ကိုယ်စောင့်နတ် တစ်ကျိပ် တစ်ပါး။

bigbirdFebruary 20, 20111min1317

 မိမိတို့ကိုယ်ကိုစောင့်သော နတ် ၁၁-ပါး။ သမန္တစက္ခုဒီပနီ ဋ – အမှတ် ဝိသဇ္ဇနာ ၂-မှ ယူသည်။
(၁) သတ္တဘာဂ နတ်- နဖူးစာကို ရေးမှတ်တတ်သည်၊
(၂) သူရဿတီ နတ်- ပညာကို ပွားစေတတ်သည်၊
(၃) သကျ နတ်- စည်းစိမ်ဥစ္စာကို ပေးစေတတ်သည်၊
(၄) မဟိရာဇာ နတ်- အိပ်မက်ကို ပေးစေတတ်သည်၊
(၅) ဝါမသူရ နတ်- နိမိတ်ကို ပြတတ်သည်၊
(၆) ဇန သူရ နတ်- အလှူပေးသည်ကို မှတ်တတ်သည်၊
(၇) ကရဝါ နတ်- ကာမသုခကို ပေးစေတတ်သည်၊
(၈) ယောတိက နတ်- သွားလေရာ လိုက်၍ စောင်မတတ်သည်၊
(၉) ကလျာဏမိတ္တ နတ်- ကောင်းသောစကားကို မှတ်သားတတ်သည်၊
(၁၀) စန္ဒာဒေဝီ နတ်- ကျက်သရေကို စောင့်တတ်သည်၊
(၁၁) နရိန္ဒာဒေဝီ နတ်- အိပ်သောအခါ ဦးခေါင်းရင်းက စောင့်ရှောက်တတ်သည်။

ကိုယ်စောင့်နတ် တစ်ကျိပ်နှစ်ပါး တစ်နည်း။ ။ ကျေးဇူးရှင် ‘လုံးတော်ဆရာတော်’ ဘုရားကြီးကား – အထက်ပါ ၁၁-ပါးထဲတွင် ‘ကာလကဏ္ဏီ’ခေါ် နတ်ယုတ်မာတစ်ပါးထည့်၍ ‘ကိုယ်စောင့်နတ် တစ်ကျိပ်နှစ်ပါး’ဟု ရေတွက်ပြ ထား၏။

7 comments

  • nigimi77

    February 21, 2011 at 6:59 am

    (၁၂) နိဂိမိ နတ် – ကျန်သော နတ်အပေါင်းအား အာဏာပေးတတ်သည်။

  • kai

    February 21, 2011 at 8:16 am

    (၂)သူရဿတီ နတ်- ပညာကို ပွားစေတတ်သည်၊
    ဆိုတာ ပါနေတယ်ဆိုကတည်းက .. ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ နတ်တွေလို့ထင်ပါတယ်..။
    ဆိုတော့ ..
    ဂေါတမဗုဒ္ဓအမည်နာမတော် ထည့်မသုံးပေးထားတာ ..ကျေးဇူးတင်တယ် ပြောရမှာပါပဲ..။

  • draungkyawkyawoo

    February 21, 2011 at 8:18 am

    မှတ်သားလောက်ပါတယ် ။

  • bigbird

    February 21, 2011 at 2:19 pm

    သူရဿတီ ဆိုတာနာမည်နာမည်တူဖြစ်ပါလိမ့်မယ်။ ဟို ဘဲစီးထားတဲ့
    နတ်သမီးကိုပြောတာလို ့မထင်ပါဘူး။ သူ့ကို ကျွန်တော်လည်း စာရင်းထဲ ထည့်မစဉ်းစားပါဘူး။ ရတနာသုံးပါးကလွဲရင် ဘာမှမကိုးကွယ်ဘူးဗျို ့။

  • kai

    February 21, 2011 at 7:29 pm

    ကျုပ်နားလည်သလောက် ပြောရရင် ..မြန်မာထေရဝါဒနဲ့ မြန်မာကိုးကွယ်ရာတွေရဲ့ ၈ဝ ရာခိုင်နှုန်းအထက်ဟာ .. ဟိန္ဒူဘာသာနဲ့ နက်နက်နဲနဲဆက်စပ်နေတာချည်းပဲ..။

    မြန်မာတွေအသည်းစွဲ မဟာသင်္ကြန်ပွဲတော်ကြီးကစလို့.. ဘိုးတော်၊နတ်ကတော်အလယ်.. ဂါထာ၊ယတြာ၊ ဝေဒ နဲ့… ကျင့်စဉ်တွေအဆုံးပဲ..။

  • naywoonni

    March 2, 2011 at 11:12 am

    အဲဒိသင်္ကြန်အကြောင်းကကော ကိုခိုင် ။ထေရဝါနဲ့ဆိုင်ပါ့မလား? သကြားမင်းက လူပြည့်တစ်နှစ်တစ်ကြိမ်ဆင်းတယ်ဆိုတာကို ဆရာတော်တစ်ပါး ဘယ်ဟောသလဲဆိုတော့ …။ လူအသက်တစ်ရာမှာ သကြားမင်းနတ်ပြည်က တစ်ရက်တဲ့။ အဲဒိတော့ သကြားမင်းဟာ သူ့နတ်သက်တစ်ရက်တစ်ရက်မှာ လူ့ပြည်ကိုအကြိမ်တစ်ရာ ဆင်းရတာတဲ့။ အဲဒါဖြစ်နိုင်မဖြစ်နိုင် ယုတ္တိ ရှိရှိလေး စဉ်းစားဖို့ ဟောသွားတာပါ။ တွေးကြည့်ချင်စရာကောင်းပါတယ်။

Leave a Reply