နေ့လည် နေ့ခင်းဆို ပျင်းစရာ………………….. တဲ့

အားရင်အားသလိုစာဖတ်ဖြစ်ပါတယ်………………တဲ့

စာအုပ်နဲ့မျက်နှာနဲ့ ခွာတယ်ကိုမရှိဘူး………. တဲ့

ဒီမှာညီလေး……… ဒီမှာကွ(အမြဲတမ်း ဒီလိုပဲသွန်သင်ပေးပါတယ်)တဲ့

တစ်ကိုယ်ရေသန့်ရှင်းရေးကလည်း ဒီလိုရှိပါတယ်တဲ့…………

ရေလည်းနေ့တိုင်းချိုးပါတယ်တဲ့………

သူများအပေါ်စိတ်ကောင်းပဲထားပါတယ်တဲ့………………

သည်းခံခြင်းတရားကိုလက်ကိုင်ထားတာကိုတော့ ရွာသူရွာသားတို့သိကြတယ်ဟုတ်………..

အဲ့ဒီတော့ ဦးကြောင်ကြီးမှာရန်သူဆိုတာမရှိတော့ဘူးပေါ့……………..

ဓားသိုင်းဆိုလည်းရတယ်တဲ့ရွာသူရွာသားတို့ရေ……………

သိုင်းပညာဆိုလည်း ဂျက်ကီချန်းကဦးကြောင်ကြီးတပည့်ဆိုပဲ……………

လေးဖြူကိုဆိုရင်လည်းဦးကြောင်ကြီးကသနားတယ်တဲ့…………

ချစ်စမ်းမောင်ကလည်းဦးကြောင်ကြီးလက်ထွက်ဆိုပဲ…………….

ယောင်္ကျားလေးဆိုတော့လည်း တခါတလေတော့ရှိမှာပေါ့…………

တခါတလေဆိုတာကလည်း လောကကြီးကိုစိတ်ကုန်မှပါတဲ့…………

ချစ်သူအတွက်ဆိုရင်လည်း ဒီလိုရဲဝံ့ပါတယ်တဲ့  ……….. (အပျိုကြီးများသိစေရန်ကြော်ငြာပေးပါတယ်) :)

About nyimalay

nyimalay has written 61 post in this Website..