ကဌ ရောက်လာပြီး ပြောပြတော့မှ အရူးမှန်းသိလို့ လက်လျော့လိုက်ကြတယ် ။

ရွာသူရွာသားတွေထဲမှာရောဒီလိုလက်ပေါက်ကပ်တဲ့သူရှိလားမသိဘူးနော်……….
ရှိရင်ပြောပါ 😛

5 comments

  • intro

    February 21, 2011 at 12:56 pm

    ​တော်လိုက်တဲ့ အရူး၊ ဥပဒေ အကြံပေးခန့်ဖို့ကောင်းတယ်၊ ဖမ်းမယ့်လူတွေတောင် ဒါမျိုး စဉ်းစား ကြမှာ မဟုတ်ဘူး၊ ဦးနှောက်များများသုံးဖို့က ပိုဝေးသေးတယ်…

  • ယောလေး

    February 21, 2011 at 4:36 pm

    ဟားဟား ကျတော်နဲ့တူတဲ့လူမျိုးတွေ့ပြီဗျ….
    ကျတော်လဲအဲ့လိုလူပဲ..ဟားဟားး

  • unclegyi1974

    February 24, 2011 at 4:54 pm

    အဲလိုအရူးလားမသိပါဖူးဗျာ
    မန္တလေးဘာကမ့်လုပ်တုန်းကတွေ့ခဲ့တာပါ
    ဘားကမ့်မလုပ်ခင်ဆိုင်ကယ်ရပ်နားခွင့်
    ကားရပ်နားခွင့်တွေကိုစည်ပင်နဲ့အရင်ညှိရတယ်
    ပြောပါတယ်အဲဒီနေ့ကတော့စည်ပင်ကလူ၂ယောက်
    ရောက်လာပြီးစည်ပင်အလုပ်လုပ်နေတာကို
    ဒီကလူတွေကဗီဒီယိုရိုက်လို့တဲ့
    အဲဒါပြန်ဖျက်ပေးပါဆိုပြီးလာတောင်းဆိုနေတာ
    နောက်ဘာဖြစ်တယ်မသိပါဖူးဗျာရပ်ထားတဲ့ကား
    တွေအကုန်ဖမ်းမယ်ဖြစ်ပါရော
    ဆိုင်ကယ်တွေလည်းနေရာရွေ့ရရောကားတွေ
    လည်းရပ်မရတော့ဖူး
    ခုတမျိုးတော်ကြာတမျိုးနဲ့
    အမျိုးမျိုးပဲ

  • kopauk mandalay

    February 25, 2011 at 2:07 am

    အဲလိုလူမျိုးတွေ အများကြီးရှိပါတယ်။
    တွေ့ချင်သူများ တစ်စုတစ်ဝေးထဲတွေ့ဘို့လွယ်ကူအောင် စီစဉ်ပေးထားပါတယ်။
    ဒါပေမယ့် နှစ်နေရာခွဲပြီးထားပါတယ်။
    တွေ့ချင်သူများ အီးမေးလ်အကောင့်ပေးပါ။
    ဝင်ခွင့်လက်မှတ်ပို့ပေးလိုက်ပါမယ်။

  • maungmoenyo

    February 25, 2011 at 2:40 am

    ဟုတ်လိုက်လေ..ကိုပေါက်ရယ်။ လက်ပေါက်ကပ်သူတွေကိုတောင်စာရင်းပြုစုထားတယ်ဆိုတော့…လာမယ့်သင်္ကြန်မှာ….ခွေးသားရေချပ်နဲ့ “ပြည်ပရောက်လက်ပေါက်ကပ်သူများ စည်းလုံးညီညွတ်ရေးအဖွဲ့” ရဲ့ရှေ့ပြေး စာရင်းလေးတေ ွဆင်းကောက်လှည့်ပါလား။

Leave a Reply